မြန်မာ့သတင်းများနှင့် နိုင်ငံတကာ သတင်းစုံ

  • Home
  • Myanmar
  • Yangon
  • မြန်မာ့သတင်းများနှင့် နိုင်ငံတကာ သတင်းစုံ

မြန်မာ့သတင်းများနှင့် နိုင်ငံတကာ သတင်းစုံ ပြည်တွင်းပြည်ပသတင်းများကို
စဉ်ဆက်?

10/11/2024
10/11/2024

ဂွမြို့နယ်ဟာ ဧရာဝတီတိုင်းနဲ့ မိုင် ငါးဆယ်ကျော်သာကွာဝေးပြီး ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲမှာဆိုရင် တိုက်....

10/11/2024
10/11/2024
10/11/2024
09/11/2024

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ် စစ် ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီး ICU တွင် ကွယ်လွန်၊ ယနေ့သဂြိုလ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၉

အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားကြောင်း NLD သတင်းရင်းမြစ်က အတည် ပြုသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီအချိန် NLD အစိုးရ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံ နက် ၁၁ နာရီအချိန် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုဿာန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သည့် Ever တံဆိပ် လျှပ်စစ်မီတာများကို ဝယ်ယူရန် ငြင်းပယ်ခဲ့မှုဖြင့် စစ်ဗိုလ်ချုပ်များ၏ အငြိုးထား ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရသည့် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တက်ရောက်ဆေးကုသနေရသည့် မန္တလေးဆေးရုံကြီး ၊ ICU ခန်းထဲသို့ စစ်အာဏာ ပိုင်များက လာရောက်ပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ထားမှုမှ လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ၁၁ ရက်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ လွတ်ငြိမ်းခွင့်ပေးကြောင်း အမိန့်စာဖတ်နေချိန်တွင်လည်း NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်မှာ သတိမရှိတော့ဘဲ မေ့မျောနေချိန်လည်းဖြစ်သည်။

အောက်တိုဘာလဆန်းပိုင်းကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးဆေးရုံကြီး၊ ICU တွင် ကျန်းမာရေးဆိုးရွားနေ၍ ဆေးကုသချိန်ရောက်မှသာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးသည်ဆိုသော အမိန့်စာကို လာရောက် ဖတ်ပြခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ရသည်။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ ဖြင့် NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်သည် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်က ထုတ်လုပ်သည့် Ever တံဆိပ် လုပ်ငန်းသုံးနှင့် လျှပ်စစ်သုံး မီတာများမှာ အရည်အသွေး မမီခြင်းနှင့် စျေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် တိုင်း ပြည်ဘဏ္ဍာငွေ သက်သာစေရန်နှင့် ပြည်သူများ အရည်အသွေးမီသော လျှပ် စစ် မီတာများ အသုံးပြုနိုင်စေရန်အတွက် NLD အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ငြင်းပယ်ခဲ့သူလည်းဖြစ်သည်။

09/11/2024
09/11/2024

ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၈ရက် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ပိတ်ဆို့တိုက်ခိုက်ခံရ၍ စစ်စခန်....

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြန်မာ့သတင်းများနှင့် နိုင်ငံတကာ သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြန်မာ့သတင်းများနှင့် နိုင်ငံတကာ သတင်းစုံ:

Share