09/09/2026
ကျွန်တော်တို့ဟာ
အရည်အချင်းမရှိရင်တောင်
အမှန်အမှားကို ခွဲခြားသိခဲ့တဲ့လူတွေ
ဒါကြောင့်သာ
ဒီအရေခွံကို ခြုံခဲ့ကြတယ်။ ✊
ကိုယ်ချင်းစာစိတ်နဲ့ ခံပြင်းစိတ်တွေကြောင့်
မဖြစ်မနေလက်နက်ကိုင်ခဲ့ကြရတယ်။
နိူင်ရာတာဝန်နဲ့ တော်လှန်ခဲ့ကြတယ်။
ကျွန်တော်တို့ ရုန်းကန်လာခဲ့ကြသမျှက
အရာမထင်ဘူးလား???
၂၀၂၁ ကနေ ၂၀၂၆ကြားမှာ ဘာမှဖြစ်ထွန်းမလာဘူးလား?? 🔥
လက်နက် ၊နယ်မြေ ၊စည်းစနစ် ၊ ချိတ်ဆက်ဖွဲ့စည်းမှု
ဒါတွေဟာ သူ့နေရာနဲ့သူ တိုးတက်ပြောင်းလဲနေပါတယ်။
အလုပ်တကယ်ဖြစ်မဖြစ်ကို အလုပ်စစ်စစ် လုပ်နေတဲ့လူတွေ သိကြပါတယ်။
နေရာတိုင်း... တာဝန်တိုင်းမှာ ။
အမှားအယွင်းတချို့ရှိမယ် ။
အတ္တသမား တချို့ မြင်ရမယ် ။
စိတ်ပျက် နောက်ဆုတ်ချင်သူတချို့ တွေ့ရမယ်။
အဆိုးဆုံး အနေနဲ့
အာဏာအပေါ် ယစ်မူးသွားတဲ့
"မအလ ပုံစံငယ်" တွေ မြင်ရမယ်။ 🦎
တော်စပ်ရင်းနှီးရာ "သစ္စာ"ဆိုတဲ့
"စကစ ပုံစံငယ်"တွေ ကြုံလာရမယ်။
သို့သော်....သို့သော် ပေါ့လေ။
ခံယူချက်ကောင်းနဲ့စုဖွဲ့ခဲ့တဲ့ ၊ရည်ရွယ်ချက်ကောင်းနဲ့ ထွက်ပေါ်လာတဲ့ ဒီတော်လှန်ရေးလူ့အဖွဲ့အစည်းမှာ
ဒီလို အမှိုက်သရိုက်တွေက အနည်းငယ်ပဲ မဟုတ်လား ။
မှားမှန်းသိရင် ပြင်နိူင်တဲ့ လူတွေ ၊
မှားတာတွေ့ရင် တာဝန်ယူ ပြင်ပေးမယ်ဆိုတဲ့ ခေါင်းဆောင်တွေ အများကြီး ကျွန်တော်တို့ရဲ့ ဟိုးအထက်အဆင့်တိုင်းမှာ ရှိနေသေးတယ်လို့ယုံကြည်ပါတယ်။ ✊
မြေပြင်မှာလဲ
သိက္ခာဟာ လိပ်ပြာ ဖြစ်ကြောင်း ၊
ရိက္ခာဟာ တအိတ်စာ မဟုတ်ကြောင်း ၊
လက်နက်ဟာ
အမြတ်ထွက်ချင်လို့ ကိုင်ရခြင်း မဟုတ်ကြောင်း
ကျွန်တော်တို့ အမြဲသင်ယူလေ့လာခွင့် ရနေတာဟာ
တော်လှန်ရေးရဲ့ လားရာ ကို ပိုမိုယုံကြည်ခိုင်မာစေပါတယ်။
တော်လှန်ရေးရဲ့ ဆန်ကာတင်ချိန်ပါပဲ။ 🔥
လူသားဆန်တဲ့ လူတွေ ၊
အပြောနဲ့အလုပ် ညီတဲ့လူတွေ ၊
တာဝန်ယူစိတ် ရှိတဲ့လူတွေပဲ ကျန်ခဲ့မှာပါ။
အဆင့်တိုင်း၊ အလွှာတိုင်းက တော်လှန်ရေးကိုပဲ ရှေ့ရှုပေးကြရင်ပေါ့လေ။
ရဲဘော်တို့ကော ဘယ်လိုမြင်ကြလဲ???