KMS Gaming Shop - MLBB

Website

KMS Gaming Shop - MLBB “𝗚𝗮𝗺𝗲𝗿 တိုင်းအတွက် 𝗞𝗠𝗦 𝗚𝗔𝗠𝗜𝗡𝗚 𝗦𝗛𝗢𝗣”
Website ကနေဝယ်မယ် ➪ www.kmsgamingshop.com
Telegram ကနေဝယ်မယ် ➪ t.me/kmsgamingshopbot

✨ The Aspirants Unite - Skin တစ်ကောင်ရဖို့ စိန်ဘယ်လောက် ကုန်မလဲ? ✨​အခုလာနေတဲ့ Aspirant Event မှာ Skin ဖောက်ဖို့ Diamond ...
17/09/2026

✨ The Aspirants Unite - Skin တစ်ကောင်ရဖို့ စိန်ဘယ်လောက် ကုန်မလဲ? ✨

​အခုလာနေတဲ့ Aspirant Event မှာ Skin ဖောက်ဖို့ Diamond ဘယ်လောက်ကုန်မလဲဆိုတာကို တွက်ပြပေးသွားပါမယ်။ စိတ်မရှည်လို့ ချက်ချင်းအပြီးဖောက်မယ့်သူတွေအတွက်ရော၊ အသက်သာဆုံးဖြစ်အောင် စိတ်ရှည်ရှည်နဲ့ ဖောက်မယ့်သူတွေအတွက်ပါ နည်းလမ်း (၂) မျိုး ခွဲပြီး ရှင်းပြပေးထားပါတယ်ခင်ဗျာ။ 👇

​🚀 အပိုင်း (၁) - ချက်ချင်း အပြီးဖောက်မယ်ဆိုရင် (Instant Draw)

​စောင့်စရာမလိုဘဲ အခုချက်ချင်း Skin ရအောင် ဖောက်မယ်ဆိုရင် ကံတရားအပေါ် မူတည်ပြီး အောက်ပါအတိုင်း ကုန်ကျနိုင်ပါတယ်။

​🔹 ပထမဆုံး 10X Draw: ၁,၀၅၀ စိန် (၅၀% လျှော့ဈေး)
🔹 နောက်ထပ် 10X Draw များ: ၂,၁၀၀ စိန် (ပုံမှန်ဈေး)

​တွက်ချက်မှု -

🎯 အကြိမ် ၄၀ နဲ့ ပေါက်ခဲ့ရင်: ၁၀၅၀ + (၂၁၀၀ × ၃) = ၇,၃၅၀ စိန်
🎯 အကြိမ် ၅၀ နဲ့ ပေါက်ခဲ့ရင်: ၁၀၅၀ + (၂၁၀၀ × ၄) = ၉,၄၅၀ စိန်
🎯 အကြိမ် ၆၀ အထိ ကံဆိုးခဲ့ရင်: ၁၀၅၀ + (၂၁၀၀ × ၅) = ၁၁,၅၅၀ စိန်

​💡 ကဲ... ဒါကြောင့် တစ်ခါတည်း အပြီးဖောက်မယ်ဆိုရင် Skin တစ်ခုအတွက် ပျမ်းမျှအားဖြင့် စိန် ၇,၅၀၀ ကနေ ၁၁,၀၀၀ ဝန်းကျင်လောက် ကုန်ကျနိုင်ပါတယ်။

​💸 အပိုင်း (၂) - အသက်သာဆုံးဖြစ်အောင် ဖောက်နည်း အဆင့်ဆင့်

​စိန်ကုန်အသက်သာဆုံး ဖြစ်ချင်တယ်ဆိုရင်တော့ Event ကာလအတွင်းမှာ လာမယ့် Premium Supply (Phase 1 & Phase 2) တွေကို မဖြစ်မနေ စောင့်ပြီး ဖောက်ရပါမယ်။

​အသက်သာဆုံး ဖောက်မယ့် အဆင့်များ -

1️⃣ Premium Supply တွေကို စောင့်ပါ: Phase 1 နဲ့ Phase 2 ရောက်တဲ့အခါ Recharge Task တွေအတွက် စိန် (၂၅၀) စီ သွင်းပီး စိန်(၂၅၀) လုံးသုံးပါ။

