Shan Play

Shan Play Mordern Furniture

07/09/2025
06/09/2025

စက်ချုပ်သမားများတွက်

သစ်သားထည်နဲ့ သူရဲ့စက်တွေရဲ့ အန္တရာယ်----------------------------------------အလွယ်ဆုံးအသုံးကတော့ kickback ဆိုတဲ့စကားလုံးပ...
06/09/2025

သစ်သားထည်နဲ့ သူရဲ့စက်တွေရဲ့ အန္တရာယ်
----------------------------------------
အလွယ်ဆုံးအသုံးကတော့ kickback ဆိုတဲ့စကားလုံးပါ။ ကျတော်တို့ ကိုင်တွယ်တဲ့ စက်တွေမှာ နောက်ပြန်ပြီး တိုက်ခိုက်တတ်တာလေးတွေကိုသတိပြုမိဖို့ရေးပါတယ်။ ဆ ဆရာကြီးတွေရှောင်ဖတ်သွားပါဗျ။
ထိလွယ်ခိုက်လွယ်တဲ့ စက်က ၃ မျိုးရှိပါမယ်။ တွဲဖက်လည်း ပုံလေးတွေရှာတင်ပေးထားပါတယ်။

Table Saw
-----------------
သူကတော့ အသုံးအများဆုံးဖြစ်လာတာပါ။ ကိုယ်တိုင်လုပ်ထားတဲ့ Table Saw တွေကိုသုံးလာကြတာမို့လည်း ဒါလေးဖတ်မိရင်သတိထားစရာလေးတွေ သတိပြုမိခဲ့တဲ့အခါ ရေးရတာ ပီတိဖြစ်ရပါလိမ့်မယ်။
ခုံတွေနဲ့ Ready Made Table Saw တွေဟာ ကာဘာတွေနဲ့ Anti System တွေနဲ့ သေချာလုပ်ထားကြပါတယ်။
လွှမှာဆို လွှအဖုံးပါမယ်ဗျာ။ ပြီးတော့ လွှခွဲသားဟနေအောင်လုပ်ပေးတဲ့ Riving Knife ပါမယ်။ ပြီးတော့ သစ်သားထည်ကို kickback ပြန်တာမျိုး ကာကွယ်ပေးဖို့ လွှသွားလေးတွေနဲ့ လုပ်ပေးထားတဲ့ သစ်ကိုဖိထားသလိုမျိုးလေး ကူညီပေးတဲ့ Anti-Kickback Pawls ဆိုတာ ပါပြီးသားပါ။

ဘယ်လိုထိလွယ်မလဲ/သုံးမလဲ - သစ်သားထည်ကို ဖိအားသက်ရောက်မှုနဲ့ လွှရဲ့ တုန့်ပြန်အား မညီမျှတဲ့အခါ ပဲ့ထွက် လွှင့်ထွက်နိုင်သလို၊ အချပ်လိုက်လည်း ပြန်လှန်ထွက်တာမျိုးဖြစ်နိုင်ပါတယ်။ လွှစက်တွေကိုင်တဲ့အခါ သတိပြုရန်က နောက်တည့်တည့် ရှေ့တည့်တည့်ကနေ မကိုင်တွယ်ရပါဘူး။ လွှရဲ့ ဘေးတစ်ဖက်စီကနေသာ ကိုင်တွယ်သင့်ပါတယ်။
ပြီးတော့ အသားမာတဲ့ သစ်တွေကိုဖြတ်တဲ့အခါ၊ သေးငယ်တဲ့ ကိုင်မလွယ်တဲ့ သစ်တွေဖြတ်တဲ့အခါ၊ ပိုသတိထားပါ။ နောက်ပြန်ကန်စင်ပို့ အလွယ်ဆုံးမို့ပါ။

Grinder
-------------
သူကတော့ သစ်ထည်ထက် သံသမားတွေ ပိုသုံးပါတယ်။ ဒါပေမယ့် သစ်သားထည်အတွက်ဆိုပြီး ကော်ပတ်တိုက်ပြား ပြောင်းသုံးတာမျိုးလည်း လုပ်ကြတာပေါ့နော်။
သူ့ရဲ့ ခလုတ်က ဖိထားတာကို လက်ကြွရင် ပြန်ပိတ်သွားတဲ့ စနစ်မျိုးမဟုတ်ပဲ နှိပ်ခလုတ်ပေါ့နော်။ နှိပ်ပြီးဖွင့် နှိပ်ပြီးပိတ် အဲ့လိုသုံးတာမျိုးပါ။ ဒီတော့ အဖွင့်အပိတ်မစခင်မှာ ခလုတ်ကို ကြိုစစ်သင့်တာမျိုးပါ။
နောက်တစ်ခုက သံဖြတ်တဲ့အခါ သံဖြတ်ကျောက်ပြားပဲ့တာမျိုးတွေဖြစ်လွယ်ပါတယ်။ နောက်တစ်ခုက ဂရိုက်ဒါထဲကို သစ်ဖြတ်လွှ ထည့်မသုံးသင့်ပါဘူး။ ဂရိုက်ဒါတွေဟာ PRM များလွန်းတာကြောင့် လက်နဲ့ ကိုင်ပြီး သစ်ဖြတ်လွှအတွက် သုံးရန်လုံး၀နီးပါးမသင့်တော်ပါဘူး။
သတိထားမိမှာပါ။ အနောက်နိုင်ငံတွေမှာရော အင်တာနက်ပုံတွေမှာရော ဂရိုက်ဒါသုံးတဲ့အခါ လက်တစ်ဖက်ထဲမသုံးပါဘူး။ Handel ကိုပါတပ်သုံးပါတယ်။ မြန်မာမှာက ဒီတိုင်းသုံးကြတာများပါတယ်။
ပြန်လည်တွန်းကန်တာမျိုး၊ တုံ့ပြန်တာမျိုး၊ Kickback ပြန်တာမျိုးတွေ အပြင် မိမိဖက်ကိုပါ ဖြတ်သားပေါ်မူတည်ပြီး ဆွဲချတတ်ပါတယ်။ ကိုင်တွယ်မတတ်ရင် လက်ထိတာ၊ ပေါင်တွေထိတာ၊ ဗိုက်တွေထိတာရှိဖြစ်လွယ်ပါတယ်။

