
08/07/2025
တက္ကဆပ်ပြည်နယ် ရေကြီးမှုကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများ 💔
တက္ကဆပ်ပြည်နယ်အလယ်ပိုင်းဒေသများတွင် ရုတ်တရက်ရေကြီးမှုကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ကြပြီး၊ ယခုအချိန်အထိ အသက်ဆုံးရှုံးကြသူ ၁၀၀ ကျော်ရှိနေပြီဖြစ်သည်။ ထိုထဲတွင် ကလေးငယ် ၂၈ ယောက် ပါဝင်သည်။
ရေများသည် မျှော်လင့်မထားသည့်အချိန်၊ ညအချိန်တွင် ပြင်းပြင်းထန်ထန် စီးဆင်းလာခဲ့သောကြောင့် လူအများသည် အိမ်ထဲမှာဖြစ်စေ၊ မောင်းနေသည့်ကားထဲမှာဖြစ်စေ လွတ်မြောက်ဖို့ အချိန်မရဖြစ်ခဲ့ကြပါတယ်
အကြီးဆုံး ထိခိုက်သွားသောနေရာမှာ Kerr County ဖြစ်ပြီး မိသားစုအချို့က ယခုအချိန်ထိ အလောင်များကို ရှာဖွေနေဆဲဖြစ်ပါတယ်။
#ရေကြီး