2️⃣ Free Tokens တွေကို ယူပါ: စိန်သွင်းတာနဲ့ စိန်သုံးတဲ့ Task တွေ ပြီးသွားရင် Phase တစ်ခုကို Token ၁၆ ခု ဝန်းကျင်ရပါမယ်။ Phase နှစ်ခုပေါင်းရင် Token ၃၂ ကြိမ်စာ (32 Draws) အလကားနီးပါး ရပါပြီ။

3️⃣ 50% Off 10X Draw ကို ဖောက်ပါ: Moonton က ပထမဆုံး ၁၀ ကြိမ် (10X Draw) ကို ၅၀% လျှော့ပေးထားတဲ့အတွက် ၁,၀၅၀ စိန်နဲ့ ဖောက်ပါ။

​✅ ဒါဆိုရင် Token (၃၂) ကြိမ် + 10X Draw (၁၀) ကြိမ် = စုစုပေါင်း (၄၂) ကြိမ် ပြည့်သွားပါပြီ။ ကံကောင်းလို့ ၄၀ ကြိမ်နဲ့ Bingo တန်းတဲ့ Pattern မျိုးဆိုရင် Skin တစ်ကောင် အေးဆေးရပါပြီ။

​အနည်းဆုံး ကုန်ကျမယ့် စိန်ပမာဏ တွက်ချက်မှု -

​Free Token ၃၂ ခုအတွက် = ၅၀၀ စိန် (Free Tickets ရဖို့ Phase 1 မှာ Diamond ၂၅၀, Phase 2 မှာ Diamond ၂၅၀ သုံးရပါမယ်)
​50% Off 10X Draw (၁၀ ကြိမ်) = ၁,၀၅၀ စိန်

​💡 ဒီနည်းလမ်းအတိုင်း Premium Supply ကို သေချာအသုံးချပြီး ၄၀ ကြိမ်နဲ့ Skin ပေါက်ခဲ့မယ်ဆိုရင် အနည်းဆုံး စိန် ၁,၅၀၀ ကနေ ၁,၆၀၀ ကြား လောက်နဲ့တင် Aspirants Skin တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

​🔄 အကြိမ် ၄၀ နဲ့ မတန်းသေးဘူးဆိုရင် ဘာဆက်လုပ်မလဲ?

​🔸 အကြိမ် ၅၀ အတွက်: နေ့စဉ် 1X Draw လျှော့ဈေး (၁၀၅ စိန်) ကို (၁၀) ရက်တိတိ ဆက်ဖောက်သွားပါ။ ဒါဆိုရင် အကြိမ် ၅၀ ပြည့်ပါပြီ။

🔸 အကြိမ် ၆၀ အတွက်: အကြိမ် ၅၀ နဲ့မှ မတန်းသေးဘူးဆိုရင် Daily 1X Draw ကိုသာ Event မပြီးခင်အထိ နေ့စဉ်ဆက်လှည့်သွားပါ။ ၆၀ ပြည့်ရင်တော့ အသေချာပေါက် Bingo တန်းပါပြီ။

​ကဲ... ဘော်ဒါတို့ကရော ဘယ်နည်းလမ်းနဲ့ ဖောက်ဖို့ စဉ်းစားထားကြလဲ?

Event မှာ Skin တွေဖောက်ဖို့ Diamond လိုအပ်လာပြီဆိုရင်တော့ ဈေးနှုန်းမှန်ကန်ပြီး ယုံကြည်စိတ်ချရတဲ့ KMS GAMING SHOP မှာ အချိန်မရွေး လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 💎✨

​

🔥 ကဲ....... Season 42 ရောက်လာပါပြီ! 🔥Season အသစ်မှာ ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ ကြည့်လိုက်ရအောင်... 👇🚫 ဒီ Season အစမှာတေ...
16/09/2026

🔥 ကဲ....... Season 42 ရောက်လာပါပြီ! 🔥

Season အသစ်မှာ ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ ကြည့်လိုက်ရအောင်... 👇

🚫 ဒီ Season အစမှာတော့ Hero အသစ် ထွက်မလာသေးပါဘူး။

🔄 Revamped Heroes: Masha, Bruno, Badang, Clint, Brody, Kadita, Paquito နဲ့ Luo Yi (ဒီ Hero ၈ ကောင်) ကို Revamp လုပ်ထားပါတယ်။

