The Bechlor from Burma

The Bechlor from Burma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Bechlor from Burma, Digital creator, Yangon.

55 Cancri e လို့သိပ္ပံနာမည်ပေးထားတဲ့ ဒီဂြိုလ်ကြီးကို ၂၀၀၄ ခုနှစ်က ရှာတွေခဲ့တာဖြစ်ပြီးတော့ကျနော်တို့ ကမ္ဘာထက် နှစ်ဆကြီးသလ...
13/04/2025

55 Cancri e လို့သိပ္ပံနာမည်ပေးထားတဲ့ ဒီဂြိုလ်ကြီးကို ၂၀၀၄ ခုနှစ်က ရှာတွေခဲ့တာဖြစ်ပြီးတော့
ကျနော်တို့ ကမ္ဘာထက် နှစ်ဆကြီးသလို အလေးချိန်က ရှစ်ဆပိုလေးပါတယ် ။

အဲ့ဒီဂြိုလ်ကြီးမှာ တစ်နေ့တာ ကြာချိန်က ၁၈ နာရီရှိပြီးပါတယ် ။

55 Cancri သိပ္ပံပညာရှင်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာစရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် 55 Cancri e ရဲ့ လေထုဖွဲ့စည်းမှုနဲ့ မျက်နှာပြင်အခြေအနေတွေကို Hubble Space Telescope၊ Spitzer Space Telescope နဲ့ James Webb Space Telescope တို့နဲ့ လေ့လာခဲ့ကြပါတယ်။

ဒီဂြိုဟ်ဟာ အလွန်ပူပြင်းပြီး တစ်ဖက်မှာ အမြဲနေ့ဘက်ဖြစ်နေပြီး အခြားတစ်ဖက်မှာ အမြဲညဘက်ဖြစ်နေတဲ့ tidally locked အခြေအနေမှာရှိပါတယ်။ ဒါကြောင့် နေ့ဘက်အပူချိန်ဟာ ၂၇၀၀ ကယ်လ်ဗင် (၂၄၃၀ ဒီဂရီစင်တီဂရိတ်) အထိရှိပြီး ညဘက်မှာ ၁၃၈၀ ကယ်လ်ဗင် (၁၁၁၀ ဒီဂရီစင်တီဂရိတ်) ခန့်ရှိပါတယ်။

ဒီဂြိုလ်ကြီးမှာရှိနေတဲ့ စိန်တွေရဲ့ခန့်မှန်းတန်ဖိုးက လက်ရှိဒေါ်လာပေါက်စျေးနဲ့ဆိုရင် 26.9 nonillion dollars အထိတန်ကြေးရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ် ။

( 1 nonillion ဆိုတာ 1 နောက်မှာ သုံည အလုံး ၃၀ ရှိပါတယ် )
Crd.

အင်္ဂလိပ်လူမျိုးတို့နှင့် ဘာသာစကား===========================       ကမ္ဘာပေါ်တွင်ထင်ရှားသော မူလပင်မ ဘာသာစကားကြီး လေးမျို...
13/04/2025

အင်္ဂလိပ်လူမျိုးတို့နှင့် ဘာသာစကား
===========================

ကမ္ဘာပေါ်တွင်ထင်ရှားသော မူလပင်မ ဘာသာစကားကြီး လေးမျိုးရှိခဲ့သည်ဟု ဘာသာဗေဒပညာရှင်များက ဆိုကြသည်။ ထိုဘာသာစကားများမှာ အင်ဒို-ဥရောပ (INDO-EUROPEAN)၊ ဟာမီတို-ဆီမီတစ် (HAMITO-SIMITIC)၊ တိဘက်-တရုတ် (TIBET-CHINESE)နှင့် ယူရဲလ်-အယ်လတစ် (URAL-ALATIC) ဘာသာစကားများပင် ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားသည် အင်ဒိုဥရောပ ဘာသာစကားတွင် အခြေအမြစ်ခံသည်ဟု ဘာသာဗေဒပညာရှင်တို့က ယူဆကြသည်။

