MANNA Magazine

MANNA Magazine Myanmar Christian Magazine

Congratulations! Sayar Ye!Manna Magazine ၏ Editor တစ်ဦးဖြစ်သော ဆရာရဲဝင်း သည် ဒီကနေ့မှာ  Master of Divinity ဘွဲ့ ကို ရရှ...
24/02/2024

Congratulations! Sayar Ye!

Manna Magazine ၏ Editor တစ်ဦးဖြစ်သော ဆရာရဲဝင်း သည် ဒီကနေ့မှာ Master of Divinity ဘွဲ့ ကို ရရှိသည့် အတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

May God use you more for His Glory in comming days.

MANNA Magazine

"ထောက်မခြင်းဆိုရာဝယ်"ဘုရားသခင်က အာဒံနဲ့ဧဝကို ဖန်ဆင်းတဲ့အခါမှာ အာဒံကို အဖော်ပြုဖို့၊ ထောက်ပံ့ဖို့ ဧဝကို ဖန်ဆင်းခဲ့တာ ဖြစ်...
13/01/2024

"ထောက်မခြင်းဆိုရာဝယ်"

ဘုရားသခင်က အာဒံနဲ့ဧဝကို ဖန်ဆင်းတဲ့အခါမှာ
အာဒံကို အဖော်ပြုဖို့၊ ထောက်ပံ့ဖို့ ဧဝကို ဖန်ဆင်းခဲ့တာ
ဖြစ်တယ်။
ဧဝရဲ့ထောက်ပံ့မှု အကူအညီပေးမှုက
မှားယွင်းသွားတဲ့အခါမှာ အာဒံလည်း ဧဝနဲ့အတူတူ
ကျရှုံးသွားခဲ့တယ်။

ဒီလိုပဲ အိမ်ထောင်တစ်ခုမှာလည်း ခင်ပွန်းဖြစ်သူအတွက်
ဇနီးဖြစ်သူက အထောက်အပံ့ပေးဖို့ရန်
ဘုရားသခင်က ဖန်ဆင်းပေးထားတာဖြစ်တယ်။
အဲ့လို ဇနီးဖြစ်သူရဲ့ အထောက်အပံ့က မှားယွင်းသွားရင် ခင်ပွန်းဖြစ်သူရဲ့ ဘဝပါပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

လောကမှာ မိန်းကလေးတွေရဲ့ အခန်းကဏ္ဍက
အရမ်းကို အရေးကြီးတဲ့အပိုင်းက ပါဝင်နေပါတယ်။
ဒါကို နားလည်တဲ့ အမျိုးသမီးက အိမ်ထောင်ကို ကောင်းကောင်းတည်ဆောက်နိုင်သလို
ဒါကို နားမလည်တဲ့ အမျိုးသမီးက မိမိကိုယ်ကိုသာမက အိမ်ထောင်ကိုလည်း ဖျက်ဆီးနိုင်ပါတယ်။
အိမ် ထောင်မှာ မသာယာတာတွေက အမျိုးသမီးတွေရဲ့ ခင်ပွန်းသည်အကြောင်းကို သေချာနားလည်မှုကလည်း အလွန်အရေးပါးပါတယ်။

တစ်ချို့ကတော့ အမျိုးသမီးတွေကောင်းလွန်းပေမဲ့ အမျိုးသားတွေ မကောင်းတာကလည်းအထိုက်အလျောက်ရှိကြပါတယ်။

အံ့သြစရာကောင်းတာတစ်ခုက
အရမ်းဆိုးတဲ့ ယောကျာ်းတွေကိုလည်း
တချို့ အမျိုးသမီးတွေက ထိန်းနိုင်စွမ်းရှိကြတယ်။
ထိန်းချုပ်နိုင်တယ်။
အိမ်ထောင်တစ်ခုဖြစ်တည်လာတဲ့အခါမှာ
ယောင်္ကျားတွေက မိန်းမတွေကို
အပွင့်လင်းဆုံးတိုင်ပင်ရတာဖြစ်ပြီး
အမျိုးသမီးတွေကလည်း ခင်ပွန်းသည်တွေကို
အကောင်းဆုံး အကြံဉာဏ်ပေးတည်ဆောက်ရတာဖြစ်တယ်။
ဒါကြောင့် အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့
အမျိုးသမီးတစ်ယောက်ရှိနေတယ်ဆိုပြီးမှ တင်စားတဲ့
စကားတွေ ထွက်ပေါ်လာတာပေါ့။

