I rest where ruins grow

  • Home
  • I rest where ruins grow

I rest where ruins grow Continuation of life

The wonderful things I perceived in you had always been present within me.- b
29/06/2025

The wonderful things I perceived in you had always been present within me.

- b

So you're saying there's beauty even in the smallest things?- Yes, you just have to look close enough.- b
27/06/2025

So you're saying there's beauty
even in the smallest things?

- Yes, you just have to look close enough.

- b

လူတွေ မယုံနိုင်လောက်တဲ့ အံ့ဖွယ်တွေကို  ငါ့မျက်စိနဲ့ကိုယ်တိုင် မြင်ခဲ့ဖူးတယ် အလွယ်တကူငြိမ်းသက်သွားဖို့ ငြင်းဆန်တဲ့ မီးလျှ...
24/06/2025

လူတွေ မယုံနိုင်လောက်တဲ့ အံ့ဖွယ်တွေကို
ငါ့မျက်စိနဲ့ကိုယ်တိုင် မြင်ခဲ့ဖူးတယ် အလွယ်တကူငြိမ်းသက်သွားဖို့ ငြင်းဆန်တဲ့ မီးလျှံတွေ‌လိုပေါ့ အမြဲသူတို့ငါ့ကိုတစ်ခုခု ပြောချင်နေသလို ခံစားရတယ်

အခိုက်အတန့်တိုင်းက တိုက်ဆိုင်တာပါပဲလို့ ခေါင်းစဉ်တပ်ချင်ပါတယ် ဒါပေမယ့် အဲ့လိုလုပ်ဖို့ခက်ခဲတဲ့အထိ ငါ့ခေါင်းထဲအဲ့ပုံရိပ်တွေပဲ ထပ်ခါထပ်ခါ ပေါ်လာနေခဲ့တာ..

သံသရာတလျှောက်က ဒဏ်ရာတွေ ငါနဲ့တင် ရပ်တန့်လို့ရပြီလို့‌ ကြွေးကျော်လိုက်တဲ့နောက်မှာ သရဖူတခုရဲ့ အလေးချိန်လည်းလိုက်ပါလာခဲ့တယ်

ရေးလက်စပုံပြင်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုလို
ငါရှင်းပြလို့မရသေးတဲ့ အရာတစ်ခုလို ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းက ဒီမှာတင်မရပ်တန့်သွားနိုင်ပဲ နောက်ထပ် ရှိ‌သေးတယ်ဆိုတာ ငါရိပ်မိနေပါတယ်

- b
Ref: Crown by Kendrick Lamar

22/06/2025

ဒီကမ္ဘာကြီးမှာ
သေဆုံးပြီးသား အသက်မဲ့နေတဲ့ ရုပ်အလောင်း‌တွေထက် ကျွန်တော် ပိုပြီး ကြောက်ရွံ့မိတာတစ်ခုရှိတယ်..
အဲ့တာက ရှင်သန်နေပါလျက်နဲ့
အသက်မဲ့သလို ဖြစ်နေတဲ့ စိတ်ဝိညာဉ်တွေပါပဲ
သူတို့ ကျွန်တော့အနားကနေ ထွက်မသွားကြဘူး
ဘေးနားမှာပဲ
တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေတတ်ကြတာလေ

- b

They crave the light from me, don't they? before I could even begin to understand my own darkness.- bRef:Prodigal Son : ...
20/06/2025

They crave the light from me, don't they? before I could even begin to understand my own darkness.

- b
Ref:Prodigal Son : Someone Saw Me.

I carry wounds from places my eyes never dared to wanderwhere battles were fought behind quiet smileseven when I faced t...
18/06/2025

I carry wounds from places
my eyes never dared to wander
where battles were fought behind quiet smiles
even when I faced the cold barrels of their guns, I still found solace resting among the ruins.

- b
pins_cathy renwick

Kindness, sometimesis simply choosing not to harmwhat’s already healing.- b
15/06/2025

Kindness, sometimes
is simply choosing not to harm
what’s already healing.

