17/03/2024
စစ်မှုထမ်းတိမ်းရှောင်သူတွေကို တရားခံပြေးအဖြစ် အရေးယူမယ်လို့ စစ်ကောင်စီ ပြော
---------------------------
စစ်မှုထမ်းဆောင်ရမယ့် အသက်အရွယ်မှာ ကျုံးဝင်တဲ့ လူငယ်တွေအနေနဲ့ အကြောင်းပြချက် မခိုင်လုံဘဲ စစ်မှုမထမ်းဖို့ တိမ်းရှောင်ပါက တရားခံပြေးအဖြစ် သတ်မှတ်အရေးယူသွားမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာပါတယ်။
အိမ်ထောင်စုစာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးဟာ နေအိမ်မှာ မရှိပါက ကျန်ရှိတဲ့ မိဘအုပ်ထိန်းသူ ဒါမှမဟုတ် ဆွေးမျိုးသားချင်း တစ်ဦးဦးက ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ်လို့ ဆိုပါတယ်။
အကြောင်းပြချက် မခိုင်လုံပါက တရားခံပြေးအဖြစ် သတ်မှတ်မယ်လို့ စစ်ကောင်စီ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောထားပါတယ်
စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့အတွက် တိမ်းရှောင်သွားသူတွေနဲ့ ပတ်သက်ပြီး အုပ်ထိန်းသူတွေကို အရေးယူ မယူဆိုတာကိုတော့ မကြာခင် ထွက်ရှိလာမယ့် စစ်မှုထမ်းနည်းဥပဒေမှာ ထည့်သွင်းသွားမယ်လို့ လည်းဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သူတို့ စိတ်ကြိုက် ရေးဆွဲနေတာကြောင့် သူတို့ လုပ်ချင်သလို လုပ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်ပါတယ်
စစ်ကောင်စီဟာ ပြည်သူတွေကို ပြစ်မှုတစ်စုံတစ်ရာ မရှိဘဲ စစ်မှုမထမ်းလိုသူတွေကို တရားခံပြေးအဖြစ် ကြေညာဖို့ လုပ်ဆောင်လာတာဟာ ဥပဒေကြောင်းအရ လူတစ်ဦးရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာဖြစ်ပြီး
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီး နိုင်ငံသားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပြီး စစ်မှုမထမ်းဆောင်ပါက အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ လဲပြောထားပါတယ်။
SKNTO Info