ကျမ်းစာမှာ အဘိဂဲလရဲ့ ဉာဏ်ကောင်းမှုကြောင့်
သူ့ယောက်ျား နာဗလကို
ဒါဝိဒ်က အသက်ချမ်းသာပေးခဲ့တာဖြစ်တယ်။

ကျွန်တော်လက်ခံထားတာက သာမန်အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက်က မိမိရဲ့ခင်ပွန်းသည် အကြောင်းကို ကောင်းကောင်းနားလည်ရင် ယောကျာ်းကို ထိန်းချုပ်နိုင်သလို အိမ်ထောင်ကိုလည်း သာယာထိန်းသိမ်းနိုင်တယ်လို့
ယေဘုယျအားဖြင့် လက်ခံထားတယ်။

ကျွန်တော်တို့ယောကျ်ားတွေကလည်း ဉာဏ်ရှိဖို့လိုတယ်။ ယောကျာ်းပီသဖို့လိုတယ်။ ကိုယ့်မိန်းမ စကားတစ်ခွန်းဆိုပြီးတာမျိုးဆိုပြီး ကိစ္စတိုင်းမှာ လိုက်လုပ်နေလို့မရဘူး။ တစ်ခါတစ်လေမှာ မိန်းမတွေက မှားနေတတ်တယ်။ ဒါကို သူ့အလိုကျဆိုပြီး အခွင့်ပေးလိုက်ရင် ကျွန်တော်တို့လည်း အတူတူဘဝပျက်ကြတာပဲ။ ယောကျာ်းတွေကို
ဘုရားသခင်က ဦးခေါင်းအဖြစ် ဖြစ်စေပြီးတော့
အမျိုးသမီးတွေကို ခန္ဓာအဖြစ် ဖြစ်စေတယ်။
သေချာစဥ်းစားကြည့်ရင် ယောကျာ်းတွေက
ဦးခေါင်းမှာပါဝင်တဲ့ ဦးနှောက်ရှိရှိ အမြော်အမြင်ရှိရှိ
စဥ်းစားတွေးခေါ်ပြီး အနာဂတ်ကိုလမ်းပြညွှန်ပေးရတယ်။ အိမ်က ကျန်းကျန်းမာမာရှိနေစေဖို့ အဓိက
အသက်ရှင်လမ်းကြောင်းတွေကို ယောကျ်ားတွေက
ဖြည့်ဆည်းပေးရတယ်။

အဲ့နောက်မှာမှ ကျန်တာအားလုံးအဆင်ချောအောင်
အမျိုးသမီးတွေလည်း ကိုယ်လက်အင်္ဂါဖြစ်သည့်အတိုင်း လုပ်ဆောင်ပေးရတယ်။ လက်တွေ့ဘဝမှာ
အရွေ့တစ်ခုဖြစ်မြောက်အောင် ယောကျာ်းတွေထက်
မိန်းမတွေက ပိုလုပ်ဆောင်ရတယ်။
မိန်းမက ဘာမှ မလှုပ်ရှားရင်
ယောကျာ်းလည်း ဘာမှ မလုပ်နိုင်ဘူး။
ဒါကြောင့် ဟန်ချက်ညီညီသွားနိုင်ဖို့ဆိုရင်
ယောကျာ်းဖြစ်သူရဲ့ စီစဥ်ညွှန်ကြားမှုကို
အမျိုးသမီးဖြစ်သူက နာခံပြီး လိုက်ပါလုပ်ဆောင်ဖို့
လိုတာဖြစ်တယ်။

အဲ့လို မလုပ်ရင် တစ်လွဲစီဖြစ်နေမှာပဲ ဖြစ်တယ်။
ဒါကြောင့် အများစုက ယောကျာ်းလေးတွေကို
ဦးဆောင်သူအဖြစ်သတ်မှတ်ထားကြတာဖြစ်တယ်။