ဘယ်လိုထိလွယ်မလဲ/သုံးမလဲ - ပါဝါကြိုးမတပ်ခင် ခလုတ်ကိုစစ်ပြီးမှ ပါဝါ On ပါ။ သေချာကိုင်တွယ်ပြီးမှ ခလုတ်ဖွင့်ပါ။ အမြင့်ကိုတက်ရတဲ့အခါ Kickback ဖြစ်လာရင် ခန္ဓာကိုယ်နဲ့ လွဲနေအောင်ချိန်ယူထားပါ။ တွန်းကန် တုန့်ပြန်နိုင်တဲ့ လမ်းကြောင်းကို ကြိုတွက်ဆထားပါ။ ဘေးတိုက်ပဲသုံးပါ။ Handel ကိုတပ်သုံးပါ။ ခြေငြိမ်တဲ့ အမြင့်မှာမှ သေချာကိုင်တွယ်သုံးပါ။ ခလုတ်ဟာ နှိပ်ခလုပ်မို့ ကိုယ်ပေါ်ကို လွှတ်ကျရင် သေစေနိုင်ပါတယ်။
ကော်ပတ်ဝိုင်းထည့်တိုက်ရင်လည်း နှုတ်ခမ်းနှစ်ခုထောင့်ကြားထဲတိုက်မိတာမျိုးတွေဆို ကော်ပတ်စ ပဲ့ထွက်တတ်ပါတယ်။ အနားကမျက်လုံးတွေနဲ့ မိမိမျက်လုံးတွေ လာစင်နိုင်တာကိုသတိထားပါ။

Router(Trimmer)
---------------------
ဒါကလည်း လက်သမားသုံးစက်တွေထဲ မရှိမဖြစ်ပါလာပါတယ်။ စက်ကို နှစ်မျိုးတွေ့ရမှာပါ။ အကြီးနဲ့အသေးပေါ့။ Kickback အဖြစ်လွယ်ဆုံး အသေးတွေပေါ့။ အကြီးတွေကဝိတ်ကြောင့်ရော ကိုင်ရတာ ထိထိမိမိရှိတာကြောင့်ရော နည်းပါးပါတယ်။
အသေးတွေမှာတောင် အဖြစ်များဆုံး ဆူးသွားက ထည့်ဆူးသွားပါ။ သူက တိုက်ရိုက်ဖဲ့ထုတ်တာမို့ ပြန်လည်တွန်းကန်တတ်ပါတယ်။ ဆူးသွားရဲ့ ဒလက်လည်ပတ်ပုံကို နားလည်ဖို့လိုတာမျိုးပေါ့။
ပျဉ်းတစ်ပြား ပက်လက်နဲ့ အနားစားမယ်ဆို နာရီလက်တံလိုသုံးရပါတယ်။ ဒါမှ kickback မဖြစ်တာပါ။
ဒဲ့ဆူးသွားကိုသုံးတဲ့အခါမှာလည်း တစ်ခါထဲအနက်ကြီး မတူးယူသင့်ပါ။ နည်းနည်းဆီနဲ့ နက်နက်သွားတာမျိုးပဲ သုံးသင့်ပါတယ်။

ဘယ်လိုထိလွယ်မလဲ/သုံးမလဲ - သူကလည်း ခလုတ်က နှိပ်ဖွင့်ပိတ်မို့ သတိထားရပါမယ်။ ပါဝါမ On ခင် ခလုတ်သေချာပိတ်ထားလား စစ်ဆေးပါ။ ဆူးသွားလဲလှယ်တဲ့အခါ မီးပလပ်ပါ ဖြုတ်ပြီးမှလဲပါ။ ခလုတ်ကို မတော်ထိမိရင်လက်ကို ဆူးသွားနဲ့ ထိလွယ်ပါတယ်။
ဒဲ့ဆူးသွားအတုံးတွေကို သတိထားသုံးပါ။ လောဘတစ်ကြီးအများကြီး တန်းမစားပါနဲ့။ ဖြည်းဖြည်းချင်းစားပါ။ ဒလက်ပြောင်းပြန်စားမိလား ဒဲ့အချောစားမိလားဆိုတာ လက်မှာအာရုံခံမိအောင် သတိထားပါ။ အပေါ်က နှစ်ခုနဲ့စာရင် Router တွေက kickback ဖြစ်ရင်လည်း ထိခိုက်တာနည်းပါတယ်။ သုံးတဲ့ အခြေအနေနဲ့ ကိုင်တွယ်ထားပုံပေါ်တော့မူတည်တာပေါ့နော်။

