
12/05/2022
"တချိန်တုန်းက သူကိုယ်တိုင်
ရေးခဲ့တဲ့ သူ့ အကြောင်း "
Admin ကိုယ်တိုင် လေးစားထောက်ပံ့ခဲ့တဲ့ ရဲ့ဘော်
အလေးနီ ပြုပါတယ် ။
(6.5.2022) နေ့တွင်
စစ်အာဏာရှင်နှင့် အာဏာာရှင်စနစ်အား
ရဲ၀င့်စွာတော်လှန်ရင်းကျဆုံးသွားခဲ့သော
"ငါသေတဲ့နေ့ ဒါမှမဟုတ်
ဒီမိုကရေစီပြန်ရတဲ့နေ့ကျမှ ရပ်မယ် " ဆိုတဲ့
ကိုကျော်စွာချမ်းမြေ့(ခ)ကိုထင်လင်း
ရောက်ရာအရပ်မှာ အေးချမ်းပါစေ ။
___________________________________________
# #
အညတရ စာဖိုမှုးတစ်ယောက်၊
ပေါင်ချိန် ၁၂၀ တောင်မရှိတဲ့ အရိုးခြောက်၊အရပ်ကလဲ ၅ပေ ၄ တောင်မပြည့်ဘူး။
အတန်းပညာမှာလဲ First Year(english) Distance ကိုကျောင်းလဲဆက်မတက်ဖြစ်ခဲ့ဘူး။
အေးအေးချမ်းချမ်း ကိုယ့်အလုပ်ကိုလုပ် တစ်နှစ်ကို နှစ်ခါလောက် ခရီးထွက် ၊ရသမျှငွေလေးတွေစုပြီး
ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ရှင်သန်နေတဲ့လူသား။
နိုင်ငံရေးအကြောင်းဆို သမ္မတကြီးနဲ့ လူထုခေါင်းဆောင်ကလွဲရင် ရပ်ကွက်က အုပ်ချုပ်ရေးမှုးနာမည်တောင်မသိတဲ့ကောင်။
အလုပ်၊အိမ်၊ရည်မှန်းချက်ပဲသိတဲ့သူပါ။
ဦမင်းကိုနိုင်တောင် အာဏာသိမ်းခံရပြီးမှ လူနဲ့နာမည်နဲ့တွဲပြီးသိလာတဲ့သူပါ။
ပါတီစွဲမထားပဲ ခေါင်းဆောင်ရဲ့အရည်အချင်းကိုပဲ
ကြည့်ပြီး မဲပေးခဲ့တဲ့သူ။
၂လပိုင်း ၁ ရက်နေ့မနက် ၆နာရီမှာ အိမ်ကဝင်လာတဲ့ဖုန်း ကနေပြီး ဘာလုပ်ရမယ်ဆိုတာမသိတဲ့ကောင်ဖြစ်သွားတယ်။
အလုပ်ကနေ အိမ်ကိုအပြီးပြန်သွားလိုက်တယ်။
ဒါပေမယ့်အိမ်မှာနေပြီး fb ထိုင်ကြည့်၊ပတ်ဝန်းကျင်နားစွင့်ရင်းနဲ့ လူထုလှုပ်ရှားမှုတွေ ကို အာရုံစိုက်လာမိတယ်။
အဖွားစု မဲဆွယ်စည်းရုံးရေးဆင်းတုန်းက ပြောသွားတဲ့ စကားတစ်ခွန်းကိုပဲ နားထဲ ကြားယောင်လာမိတယ်။
#နိုင်ငံရေးကိုစိတ်မဝင်စားလဲအချိန်တန်ရင်နိုင်ငံရေးဆိုတဲ့အရာကအိမ်ထဲထိရောက်လာလိမ့်မယ်။
သွေးထွက်လာမှ မှန်မှန်းသိတဲ့စကား
ဘာလုပ်ရမလဲတွေးလိုက်တယ်။