ဝိညာဉ်ရေးရာ သဘောအရပြောရရင်တော့
ခရစ်တော်က ဦးခေါင်းဖြစ်ပြီး ယုံကြည်သူတွေက အင်္ဂါတွေဖြစ်တယ်။ ခရစ်တော်က အမျိုးသားနေရာမှာရှိပြီး
ယုံကြည်သူတွေက အမျိုးသမီးနေရာမှာ ရှိတယ်။
အမျိုးသမီးဖြစ်တဲ့ ယုံကြည်သူတွေက ဦးခေါင်းဖြစ်တဲ့
သခင့်စကားကို နားမထောင်ရင် သခင်က မျက်နှာသာမရဘူး။ သခင့်ရဲ့ စီစဥ်ညွှန်ကြားမှုတွေကို ယုံကြည်သူတွေက လိုက်ပါ။ လုပ်ဆောင်ရန်အတွက် အရမ်းလိုအပ်တယ်။
မလုပ်ရင် အိမ်ထောင်ရေးက မသာယာတော့ဘူး။

ဒါကြောင့် အမျိုးသမီးတွေ ပညာရှိရှိထောက်ပံ့ပါ။ အမျိုးသားတွေ ဉာဏ်ပညာသတိ မလွတ်ကင်းစေပါနှင့် တိုက်တွန်းချင်ပါတယ်။

ဧဖက်ဩဝါဒစာ။ 5:22
အချင်းမိန်မတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။

ဧဖက်ဩဝါဒစာ။ 4:15
မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။

ကောလောသဲဩဝါဒစာ 2:19
ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွါးတတ်၏။

ဗေ (လားရှိုး)
MANNA Magazine

JOY TO THE WORLD ဤဓမ္မသီချင်းအား ၁၇၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည်။ Royal PhilharmonicOrchestra မှ တီးမှုတ်...
25/12/2023

JOY TO THE WORLD

ဤဓမ္မသီချင်းအား ၁၇၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည်။ Royal Philharmonic
Orchestra မှ တီးမှုတ်သီဆို အသံသွင်းခဲ့ကြပြီး conductor အဖြစ် Peter Knight မှ လုပ်ဆောင်ခဲ့သည်။ စာသားကို Isaac Watts (1674-1748) မှ ရေးသားခဲ့ပြီး သံစဉ်ကို အမေရိကန် တေးရေး ဂီတဆရာ Lowell Mason (1792-1872) တေးသံထည့်သွင်း စပ်ဆိုခဲ့သည်။ ‌Isaac Watts ရေးသားခဲ့စဉ်အချိန် ကဗျာအဖြစ်စပ်ဆို ရေးသားခဲ့ခြင်းဖြစ်ပြီး နှစ်အတန်ကြာသောအခါမှ Mason မှာ သံစဉ်ပေါင်းစပ်ကာ တေးသီချင်းအဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လောကကြီး ဝမ်းမြောက်ခြင်းမရှိလျှင် ခရစ္စမတ်ဆိုသောအကြောင်းသည် စိတ်ကူးဖြင့်မှန်းဆကြည့်ရန်ပင် ခက်ခဲမည်ဖြစ်သော်လည်း ရှေးကျပြီး အစဥ်အလာတစ်ခုရှိသည့် ဤဂန္နဝင် ဓမ္မသီချင်းသည် အမှန်စင်စစ်ပြောင်းလဲပေးလိုက်သည်ဟု ရှုမြင်နိုင်ပြီး ခရစ္စမတ် အကြောင်းသက်သက်သာ မဟုတ်ခဲ့ပေ။

အိုင်ဇက်ဝက်(စ်), ပလေေမောက် နန်းကွန်ဖောမစ်(စ်) တစ်ဦးဖြစ်ပြီး ၎င်းသည် ခရစ်ယာန်အသက်တာဆိုင်ရာ သီချင်းများကို ကနဦးရေးသားသူ၊ အနှစ်သာရပြည့်ဝသော ဓမ္မသီချင်းများကို ရေးသားသော အင်္ဂလိပ်ဓမ္မသီချင်းများရေးသားသည့် ဖခင်ကြီးအဖြစ် ကျော်ကြားထင်ရှားခဲ့သည်။ ထိုသို့မတိုင်မှီတွင် ဝတ်ပြုကိုးကွယ်ခြင်းသီချင်းများ၌ များစွာသော ဆာလံသီချင်းများနှင့် သမ္မာကျမ်းချက်များကို သံစဥ်ထည့်သွင်းကာ သီဆိုခဲ့ကြသည်။