ဒါလောက်ဆို ဘာလေးပဲဖြစ်ဖြစ်သတိထားမိပါလိမ့်မယ်ဗျ။ ဘာလေးပဲကိုင်ကိုင် သတိထားပါ။ အာရုံစူးစိုက်ပါ။ လွှခုံမှာ ပြတ်သွားတဲ့ လက်ချောင်းတွေ၊ ဂလိုက်ဒါကြောင့် သေတဲ့သူတွေထိရှိခဲ့တာတွေ၊ မျက်လုံးကန်းတာတွေကလည်း ကြားဖူးမြင်ဖူးမယ်ထင်ပါတယ်။
ဘာပဲလုပ်လုပ် သတိနဲ့လုပ်ပါဗျ။

နတ်သား

ပရိဘောဂသုံး Slide Rail များအကြောင်း-------------------------------------------ပထမဆုံး ဒီနေရာမှ စပြောချင်တာက ကျတော့်ကို ဘ...
06/09/2025

ပရိဘောဂသုံး Slide Rail များအကြောင်း
-------------------------------------------
ပထမဆုံး ဒီနေရာမှ စပြောချင်တာက ကျတော့်ကို ဘယ် Brand ကမှ စပွန်ဆာပေးထားတာမဟုတ်ပါ။ ကျတော်သုံးလို့ အဆင်ပြေနေတာကို အသားပေးရေးမိသည်သာရှိပါလိမ့်မယ်။
ပထမဆုံးက Slide Door တွေကို ဘယ်နေရာတွေမှာသုံးသလဲပေါ့။ တံခါးတွေ၊ ခေါက်တံခါး Folding Door တွေနဲ့ နေရာကို ပိုကျဉ်းစွာ သုံးလိုတဲ့အခါ ဆလိုက်တံခါးတွေ ခေါက်တံခါးတွေသုံးတာပေါ့နော်။
တံခါးတွေဆိုတာ အိမ်တံခါးကနေ ဘီဒိုအသေးလေးတစ်ခုရဲ့ တံခါးထိပါတာပေါ့။ ပရိဘောဂပိုင်းမှာဆို ဆလိုက်တံခါးတွေကို အိမ်ထဲက တံခါးရွက်တွေမှာ သုံးသလို Wardrobe တွေနဲ့ Cabinet တွေမှာ သုံးကြတာပေါ့။
အမျိုးအစားအားဖြင့် အကြမ်းသဘောခွဲရရင်
Top rail, Button rail ပေါ့။ အပေါ်ဆွဲတဲ့ဆလိုက်နဲ့ အောက်ကပင့်ထားတဲ့ ဆလိုက်ပေါ့ဗျာ။
အပေါ်ဆွဲဆလိုက်တွေမှာဆိုရင်လည်း မတူကွဲပြားတဲ့ ဒီဇိုင်းနဲ့ နည်းပညာတွေကအမျိုးမျိုးပါ။
ကျတော်သဘောအကျဆုံး Hettich(ဂျာမနီ) ရဲ့ Wardrobe တွေမှာသုံးတဲ့ Topline L ဆိုရင် ခုစျေးနဲ့က ပြေးလမ်းတစ်စုံစာ ၅သိန်းကျော်နေပြီဗျ။ ပုံတွေထဲမှာတွဲတင်ထားပေးတယ်နော်။ သူက အပေါ်ဆွဲပေါ့။
နောက်တစ်ခုက သူ့ထက်သက်သာအောင်သုံးတာက EcoWARE ရဲ့ လျှောက်လမ်းတင် တစ်သိန်းခွဲဝန်းကျင်တန်တဲ့ ဆလိုက်လမ်းပါ။
ပြီးတော့ သူ့အတွက် ဘီးတစ်စုံစာက ၁၅၀၀၀ ပတ်ချာလည်ပါ။ သူကအောက်ထမ်းပေါ့။
ပြေးလမ်းတွေနဲ့ ဘီးတွေဟာ မတူကြပါဘူး။ မိမိသုံးမယ့် ပြေးလမ်းနဲ့ ဘီးတွေကို တွဲဝယ်သုံးတာ အသင့်တော်ဆုံးပါ။ မြန်မာမှာ စျေးပေါပေါနဲ့ ရပြီး အသုံးများတဲ့ လျှောက်လမ်းက U ပုံအလူမီနီယံလျှောက်လမ်းပါ။
တကယ်က သူက ၂မျိုးတစ်စုံပါ။ ဒီမှာတော့ U တစ်ခုထဲနဲ့တင်အပေါ်ထိန်းရော အောက်ထမ်းရော ထားတာဗျ။
သူက U နဲ့ v ဆိုပြီး ဒီဇိုင်းနှစ်မျိုးနဲ့လာတာပါ။ v ကဘီးပြေးဖို့အောက်လမ်းပါ။ u U​ကတော့ အပေါ်ထိန်းဖို့အတွက်ပါ။
အဲ့ပြေးလမ်းလေးတွေက စျေးကြတော့ တစ်ချောင်းကို ၅ထောင်ပတ်ချာလည်ပဲပေးရပါတယ်။ တံခါးနှစ်ချပ်ပြေးချင်ရင် ၂ချောင်းထည့်ပေါ့နော်။
တစ်ခါထဲ 2 rail လာတာဆို စျေးမြင့်သွားပေမယ့် ချိန်ရတာ ပိုကောင်းပါတယ်။
ကိုယ်ရတဲ့ စျေးနဲ့ ကိုယ်သုံးတဲ့ ဆလိုက်တံခါးအသုံးက ကျတော်ဝင်ပါလို့မရဘူးဗျ။ အိမ်ရှင်က ကောင်းကောင်းပေးရင် ကောင်းကောင်းရမှာပဲလေ။
အပေါ်ကပြောတဲ့ Hettich ဆိုရှယ်ကောင်းစျေးကလည်း ရှယ်လေဗျာ။ လျှောက်လမ်းနဲ့တွဲဖက်တစ်စုံတင် ၅သိန်းဝန်းကျင်ကျနေတာ။ ကျတော့်ဆီ လာအပ်ရင်တော့ ပြောပြတယ် သူတို့နိုင်ရင် ဆလိုက်ဖိုးထပ်ဆောင်းတောင်းပြီး တပ်ပေးတာပါပဲ။