- b

15/06/2025

ခက်ခဲမှုတိုင်းအတွက် ငါအဖြေတွေအမြဲတမ်းမလိုအပ်ဘူးဒီဝန်ထုပ်ဝန်ပိုးတွေကို ဖုံးလွှမ်းနိုင်လောက်တဲ့အထိ ကျယ်လောင်ပြီး ငါဒီမှာ ရှိနေသေးကြောင်း အသိပေးနိုင်လောက်အောင် နူးညံ့တဲ့ သီချင်းလေးတစ်ပုဒ်ပဲ လိုအပ်တယ်

ဘာဖြစ်လို့လဲဆိုတော့ ကုစားခြင်းဟာ အောင်ပွဲနဲ့အမြဲတမ်း ရောက်မလာဘူး တစ်ခါတလေ တခြားဘယ်သူမှမရှိတဲ့အခါ တေးသွားတစ်ခုက မင်းကို ထွေးပိုက်ထားတဲ့ ပုံစံမျိုးနဲ့ ရောက်လာတတ်တယ်..။

- b

မင်းကို မုန်တိုင်းထဲမှာ တယောက်ထဲထားခဲ့ဖို့ ငါရည်ရွယ်ခဲ့တာမဟုတ်ဘူးဒါပေမယ့်ငါလည်း နစ်မွန်းနေခဲ့ပါတယ်ပြီးတော့ လောကကြီးက ကို...
14/06/2025

မင်းကို မုန်တိုင်းထဲမှာ တယောက်ထဲထားခဲ့ဖို့
ငါရည်ရွယ်ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်ငါလည်း နစ်မွန်းနေခဲ့ပါတယ်
ပြီးတော့ လောကကြီးက ကိုယ့်ကိုကိုယ် ကယ်တင်ခဲ့တဲ့သူတွေအတွက် ဘယ်သူမှကဗျာမရေးကြဘူးလေ..
ဒါကို ငါအပြစ်မဆိုပါဘူး
ဒါကြောင့် ငါလူအုပ်ကြီးကို မရွေးပဲ
ငါ့ကိုငါပြန်မြင်နိုင်တဲ့မှန်တချပ်ကိုပဲ ရွေးခဲ့တယ်
သူရဲကောင်းဆန်ခြင်းထက် ကုစားခြင်းကိုသာရွေးခဲ့တယ်

အဲ့ဒါက ငါ့ကိုယ်ကျိုးရှာတယ်လို့ ထင်စေခဲ့ရင်
ပဲ့တင်သံတွေကပဲ တရားစီရင်ပါလိမ့်စေ
ဒါပေမယ့် ငါပင်ပန်းနေခဲ့ပြီ
ငါ ဝင်ရောက်တာနဲ့တပြိုင်နက် ပြိုလဲသွားတဲ့
နန်းတော်တွေကို တည်ဆောက်ရတာပင်ပန်းနေခဲ့ပြီ
အခုချိန်မှာ ကမ္ဘာကြီးကို မကယ်တင်နိုင်သေးရင်
မင်းလိုချင်တဲ့ လူတယောက် မဖြစ်နေခဲ့ရင်
ငါ့ကို ခွင့်လွှတ်ပါ၊ ငါတောင်းပန်ပါတယ်
ငါ့ကိုငါ အရင်ရွေးချယ်မှရမယ်
မင်းကို သစ္စာဖောက်ဖို့ မဟုတ်ပဲ
ငါ့ရဲ့ မှန်ထဲကပုံရိပ်တခုကို ငါလည်း ကယ်တင်ခြင်းခံထိုက်သူတယောက်ပါလို့ သက်သေပြဖို့ လိုအပ်ခဲ့လို့ပါ..။

Ref:Mirror - Kendrick Lamar
- b

တချို့ညတွေမှာ ငါဟာ လေထဲကမီးတောက်တခုလို တုန်ခါနေတယ်လို့ ခံစားရတယ် ပျောက်ကွယ်သွားတာလည်းမဟုတ်ဘူး၊ ငြိမ်သက်နေတာလည်းမဟုတ်ဘူး ...
13/06/2025