🎁 Seasonal Skin: Season 42 ရဲ့ Seasonal Skin အနေနဲ့ Popol and Kupa ကို ရရှိမှာပါ။

🖼 Avatar Border: Diamond 20 ဖြည့်ရုံနဲ့ Season 42 ရဲ့ Avatar Border ကို ရရှိမှာ ဖြစ်ပါတယ်။

💳 Name Change Card: နာမည်ပြောင်းချင်တဲ့ သူတွေအတွက် Name Change Card ကို Diamond 50 နဲ့ ဝယ်လို့ရပါမယ်။ (ဝယ်ပြီး ၇ ရက်အတွင်း နာမည်ပြောင်းရပါမယ်နော်)

💎 Skin Offers: Vale Special Skin ကို Diamond 100 နဲ့ ဝယ်လို့ရမယ့်အပြင်၊ Clint ရဲ့ Skin အသစ် "Scarlet Musketeer" ကိုလည်း Diamond 51 လုံးတည်းနဲ့ ဝယ်ယူနိုင်ပါမယ်။

⏳ Miya "Honor" Skin: Shop ထဲမှာ ဆက်ပြီး ဝယ်လို့မရတော့ဘဲ Limited Skin စစ်စစ် ဖြစ်သွားပါတော့မယ်။ ဒါကြောင့် မဝယ်ရသေးရင် အခုပဲ အမြန်ဝယ်ထားလိုက်ကြပါ။

👍 Superlike Feature: Feature အသစ် ပါလာပြီး Superlike တွေကို Shop ထဲမှာ ဝယ်လို့ရနေပါပြီ။

ပြီးတော့ မြေပုံ (Moonton အခေါ် Sanctum Island) ကို ပိုပြီးအသေးစိတ်ထပ်ဖြည့်ထားပါမယ်။ Lord ကိုလည်း design အသစ်နဲ့ မြင်ရမှာပါ။

အရင် season တုန်းက map က Expanding River, Flying Cloud, Dangerous Grass, Broken Walls လေးမျိုးဘဲရှိရာကနေ -

✓Healing Turtle
✓Nowhere to Hide
✓Golden Turrets.... ဆိုပြီး အသစ်သုံးမျိုးလာပါမယ်။

နောက်ဆုံးအနေနဲ့ကတော့... အားလုံးက အဆင့်အတန်းခွဲခြားမှုမရှိဘဲ အတူတူပဲ ဖြစ်သွားပါတော့မယ်။ Epic ကို ရောက်သွားမှာမို့လို့ပါ....... 🫠

⚡️ Season အသစ်မှာ Name Change Card ဝယ်ဖို့ဖြစ်ဖြစ်၊ Skin တွေဝယ်ဖို့ဖြစ်ဖြစ် Diamond လိုအပ်လာရင် KMS GAMING SHOP မှာ ယုံကြည်စိတ်ချစွာ လာရောက်အားပေးနိုင်ပါတယ်ခင်ဗျာ။

ကဲ... ဘော်ဒါတို့ကရော ဘယ် Rank ကနေ Epic ကို ဆင်းရတာလဲ? Comment မှာ ငိုပြသွားကြပါဦး 😂👇

✨ အားလုံးစောင့်မျှော်နေကြတဲ့ The Aspirant 2.0 ကြီး ပြန်လည်ရောက်ရှိလို့ လာပါပြီ! ✨အလန်းစား Anime ပုံစံ Skin တွေနဲ့ Bingo ...
16/09/2026

✨ အားလုံးစောင့်မျှော်နေကြတဲ့ The Aspirant 2.0 ကြီး ပြန်လည်ရောက်ရှိလို့ လာပါပြီ! ✨

အလန်းစား Anime ပုံစံ Skin တွေနဲ့ Bingo Event ကြီး ပြန်လာပြီဆိုတော့ ဘယ်နေ့တွေလာမလဲ၊ ဘာတွေပါမလဲနဲ့ Diamond ဘယ်လောက်ကုန်မလဲဆိုတာ အောက်မှာ အသေးစိတ် ကြည့်လိုက်ရအောင်... 👇

📅 Event သတ်မှတ်ရက်များ

Event ကာလ: September 16 မှ October 8 ရက်နေ့အထိ

Phase 1: September 18 မှ 22 ရက်အထိ (Free Tickets ၁၆ ခု)

Phase 2: September 25 မှ 29 ရက်အထိ (Free Tickets ၁၆ ခု)

👗 ဘယ် Skin တွေ ပါဝင်မလဲ?