နောက်တစ်ခုက ဘီးလုံးလေးတွေပါ။ ဘီးလုံးလေးတွေမှာလည်းအမျိုးမျိုးဗျ။ နိုင်လွန်သားကတော့ အကောင်းဆုံးပါပဲ။ စျေးလည်းများတယ်။ ကော်သားတောင် အသားကောင်းက စျေးများတာပေါ့နော်။ ရေရှည်လည်း ကောင်းတယ်ဗျ။
ပြီးတော့ ပြေးလမ်းနဲ့ ဘီးသဟဇာတဖြစ်ဖို့ပါ။ ဒါမှရေရှည်မှာ အဖွင့်အပိတ်အတွက် စိတ်ချရမှာပေါ့။
နောက်တစ်ခုကတော့ ဘီးကိုတွဲထားတဲ့ Ball Bearing ပါ။ အဲ့ဒီဘောကွင်းလေးဟာ အခရာပါပဲ။ စတီးသားနဲ့ ရှယ်ကောင်းမှသာ ရေရှည်မှာ ထိုဆလိုက်တံခါးဟာ ပုံမပျက်ခရီးဆက်နေမှာပါ။
စျေးသက်သာတဲ့ ဘီးတစ်စုံဟာ ၃-၄ထောင်ပေမယ့် ကွာလတီကောင်းတဲ့ ဘီးတစ်စုံဟာ ၁သောင်းကျော်ကနေ ၄-၅ သောင်းအထိတောင်ပေးရတာပါ။
ဘာကွာလို့လဲ
အစကတော့ အကုန်ဟာ ခွဲမရအောင် ကောင်းနေပြမှာပါပဲ။ အချိန်တစ်ခုအကြာမှာမှ ဆလိုက်တွေဟာ တန်ခိုးပြတာမျိုးပါ။ ကြပ်လာမယ်။ ချော်လာမယ်။ ဆွဲရတာ ထစ်လာမယ်။
ပြီးတော့ ပရိဘောဂဆရာရဲ့ ပညာအပိုင်းပေါ့။ ဆလိုက်တံခါးတပ်ထားတဲ့ ဘီဒိုတံခါးကိုနမူနာထားပြောတာပေါ့နော်။ လေဆာနဲ့ ရေချိန်ကျ ဖြစ်နေရပါမယ်။ မညီရင် နိမ့်တဲ့ဘက် တံခါးက ပိုပြေးနေမှာဖြစ်သလို၊ လှန်နေရင် ကော့နေရင် တံခါးဟာ ခနလေးနဲ့ ပျက်လွယ်ပါတယ်။ ညှပ်လွယ်ပါတယ်။
အပေါ်အောက် ပြေးလမ်းနဲ့ ထိန်းလမ်း တန်းနေဖို့ဟာ အခရာပါ။
ဒါပဲလားမဟုတ်သေးပါဘူး။ ပရိဘောဂဆရာရဲ့လက်ရာဟာ တံခါးအပိတ်မှာ သက်ဆိုင်ပြန်ပါတယ်။ ဆလိုက်တပ်မယ့် ဘီဒိုဟာကျင်တွယ်ကျဖြစ်နေရပါမယ်။ စွေမယ် စောင်းမယ်ဆို တံခါးဟာ ဟနေပါလိမ့်မယ်။
ပြီးတော့ တံခါးအကုန်ဆုံမယ့်နေရာကနေ ကျန်နေ ဟနေမယ့် အကန့်ကိုလည်း အပြည့်ရဖို့တွက်တာတွေရှိပါသေးတယ်။ အကန့်ခွဲတာ ပုံကျမှ ဆလိုက်တံခါးတပ်ထားတဲ့ ဘီဒိုဟာ အပြည့်အ၀သုံးရနိုင်တာမျိုးတွေလည်းရှိပြန်ပါတယ်။
ဘီဒိုတစ်ခုအတွက်ဆိုရင် ပုံမှန် မိသားစု နှစ်ဦးကို မူသေထားတွက်ရင်တစ်နေ့ကို ၁၀ ကြိမ်အနည်းဆုံး ထားတွက်ရပါတယ်။ အဖွင့်အပိတ် ၁၀ ကြိမ်ထဲကနေ တစ်လမှာ အကြိမ် ၃၀၀ တောင်ဖြစ်လာမှာကိုပါ ထည့်တွက်ရပါတယ်။ ပြီးတော့ + - ၁၅% တစ်လစာမှာထည့်တွက်ရပါတယ်။
ဒီမှာတော့ အိမ်ရှင်ပေးတဲ့စျေးနဲ့ကိုက်တာကိုသာ တန်းထည့်ပေးလိုက်ကြတာပါ။ စျေးသက်သာတာလေးပဲ ဖြစ်အောင်ထည့်ပေးနေရတဲ့ စျေးကွက်ကိုးဗျ။
ဒီတော့ ရေရှည်မှာ ဆလိုက်ဘောကွဲပြီး ညှပ်တာတွေက ဖြစ်လွယ်လာမှာပါ။ အိမ်ရှင်ဘက်ကလည်း စျေးအရများတယ်ဆိုပေမယ့် ကွာလတီကောင်းတာလေးကို ပရိ​ဘောဂဆရာနဲ့ ညှိပြီး ထည့်သင့်ပါတယ်။ အပိုဆောင်းပေးလိုက်ရတဲ့ တစ်သိန်းဝန်းကျင်လောက်ကိုမမြင်မှ High Qualiy ရမှာပေါ့။
အပေါ်မှာရေးခဲ့သလိုပါပဲ။ ကောင်းတဲ့ ဆလိုက်ပြေးလမ်းတစ်ချောင်းတောင် တစ်သိန်းခွဲဝန်းကျင်ရှိပါတယ်လို့။ ကိုယ်ဆွဲမယ့် တံခါးရဲ့ Weight ကိုလည်း ထည့်တွက်ပြီး နိုင်တဲ့ ဘီးကို ချိန်သုံးရတာမျိုးပါ။
တကယ်တန်းတော့ ဘယ်ပရိဘောဂ ဘယ်လိုဆလိုက်လေးက ပိုအဆင်ပြေတယ်ဆိုတာ စျေးကွက်မှာ ရတာလေးနဲ့ပါ သက်ဆိုင်လို့ ဘာမှဆက်မပြောလိုတော့ပါ။