ဝက်(စ်)သည် ဓမ္မသီချင်း “ဆာလံ (၉၈)” အား သူ့အားနှိုးဆော်အားပေးသော သီချင်းအဖြစ် ခံယူပြီး စာသားများသည် ၎င်း၏ကိုယ်ပိုင်စာသားများဖြစ်သည်။ ဝက်(စ်) ဆာလံ အခန်းကြီး (၉၈) အခန်းငယ် (၄-၉) ထိ ကျမ်းချက်မှ “မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။” တို့ထိခြင်းကို ခံရပြီး ရေးစပ်သီကုံးခဲ့ခြင်းဖြစ်သည်။ ဆာလံ (၉၈) သာမက ဆာလံ (၉၆:၁၁-၁၃) နှင့် ကမ္ဘာဦးကျမ်း (၃:၁၇-၁၈) ထိ အကြောင်းအရာများကိုလည်း ကိုးကားကာ သီကုံးခဲ့သည်။ ယနေ့ခေတ်ကျွန်ုပ်တို့သီဆိုနေကြသည့် အန္တိအုတ် ဟုခေါ်သော သံစဥ်အမျိုးအစားကို ရှာဖွေမတွေ့ရှိမှီအချိန်ထိ ဓမ္မသီချင်းများကို နှစ်ပေါင်းရာကျော်သီဆိုခဲ့ကြသည်။ အင်္ဂလန်ထိပ်တန်းဓမ္မသီချင်းတေးရေးဆရာများ ရေးစပ်ခဲ့သောစာသားများသည် အမေရိကန်၏ အကျော်ကြားဆုံးသော ဓမ္မသီချင်းရေးစပ်သူများမှ တစ်ဦးဖြစ်သည့် Lowell Mason အား တို့ထိမှုဖြစ်စေခဲ့သည်။

၁၈၃၉ ခုနှစ်တွင် မေဆန်သည် “လောကဝမ်းမြောက်” သီချင်းကို ခေါင်းစီးသီချင်းအဖြစ် ထည့်သွင်းပြီး ဓမ္မသီချင်းများစုစည်းကာ ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ပြီး Handel ၏ သီချင်းများကိုလည်း ထည့်သွင်းထုတ်ဝေခဲ့သည်။ ၎င်းအနေဖြင့် Handel ၏ “မေရှိယ”ဆိုသော တေးစီးရီးတွင်ပါဝင်ခဲ့သည့် "Lift up your heads" ဆိုသည့် Handel ထုတ်ဝေဖြန့်ချိခဲ့သောဓမ္မသီချင်းမှ ထပ်ဆို (Chorus) သံစဥ်များကို အလိုက်သင့်ပြောင်းလဲကာ တေးသံစဉ်ကို ထည့်သွင်းသီကျူးခဲ့သည်။