အလုပ်ရှင်ကိုတိုင်ပင်လိုက်တယ်။
အလုပ်ကိုပြန်သွားပြီး
သူ့ပံ့ပိုးမှုနဲ့ Lunch box တွေကို
ဆန္ဒပြ ပြည်သူတွေအတွက် လုပ်ပေးတယ်။
ဒါပထမဆုံးစလုပ်တာပဲ။
မနက်ဆို Lunch box လုပ်တယ် နေ့လည်ဆို ကျန်တဲ့ ဘူးတွေအကုန်ယူပြီး UN ရုံးရှေ့သွားတယ်။
တရက်မှမပျက်ခဲ့ဘူး။
သပိတ်ဖြိုခွင်းမှုတွေစလာတဲ့ အခါကျတော့
စမ်းချောင်းပဒုံမ္မာလမ်းကို နေရာပြောင်းပြီးသွားခဲ့တယ်။
ကိုယ်နဲ့ တခါမှမသိ မမြင်ဖူးတဲ့သူတွေနဲ့အတူတူ
သပိတ်တွေဖြိုခွဲမခံရအောင် တားဆီးခဲ့ကြတယ်။
မနက်lunch box လုပ် နေ့လည် UN သွား ဆန္ဒပြရာကနေ မနက်lunch box လုပ် နေ့လည် စမ်းချောင်းမှာ သပိတ်ဖြိုခွင်းမခံရအောင် ဝိုင်းကူညီကာကွယ်ပေးတဲ့အလုပ်ကိုပြောင်းလုပ်ခဲ့ကြတယ်။
နေ့စဥ်မပျက် ၂လပိုင်း ၅ ရက်နေ့ကနေပြီး ၃ လပိုင်း ၁ရက်နေ့အထိ လုပ်ခဲ့တယ်။
၃လပိုင်း ၁ရက်နေ့ညမှာ ဗဟန်းမြို့နယ်တွင်နေထိုင်ကြသူများ(Bahan) ဆိုတဲ့ Gp ကနေ တွေ့လိုက်ရတဲ့ ဗဟန်းသားတွေက ငြိမ်နေကြတာလား၊သူများမြို့နယ်တွေအကုန် သပိတ်လုပ်နေကြတယ် ဗဟန်းကမလုပ်ဖူးလားဆိုတာတွေ တွေ့လာတော့။
အဲGp ကနေပဲ သပိတ်လုပ်ဖို့အတွက် လူခေါ်တဲ့post တစ်ခုတင်လိုက်တာမှာ လူ ၂၀၀ လောက်စုမိသွားပြီး
နောက်တဖွဲ့ကစုမိတဲ့ လူ ၅၀ ကျော်ကနေ
နှစ်ဖွဲ့ပေါင်းပြီး ဗဟန်းဦးချစ်မောင်လမ်းမပေါ်က
အာဇာနည်လမ်းထိပ်မှာအထိုင်သပိတ်ကို
၂ ရက်နေ့ကနေ စလုပ်ဖြစ်ခဲ့တယ်။
မနက်၈နာရီဆိုတာနဲ့ ကျော်ပိုးအိတ်ထဲ လိုအပ်တဲ့ပစ္စည်းအကုန်ထည့်ပြီး သပိတ်နေရာကိုသွားတယ်။
၉နာရီလူစုံတာနဲ့ ရပ်ကွက်ကိုလမ်းလျောက်သပိတ်လုပ်တယ်။ပြီးရင်ညနေအထိ အာဇာနည်လမ်းထိပ်မှာ ထိုင်သပိတ်လုပ်တယ်။
စကားမပီတဲ့ကောင် တိုင်ပေးသမျှ လိုက်ဆိုကြတယ်။
ငပိန်သေးက ခိုင်းသမျှ လိုက်လုပ်ကြတယ်။
အခြား
၃လပိုင်း ၂ ရက်နေ့ကနေပြီး ၃လပိုင်း ၂၁ ရက်နေ့အထိ တစ်ရက်မပျက်လုပ်ပေးခဲ့တယ်။
တဖြည်းဖြည်း ကြောက်တတ်လာကြတဲ့