The Aspirant 2.0 ဖြစ်တဲ့အတွက် အောက်ပါ Skin (၂) မျိုးပဲ ပါဝင်မှာဖြစ်ပြီး Skin နှစ်ကောင်စလုံးက Collection Point 3,000 တန်ပါတယ်။

Angela "Cyber Cherubin"
Ruby "Mecha Maiden"

🎁 Event ရဲ့ သိထားရမယ့် အချက်များ

Bingo ပုံစံ: Aspirant Event ထုံးစံအတိုင်း Bingo တန်းအောင် လှည့်ရပါမယ်။

First 10 Draw: ပထမဆုံး အကြိမ် (၁၀) လှည့်တာနဲ့ Epic ထက်မြင့်တဲ့ Skin ကို အသေချာပေါက် ရပါမယ်။ ပြီးတော့ Prize Pool ထဲမှာ Collector အဆင့် Skin တွေပါ ပါဝင်လို့ Event လှည့်ရင်း Skin အကောင်းစားတွေ ပေါက်နိုင်ပါသေးတယ်။

Event Shop: Aspirant နဲ့ဆိုင်တဲ့ Recall တွေ၊ Emote တွေကိုလည်း Shop ထဲမှာ ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။

💎 Diamond ဘယ်လောက် ကုန်နိုင်လဲ? (ခန့်မှန်းခြေ)

Bingo Event ဆိုတော့ ကံတရားပေါ် တော်တော်လေး မူတည်ပါတယ်။ ကုန်ကျနိုင်ခြေ ပုံစံ (၂) မျိုးနဲ့ တွက်ပြပေးထားပါတယ်။

🏃‍♂️ (၁) အမြန်ချက်ချင်း အပြီးဖောက်မယ့် သူများအတွက်

၄၀ ကြိမ်အတွင်း Bingo ပေါက်ပါက - ခန့်မှန်းခြေ Diamond 7,500 ဝန်းကျင်
၅၀ ကြိမ်အတွင်း Bingo ပေါက်ပါက - ခန့်မှန်းခြေ Diamond 9,000 ဝန်းကျင်
၆၀ ကြိမ်အတွင်း Bingo ပေါက်ပါက - ခန့်မှန်းခြေ Diamond 12,000 ဝန်းကျင်

💡 (၂) Daily Draw နဲ့ Free Tickets ပေါင်းပြီး ဖြည်းဖြည်းချင်း ဖောက်မယ့် သူများအတွက်
ဒီနည်းလမ်းအတိုင်း Event ပြီးခါနီးအထိ စိတ်ရှည်ရှည်ထားပြီး ဖောက်မယ်ဆိုရင်တော့ Diamond 1,500 ကနေ 3,000 ကြားလောက်ပဲ ကုန်ပါမယ်။

ဘယ်လိုလုပ်ရမလဲ?

နေ့တိုင်း ပထမဆုံးအကြိမ် 50% လျှော့ဈေး (Daily Draw) ကို တစ်ရက်တစ်ခါ မှန်မှန်ဆွဲပါ။ Phase 1 နဲ့ 2 မှာ ပေးမယ့် Free Tokens စုစုပေါင်း ၃၂ ခုကိုလည်း မဖြစ်မနေ ရအောင်ယူပြီး လှည့်ပါ။

🎯 ကဲ... ဘော်ဒါတို့ကရော Angela နဲ့ Ruby မှာ ဘယ်သူ့ကို ယူဖို့ အားခဲထားကြလဲ? Comment မှာ ပြောပြသွားကြပါဦး။

Event မှာ Skin တွေဖောက်ဖို့ Diamond လိုအပ်လာရင်လည်း ဈေးနှုန်းသက်သာပြီး ယုံကြည်စိတ်ချရတဲ့ KMS GAMING SHOP မှာ အချိန်မရွေး လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