ဘာသာဗေဒသမိုင်းပညာရှင်များက ဘီစီသုံးထောင်နှင့် ဘီစီနှစ်ထောင်ခန့်က ဥရောပအရှေ့မြောက်ဘက်ပိုင်းအရပ်ဒေသ (သို့မဟုတ်) ပင်လယ်နက်ကမ်းခြေအနီးတွင် ထိုမူလအင်ဒိုဥရောပဘာသာစကား ပြောဆိုသော လူမျိုးများနေထိုင်ခဲ့ကြသည်ဟု ယူဆကြသည်။

နှစ်ပေါင်းများစွာကြာမြင့်သောအခါ လူဦးရေတိုးတက်များပြားလာမှုနှင့် အစာရေစာ၊ မြေနေရာ၊ စားကျက်တို့ ရှားပါးလာမှုကြောင့် ထိုအင်ဒိုဥရောပဘာသာ စကားပြောသောလူမျိုးများမှ အိမ်ထောင်စုများစွာတို့သည် ခွဲထွက်၍ ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့ခဲ့ကြသည်၊ အနောက်ဘက်အရပ်ဒေသသို့ ပြောင်းရွှေ့သော အိမ်ထောင်စုကို အခြေခံသောလူမျိုးစုများမှ INDO-GERMANIC အင်ဒိုဂျမနစ်ဟု အမည်တွင်မည့်လူမျိုးစုနှင့် ဘာသာစကားတို့ ထွန်းကားလာခဲ့သည်။

ထိုလူမျိုးများသည် ဥရောပမြောက်ပိုင်းရှိ သစ်တောထူထပ်ပြီး စိမ့်စမ်းပေါများသော အရပ်ဒေသတစ်ခုတွင်အစုအဖွဲ့အလိုက် ပြန့်နှံ့နေထိုင်ခဲ့ကြသည်ဟုဆိုသည်။ ယင်းတို့နေထိုင်ခဲ့ရာအရပ်သည် နောက်ပိုင်းတွင် SCANDINAVIA စကင်ဒီနေဗီးယားနှင့် မြောက်ပိုင်း GERMANY ဂျာမဏီဟု တွင်လာမည့် နယ်မြေ၏ ALBA နှင့် ODER မြစ်အကြားနေရာဒေသတွင် ဖြစ်သည်ဟုလည်း အချို့ပညာရှင်များက အတိအကျဆိုသည်။

ဘီစီ ၅ဝဝ ခန့် ရောက်သောအခါ ထိုနေရာတွင် ဤလူဦးရေတိုးပွားပြီး အနေအထိုင်ကြပ်တည်းလာပြန်သောကြောင့် ထိုလူမျိုးတို့သည် အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ထွက်ခဲ့ကြပြန်သည်။ ထိုသို့ ဂျာမိနစ်လူမျိုးတို့ နယ်မြေပြောင်းရွှေ့ခြင်းကြောင့် ဘာသာစကားသုံးစွဲမှုလည်း ကွဲပြားသွားခဲ့ပြန်သည်။ ယင်းသုံးစွဲမှုမှာ WEST GERMANIC အနောက်ဂျာမနစ်၊ NORTH GERMANIC မြောက်ဂျာမနစ်နှင့် EAST GERMANIC အရှေ့ဂျာမနစ် ဘာသာစကားတို့ပင် ဖြစ်သည်။

WEST GERMANIC အနောက်ဂျာမိနစ်ဟု အမည်တွင်လာမည့် မူကွဲစကားကို ပြောဆိုသူတို့သည် ဘီစီငါးရာစုနှစ်ဝန်းကျင်မှာပင် ဗြိတိန်နိုင်ငံဟုတွင်မည့် ကျွန်းသို့ရောက်ရှိ၍ အခြေချနေထိုင်ခဲ့ကြသည်။ ယင်းတို့သည် နောင်တွင် CELTIC ဆဲလ်တစ်ဟု သတ်မှတ်ခံရမည့် လူမျိုးစု ဖြစ်လာခဲ့သည်။

