TaDa News

TaDa News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TaDa News, Media/News Company, Yangon.

07/11/2021

ကောလင်းအနောက်ခြမ်း စစ်ကောင်စီရဟက်ယာဉ်ဖြင့်ပါ ပစ်ခတ်(ရုပ်သံ)
======
မဲခေါင်၊ နိုဝင်ဘာ ၇

ကောလင်းအနောက်ခြမ်းကို မြေပြင်စစ်ကြောင်း ၃ကြောင်းအပြင် ရဟက်ယာဉ်များဖြင့်ပါ နိုဝင်ဘာလ ၇ရက်က စစ်ကောင်စီထိုးစစ်ဆင်နေသည်။ ကောလင်းမြိုနယ် ကျေးအင်း၊ ဆင်းမ၊ ထိန်အင်း၊ ဆပ်သွားချောင်း အနောက်ဖက်ခြမ်း ရွာများ လေယာဥ်ဖြင့်တိုက်ခိုက်ခံရပြီး လူနေအိမ်များ ပျက်စီးထိခိုက်မှုရှိကြောင်း သိရသည်။

07/11/2021

မင်္ဂလာဒုံလေတပ် လုံခြုံရေးဂိတ်ကို ပစ်ခေတ်နေသည့် ရုပ်သံဗီဒီယိုဖိုင်
=========
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ၊အနန်းပင်ရပ်ကွက် ခေရပင်ရိပ်မွန်လမ်း ရှိမင်္ဂလာဒုံလေတပ် လုံခြုံရေးဂိတ် ကို သေနတ်ဖြင့် ပစ်ခေတ်နေသည့် ရုပ်သံဗီဒီယိုဖိုင် တစ်ခုကို မဇ္ဈိမ သတင်းဌာနက လက်ခံရရှိခဲ့သည်။

ဒေသပြည်သူ့ကာကွယ်ရေးတပ် ဖြစ်သည့် မင်္ဂလာဒုံ Fight For Freedom (FFF) က၎င်းတို့လက်ချက်ဖြစ်တယ်လို့ ပြောသည်။ “ ပြည်သူတွေအား မတရားဖိနှိပ်ရက်စက်နေမှုအပေါ် မင်္ဂလာဒုံ Fight For Freedom (FFF) လက်စားချေမှု “ ဟု မဇ္ဈိမ သတင်းဌာနကို ပြောသည်။

ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခေတ်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေတပ်သား နှစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းထွက်ပေါ်နေသည်။

 မြစ်ကြီးနားမြို့ အ.ထ.က(၇) ကျောင်း အနီးတွင် မိုင်းပေါက်ကွဲမြစ်ကြီးနား - နိုဝင်ဘာ ၇၊ ၂၀၂၁။မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်...
07/11/2021



မြစ်ကြီးနားမြို့ အ.ထ.က(၇) ကျောင်း အနီးတွင် မိုင်းပေါက်ကွဲ

မြစ်ကြီးနား - နိုဝင်ဘာ ၇၊ ၂၀၂၁။

မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ အ.ထ.က (၇) ကျောင်းအနီး ယနေ့ ည ၇ နာရီခွဲခန့်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲချိန်တွင် ကျောင်းအနီးရှိ နေအိမ်များ တုန်ခါသွားကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အသံမိုင်းတော့ မဟုတ်ဘူး။ ကျောင်းနားမှာနေတဲ့သူတွေဆို ထမင်းစားနေတာ ထမင်းစားပွဲတောင် တုန်သွားတယ်။ ထွက်ကြည့်လို့မရဘူး။ အားလုံးကြောက်ပြီး အခန်းထဲနေနေကြတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ပေါက်ကွဲသည့်နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြား ရောက်ရှိနေကြောင်း သူကပြောသည်။

ယခုပေါက်ကွဲမှုသည် ကျောင်းဖွင့်သောကြောင့် ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့ရှိ ရဲစခန်း၊ ဘဏ်များ၊ စစ်အုပ်စုပိုင် Mytel ရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး(စရဖ)၊ စာသင်ကျောင်းများအနီးတွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ -

မြန်မာနိုင်ငံ၏ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း သတင်းမှန်များကို အချိန်န.....