⚠️ JJK Event ပြီးဖို့ နောက်ဆုံး ၂၄ နာရီသာ လိုတော့တယ်! ⚠️​JJK Event က August 7 ကနေ September 12 ရက်နေ့အထိသာမို့လို့ ဒီနေ့...
11/09/2026

⚠️ JJK Event ပြီးဖို့ နောက်ဆုံး ၂၄ နာရီသာ လိုတော့တယ်! ⚠️

​JJK Event က August 7 ကနေ September 12 ရက်နေ့အထိသာမို့လို့ ဒီနေ့ဟာ နောက်ဆုံးနေ့ ဖြစ်ပါတယ်ခင်ဗျာ။

​ဒါကြောင့် ကိုယ်အားခဲထားတဲ့ Skin ဒါမှမဟုတ် တခြား Item လေးတွေ မရသေးဘူးဆိုရင် မနက်ဖြန် (Server Reset Time) နေ့လယ် ၂ နာရီခွဲ မတိုင်ခင် အပြီးယူထားကြဖို့ သတိပေးလိုက်ရပါတယ်။

​💎 နောက်ဆုံးအချိန်လေးမှာ Skin လိုချင်လို့ Diamond လိုအပ်လာရင်လည်း KMS GAMING SHOP မှာ အမြန်ဆုံး လာရောက် ဖြည့်သွင်းနိုင်ပါတယ်နော်။

​Event အကြောင်း တစ်စေ့တစ်စောင်းကို အောက်ပါ Link များမှတစ်ဆင့် အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

🔗 https://www.facebook.com/share/p/19Hd3kL6kL/
🔗 https://t.me/kmsgamingshop_mlbb/56

​ကဲ... ဒီနှစ်လာတဲ့ JJK Event မှာ ဘာ Skin တွေ ရခဲ့ကြလဲ? Comment မှာ ဝင်ရောက်ပြောပြသွားပေးပါဦး 👇

​

"⚠️ JJK Event Phase 2 - နောက်ဆုံး ၂၄ နာရီသာ လိုတော့တယ်! ⚠️"JJK Event Phase 2 က August 21 ကနေ August 25 ရက်နေ့အထိသာမို့လိ...
25/08/2026

"⚠️ JJK Event Phase 2 - နောက်ဆုံး ၂၄ နာရီသာ လိုတော့တယ်! ⚠️"

JJK Event Phase 2 က August 21 ကနေ August 25 ရက်နေ့အထိသာမို့လို့ ဒီနေ့က နောက်ဆုံးနေ့ပါ။

အဲ့တာကြောင့် Phase 2 ရဲ့ Free Tickets 29 ခု မယူရသေးရင် မနက်ဖြန် (server reset time) ၂ နာရီခွဲမတိုင်ခင် အပြီးယူထားကြဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ။

Event အကြောင်း တစ်စေ့တစ်စောင်းကို အောက်ပါ Link များမှတစ်ဆင့် အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

🔗 https://www.facebook.com/share/p/19Hd3kL6kL/
🔗 https://t.me/kmsgamingshop_mlbb/56

ကဲ... လက်ရှိမှာ JJK Token ဘယ်လောက်ထိ စုမိသွားပြီလဲ? Comment မှာ ဝင်ရောက်ပြောသွားပေးပါဦး 👇

🎮 MLBB ရဲ့ M Series ကို ဘာကြောင့် M1, M2, M3 လို့ခေါ်တာလဲ?Mobile Legends: Bang Bang ကို ကစားလာတာကြာတဲ့သူတွေဆိုရင် M1, M2...
24/08/2026

🎮 MLBB ရဲ့ M Series ကို ဘာကြောင့် M1, M2, M3 လို့ခေါ်တာလဲ?

Mobile Legends: Bang Bang ကို ကစားလာတာကြာတဲ့သူတွေဆိုရင် M1, M2, M3, M4… M7 ဆိုတဲ့ နာမည်တွေကို ရင်းနှီးကြမှာပါ။

ဒါပေမယ့် ဒီနေရာမှာ စိတ်ဝင်စားစရာတစ်ခုက M က ဘာကိုဆိုလိုတာလဲ? ဘာကြောင့် M1 ကနေ စပြီး M2, M3 လို နံပါတ်တွေဖြစ်သွားတာလဲ?

