27/08/2025
MiKo စာကြည့်တိုက်နဲ့အတူ စာရေး၊ စာဖတ်အတန်း ဖွင့်လှစ်ခဲ့တာ ခုဆို တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ စာရေး၊ စာဖတ်ဆိုလို့ သိပ်ပြီး ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကလေးတွေ စာအုပ်ချစ်တတ်ဖို့၊ စာဖတ်ခြင်းမှာ မွေ့လျော်ဖို့နဲ့ စာဖတ်များလာတာနဲ့အမျှ ကိုယ့်အတွေးတွေကို စာလုံးတွေအဖြစ် လွယ်လွယ် ပြောင်းလဲနိုင်ဖို့ပါ။
တစ်ပတ်တစ်ကြိမ် စာကြည့်တိုက်ကို လာပြီး ကာတွန်း၊ ပုံပြင် ဝတ္ထုတို တွေ ဖတ်ကြတယ်။ ပြီးတော့ ဖတ်ထားတဲ့ စာအုပ်တွေအကြောင်း ပြန်ပြောကြတယ်။ တစ်ခါတရံမှာ စာအုပ်ဖတ်ပြီး ရလာတဲ့အတွေးတွေကို စာအဖြစ် ချရေးပြီး သူငယ်ချင်းတွေ ရှေ့မှာ ပြောပြကြတယ်။
ကိုယ့်အိပ်မက်နဲ့ စိတ်ကူးတွေကို ပန်းချီအဖြစ် ပုံဖော်တဲ့အခါလည်း ရှိတယ်။
အနီးဝန်းကျင်က ကလေးတွေအတွက် စာအုပ်စာပေ လက်တစ်ကမ်းမှာ ရှိနေတဲ့ နေရာလေးအဖြစ် ဖန်တီးထားပေးနိုင်တာကိုက ကျေးဇူးတင်စရာ ကောင်းနေပါပြီ။
တစ်နှစ်တာအတွင်းမှာ ကလေးတွေရဲ့ စာဖတ်၊ စာရေး စွမ်းရည် သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်။ တစ်နှစ်တာအတွင်း စာစီစာကုံး ပြိုင်ပွဲတွေလည်းလုပ်ပေးနိုင်ခဲ့တယ်။
ဒီဗီဒီယိုကတော့ တစ်နှစ်တာအတွင်း အတန်းထဲမှာ အကောင်းဆုံး လှုပ်ရှားပါဝင်နိုင်ခဲ့တဲ့ ကျောင်းသားလေးရဲ့ ကျေးဇူးတင်ပီတိစကားကို အတန်းရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဖန်တီးထားတဲ့ တစ်နှစ်တာအမှတ်တရ ဗီဒီယိုလေးပါ။
ခုလည်း စာကြည့်တိုက်မှာ စာရေး၊ စာဖတ်အတန်းကို ဆက်လက် လည်ပတ်နေဆဲ ဖြစ်လို့ စာဖတ်အားနည်းတယ်၊ စာဖတ်ချင်ပေမယ့် စာမဖတ်ဖြစ်ဘူး ဆိုသူလေးတွေ ပါဝင်တက်ရောက်လို့ ရပါတယ်ရှင်။ ကလေး၊ လူကြီး မကန့်သတ်ထားပါဘူး။ တစ်ပတ်မှ ( စနေ သို့မဟုတ် တနင်္ဂနွေ တစ်ရက်၊ တစ်ရက်မှ တစ်နာရီတည်းပါ။
"모탄꼬의 이야기: 한국 후원자와 함께한 글쓰기의 기적!"
1년 동안 한국의 후원자들 덕분에 미얀마의 어린 학생들이 글쓰기의 꿈을 키워왔습니다. 이번 영상에서는 우수학생으로 선정된 모탄꼬가 그동안의 변화와 성장 과정을 발표합니다.
카탁킨 작가의 지도로 이뤄진 글쓰기 수업은 어린이들에게 자신감을 심어주고 꿈을 펼칠 수 있는 기회를 제공했습니다. 모탄꼬는 자신의 글을 통해 친구들과 가족, 그리고 세상에 대한 사랑과 희망을 전하고 있습니다.
이 영상에서는 이들의 눈부신 변화와 함께, 후원자 여러분의 소중한 지원이 어떻게 이 작은 혁명을 가능하게 했는지를 보여줍니다. 어린이들의 순수한 열정과 창의력이 만들어낸 이야기를 통해, 여러분도 함께 감동하고 공감해 주세요!
https://youtu.be/sVwACbMYaps
MiKo Communication, MiKo Library
양곤미코글쓰기교실에서 40명의 어린 학생들이 펼치는 놀라운 변화! 카탁킨 작가의 지도로, 이들은 그림을 그리고 그 위에 이야기를 덧붙이며 자신만의 세상을 만들어가고 있습니다. 이번 영상에서는 우수학생으로 선정된 모탄...