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြိုနယ်အတွင်း ဒေသကာကွယ်ရေးအဖွဲများနှင့် အာဏာသိမ်းစစ်တပ်တို တစ်နေကုန် တိုက်ပွဲပြင်းထန်ရှမ်း - ကယ...
07/11/2021

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြိုနယ်အတွင်း ဒေသကာကွယ်ရေးအဖွဲများနှင့် အာဏာသိမ်းစစ်တပ်တို တစ်နေကုန် တိုက်ပွဲပြင်းထန်

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြိုနယ် ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာများအနီးတွင် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်အား ဒေသကာကွယ်ရေးတပ်ဖွဲများ စုပေါင်းပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၈)နာရီမှစ၍ ညနေ (၆) နာရီအထိ တစ်နေကုန် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

ယနေ့ တိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများဖြစ်သည့် ဖယ်ခုံ PDF ၊ မိုးဗြဲ PDF ၊ ဒီးမောဆို PDF ၊ လွိင်ကော် PDF နှင့် အလယ်ပိုင်းတိုင်းတိုက်ခိုက်ရေးတပ်ဖွဲ၊ အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ(KNDF)၊ ကရင်နီတပ်မတော်(KA)နှင့် KGZ တို အပြင် တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်က ထိခိုက် သေဆုံးသူ အများအပြားရှိနိုင်ပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲဘက် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်သာရှိကြောင်း သိရသည်။

More; https://www.tachileik.net/mm/news/28315

Photo: PDF Loikaw , PDF Pekhon

07/11/2021

Breaking News: ခရမ်းမြို့ အမှတ်(၆)ရပ်ကွက် ဂုန်းပေါ်နှင့်သံလမ်းစျေးဘက်ဟု ယူဆရသောနေရာတွင် ဒရုန်းနှစ်စင်းလွှတ်တင်ထားကြောင်း သိရပြီး အနီးအနားတ၀ိုက်တွင်လည်း အမှောင်ရိပ်ခိုနေသော လူတချို့တွေ့ရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ခရမ်းမြို့နေပြည်သူများသိရှိစေရန် တင်ပြအပ်ပါသည်။

တောင်ငူမြို့နယ် ခပေါင်းတံတားတောင်ဘက်အဆင်း တွင် တွဲကားတစ်စီးအရှိန်လွန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်အား ဒီကနေ့...
06/11/2021

တောင်ငူမြို့နယ် ခပေါင်းတံတားတောင်ဘက်အဆင်း တွင် တွဲကားတစ်စီးအရှိန်လွန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်အား ဒီကနေ့ည (၈:၀၀)ဝန်းကျင်ခန့်က ဝင်တိုက်မိပြီး စစ်သား ၂ဦးသေဆုံးခါ (၁)ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်းကနဦးသိရှိရပါသည်။

(နိုဝင်ဘာလ ၆ ရက်)

#တောင်ငူ
#ယာဉ်တိုက်မှု

ကယားပြည်နှင့် ရှမ်းပြည်နယ်စပ် ဖယ်ခံုမြို့နယ်တွင်အခြေစိုက်သော ခမရ-၄၂၁ တပ်ကို ဖယ်ခုံ (PDF) နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်...
06/11/2021