တကယ်တော့ M က Mobile Legends ရဲ့ World Championship Series ကို ကိုယ်စားပြုတဲ့ နာမည်ဖြစ်ပြီး၊ နောက်က နံပါတ်ကတော့ အဲ့ဒီ World Championship ရဲ့ ဘယ်နှစ်ကြိမ်မြောက်လဲဆိုတာကို ဖော်ပြတာပါ။

၂၀၁၉ ခုနှစ်မှာ Moonton က MLBB ရဲ့ ပထမဆုံး ကမ္ဘာ့အဆင့် Championship ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး M1 World Championship လို့ နာမည်ပေးခဲ့ပါတယ်။

MLBB ရဲ့ ပထမဆုံး M1 ပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်းစုံက အသင်းပေါင်း (၁၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ Grand Finals မှာ Indonesia ရဲ့ EVOS Legends က RRQ ကို အနိုင်ယူပြီး MLBB ရဲ့ ပထမဆုံး World Champion ဖြစ်လာခဲ့တာပါ🏆

အဲ့ဒီနောက် World Championship ကို ဆက်လက်ကျင်းပလာတာနဲ့အမျှ M2, M3, M4… ဆိုပြီး တစ်ခုချင်းစီကို နံပါတ်အစဉ်လိုက်ပေးလာခဲ့တာပါ။

အခုဆိုရင် M Series ဟာ ရိုးရိုးပြိုင်ပွဲ တစ်ခုထက် ကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းက အကောင်းဆုံး MLBB Teams တွေ စုဝေးယှဉ်ပြိုင်တဲ့ Global Esports Championship တစ်ခု ဖြစ်လာပါပြီ🌎🔥

💬 ဒါဆို မင်းတို့အကြိုက်ဆုံး M Series က M1 ကနေ M7 အထိ ဘယ် Edition ဖြစ်လဲ? Comment မှာ ပြောခဲ့ကြပါဦး👇🏻

🎮 MLBB ရဲ့ ပထမဆုံး Hero ရဲ့ Skin Mobile Legends ကို အခုလို Skin ပေါင်းရာနဲ့ချီပြီး မတွေ့ရသေးတဲ့ အစောပိုင်းကာလကို ပြန်သွာ...
21/08/2026

🎮 MLBB ရဲ့ ပထမဆုံး Hero ရဲ့ Skin

Mobile Legends ကို အခုလို Skin ပေါင်းရာနဲ့ချီပြီး မတွေ့ရသေးတဲ့ အစောပိုင်းကာလကို ပြန်သွားကြည့်မယ်ဆိုရင် Miya ရဲ့ Burning Bow ကို MLBB ရဲ့ အစောဆုံး Skin တွေထဲက တစ်ခုအဖြစ် တွေ့ရပါတယ်🔥🏹

Miya ဟာ MLBB ရဲ့ အစောဆုံး Hero ဖြစ်ပြီး Hero Number အနေနဲ့လည်း #1 ဖြစ်ပါတယ်။ သူမရဲ့ Default Skin က Moonlight Archer ဖြစ်ပြီး၊ အဲ့ဒီနောက်မှာ ထွက်လာခဲ့တဲ့ Skin က Burning Bow ဖြစ်ပါတယ်။

အခုခေတ် MLBB Player တွေအနေနဲ့ဆိုရင် Skin တစ်ခုဆိုတာ Animation Effect တွေ၊ Skill Effect တွေ၊ Special Voice Line တွေ၊ Recall Effect တွေအထိ ပါလာတာကို ရင်းနှီးနေကြပါပြီ။

ဒါပေမယ့် Burning Bow ကတော့ အဲ့ဒီခေတ်က Skin Design တွေ ဘယ်လောက်ရိုးရှင်းခဲ့လဲဆိုတာကို ပြန်မြင်နိုင်တဲ့ Skin တစ်ခုပါ။

ဒါကြောင့် ဒီနေ့ MLBB ထဲမှာ Miya ရဲ့ Skin တွေ အများကြီးတွေ့နေရပေမယ့်၊ အစောပိုင်းခေတ်ကို ပြန်ကြည့်လိုက်ရင် Burning Bow လို Skin တစ်ခုကနေ ဒီနေ့ရဲ့ Collector Skin တွေအထိ Skin System က ဘယ်လောက်တောင် ပြောင်းလဲလာလဲ ဆိုတာ မြင်နိုင်ပါတယ်။