နတ်သား

ပရိဘောဂသုံး ပတ္တာတွေအကြောင်း------------------------------------ဟိုတစ်ချိန်တုံးက သုံးခဲ့တဲ့ ပတ္တာတွေဆိုရင် ခုထိ အေးဆေးသု...
06/09/2025

ပရိဘောဂသုံး ပတ္တာတွေအကြောင်း
------------------------------------
ဟိုတစ်ချိန်တုံးက သုံးခဲ့တဲ့ ပတ္တာတွေဆိုရင် ခုထိ အေးဆေးသုံးနေရဆဲပဲမလား။ ကြေးပတ္တာတွေ၊ သံအထူသားနဲ့ ပတ္တာတွေ၊ ခုနောက်ပိုင်းဆို အလူမီနီယံပတ္တာတွေ စုံလို့ပေါ့။ ဒါတွေက ပုံမှန်ပတ္တာအပြားတွေပေါ့နော်။
ပရိဘောဂမှာတောင် ပတ္တာက မတူပြန်ပါဘူး။ Solid ပိုင်းနဲ့လုပ်တဲ့ ပရိဘောဂတွေအတွက်ဆို ရိုးရိုး လိပ်ပြာပတ္တာတွေကအသင့်တော်ဆုံးပါပဲ။ ဒါကို ခုခေတ်ပေါ် Overlay hinges ဒါမှမဟုတ် Concealed hinges ဒါမှမဟုတ် လူသိများဆုံးအလွယ်ခေါ် မြုတ်ပတ္တာ ဒါမှမဟုတ် C1, C2, C3 ဆိုပြီးရွေးချယ်စရာတွေနဲ C ပတ္တာတွေပေါ့ဗျာ။
Solid ပိုင်းအတွက်ဆို သတိထားစရာက Weight ပါ။ ဝိတ်များတာကို အကြာပြီးမသယ်ထားနိုင်ပါဘူး။ ဒါကြောင့် တံခါးအကြီးတွေမှာ အကောင်းဆုံးက လိပ်ပြာပတ္တာလို့ခေါ်တဲ့ ရှေးရိုးပတ္တာအကောင်းစားတွေသုံးပေါ့ဗျာ။
ခုက ပရိဘောဂပိုင်းပြောချင်တာမို့ C ပတ္တာတွေအကြောင်းပြောပြပါ့မယ်။
C ပတ္တာလို့အဓိကခေါ်လာရတာက သူ့မူလအမည်က Cabinet Hinges ပါ။
C1-2-3 ဆိုပြီး တံခါးတွေပေါ်မူတည်တတ်ဖို့ ပုံစံသုံးမျိုးထုတ်တယ်ပေါ့ဗျာ။ ဒါတောင် နိုင်ငံတကာစျေးကွက်မှာ ပုံစံကပိုများစွာရှိပါသေးတယ်။
C1 ကအတော့အသုံးဆုံးပါပဲ။ တပ်ရလွယ်တာလည်းပါတာပေါ့နော်။ ပုံတွေပါတွဲထည့်ပေးထားပါတယ်နော်။ တွဲကြည့်ပေါ့။ C1 ကို Full overlay မြန်မာလိုတော့ တံခါးတစ်ချပ်လုံးဘောင်တင်တာမျိုးပေါ့နော်။
C2 ကိုတော့ Half overlay ဘောင်တစ်ဝက်တင်ပေါ့။ C3 ကတော့ Embed ဒါမှမဟုတ် Inset ပေါ့နော်။ တံခါးကဘောင်အတွင်းထဲနေတာမျိုးပေါ့။
ဘာကွာလဲ
ကွာတာက သုံးမယ့်လက်သမားဆရာရဲ့ ပရိဘောဂဆရာရဲ့ အတွေးနဲ့ လုပ်သင့်တာကို လုပ်ပေးတာကွာပါတယ်။
အများစုကတော့ အလွယ်လုပ်နိုင်တဲ့ C1 ကိုသုံးပေးတာများပါတယ်။ C3 ကိုတော့ အသုံးအနည်းဆုံးပါ။ သူကလက်ဝင်လို့ပါ။ အတွင်း Frame ထဲမှာ တံခါးဂွင်ကျဝင်ဖို့ ပထမဆုံး ကျင်တွယ်မှန်ရမယ်။ ကွာဟချက် Gap မျှတဖို့လည်း လိုတယ်ဗျ။
အလိုအပ်ဆုံးက တံခါးရိုက်လို့ အလွယ်ခေါ်တဲ့ Door Stopper ။ သစ်သားလေးနဲ့ ခံတုံးလေးပေါ့။ ခံတုံးလေးကို တစ်ဖက်ထဲထည့်တာမျိုး၊ အပေါ်တစ်ခုထဲ ဒါမှမဟုတ် အောက်တစ်ခုထဲ ထည့်တာမျိုးဆိုတံခါးကွေးလွယ်ကော့လွယ်ပါတယ်။
C1 နဲ့ C2 ကအဲ့ပြသနာတော့ ကင်းတယ်ဗျ။ ဘောင်ကို တံခါးရိုက်လုပ်ထားတော့။
နောက်တစ်ခုက C ပတ္တာတွေအများစုဟာ Soft close type တွေများပါတယ်။ ဒါတောင် Hydraulic မပါတဲ့ အလွတ်တွေလည်း ရောင်းနေတာတော့ တွေ့မိတယ်ဗျ။ ကျတော်တော့ မသုံးပါ။