ကယားပြည်နှင့် ရှမ်းပြည်နယ်စပ် ဖယ်ခံုမြို့နယ်တွင်အခြေစိုက်သော ခမရ-၄၂၁ တပ်ကို ဖယ်ခုံ (PDF) နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KNDF) တို့က ယနေ့၊ နိုဝင်ဘာ(၆)ရက်နေ့ခင်းပိုင်းကဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိစေခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် စစ်ကောင်စီဘက်က ဖယ်ခုံမြို့ပေါ်ရှိပြည်သူများရှိရာရပ်ကွက်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တုန့်ပြန်ခဲ့ရာတွင် ဒေသခံတိုင်းရင်းသားအချို့တို့ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး အိုးအိမ်အချို့လည်းပျက်စီးခဲ့ရကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ယင်းအပြင် ယနေ့ ညနေ ၅ နာရီခွဲကျော်အချိန်၌လည်း ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာကျေးရွာ ခြေရာတော်ဘုရားတောင်အနီး၌ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်(၃)ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

https://t.me/tginwayoochanel



ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌တွေ့ဆုံပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ် ဗုံးထောင်ခံရရန်ကုန်၊ နိုဝင်ဘာ ၆ဗ...
06/11/2021

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌တွေ့ဆုံပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ် ဗုံးထောင်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၆

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌တွေ့ဆုံခဲ့ပြီးနောက် ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်ဟာ ဗုံးထောင်ခံရတယ်လို့ သိရှိရပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၆ရက် ညနေပိုင်းမှာ ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်မှာ မသင်္ကာဖွယ် အထုပ်တစ်ထုပ်တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား အများအပြား ရောက်ရှိ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိအချိန်ထိ ဗုံးမပေါက်ကွဲသေးဘဲ ဗုံးကို ရှင်းလင်းဖို့ ကြိုးစားနေကြပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့က ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့‌ စာပေ၊ ရုပ်ရှင်၊ သဘင်၊ အနုပညာရှင် တွေနဲ့တွေ့ဆုံမှုတွေ ပြုလုပ်ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၆ရက် မနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို သတိပေးဗုံးဖောက်ခွဲခံခဲ့ရသလို ညနေပိုင်းမှာလည်း ရုပ်ရှင်မင်းသားရဲအောင်ရဲ့ နေအိမ်မှာ ဗုံးတွေ့ရှိခဲ့တာပါ။

ပုံစာ- MRTV က ပြုလုပ်တဲ့ မြူးကြွလှပ ရောင်စုံည အစီအစဉ်မှာ တေးသီဆိုနေတဲ့ သရုပ်ဆောင်ရဲအောင်။



ဖမ်းဆီးခံထားရသော တကူတုန်းကျေးရွာမှ ရာအိမ်မှူး မိသားစုနှင့် အဆက်သွယ်ပြတ်နေ................................ရန်ကုန်၊ လှည်းက...
06/11/2021

ဖမ်းဆီးခံထားရသော တကူတုန်းကျေးရွာမှ ရာအိမ်မှူး မိသားစုနှင့် အဆက်သွယ်ပြတ်နေ................................

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စုပိုင်၊ တကူတူန်းကျေးရွာမှ ရာအိမ်မှူး ဦးကျော်စိုးသည် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားပြီး နှစ်ရက်ကြာသည်အထိ မိသားစုနှင့်အဆက်သွယ်မရရှိဘဲ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုပင် မသိရသေးကြောင်း မိသားစုနှင့်နီးစပ်သူများမှ ပြောသည်။

အသက် ၄၈နှစ်အရွယ်ရှိ ရာအိမ်မှူး ဦးကျော်စိုးကို နိုဝင်ဘာလ ၄ရက်နေ့ ညနေ ၆နာရီ ဝန်းကျင်ခန့်က မေးမြန်းစရာရှိသည်ဟုဆိုကာ စစ်ကားနှစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု အထက်ပါ မိသားစုနှင့်နီးစပ်သည့် ဒေသခံမှဆိုသည်။

" စစ်ကားနှစ်စီးလောက်နဲ့။ အခုထိပြန်မလွတ်သေးဘူး။ ဘယ်ခေါ်သွားမှန်းလည်း မသိကြဘူး။ မေးစရာရှိတယ်ဆိုပြီးခေါ်သွားတာ၊ရွာကလည်း စိတ်ပူနေကြတယ်။ " ဟု အထက်ပါဒေသခံမှ ပြောသည်။

