MyintMyat TaKhun Design & Construction

MyintMyat TaKhun Design & Construction "နားခိုရာအိမ်ကလေးတလုံးကို စိတ်ကျေနပ်မှုအပြည့်နဲ့လူတိုင်းကိုပိုင်ဆိုင်စေချင်တာ M2Kရဲ့စေတနာ"

18/03/2025

🏡 အိမ်ရှင်အများစု သဘောကျကြတဲ့ မြောက်ဘက်လှည့် အိမ်မျက်နှာစာ
မြောက်ဘက်သို့ မျက်နှာမူထားတဲ့အခါ မိသားစုဝင်တွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေလဲ??

🌄 ရှေးအယူအဆများအရ
အိမ်မျက်နှာစာအလှည့်ကို မြောက်အရပ်သို့ ထားခြင်းသည်

စိတ်ပိုင်းဆိုင်ရာ

ရုပ်ပိုင်းဆိုင်ရာ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်တဲ့အတွက် အိမ်တည်ဆောက်ရာတွင် မြောက်အရပ်သို့ မျက်နှာမူထားခြင်းသည် ကောင်းမွန်သောရွေးချယ်မှုအဖြစ် လက်ခံကြပါတယ်။

🌞 မြောက်အရပ်သို့ မျက်နှာမူထားသော အိမ်များ၏ အကျိုးကျေးဇူးများ

နေ့ခင်းဘက်တွင် အလင်းရောင်နူးညံ့စွာ ရရှိပြီး အပူချိန်မျှတမှုရှိသည်။

နေရောင်တိုက်ရိုက်မကျသောကြောင့် အိမ်အတွင်း အပူချိန်မြင့်မားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဖုန်မှုန့်နှင့် အညစ်အကြေးများ နည်းပါးတတ်ပြီး သန့်ရှင်းသောပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်။

မိသားစုဝင်များအကြား ချစ်ခင်ရင်းနှီးမှုနှင့် သဟဇာတဖြစ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

🧘‍♂️ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှု
မြောက်အရပ်သည် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုနှင့် အိမ်တွင်းရေး သဟဇာတဖြစ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

😴 အိပ်စက်မှုပိုမိုကောင်းမွန်ခြင်း
မြောက်အရပ်သို့ မျက်နှာမူထားသော အိပ်ခန်းများသည် အေးချမ်းသောစွမ်းအင်ကြောင့် ပိုမိုကောင်းမွန်သော အိပ်စက်မှုကို ရရှိစေနိုင်ပါတယ်။

🌟
အိမ်တည်ဆောက်ရာတွင် မြောက်အရပ်သို့ မျက်နှာမူထားခြင်းသည် ကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်တဲ့အကြောင်း စုစည်းတင်ပြပေးလိုက်ပါတယ် ခင်ဗျာ 🌄🏡✨

Modernလား???Classical လား???Simple လား???🤔အဆောက်အဦဒီဇိုင်းသီးသန့်အပ်ချင်တဲ့ 𝐂𝐥𝐢𝐞𝐧𝐭 များအတွက်...🔹𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 𝐃𝐫𝐚𝐰i𝐧𝐠🔹𝟑𝐃 ...
18/02/2025

Modernလား???
Classical လား???
Simple လား???🤔
အဆောက်အဦဒီဇိုင်းသီးသန့်အပ်ချင်တဲ့ 𝐂𝐥𝐢𝐞𝐧𝐭 များအတွက်...
🔹𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 𝐃𝐫𝐚𝐰i𝐧𝐠
🔹𝟑𝐃 𝐃𝐞𝐬𝐢𝐠𝐧 𝐏𝐡𝐨𝐭𝐨
🔹𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐃𝐞𝐬𝐢𝐠𝐧 & 𝐃𝐞𝐭𝐚𝐢𝐥 များကို
Client စိတ်တိုင်းကျ ရေးဆွဲပေးနေပါပီ

🔹လူကြီးမင်တို့ စိတ်တိုင်းကျအိမ်တစ်လုံးဆောက်ချင်တာ၊ စိတ်တိုင်းကျလိုချင်တဲ့ဒီဇိုင်းတခုရရှိဖို့အပ်ချင်တာဆိုရင် ကျွန်‌တော်တို့နဲ့လက်တွဲဖို့ဖိတ်ခေါ်ပါတယ်👍

#မိတ်ဆွေများအနေနှင့်​
#ဆောက်ချင်တဲ့မည်သည့်ပုံစံကိုမဆို #ဆောက်ချင်တဲ့ပေအကျယ်_လိုချင်တဲ့အခန်းဖွဲ့အနေအထားကို​
#တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#မြင့်မြတ်တံခွန်

 #ဖောင်ဒေးရှင်းနက်နက်တူးရုံနဲ့အဆောက်အဦခိုင်ခံ့မှုအတွက်စိတ်ချရပါ့မလား???အထပ်မြင့်အဆောက်အဦတိုင်း ဖောင်ဒေးရှင်းကို နက်နက်တူ...
15/02/2025

#ဖောင်ဒေးရှင်းနက်နက်တူးရုံနဲ့အဆောက်အဦခိုင်ခံ့မှုအတွက်စိတ်ချရပါ့မလား???