“လောကဝမ်းမြောက် ဘုရားကြွလာ” ဟူသော ဓမ္မသီချင်းသည် ယေရှုခရစ်တော်၏ ဖွားမြင်တော်မူခြင်းအကြောင်းကို အကိုးအကားပြုထားသော်လည်း နွားစားခွက်အကြောင်း၊ မယ်တော်မာရိအကြောင်း၊ မာဂုပညာရှိများအကြောင်း မပါဝင်ပေ။
ဝက်(စ်) ၏ စိတ်အတွင်းထဲတွင် နေ့ထူးနေ့မြတ်အဖြစ် ရှိနေခဲ့ခြင်း သက်သက်မဟုတ်ပေ။ သူ၏ ဓမ္မသီချင်းသည် ယေရှုခရစ်တော်သည် ဤလောကကြီးအား သူပိုင်ဆိုင်သောအရာအဖြစ် သိမ်းဆည်းရန် ပြန်လည်ကြွလာခြင်း အကြောင်းဖြစ်သည်။ တစ်နည်းဆိုရသော် တောင်ကုန်း ချိုင့်ဝှမ်းများ သန့်စင်ခြင်းခံရမည့်အချိန် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းဖြစ်သည်။ ကျေးဇူးတော်မှအာဒံ၏ကျဆင်ခြင်းပြီးနောက် ကျိန်ခြင်းခံနေရခြင်းမှလည်း မြေကြီးသည် လွတ်မြောက် လိမ့်မည်။ လူအများသည်လည်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ဝမ်းမြောက် ကာချီးမွမ်းကြမည်ဖြစ်ပြီး ဤပျော်ရွှင်ဖွယ်အခမ်းအနားသည် လူသားများအား ကန့်သတ်ချုပ်ချယ်ခြင်း ရှိမည်မဟုတ်ပေ။ သူ၏ဝမ်းမြောက်ခြင်းသည် ကမ္ဘာလောက တစ်ခုလုံးအတွက်ဖြစ်သည်။ “လောက ဝမ်းမြောက်” သီချင်းသည် စိတ်နှစ်လိုဖွယ်ရာ မျှော်လင့်ချက်များပါဝင် သီချင်းတစ်ပုဒ်ဖြစ်ပြီး ၊ အဓိကအားဖြင့် ပထမအကြိမ် လူ့ဇာတိခံယူဆင်းသက်လာခြင်းကို ရည်ညွှန်းသည်ထက် တံပိုးမှုတ်သံများဖြင့် ဒုတိယအကြိမ်ပြန်လည် ကြွလာခြင်းကို ရည်ညွှန်းကာ စပ်ဆိုထားခဲ့ခြင်းဖြစ်သည်။ ကျော်ကြားသော ကယ်ရို သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပြီး ခရစ္စမတ်ရာသီကာလအဖို့ ပင်တိုင်သီချင်းတစ်ပုဒ်ဖြစ်လာ ခဲ့သည်။

ဗျာဒိတ် ၂၂း၃
ကိုးကားမှတ်စု
Clancy, Ronald M. Best-Loved Christmas Carols: The Stories behind Twenty-Five Yuletide Favorites. New York: Sterling Pub. Co, 2006.
Silent Night: The Stories behind 40 Beloved Christmas Carols. Uhrichsville, Ohio: Barbour Pub, 2013.

11/11/2023

စာအုပ်မိတ်ဆက်ကျေးဇူးတော်ချီးမွမ်းခြင်း၌

သိက္ခာတော်ရဆရာတော်ဦးစွမ်ဇာခိုင်
မှ

နှုတ်ကပတ်တော်အားဖြင့်

တည်ဆောက်ပေးခြင်း



#မေတ္တာမှုန်း၍ဆေးခြယ်မည်တို့မိသားစုပန်းချီ
#စာအုပ်မိတ်ဆက်ခြင်း #ကျေးဇူးတော်ချီးမွမ်းခြင်း
#စွမ်ဇာခိုင်
#တရားဒေသနာ

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ အစေခံ ပါဝင် ရေးသားထားတဲ့ကလောင်ရှင် "ဒွန်း"  ရဲ့            -----------‌-----ဆု‌တောင်း---...
11/11/2023

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် "ဒွန်း" ရဲ့

-----------‌-----ဆု‌တောင်း-------------

ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်

ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်

ဆုတောင်းပန်းကလေးတစ်ပွင့် ပွင့်စေချင်တယ်အသွေးအသားနဲ့ ချွေးစက်တို့ကိုပေးပါ့ရစေပန်းကလေးတစ်ပွင့် ပွင့်စေချ...

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ အစေခံ ပါဝင် ရေးသားထားတဲ့ကလောင်ရှင် J. D. Phaw  ရဲ့-----------‌မေတ္တာမှုန်း၍ ဆေးခြယ်     ...
09/11/2023

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် J. D. Phaw ရဲ့

-----------‌မေတ္တာမှုန်း၍ ဆေးခြယ်
တို့မိသားစု ပန်းချီ----------

ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်

ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်

မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစု ပန်းချီမတူညီတဲ့လူနှစ်ယောက် ပေါင်းစည်းခြင်းကစတင်တဲ့ အိမ်ထောင်မတူညီ....

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ အစေခံ ပါဝင် ရေးသားထားတဲ့ကလောင်ရှင် ဉာဏဉာဏ်ရဲ့-----------မိသားစု---------- ကဗျာလေးကို အသံ...
06/11/2023

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် ဉာဏဉာဏ်ရဲ့

-----------မိသားစု----------

ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်

ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်

မိသားစုအတွင်းစည်းကို လုံအောင် ထိန်းရအပြင်ရန်ကိုလည်း ရရာကိုင်စွဲ တိုက်ပွဲဝင်ကြရသမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်ရ....