ပြီးတော့ တံခါးကို ဖွင့်တဲ့အခါ လှန်ထားစေလိုတဲ့ ဒီဂရီပေါ်လည်း ရွေးချယ်ဝယ်ယူနိုင်တယ်ဗျ။ ဒီမှာတော့ အဲ့ဒါမျိုးက EcoWARE နဲ့ Hettich တွေကတော့ ထုတ်ထားတာတွေ တင်ရောင်းပါတယ်ဗျ။
၁၀၅ ဒီဂရီ၊ ၁၆၅ ဒီဂရီ စသဖြင့် တံခါးလှန်နေမယ့် ဒီဂရီကိုရွေးနိင်ပါသေးတယ်။
လာပါပြီ ကွာလတီ
ဘရန့်ထုတ်နဲ့ တရုတ်စျေးပေါထုတ်ဘာကွာသလဲဆိုတာပေါ့။ ကွာလတီကွာပါတယ်။ တရုတ်စာသားနဲ့ အကောင်းစားတွေလည်း လာတယ်နော်။ တရုတ်ထုတ်တိုင်း ညံ့တာမဟုတ်ပါဘူး။ ရှယ်ကောင်းတာတွေ သုံးဖူးပါတယ်ဗျ။
စျေးတောင် တစ်စုံ ၃၅၀၀ ဝန်းကျင်ပါပဲ။
ကွာလတီရဲ့အသက်က 3D လို့ခေါ်တဲ့ တံခါးချိန်တဲ့ စကူလေးတွေအရည်အသွေး၊ ပြီးတော့ Hydraulic ကောင်းတာမကောင်းတာ။ အရေးတကာ အရေးပါဆုံးက စတီးသားပါဝင်မှုပါ။
EcoWARE ဆိုရင် မီးဖိုခန်းသုံးဖို့ SUS 304 ဆိုပြီးတစ်ခုတင် လက်ရှိစျေး ၆ထောင် ၇ထောင်နီးပါးတန်တဲ့ ရှယ်ကွာလတီနဲ့ လာတာတွေရှိတယ်ဗျ။
စည်းကမ်းတကျသုံးတဲ့အခါ လေးငါးဆယ်နှစ်မကခံပါတယ်။ ဖြစ်သလို ဆီတွေ အငံရည်တွေထိနေရင်တော့ သူလည်း သက်တမ်းတိုမှာပါ။ ပုံမှန် 304 ဆိုတဲ့ စတီးသားပါဆိုတဲ့ ဟာတွေထက်တော့ သက်တမ်းပိုနေမှာပါ။
ကြားဖြတ်ပြောရရင် စတီးမှာ ကွာလတီအတွက် စတီးသားအမှတ်အဖြစ် 304 နဲ့ 302, 303 တွေ ဆိုပြီး ဖော်ပြကြတယ်ဗျ။ သူတို့ရဲ့ စတီးသား Resistance ပေါ်မူတည်ပေးတဲ့ ကုတ်တွေပေါ့နော်။316 ကတော့ လုံး၀အသန့် Stainless Steelပေါ့။ စတီးတောင် Mild Steel , Alloy steel, carbon steel စသဖြင့်အမျိုးတွေလည်း ကွဲတယ်ဗျ။ သံကို စတီးရည်စိမ်ထားတာမျိုးတွေနဲ့ စတီးသားစစ်စစ်တွေက တန်ဖိုးဘယ်တူမလဲဗျ။
ကွာလတီနဲ့ ကြာရှည်လည်း ဘယ်တူမလဲပေါ့နော်။
အမယ် သူလည်း အမည်ခွဲတွေများသဗျ။ မာကြောမှုပေါ်မူတည်ထားတဲ့ Tool Steel ၊ Tools တွေအတွက်ထုတ်တဲ့စတီးပေါ့နော်။ ပြီးတော့ Stainless Steel ဆိုပြီး ရှယ်စတီးလည်း ရှိသေးတယ်ဗျ။
ထားပါတော့ လိုရင်းက စတီးဘက်ခရီးထွက်နေပြန်ပြီ။
C ပတ္တာတွေသုံးတဲ့အခါ တံခါးရဲ့အရှည်ပေါ်မူတည်ပြီး ပတ္တာအခုရေကို တိုးပေးရပါတယ်။ ခိုင်မာတောင့်တင်းအားထိန်းနိုင်ဖို့အတွက်ပေါ့။
မိတ်ဆွေတို့ အပ်နှံတဲ့ ပရိဘောဂတွေမှာ စျေးတွေကွာနေရခြင်းရဲ့ အထဲကတစ်ခုအဖြစ် Hardware တွေရဲ့စျေးတွေပေါ်လည်း မူတည်တာသိရင်ကျေနပ်ပါပြီဗျာ။ EcoWARE မှာဆို တစ်ခု ၁၅၀၀ ဝန်းကျင်ကနေ ၃ထောင်ဝန်းကျင် ၆ထောင် ၇ထောင် ဝန်းကျင်ထိရှိပါတယ်။ Hettich ဘရန့်မှာဆိုရင်တော့ တစ်ခုတစ်သောင်းဝန်းကျင်ကနေ ၂သောင်းဝန်းကျင်လောက်ထိ ဂျာမနီရှယ်တွေ ရနိုင်ပါတယ်လို့။
ဘာပဲဖြစ်ဖြစ် ပတ္တာဟာလည်း ထို ပရိဘောရရဲ့ အလှကို အဖော်ဆုံးထဲကတစ်ခုပါပဲလို့သာ။ တံခါးမညီတဲ့ပရိဘောဂ၊ တံခါးမခိုင်မလှ မသေသပ်တဲ့ ပရိဘောဂ..... ဘယ်နဲ့ ထိုအိမ်တွင်အလှဝင်နေပါမည်နည်း။