အခုဆိုရင် MLBB မှာ Skin တွေဟာ ရာနဲ့ချီရှိနေပြီဖြစ်ပေမယ့်၊ ပထမဆုံး Skin တွေထဲမှာ Miya ရဲ့ Burning Bow ကတော့ မမေ့သင့်တဲ့ နာမည်တစ်ခုပါ။

💬 ဒါဆို MLBB စကစားတုန်းက ပထမဆုံးရခဲ့တဲ့ Skin က ဘယ် Hero ရဲ့ Skin ဖြစ်လဲ? Comment မှာ ပြောခဲ့ကြပါဦး👇🏻

"🔥 ဂျူဂျစ်စု - JJK Event Phase 2 လာပါပြီ 🔥🗓 Phase 1 က August 21 ရက်ကနေ August 25 ရက်အထိ (၅) ရက်တိတိ လာပါမယ်။ဒီ (၅) ရက်အတ...
21/08/2026

"🔥 ဂျူဂျစ်စု - JJK Event Phase 2 လာပါပြီ 🔥

🗓 Phase 1 က August 21 ရက်ကနေ August 25 ရက်အထိ (၅) ရက်တိတိ လာပါမယ်။

ဒီ (၅) ရက်အတွင်းမှာ Free Tickets (၂၉) ခု ရရှိဖို့အတွက်...
🔹 Diamond 250 Recharge ပြည့်အောင် ဖြည့်ရပါမယ်။
🔹 ဂိမ်းထဲမှာ Diamond 250 သုံးရပါမယ်။

Diamond 250 Recharge ပြည့်ဖို့အတွက် အောက်က (၄) မျိုးထဲက မိမိနှစ်သက်ရာ တစ်မျိုးကို ရွေးချယ်ဖြည့်သွင်းနိုင်ပါတယ်။

1️⃣ Diamond 343 (သို့မဟုတ်)
2️⃣ Weekly Pass (၃) ခု (သို့မဟုတ်)
3️⃣ Double Diamond 250 + 250 (သို့မဟုတ်)
4️⃣ Monthly Epic Bundle

Daily Draw နဲ့ Skin ယူမယ့်သူတွေကတော့ Free Tickets တွေကို မဖြစ်မနေ ယူထားသင့်ပါတယ်ခင်ဗျာ။

🌐 Website မှာ ငွေကြိုဖြည့်ထားတဲ့ သူတွေကတော့ အခုပဲ အော်ဒါတင်ပြီး ဝယ်ယူလို့ ရနေပါပြီ။

အခုမှ ငွေဖြည့်အော်ဒါ တင်ထားတဲ့သူတွေကိုလည်း Admin Team က အမြန်ဆုံး ဆောင်ရွက်ပေးနေပါတယ်နော်။ 👩‍💻👨‍💻

ကဲ... Phase 2 မှာ event coin ဘယ်လောက်ထိ စုမိကြလဲ? Comment မှာ ဖြေပေးသွားပါဦး 👇

"

🤔 Mobile Legends ဆိုတဲ့ နာမည်ကို ဘာလို့ပေးခဲ့တာလဲ စဉ်းစားဖူးကြလား?MLBB ကို နှစ်ချီကြာအောင် ဆော့လာခဲ့ပေမယ့် ဒီနာမည်ကို ဘယ...
20/08/2026

🤔 Mobile Legends ဆိုတဲ့ နာမည်ကို ဘာလို့ပေးခဲ့တာလဲ စဉ်းစားဖူးကြလား?

MLBB ကို နှစ်ချီကြာအောင် ဆော့လာခဲ့ပေမယ့် ဒီနာမည်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးခဲ့တာလဲဆိုတာ သတိမထားမိတဲ့သူတွေ ရှိနိုင်ပါတယ်။

တကယ်တော့ ဒီနာမည်လေးက ဂိမ်းရဲ့ အဓိကအနှစ်သာရ (၂) ခုကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတာပါ။