ဦးကျော်စိုးသည် တကူတုန်းကျေးရွာတွင် ရာအိမ်မှူးအဖြစ် NLDအစိုးရလက်ထက်မှ စတင်ကာ စစ်ကောင်စီလက်ထက်အထိတာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်ဟု ရွာခံများကပြောသည်။

ဓာတ်ပုံ - လှည်းကူးမြို့ပေါ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများ (ယခင်ပုံဟောင်း)

06/11/2021

မကွေးကပစလက်နက်စက်ရုံမှ ဗိုလ်ကြီး သော်ဇင်နှင့် တပ်သား စိုးရာဇာအောင်ကို PRA က အရပ်ဝတ်ဖြင့် အရှင်ဖမ်းမိဟုဆို (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ ကျောမြို့နယ်အတွင်းရှိ ကပစ လက်နက်ထုတ်စက်ရုံမှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးကို PRA က ဖမ်းဆီးရမိပြီး စစ်ကားနှင့်ရိက္ခာများကို မီးရှို့လိုက်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က သတင်းထုတ် ပြန်သည်။

ဗိုလ်ကြီးသော်ဇင် (ပြန်တမ်းဝင်အမှတ် (ကြည်း)- ၆၈၄၀၅) နှင့် တပ်သား စိုးရာဇာအောင် (ကိုယ်ပိုင်အမှတ် (တ) - ၄၈၇ ၄၁၉) တို့ကို PRA က ဖမ်းဆီးရမိကြောင်း PRA က သတင်းထုတ် ပြန်ချက်က ဆိုသည်။

မကွေး တိုင်း၊ကျောမြို့နယ်အတွင်းရှိ (ကပစ) လက်နက်ထုတ် စက်ရုံတွင် တာ ဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦး နှင့် တပ်သား ၁ ဦးတို့သည် ရိက္ခာယူပြီး အပြန်လမ်းတွင် ပြည်သူ့တော် လှန်ရေး တပ်မတော်(PRA) နှင့် ဂျိုကာ အဖွဲ့တို့က တားဆီးဖမ်းဆီးခဲ့ကြောင်း၊ ကားနှင့် ရိက္ခာပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖမ်းမိသူ ၂ ဦးသည် အရှင်မိထားကြောင်း PRA က သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် PRA ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ထပ်မံ အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

05/11/2021

နိုဝင်ဘာ ၅ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ELEVEN

■ မြောက်ဥက္ကလာပတွင် အထက်တန်းပြကျောင်းဆရာမတစ်ဦး တက္ကစီပေါ်စီးနင်းလိုက်ပါလာစဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

■ မရမ်းကုန်းမြိုနယ် မင်းဓမ္မလမ်းရှိ KBZ ATM ဖောက်ခွဲခံရပြီး ပြည်လမ်းရှိ KBZ ဘဏ်ရုံးချုပ်နှင့် မာလာမှတ်တိုင်ကြားတွင် ပေါက်ကွဲမှုဖြစ်

■ မြန်မာ၏စီးပွားရေးသည် ၂၀၂၁တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံးထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက် တစ်ခုအဖြစ် ကျန် ရှိနေသေးဟု ဆို

■ အိန္ဒိယ၏ ပထမဆုံးပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်အတွက် WHO က အတည် ပြုထောက်ခံချက်ပေး

■ အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသတွင် လူမျိုးတုံးသတ်မှု အဆုံးသတ်ရေးအတွက် ဝါရှင်တန်တွင် လူထောင်ချီဆန္ဒပြ

■ လတ်ဗီးယားတွင် ကိုဗစ်ကူးစက်မှုမြင့်တက်သဖြင့် အရေးပေါ်အခြေအနေ ကြေညာ

■ မန်စီးတီးနှင့်ပွဲကို ယူနိုက်တက်နောက်ခံလူ ဗာရန်း လွဲချော်မည်ဖြစ်ပြီး (၁) လခန့် ထပ်နားရမည်

ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TaDa News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share