27/05/2026
(Gemini Season) က စကားလုံးတွေ၊ စိတ်ကူးတွေ၊ ပြောင်းလဲမှုတွေအသက်ဝင်လာတဲ့အချိန်တစ်ခုပါ။
အဲ့ဒီကာလမှာ ရာသီခွင်တစ်ခုချင်းစီကို ပြောချင်တဲ့စကားတွေက…….
Aries🐏
“အမြန်ပြေးတာကောင်းပေမယ့်… ဘယ်နေရာကိုပြေးနေလဲဆိုတာလည်း မမေ့နဲ့။”
(ပန်းတိုင်မပျောက်ပါစေနဲ့)
Ta**us🐂
“တချို့အရာတွေကို ထိန်းထားနေလို့ပဲ လုံခြုံတယ်လို့ မဆိုလိုဘူး။ လွှတ်ပေးမှ အသက်ရှူရနိုင်တာတွေလည်းရှိတယ်။”
(လက်လွှတ်သင့်တာကိုလွှတ်ပါ)
Gemini👯
“လူတိုင်းနားလည်ဖို့ ကြိုးစားမနေနဲ့။ ကိုယ့်စိတ်ကိုယ် နားလည်ရင်ပဲ လုံလောက်တယ်။”
(ကိုယ့်အတွက်လဲကိုယ်ကြည့်ပါ)
Cancer🦀
“သနားတတ်တဲ့နှလုံးသားက လှပပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုလည်း သနားပေးဖို့ မမေ့နဲ့။”
(သူများကိုသနားနေတာမေ့နေတာမို့လား)
Leo🦁
“တောက်ပနေဖို့အတွက် အမြဲအားကောင်းနေစရာမလိုဘူး။ နူးညံ့မှုကလည်း အလင်းတစ်မျိုးပဲ။”
(မာနလေးသေးသေးလေးလျှော့ပေး)
Virgo♍️
“Perfect ဖြစ်ဖို့မကြိုးစားနဲ့။ ပျော်ရွှင်ဖို့ကို ပိုသင်ယူကြည့်။”
(လူတိုင်းအမှားနဲ့မကင်းပါဘူး)
Libra⚖️
“လူတိုင်းအဆင်ပြေအောင်လုပ်နေရင်း… ကိုယ့်စိတ်ပျက်နေတာကို မဖုံးထားနဲ့။”
(ကိုယ့်စိတ်လေးကရောအဆင်ပြေရဲ့လား)
Scorpio🦂
“မင်းနာကျင်ခဲ့တာတွေကို လက်နက်လိုမသုံးနဲ့။ အဲ့ဒါတွေက မင်းကို ပိုနူးညံ့စေဖို့ ဖြစ်ခဲ့တာ။”
(ခွင့်လွှတ်ကြည့်ပါ)
Sagittarius🏹
“Escape လုပ်တာနဲ့ Freedom က မတူဘူး။ တချို့အဖြေတွေက ခရီးသွားလို့မရဘူး။”
(ခရီးပဲထွက်ချင်မနေနဲ့🤓)
Capricorn🐐
“အောင်မြင်မှုက မင်းရဲ့တန်ဖိုးမဟုတ်ဘူး။ မင်းပင်ပန်းနေတယ်ဆိုရင် နားလို့ရတယ်။”
(ငွေပဲရှာမနေနဲ့ ကျန်းမာရေးလဲဂရုစိုက်)
Aquarius🏺🌊
“ထူးခြားနေဖို့ ကြိုးစားနေတာထက်… တကယ်ခံစားနေတာကို ဝန်ခံနိုင်ဖို့က ပိုခက်တယ်။”
(ကိုယ်လုပ်နေတာကတကယ်ရော ကိုယ့်အတွက် ထူးခြားနေရဲ့လား)
Pisces🎏
“စိတ်ကူးယဉ်အိမ်မက်ထဲမှာပဲ နေမနေပါနဲ့။ မင်းအိပ်မက်တွေကို အပြင်လောကထဲ ခေါ်လာဖို့အချိန်ရောက်ပြီ။”
(လက်တွေ့လုပ်ကြည့်သင့်ပြီ)
✨ Gemini Season က “ပြောင်းလဲဖို့” ထက်
“ကိုယ့်အတွေးတွေကို ပြန်နားထောင်ဖို့” အချိန်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။