လူကြီးတွေကြောင့် ဆက်လုပ်ပေးနေရင် ကိုယ့်သပိတ်ကလူတွေ အန္တရာယ်အရမ်းများလာလို့ သပိတ်ကို လုံးဝဆက်မလုပ်ပေးတော့ပဲ ကိုယ်လဲအရင်လိုနေရာစုံ လျောက်သွားပြီး အခြားနည်းလမ်းနဲ့ တော်လှန်ဖို့ စီစဥ်နေခဲ့တယ်။
စီစဥ်နေတာတွေ အကောင်အထည်ဖော်ဖို့ခရီးထွက်ခါနီး ၄ လပိုင်း ၁၃ ရက်နေ့ညမှာ ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းပါလာတယ်။
အစီအစဥ်ခနပြန်ဖျက် ကိုယ်လဲ တစ်ပတ်လောက်ပုန်းနေလိုက်ရတယ်။
တစ်ပတ်လဲကျော်ရော မြို့ထဲပြန်ဝင်ပြီး ပျောက်ကျားသပိတ်လေးတွေ ပြန်လုပ်၊အလုပ်ကောင်းပြီး ၄လပိုင်း၂၄ရက်နေ့မှာ ဒုတိယအကြိမ် ပုဒ်မ ၅၀၅ (က) နဲ့ ထပ်ပါလာခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ ရင်လဲမခုန်တော့သိလို လုပ်လက်စတွေလဲမရပ်တော့ဘူး။(၂၅ရက်နေ့တောင်သပိတ်ထွက်လိုက်သေးတယ်)
သပိတ်တွေလုပ်ရုံနဲ့မပြီးဘူးဆိုတာကို အစထဲကသိတဲ့အတွက်
တော်လှန်ရေးအတွက်ပါ အားစိုက်ထုတ်ခဲ့တယ်။
အလုပ်တွေထပ်တိုးလုပ်ခဲ့တယ်။
သပိတ်၊CDM၊သင်တန်း အစုံလုပ်တယ်။
ဘေးနားကလူတွေ တဖြည်းဖြည်းလျော့လာခဲ့တယ်။
အလုပ်အဆင်ပြေပေမယ့် နယ်မြေက ကျည်းလာတယ်။
ရပ်ဖို့အစီအစဥ်မရှိသလို
ဘယ်တော့မှလဲမရပ်ဘူး။
ငါသေတဲ့နေ့ ဒါမှမဟုတ် ဒီမိုကရေစီပြန်ရတဲ့နေ့ကျမှ ရပ်မယ်။
ဒီစာကိုရေးတင်ရတဲ့ ရည်ရွယ်ချက်က ကိုယ်ဘာလုပ်ခဲ့တယ်ဆိုမသိသေးတဲ့သူတွေ သိစေချင်လို့။
အောင်မြင်နိုင်မယ့်နည်းလမ်းအကုန်လုပ်ပြီးသွားပြီမို့
အခုတော့ နောက်ဆုံးတိုက်ပွဲအတွက်ပဲ
လုပ်တော့မယ်။
တို့ပြည်သူတွေညီရဲ့လားဟေ့လို့ ပြန်လာမအော်ပေးတော့ဘူး။
ခင်ဗျားတို့နဲ့အတူတူ ခင်ဗျားတို့ရှေ့ကနေပြီး ကာကွယ်ပေးဖို့၊အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ရှင်းပေးဖို့အတွက် လိုအပ်တာတွေယူပြီး ခင်ဗျားတို့ဆီပြန်လာခဲ့မယ်။
Neonatal Chef
ကျော်စွာချမ်းမြေ့
All images=Crd to original uploaders
#ရန်ကုန်ကိုဘယ်တော့မှမစွန့်လွှတ်ဘူး
#ပြန်လာခဲ့မယ်
#အားတင်းထားရန်ကုန်