ယခုခေတ် WELSH ဝေလ် ရှိ SCOT စကော့နှင့် IRISH အိုင်းရစ်(ရှ်) လူမျိုးတို့၏ အဘိုးအဘွားများဖြစ်သော ထိုဆဲလ်တစ်လူမျိုးတို့နေထိုင်ရာ ဗြိတိန်ကျွန်းကို အေဒီ ၄၃၃ နှစ်တွင် ရောမလူမျိုးတို့က သိမ်းပိုက်ခဲ့သည်။ ရောမလူမျိုးတို့သည်လည်း ဆဲလ်တစ်လူမျိုးတို့ကဲ့သို့ ပင်မအခြေမြစ် အင်ဒို-ဥရောပလူမျိုးမှ ဆင်းသက်ပြန့်ပွားလာခဲ့သော လူမျိုးဖြစ်သည်။

ဗြိတိန်ကျွန်းကို ရောမတို့ သိမ်းပိုက်ထားသည့် နှစ်ပေါင်း ၄ဝဝ ကာလအတွင်း၌ အင်ဒိုဥရောပဘာသာနွယ်ဝင် (ရောမတို့၏) လက်တင်ဘာသာစကားသည် ဗြိတိန်ကျွန်း၏ အများသုံးဘာသာစကားကြီးအဖြစ် ထွန်းကားတွင်ကျယ်လာခဲ့သည်။

အေဒီ ၅ဝ၉ ခုနှစ်တွင် ဗြိတိန်ကျွန်းကို ရောမတို့စွန့်လွှတ်လိုက်ကြသည်။ အေဒီ ၅၅၉ ခုနှစ်တွင်မူ မျက်မှောက်ကာလတွင် ဒိန်းမတ်နှင့် မြောက်ပိုင်းဂျာမနီဒေသဖြစ်နေသောနေရာမှ SAXON ဆက်ဆွန်နှင့် JUTE ဂျူတ်လူမျိုးတို့ ကျူးကျော်လာခဲ့သည်။ ဆက်ဆွန်နှင့် ဂျူထ်လူမျိုးတို့သည် မြောက်ဂျာမနစ်ဘာသာစကားမှနွယ်သော ဘာသာစကားကို ပြောဆိုကြသူများဖြစ်သည်။

ထိုသို့ ဆက်ဆွန်နှင့် ဂျူတ်လူမျိုးတို့ ကျူးကျော်လာမှုကြောင့် ဆဲလ်တစ်လူမျိုးတို့သည် ယခုခေတ် စကော့တလန်၊ ဝေလ်နှင့် အိုင်ယာလန် အရပ်ဒေသများသို့ ရွှေ့ပြောင်း၍ ပြေးခဲ့ကြသည်။ ဆက်ဆွန်နှင့် ဂျူထ်တို့ပြောဆိုသော ဂျာမိနစ်နွယ်ဘာသာစကားသည် ဗြိတိန်ကျွန်း၏အဓိကဘာသာစကား ဖြစ်လာသည်။ ထိုဘာသာစကားကို အင်ဂလို-ဆက်ဆွန် ANGLO-SAXON သို့မဟုတ် OLD ENGLISH ရှေးဟောင်းအင်္ဂလိပ်ဘာသာစကားဟု သတ်မှတ်သည်။

အင်ဂလို-ဆက်ဆွန်လူမျိုးများ အင်္ဂလန်ကျွန်းတွင်အခြေချပြီး မကြာခင်မှာပင် အင်ဒို-ဥရောပလူမျိုးတစ်မျိုးဖြစ်သော ဗိုက်ကင်း VIKING လူမျိုးဟုခေါ်ဆိုသည့် ဒိန်း DANES လူမျိုးများသည် ဗြိတိန်ကျွန်းကို ကျူးကျော်လာကြပြန်သည်။

အင်ဂလိုဆက်ဆွန်ဘုရင် အဲလ်ဖရက် ALFRED လက်ထက် အေဒီ ၈၇၈ ခုနှစ်မှာပင် ဒိန်းလူမျိုးတို့သည် ဗြိတိန်ကျွန်းတစ်ခုတွင် အခြေချနေထိုင်လာကြသည်။ ထိုဒိန်းလူမျိုးတို့သည်လည်း အင်္ဂလိပ်လူမျိုးများဖြစ်လာကြသလို ယင်းတို့ဘာသာစကားလုံးများကိုလည်း ဒေသခံတို့က လက်ခံယူခဲ့ကြခြင်းကြောင့် အင်ဂလို-ဆက်ဆွန်တို့၏ဘာသာစကားဖြစ်သော ရှေးဟောင်းအင်္ဂလိပ်စကားသည်လည်း ဝေါဟာရတိုးတက်ကြွယ်ဝ၍ လာခဲ့သည်။