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ အစေခံ ပါဝင် ရေးသားထားတဲ့ကလောင်ရှင် ခန့်သစ်ရင်ရဲ့-----------သခင့်မှာတမ်း---------- ကဗျာလေ...
05/11/2023

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် ခန့်သစ်ရင်ရဲ့

-----------သခင့်မှာတမ်း----------

ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်

ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်

သခင့်မှာတမ်းကွဲပြားသောကျောက်ငါ၏ ကျောက်စုတ်ကွဲသော ကုလားကာအလယ်မှာမိုးမျက်နှာကြတ်ကို မျှော်၍ငါကိုးစားသော .....

မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစု ပန်းချီမဂ္ဂဇင်းစာအုပ် မိတ်ဆက်ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ် မန္နမဂ္ဂဇင်း
05/11/2023

မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစု ပန်းချီ
မဂ္ဂဇင်းစာအုပ် မိတ်ဆက်ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်

မန္နမဂ္ဂဇင်း


မဂ္ဂဇင်းထုတ်ဝေခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း သို့  စာပေအကြောင်း စိတ်ဝင်စားသူများ အားလုံးကို ဖိတ်ခေါ်ပါတယ်။
03/11/2023

မဂ္ဂဇင်းထုတ်ဝေခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း သို့ စာပေအကြောင်း စိတ်ဝင်စားသူများ အားလုံးကို ဖိတ်ခေါ်ပါတယ်။

စာအုပ်မိတ်ဆက် ကျေးဇူးတော် ချီးမွမ်းခြင်း သို့ ဖိတ်ခေါ်ပါတယ်။
02/11/2023

စာအုပ်မိတ်ဆက် ကျေးဇူးတော် ချီးမွမ်းခြင်း သို့ ဖိတ်ခေါ်ပါတယ်။

မင်္ဂလာပါ ချစ်ရတဲ့ စာဖတ်ပရိတ်သတ်ကြီးများရှင့် ။ကျွန်မတို့ Manna Magazine မှာ အသိပေးကြေငြာပေးထားပြီးဖြစ်တဲ့ “မေတ္တာမှုန်း...
29/10/2023

မင်္ဂလာပါ ချစ်ရတဲ့ စာဖတ်ပရိတ်သတ်ကြီးများရှင့် ။
ကျွန်မတို့ Manna Magazine မှာ အသိပေးကြေငြာပေးထားပြီးဖြစ်တဲ့ “မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစုပန်းချီ ” mini magazine လေးဟာ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စာအုပ်ကလေးနဲ့ပက်သက်ပြီးစာအုပ်အမှာလေး ကြိုတင်စာရင်းပေးထားလို့ ရပြီဖြစ်ကြောင်း သတင်းကောင်းလေး ထပ်မံပါးချင်ပါတယ်။

၁) ဘာဖြစ်လို့ စာအုပ်ကို ဝယ်ဖတ်သင့်သလဲ ?

သိပ်မကြာခင်ကာလအတွင်းမှာ ခရစ်ယာန်အိမ်ထောင် ရက်သတ္တပတ် နေ့ ရောက်လာတော့မှာဖြစ်တဲ့အတွက်ကြောင့် ခရစ်ယာန်မိသားစုများကို ဂုဏ်ပြုသောအနေဖြင့် ရည်ရွယ်ပြီး ထုတ်ထားတဲ့အတွက်ကြောင့်
စာအုပ်ကလေးကို ဝယ်ဖတ်သင့်ပါတယ်ရှင့်။

နောက်ပြီးတော့ ကျွန်မတို့ ဒီနေ့ခေတ်မှာ ခရစ်ယာန်အိမ်ထောင်မိသားစုနဲ့ပက်သက်ပြီးတော့ ထုတ်တဲ့စာအုပ်တွေက ဘာသာပြန်တွေကအများစုပဲဖြစ်နေတာဖြစ်ပါတယ်။