နတ်သား

အံဆွဲတွေအတွက် သတိချပ်စရာ-------------------------------------ဒီညတော့ ဒီအကြောင်းလေး ရေးပေးချင်လို့ပါ။ ကျတော်တို့ ခုနောက်ပ...
06/09/2025

အံဆွဲတွေအတွက် သတိချပ်စရာ
-------------------------------------
ဒီညတော့ ဒီအကြောင်းလေး ရေးပေးချင်လို့ပါ။ ကျတော်တို့ ခုနောက်ပိုင်းသုံးတဲ့ ပရိဘောဂ တွေမှာပေါ့နော်။ ဘေးဆွဲဆလိုက်တန်းနဲ့၊ အောက်ထမ်း ဆလိုက်တန်းတွေပေါ့။
Cabinet တွေ ထဲမှာထည့်ကြတဲ့ စတီးစင်တွေနဲ့ ကျတော်တို့ သစ်ထည်နဲ့ လုပ်ပြီး အံဆွဲဆလိုက်တပ်ထားတာနဲ့ ၂ ဆလောက် ဝိတ်ထမ်းနိုင်အားကွာပါတယ်။
ဘေးဆွဲဆလိုက်တွေဟာ အံဆွဲထဲမှာ 30 kg လောက်ထိပဲအများဆုံးထည့်သုံးသင့်ပါတယ်။
အောက်ထမ်း ဆလိုက်တွေကိုတော့ 35-40 kg လောက်ထိပဲ အများဆုံးထားပြီး ထည့်သုံးသင့်ပါတယ်။
များများထည့်ရင် ဘာဖြစ်မလဲ။ အံဆွဲမြန်မြန်ပျက်ပါလိမ့်မယ်။
သူ့ထဲမှာပါတဲ့ စတီးဘောလေးတွေထိန်းတဲ့ သံအပါးနဲ့ အံပေါက်လေးတွေ စပျက်တာပါပဲ။ ပြီးရင် ဆွဲမကောင်းတော့ပါဘူး။
အလျားရှည်တဲ့ အံဆွဲတွေဆို ပိုပြီး ပေါ့ပေါ့ပါးပါးထည့်သုံးသင့်ပါတယ်။ များရင် သစ်သားထည်ဆိုခါးကွေးပြီး ဝိတ်ဟာ အလည်မှာများနေလို့ အံဆွဲ ပိုအပျက်မြန်ပါတယ်။ ဒါကြောင့် စတီးစင်တွေနဲ့ တွဲဖက် ဆလိုက်တွေဟာ ပိုကောင်းတယ် ပိုဝိတ်နိုင်တယ်ဖြစ်လာတာပါ။
ရိုးရိုးအံဆွဲတွေတိုင်းဟာ အပေါ့ထည်တွေအတွက်သာ ရည်ရွယ်ပေမယ့် 30-40 kg ထိသာသုံးသင့်ပါကြောင်းပေါ့နော်။
နောက်တစ်ခုက စကူဆွဲထားတာတွေက ကွာထွက်မလာနိုင်သော်လည်း။ ဖွင့်ထားတဲ့အခါ ဝိတ်ဟာ ရှေ့ကိုထမ်းလွန်းရင် ကုတ်ဆွဲထားတဲ့ သံပြားလေးဟာ ပါးစပ်ထဲက ထွက်လာတာမျိုးတွေ၊ ထိန်းတဲ့ ကလစ်လေးတွေ အများစုဟာ ကော်တွေသာ ထည့်ပေးထားတာမို့ ပဲ့ထွက်လာနိုင်တာကိုလည်း သတိချပ်စရာအဖြစ်ရေးပေးလိုက်ရပါတယ်။
ထပ်တိုးသိသင့်တာလေးက မီးဖိုခန်းထဲက အံဆွဲတွေဆို အသန့်နဲ့ သွေ​ေ့ခြောက်နေတဲ့ ပန်းကန် ဇွန်းတွေပဲ​ထည့်ပါ။ ဒါမှ သက်တမ်းပိုရှည်အောင် သုံးနိုင်မှာပါ။ ရေလေးတစ်စက်ချင်းကနေ ရေများလာပြီး စိမ့်လာလို့ ထောင့်က သစ်တွေကနေ စကွာတာတွေဖြစ်နိုင်ပါတယ်။ အဝတ်နဲ့သေချာသုတ်ပြီးမှ သိမ်းဖို့ထည့်တာမျိုးက အသင့်တော်ဆုံးပါ။