ထိုသို့ ဒိန်းလူမျိုးစုများ ဗြိတိန်ကျွန်းတွင် အခြေချနေထိုင်သည့်ကာလမှာပင် အခြားဒိန်းလူမျိုးစုများသည် ယခုခေတ်ပြင်သစ်နိုင်ငံတည်ရှိသော ကမ်းရိုးတန်းဒေသတွင် အခြေချလာကြသည်။ ကာလကြာမြင့်သောအခါတွင် ယင်းတို့သည် နောမန်လူမျိုးများဟု အမည်တွင်လာသည်။ နော်မန်ဒီနယ်၌နေထိုင်သော ထိုနော်မန်လူမျိုးတို့သည် ပြင်သစ်ဘာသာစကားကိုပင် ပြောဆိုလာကြသည်။

၁၀၆၆ ခုနှစ်တွင် ထိုနော်မန်လူမျိုးတို့သည် အင်္ဂလန်ကျွန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြန်သည်။ ထိုသို့သိမ်းပိုက်အခြေချပြီး ကာလအနည်းငယ်ကြာသောအခါတွင် အင်္ဂလိုဆက်ဆွန်လူမျိုးများ ဒိန်းလူမျိုးများနှင့် သွေးနှောသွားကြသည်။ ထိုသွေးနှောပေါက်ဖွားဆင်းသက်လာသူများသည် အင်္ဂလိပ်လူမျိုးများ ဖြစ်လာကြသည်။

နှစ်ပေါင်း ၃ဝဝ ကျော်ကြာမျှကာလတွင် အင်္ဂလန်ကျွန်းတွင် လက်တင်နှင့် ပြင်သစ်ဘာသာစကားတို့သည် ထီးသုံးနန်းသုံး၊ ရုံးသုံးစကားအဖြစ် တွင်ကျယ်နေခဲ့သည်။ ရှေးအင်္ဂလိပ်ဘာသာစကားကိုမူ အောက်တန်းကျသောဘာသာစကားအဖြစ် သတ်မှတ်ခဲ့သည်။ သို့တိုင်အောင် ထိုဘာသာစကားသည်ပင် လူမျိုးစုပြောဆိုသုံးနှုန်းသော ဘာသာစကားဖြစ်နေခဲ့သည်။

သို့သော် နှစ်ပေါင်း ၃ဝဝ ကျော်အလွန်တွင်မူ အင်္ဂလိပ်ဘာသာစကားသည် အဓိကဘာသာစကားအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ အလယ်ခေတ်အင်္ဂလိပ်စာဖြင့် ရေးသားမှုပြုသော ဂျက်ဖရီချောဆား GEOFFREY CHAUCER. ၁၃၄၃ - ၁၄၀၀ ကဲ့သို့သော စာရေးဆရာကြီးများသည် ပေါ်ပေါက်လာခဲ့သည်။

သို့တိုင်အောင် ချောဆားရေးသားခဲ့သော အလယ်ခေတ်အင်္ဂလိပ်စာသည် ၁၁၅ဝခုနှစ်တွင် လုံးဝဥဿုံခေတ်ကုန်သွားခဲ့ပြီဟု ဘာသာဗေဒပညာရှင်တို့ကယူဆသော ရှေးအင်္ဂလိပ်စာနှင့် နှိုင်းယှဉ်ကြည့်ပါက သဒ္ဒါအရရော အသံထွက်အရပါ ကွဲပြားသည်။ ဝေါဟာရအသုံးအနှုံးများ သိသိသာသာပင် ခြားနားနေသည်။ ရှေးအင်္ဂလိပ်ဝေါဟာရများမှာ ဂျာမိနစ်ဝေါဟာရများဖြစ်ပြီး အလယ်ခေတ်အင်္ဂလိပ်ဝေါဟာရများတွင်မူ ပြင်သစ်စကားလုံးပေါင်း တစ်သောင်းခန့်ပါဝင်နေခဲ့သည်။