တချို့ညတွေမှာ ငါဟာ လေထဲကမီးတောက်တခုလို တုန်ခါနေတယ်လို့ ခံစားရတယ် ပျောက်ကွယ်သွားတာလည်းမဟုတ်ဘူး၊ ငြိမ်သက်နေတာလည်းမဟုတ်ဘူး တည်ရှိနေရုံသက်သက် အသက်ရူသံလေးလိုပေါ့..။

ငါနဲ့ သိပ်မဝေးတဲ့နေရာမှာ ပဲ့တင်သံတွေနေထိုင်ကြတယ် အဲ့နေရာကိုလူတွေ သိပ်မလာတတ်တော့အမြဲလိုလိုတိတ်ဆိတ်‌ နေတတ်တယ်၊ နောက်ပြီးအဲ့ပဲ့တင်သံတွေက ဘယ်သူ့ကိုမှအနှောက်အယှက်မဖြစ်အောင်လဲ ကြိုးစားပြီးနေကြလေ့ရှိတယ် အပြင်လောကနဲ့ပြတ်သားသွားတာလည်းမဟုတ်ဘူး၊ ရပ်တန့်မသွားပဲ အဲ့နေရာလေးမှာပဲဆက်ရှိနေတာမျိုးပေါ့ ငါ့ခန္တာကိုယ်ထဲမှာတော့ တိတ်ဆိတ်တဲ့ ပြိုကွဲမှုတိုင်းက စည်းချက်တခုလို တငြိမ့်ငြိမ့်မြည်နေတတ်တာပါပဲ ဒါကပုံမှန်ဖြစ်နေပြီလေ ပြောရရင်အက်ကွဲနေတဲ့မြေကြီးထဲကို ရေတွေ တစိမ့်စိမ့်စီးဝင်သွားသလို၊ ငါမသိခဲ့ဖူးတဲ့ နေရာလွတ်တွေထဲကို ဖြည်းဖြည်းချင်းစိမ့်ဝင်နေဆဲပဲ..။

ငါကမင်းတို့ထင်သလို ငါ့နာကျင်မှုကို သံချပ်ကာလို ဝတ်ဆင်ထားတာမျိုးမဟုတ်ပါဘူး၊ ဒီလေးလံခြင်းတွေရဲ့ အပေါ်ယံကိုတက်နိုင်လာတဲ့‌ ဘဝကိုအောင်နိုင်သူလဲ လုံးဝ မဟုတ်ဘူး၊ အဲ့ဒါတွေကို ထမ်းပိုးပြီး ဆက်လျှောက်နေတာပါပဲ နည်းနည်းကျိုးပဲ့၊ နည်းနည်းလောင်ကျွမ်းခဲ့တဲ့ အပိုင်းအစတွေနဲ့ အတူပေါ့..။

အခုထိ ကိုယ်ပိုင်အလင်းကို ခံစားဖို့ပဲ ထွန်းညှိနေတဲ့ဖယောင်းတိုင်လို ငါတည်ရှိနေဆဲပါ လှုပ်ခတ်မှုတိုင်းကနေ ငါပြန်ထဆဲပါ ထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ ငါနိုင်ရည်ရှိတယ်ဆိုတဲ့ အမှန်တရားကတော့မပြောင်းလဲပါဘူးတည်ရှိနေတယ်ဆိုတာ… အမြဲတမ်း ပြည့်စုံနေတာ မဟုတ်ပဲ တစ်ခါတလေ၊ မမြင်ရဘဲ၊ ပြိုကွဲရင်း၊ အသက်ရှင်ရင်းဆက်ရှိနေတာမျိုးကပဲလုံလောက်ပါတယ်..။

- brwn

Address


Telephone

+959966388947

Website

Alerts

Be the first to know and let us send you an email when I rest where ruins grow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share