Mobile ဆိုတာက ဖုန်းနဲ့ အဓိကကစားရတဲ့ Mobile-first MOBA ဂိမ်းဖြစ်ကြောင်း ရည်ညွှန်းပြီး၊ Legends ကတော့ ဂိမ်းထဲက ကျွန်တော်တို့ ဆော့နေကျ Hero တွေကို ကိုယ်စားပြုထားတာပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဂိမ်းစထွက်လာတုန်းက 'Mobile Legends: 5v5 MOBA' ဆိုတဲ့ နာမည်နဲ့ပါ။ နောက်ပိုင်းမှာ Riot Games နဲ့ မူပိုင်ခွင့်ပြဿနာတချို့ ရှိခဲ့တာကြောင့် အားလုံးသိကြတဲ့ 'Mobile Legends: Bang Bang' အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ⚔️

ဒီနာမည်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းကတော့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး ရှိနိုင်ပေမယ့် အဓိကကတော့ Mobile Platform နဲ့ Legendary Heroes ဆိုတဲ့ အချက်တွေကို အကောင်းဆုံး ပေါင်းစပ်ပေးထားတဲ့ နာမည်တစ်ခု ဖြစ်လာစေဖို့လို့ ပြောကြပါတယ်။

အခု ၂၀၂၆ ခုနှစ်မှာ ၁၀ နှစ်သက်တမ်းကို ရောက်လာပြီဖြစ်တဲ့ MLBB ဟာ Mobile Legends: Bang Bang နာမည်လေးနဲ့ပဲ ကမ္ဘာ့အဆင့်မီ Esports ဂိမ်းတစ်ခုအဖြစ် ဆက်လက်အောင်မြင်နေဆဲဖြစ်ပါတယ်🏆

💬 ဒါဆို သူငယ်ချင်းတို့ရော MLBB ကို ဘယ်ခုနှစ်ကတည်းက စပြီး ဆော့ခဲ့ကြတာလဲ? Comment မှာ ပြောခဲ့ကြပါဦး👇🏻

"🔥 မနက်ဖြန်ဆိုရင် JJK Event Phase 2 လာပါပြီ! 🔥​🗓 Phase 2 က August 21 ရက်ကနေ August 25 ရက်အထိ (၅) ရက်တိတိ လာပါမယ်။​ဒီတစ်ခ...
20/08/2026

"🔥 မနက်ဖြန်ဆိုရင် JJK Event Phase 2 လာပါပြီ! 🔥

​🗓 Phase 2 က August 21 ရက်ကနေ August 25 ရက်အထိ (၅) ရက်တိတိ လာပါမယ်။

​ဒီတစ်ခေါက်မှာတော့ Recharge 250 ဖြည့်ပြီး Diamond 250 သုံးရင် Free Tickets (၂၉) ခု ရရှိမှာဖြစ်ပါတယ်။

​Phase 1 ရော Phase 2 မှာပါ မလွတ်တမ်းယူထားတဲ့ သူတွေကတော့ Event Coin 1000 နီးပါးအထိ စုမိပြီးသားဖြစ်မှာပါ။ ဒါကြောင့် Skin တစ်ကောင်စာအတွက် Daily Draw ကို တစ်ရက်တစ်ခါ မှန်မှန်ဆွဲသွားရင်ကို Event မပြီးခင်မှာ Skin တစ်ကောင်ကို အေးဆေးရနိုင်ပါတယ်နော်။

​⚡️ Event လာပြီဆိုတာနဲ့ မင်မင်တို့ရဲ့ KMS GAMING SHOP Website လေးမှာ အော်ဒါတင်ပြီးတာနဲ့ တစ်မိနစ်အတွင်း အမြန်ဆုံး ရရှိမှာပါ။

​💡 မင်မင့် အကြံပြုချက်
မနက်ဖြန် Event ချိန်ရောက်မှ ငွေဖြည့်တာထက်စာရင် အခုကတည်းက ကြိုပြီး ငွေဖြည့်ထားစေချင်ပါတယ်။ Event ရက်တွေဆို ငွေဖြည့်အော်ဒါလေးတွေ များလို့ အနည်းငယ် ကြာနိုင်တာမို့လို့ပါခင်ဗျာ။

​ကဲ... ဘော်ဒါတို့ကရော ဘယ် Skin ကို ယူဖို့ စဉ်းစားထားလဲ? Comment မှာ ဖြေပေးသွားကြပါဦး 👇

​ "

Address

Yangon

Alerts

Be the first to know and let us send you an email when KMS Gaming Shop - MLBB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share