ဥရောပတိုက်တွင် စာပေနှင့်အနုပညာ တစ်ခေတ်ဆန်းလာသော ရီနေဆန်းခေတ် Renaissance (၁၄ မှ ၁၆ ရာစုထိ)ကာလတွင်မူ အင်္ဂလိပ်ဘာသာစကားထဲသို့ အခြားဘာသာစကားအသုံးအနှုံးသစ်များ ဝင်ရောက်လာသည်။ ကမ္ဘာ့အရပ်ရှစ်မျက်နှာသို့ ကူးသန်းသွားလာ စူးစမ်းရှာဖွေမှုများပြုနေသော ဥရောပတိုက်သားအသီးသီးထံမှ ၎င်းတို့ရောက်ရှိခဲ့ရာ အရပ်ဒေသသုံးစကားလုံးများနှင့် သိပ္ပံ၊ ဝိဇ္ဇာပညာရပ်ပိုင်းဆိုင်ရာ တီထွင်မှုပြုလုပ်နေသောပညာရှင်တို့၏ပညာရပ်ပိုင်းဆိုင်ရာ ဝေါဟာရအသစ်တို့သည် တိုက်ရိုက်သော်လည်းကောင်း၊ တစ်ဆင့်ခံအနေထားဖြင့်သော်လည်းကောင်း အင်္ဂလိပ်စကားအတွင်းသို့ ဝင်ရောက်လာပေသည်။ ဥပမာ အင်္ဂလိပ်ပြဇာတ်ရေးဆရာကြီး ဝီလျံရှိတ်စပီးယား WILLIAM SHAKESPEARE (၁၅၆၄-၁၆၁၆) ရေးသားခဲ့သော နောက်ဆုံးပြဇာတ်တွင် “Hurricano” ဆိုသော စကားလုံးပါရှိသည်။ Hurricano (လေမုန်တိုင်း) သည် အင်္ဂလိပ်စကားတွင်ရှိနှင့်ပြီးသော စကားမဟုတ်ချေ။ အနောက်အိန္ဒိယကျွန်းစုဒေသသုံး ဝေါဟာရတစ်ခုပင်ဖြစ်သည်။ ထိုဒေသသို့ သွားရောက်ခဲ့သော စပိန်လူမျိုးများမှတစ်ဆင့် အင်္ဂလိပ်တို့က လက်ခံအသုံးပြုလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း အင်္ဂလိပ်စကားတွင် ထိုစပိန်ရေးဖွဲ့မှုဖြစ်သော Hurricano သည် Hurricane ဖြစ်သွားခဲ့သည်။

ထို့အတူ အီတလီဝေါဟာရတစ်ခုဖြစ်သော ဆိုနက် SONNET (၁၄)ကြောင်းကဗျာသည်လည်း ပြင်သစ်စကားမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။ Sextant-(ရေကြောင်းတိုင်းတာရေးကိရိယာ)ဆိုသော စကားကိုလည်း ခေတ်သစ်လက်တင်စကားမှ ရရှိလာခဲ့သည်။

တဖန် အင်္ဂလိပ်လူမျိုးများကိုယ်တိုင်လည်း ထိုသို့ နယ်ပယ်သစ်များကို စူးစမ်းရှာဖွေမှုပြုသောကြောင့် အင်္ဂလိပ်ဝေါဟာရများသည် အာဖရိကတိုက်မှသည် အမေရိကတိုက်တစ်ခွင် အရပ်ဒေသရှိလူမျိုးတို့၏ ဘာသာစကားများအတွင်းသို့ ရောက်ရှိသွားခဲ့ပြန်သည်။