ဒီစာအုပ်လေးမှာတော့ စာပေအတွေ့အကြုံရင့်ကျက်ပြီး စာအုပ်များကို ရေးသားထုတ်ဝေနေတဲ့ ကလောင်ရှင်ဆရာကြီးများရဲ့ စာပေလက်ရာမွန်များနဲ့အတူ မျက်မှောက်ခေတ်စနစ်ကိုနားလည်ပြီး ထူးခြားတဲ့အမြင်သစ်များနဲ့ ကညစ်ဖြင့် ရေးမှတ်ထားတဲ့ ကလောင်လက်ရာသစ်များလည်းပါဝင်ကာ ခရစ်ယာန်မိသားစုအကြောင်းကိုသာ သီးသီးသန့်သန့်ရေးသားထားသောကြောင့် ဝယ်ဖတ်သင့်ပါတယ်။

၂) စာအုပ်ဖတ်ခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူး

ခုခေတ်မှာ မိသားစုနဲ့ပက်သက်ပြီး လျစ်လျူထားသော၊ မေ့လျော့ထားကြသောအကြောင်းအရာများကိုလည်း ပြန်လည်ဆင်ခြင်တွေ့မြင်မိစေရန် ရေးသားထားသော စာပေလက်ရာမွန်များလည်း ပါဝင်တာကြောင့် ထိုက်သင့်သောအခကို ပေးကာဝယ်ယူ ဖတ်ရှုသင့်ပါတယ်။
ထိုထိုအကြောင်းအရာများကို မဂ္ဂဇင်းတစ်ခုရဲ့ အင်္ဂါရပ်များနဲ့အညီ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထု အမျိုးအစားစုံလင်စွာဖြင့် ရသအစုံဝေဝေဆာဆာ ရေးသားဖော်ပြပေးထားသောကြောင့် ဝယ်ယူဖတ်ရှုသင့်ပါတယ်။
ဝယ်ယူဖတ်ရှုသူတိုင်း အကျိုုးတစ်စုံတစ်ရာကို ရရှိသွားမယ်ဆိုတာ ယုံကြည်ပါတယ်။

၃) ရည်ရွယ်ချက်
Manna Magazine အဖွဲ့သူ/အဖွဲ့သားများနဲ့ ကလောင်ရှင်အသီးသီး၏ ရည်ရွယ်ချက်မှာ
အမေ့လျော့ခံဖြစ်နေတဲ့ မိမိတို့ရဲ့ ခရစ်ယာန်အိမ်ထောင်ရေးအခြေအနေကို ပြန်လည်သုံးသပ်မိလာစေဖို့ရန်အတွက် သက်သာသောနှုန်းထား ( 5000) ကျပ်ဖြင့် ဤ စာအုပ်ကို ရေးသားထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။

ကြိုတင်မှာယူလိုပါက - Page Messenger တွင်လည်းကောင်း၊ Comment Box တွင်လည်းကောင်း
အောက်ပါ အချက် (၄) ချက်ကို ပြည့်စုံစွာဖြည့်စွက်ပြီး မှာယူနိုင်သကဲ့သို့၊ (+959256954355) - နော်ချူးလက်(စ်) Manna Magazine ၌လည်း ဆက်သွယ်မှာယူနိုင်ပါကြောင်း
သတင်းကောင်းပါးအပ် ပါတယ်။

1) Pre – (Quantity - မှာယူလိုသောစာအုပ်အရေအတွက်)၊
👉တစ်အုပ်မှာယူလိုလျှင် - Pre – (1)
👉 နှစ်အုပ်မှာယူလိုလျှင် - Pre – (2)
2) မှာယူသူအမည် -
3) ဖုန်းနံပါတ် -
4) လိပ်စာ -

အထူးအစီအစဥ် အနေနဲ့
📌📌📌📌📌📌📌📌
စာအုပ် ဖတ်ပြီး စာအုပ် review လေး ရေးပေးသူ ၅ယောက် အထဲမှာမှ မဲနှိုက်ပြီး လက်ဆောင်ထပ်မံ ပေးဦးမှာ ဖြစ်ပါတယ်။
review လေးကို hashtag အနေနဲ့ #မေတ္တာမှုန်းရ်ျဆေးခြယ်မည်တို့မိသားစုပန်းချီ
တို့ဖြင့် တွဲတင်ပေးရမှာဖြစ်ပါတယ်နော် ။

Address

Yangon

Alerts

Be the first to know and let us send you an email when MANNA Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MANNA Magazine:

Share