နတ်သား

မင်္ဂလာပါ ..... လိုင်းမကောာင်းတဲ့နေရာရောက်နေရလို့ လိုင်းပေါ်မတက်ဖြစ်တာပါ။ ခုကတော့ဆရာ့ထက်တပည့် လက်စွမ်းထက်တဲ့ ကိစ္စလေး လာ...
06/09/2025

မင်္ဂလာပါ ..... လိုင်းမကောာင်းတဲ့နေရာရောက်နေရလို့ လိုင်းပေါ်မတက်ဖြစ်တာပါ။ ခုကတော့
ဆရာ့ထက်တပည့် လက်စွမ်းထက်တဲ့ ကိစ္စလေး လာပြောတာပါ။
မိတ်ဆွေတို့အတွက် နတ်သားနဲ့လက်ရာတူ စနစ်ထပ်တူနဲ့ လုပ်ပေးနေတဲ့ လက်ခွဲတပည့်ရဲ့လက်ရာလေးတွေနဲ့ မိတ်ဆက်ပေးတာပါ။
စေတနာပါတယ်၊ လက်ရာသာတယ်၊ စနစ်ကျနမှုကလည်း ထပ်တူပါပဲ
စျေးကလည်း ခုခေတ်စျေးနဲ့ဆို တန်တယ်ဆိုတဲ့အထဲကပါပါတယ်။
နတ်သားကတော့ အလုပ်သစ်တွေလက်မခံသေးပါဘူး။ နတ်သားဆီရသမျှအလုပ်တွေကိုလည်း ကိုသူရဆီလွဲပေးတာပါ။
ခုပုံတွေက ကျွန်းဖင်းဂါးနှစ်ဖက် လိုင်မနိတ်ကပ်တွေနဲ့ပုံတွေပါ။ အချို့ပုံတွေကတော့ အရင်က Run ထားတဲ့ ဘလော့ဘုတ်တွေနဲ့ပုံတွေလည်းပါတယ်ဗျ။
ပုံတွေအောက်မှာတော့ ရေးပေးထားပါတယ်။
ဘာပဲဖြစ်ဖြစ် နတ်သားစနစ်နဲ့လက်ရာကိုအမွေပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ်ဗျာ။ ခေတ်အခြေအနေအရ စျေးတွေမတရားတက်နေလည်း ကိုသူရကတော့ တန်အောင် Run ပေးနေတာပါပဲ။ နောက်ဆုံးမှာ သူ့ဖုန်းနံပတ်ပါပါတယ်။ သွားရောက် မေးမြန်းစုံစမ်း စပ်စုနိုင်ပါတယ်ဗျ။
နတ်သားက လက်ရာ၊ စေတနာနဲ့ စနစ်အာမခံပေးထားနိုင်တဲ့ သားတပည့်ပါပဲ။
ဒီဘက်နှစ်တွေထဲ အလုပ်ကိစ္စ သူ့ဆီကိုပဲမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

နတ်သား

Furniture သမားတွေလက်ရှောင်မရတာက Router Machine တွေကိုပါ။ ဒီတစ်ခါဒါလေးရှင်းပြချင်ပါတယ်။Laminate ကပ်တဲ့အခါ အနားချောရင်လည်း...
06/09/2025

Furniture သမားတွေလက်ရှောင်မရတာက Router Machine တွေကိုပါ။ ဒီတစ်ခါဒါလေးရှင်းပြချင်ပါတယ်။
Laminate ကပ်တဲ့အခါ အနားချောရင်လည်းသုံးပါတယ်။ တံခါးအဆံအလှတို့ ဘာတို့ ဒီမှာတော့ ကြိုးထိုးတယ်ဆိုပြီး ပိုသုံးကြပါတယ်။
တကယ်က Joint တွေလို အဆက်တွေအတွက် အလွန်အသုံးဝင်ပါတယ်ဗျာ။
ဆရာတွေဆီကလေ့လာပါ၊ ကိုလည်းလိုက်သုံးကြပါ။
စက်အဖြစ်နဲ့ အကြီးအသေး ၂ခုရှိသလို အခုပြထားတဲ့ Bit တွေကိုဝယ်ယူတဲ့အခါမှာလည်း စက်ကြီးသုံး စက်သေးသုံး ကွဲပါတယ်နော်။
နိုင်ငံတကာ Furniture တွေမှာ ဒါနဲ့ Joint တွေကို ပုံဖော်ပြီး ကော်သုံး Air Gun Nail သုံးပြီး လှလှပပလေးနဲ့ ခိုင်ခိုင်လေးတေလုပ်ပြတယ်ဗျ။
စျေးကြီးတဲ့ အနောက်နိုင်ငံထုတ်တွေရှိသလို ပေါချောင်ကောင်း တရုတ်တွေလည်း ရှိပါတယ်။
ဘာကွာသလဲ အရည်အသွေးတော့ ကွာတာပေါ့ဗျာ။
ကပ်ရိုက် ကပ်ခွေလုပ်မယ့်အတူတူ။ စရွေးကိုက်လေး၊ ဒါမှမဟုတ် Router Joint လေးတွေနဲ့ လုပ်တာပိုကောင်းလာပါလိမ့်မယ်လို့ အကြံပြုလိုပါတယ်။

နတ်သား

Address

Yangon

Telephone

+959440855590

Website

Alerts

Be the first to know and let us send you an email when Shan Play posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shan Play:

Share