ထိုဉာဏ်သစ်အရေးတော်ပုံခေတ်ကာလမှာပင် ရှေးဂရိ၊ ရောမနှင့် အီတလီဂန္တဝင်စာပေများကို အင်္ဂလိပ်ဘာသာစကားသို့ ပြန်ဆိုမှုများအရှိန်အဟုန်မြင့်လာသောကြောင့် အင်္ဂလိပ်ဘာသာစကားတွင် တိုင်းခြားဝေါဟာရများပို၍ ကြွယ်ဝလာသည်။

ဒေသအရပ်ရပ်မှ ပေါင်းစုဖြစ်ထွန်းလာခဲ့သော အင်္ဂလိပ်လူမျိုးတို့တွင်လည်း မျိုးချစ်စိတ်၊ ခံယူချက်များရှိလာပြီး ပီပြင်သောအင်္ဂလိပ်ဘာသာစကားတစ်ခု “ဖြစ်တည်”ရေးကို အလေးပေးမှုများရှိလာသည်။ ၁၆ဝ၃ ခုနှစ်တွင် စကော့လူမျိုးတို့၏ဘုရင် ဆဋ္ဌမမြောက်ဂျိမ်းစ်က အင်္ဂလန်ဘုရင် ပထမမြောက် ဂျိမ်းစ်ဖြစ်လာသောအခါတွင် “စံမီ”သော အင်္ဂလိပ်ဘာသာစကားတစ်ခုဖွံ့ဖြိုးအောင် “တည်ထောင်”လာနိုင်ခဲ့သည်။ ဗြိတိန်၊ အိုင်ယာလန်နှင့် နောက်ပိုင်း မြောက်အမေရိကတိုက်နှင့် အခြားကိုလိုနီနယ်များတွင် “စံမီ”သော အင်္ဂလိပ်ဘာသာစကားတစ်မူတည်းကိုသာ သတ်မှတ်ပြဌာန်းအသုံးပြုလာနိုင်ရုံမျှမက တော်ဝင်အင်္ဂလိပ်စာနှင့် စကော့အင်္ဂလိပ်စာတို့ကို “မူ” ညှိနှိုင်းခဲ့သည်။ ထိုနှစ်ပေါင်းနှစ်ရာကာလဝန်းကျင်သည် ဘာသာစကားပြုပြင်မွမ်းမံမှု အရှိန်အဟုန်ပြင်းသည့် ကာလဖြစ်ခဲ့သည်။

၁၈ ရာစုနှစ် ရောက်ရှိသောအခါတွင် အင်္ဂလိပ်ဘာသာစကား ပြန့်ပွားမှုအရှိန်ဟုန် မြင့်လာသည်။ အင်္ဂလိပ်တို့သည် ကနေဒါနှင့် အိန္ဒိယနိုင်ငံတို့အပြင် သြစတေးလျတိုက်တို့ကို ကိုလိုနီပြုလာနိုင်ခဲ့သည်။ ထိုသို့ ကမ္ဘာတစ်ဝန်းသို့ အင်္ဂလိပ်လူမျိုးတို့ နယ်ချဲ့နိုင်သည်နှင့်အမျှ ယင်းတို့ဘာသာစကားလည်း ပြန့်ပွားရောက်ရှိသွားသကဲ့သို့ အနယ်နယ်အရပ်ရပ်ဘာသာစကားများမှ ဝေါဟာရတို့လည်း အင်္ဂလိပ်ဘာသာစကားတွင်းသို့ ရောက်ရှိလာခဲ့သည်။ ဥပမာ နာဟောလ် Nahuatl လူမျိုးတို့၏ tomato (ခရမ်းချဉ်သီး)၊ အက်စကီမိုးလူမျိုးတို့၏ Kayak (ကာရက်ခ်တိရစ္ဆာန်သားရေဖြင့် ကျက်ထားသောလှေ)၊ ဟိန္ဒူလူမျိုးတို့၏ Chintz (ဆေးဆိုးပန်းရိုက်ထည်) စသော ဝေါဟာရတို့သည် အင်္ဂလိပ်ဘာသာစကားအတွင်းသို့ရောက်ရှိပြီး အင်္ဂလိပ်စကားအဖြစ်ပင် အသိအမှတ်ပြုခြင်း ခံလာရသည်။

ထိုသို့ ကမ္ဘာတစ်ဝန်းတွင် ဗြိတိသျှတို့ နေမဝင်အင်ပိုင်ယာကြီးတည်ထောင်ထားနိုင်ခဲ့သောခေတ်ကာလ ၁၈၈၂ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဘာသာဗေဒပညာရှင်ကြီး ဝီလျံစကိ(စ်) WILLIAM SKEAT သည် "An Etymological Dictionary of the English Language” “အင်္ဂလိပ်ဘာသာစကား၏ဖွဲ့စည်းပုံရင်းမြစ် အဘိဓာန်”ဟု အမည်ပေးထားသော စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် အင်္ဂလိပ်စကားလုံးများဟု သတ်မှတ်ထားသောစကားလုံးများကို အောက်ပါအတိုင်း ဇယားချပြခဲ့သည်။

ဂျာမနစ်လူမျိုး စကားလုံး - ၂၂%
ဂရိနှင့် လက်တင်စကားလုံး - ၅၆%
ဆဲလ်တစ်စကားလုံး - ၂%
စကားနှော - ၃%
အရှေ့တိုင်းအာဖရိကနှင့် အာမေရီဒီယန်း စကားလုံး - ၆%
---------------------------
အင်္ဂလိပ်စကားလုံး စုစုပေါင်း - ၁၀၀%

အထက်ပါ စာရင်းဇယားကိုကြည့်လျှင် အင်္ဂလိပ်ဘာသာစကားဆိုသည်မှာ လူမျိုးများစွာသွေးနှောပြီး “အင်္ဂလိပ်”ဟူသော အမည်ခံယူလိုက်ခဲ့သည့်လူမျိုးတို့ ပြောဆိုဆုံးမ သုံးနှုန်းသော ဘာသာစကားမျိုးပေါင်းများစွာရောယှက်ပါဝင်နေကို တွေ့ရပေမည်။

********************

ဆရာမိုး (follow me)၏ အင်္ဂလိပ်စာအုပ်မှ ကူးယူဖော်ပြပါသည်။
Crd....

First kiss လေးပါလို့
14/03/2025

First kiss လေးပါလို့

02/03/2025
Life on Social media
27/02/2025

Life on Social media

တစ်နစ်လုံး ချေမိုးပြီးFeb 14 ရက်နေ့မှ ပန်းစည်းနဲ့ ချောကလပ် လိုချင်တဲ့ မာနခဲလေးများအတွက်....
14/02/2025

တစ်နစ်လုံး ချေမိုးပြီး
Feb 14 ရက်နေ့မှ ပန်းစည်းနဲ့ ချောကလပ် လိုချင်တဲ့ မာနခဲလေးများအတွက်....

Feb 14 မိမိခြေနေ
12/02/2025

Feb 14 မိမိခြေနေ

01/02/2025

သူငယ်ချင်းကောင်းတွေ

မကြုံစဖူး ဖုန်းနာမ်ပါတ် ရသောအခါ
01/02/2025

မကြုံစဖူး ဖုန်းနာမ်ပါတ် ရသောအခါ

တစ်ဘ၀လုံး ပေးဆပ်ချစ်တုန်းက လက်မခံပဲ၊ကလေကချေနဲ့ညားပြီး၊ ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်တဲ့ အချိန်မှ အရင်လို မဟုတ်တော့ဘူးလို့ ပြ...
30/01/2025

တစ်ဘ၀လုံး ပေးဆပ်ချစ်တုန်းက လက်မခံပဲ၊

ကလေကချေနဲ့ညားပြီး၊

ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်တဲ့ အချိန်မှ

အရင်လို မဟုတ်တော့ဘူးလို့ ပြန်ပြောလာသောအခါ

ပိုက်ဆံမရှိရင် ညီမလေးတွေ မြင်တဲ့ ကိုယ့်ရုပ်
29/01/2025

ပိုက်ဆံမရှိရင်
ညီမလေးတွေ မြင်တဲ့ ကိုယ့်ရုပ်

ရှက်လည်းရှက်ပိုက်ဆံလည်း လိုချင်သောအခါ
12/01/2025

ရှက်လည်းရှက်
ပိုက်ဆံလည်း လိုချင်သောအခါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Bechlor from Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share