အထပ်မြင့်အဆောက်အဦတိုင်း ဖောင်ဒေးရှင်းကို နက်နက်တူးရုံနဲ့ လုံခြုံစိတ်ချရပြီလို့ ပြောလို့မရပါဘူး။ ဖောင်ဒေးရှင်းရဲ့ ခိုင်ခံ့မှု၊ ဘယ်နှပေအနက်တူးရမလဲ စသည့်‌ မေးခွန်းအတွက် ဖြေရှင်းချက်အများကြီးပေါ်မှာ မူတည်ပါတယ်။
ဖောင်ဒေးရှင်းကိုနက်နက်တူးခြင်းဟာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပေမယ့် ဒီတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အထပ်မြင့်အဆောက်အဦတစ်ခုရဲ့ ဖောင်ဒေးရှင်းကို ဒီဇိုင်းဆွဲရာမှာ ထည့်သွင်းစဉ်းစားရမယ့် အဓိကအချက်များကတော့-

* မြေပြင်အနေအထား:
မြေအမျိုးအစား၊ မြေလွှာအထူ၊ မြေအောက်ရေ ရှိ/မရှိ စသည်တို့ကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ မြေဆီလွှာရဲ့ ခံနိုင်ရည်အားကို တိုင်းတာပြီး အဆောက်အဦရဲ့ အလေးချိန်ကို ထောက်ပံ့နိုင်မယ့် ဖောင်ဒေးရှင်းကို ရွေးချယ်ရပါမယ်။ မြေပျော့ရင် နက်နက်တူးရုံနဲ့ မလုံလောက်ဘဲ လိုအပ်သောတခြားနည်းလမ်းတွေ သုံးသင့်ပါတယ်။

* အဆောက်အဦရဲ့ အလေးချိန်နဲ့ ဒီဇိုင်း:
အဆောက်အဦရဲ့ အလေးချိန်၊ အထပ်အရေအတွက်၊ ပုံသဏ္ဍာန်နဲ့ ဒီဇိုင်းတွေဟာ ဖောင်ဒေးရှင်းအပေါ် သက်ရောက်တဲ့ ဝန်အားကို ပြောင်းလဲစေပါတယ်။ ဒါကြောင့် အဆောက်အဦရဲ့ ဒီဇိုင်းကို အတိအကျသိရှိမှသာ သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်နိုင်ပါတယ်။

* ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေ:
မိုးများတဲ့ဒေသ၊ မြေငလျင်အန္တရာယ်ရှိတဲ့ ဒေသတွေမှာ ဖောင်ဒေးရှင်းကို ပိုပြီး ဂရုတစိုက် တည်ဆောက်ရပါတယ်။ ရာသီဥတုအခြေအနေကြောင့် မြေဆီလွှာရဲ့ အခြေအနေ ပြောင်းလဲနိုင်ပြီး ဒါကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

* ဖောင်ဒေးရှင်း အမျိုးအစား:
အထပ်မြင့်အဆောက်အဦတွေအတွက် သင့်တော်တဲ့ ဖောင်ဒေးရှင်း အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်- spread footing, Mat foundation, Pile foundation ၊
မြေပြင်အနေအထားနဲ့ အဆောက်အဦရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ရပါမယ်။

* အရည်အသွေးနဲ့ တည်ဆောက်မှု:
ဖောင်ဒေးရှင်းကို တည်ဆောက်ရာမှာ အရည်အသွေးမြင့် ပစ္စည်းတွေကို အသုံးပြုရပါမယ်။ တည်ဆောက်မှု လုပ်ငန်းစဉ်ကိုလည်း ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေနဲ့ လုပ်သားတွေက သေချာစွာကြီးကြပ်ရပါမယ်။
ဒါကြောင့် အထပ်မြင့်အဆောက်အဦတစ်ခုရဲ့ ဖောင်ဒေးရှင်းဟာ ပေနက်နက်တူးရုံနဲ့ မလုံလောက်ဘဲ အထက်မှာဖော်ပြထားတဲ့ အချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီး သေချာစွာ ဒီဇိုင်းဆွဲ တည်ဆောက်မှသာ လုံခြုံစိတ်ချရမှာပါ။ အထပ်မြင့်အဆောက်အဦတွေအတွက် ဖောင်ဒေးရှင်းဟာ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

#မြင့်မြတ်တံခွန် ိုတာကတော့

မှန်ကန်သော သံဆင်၊ပုံစံချနည်း #မြင့်မြတ်တံခွန်
14/02/2025

မှန်ကန်သော သံဆင်၊ပုံစံချနည်း

#မြင့်မြတ်တံခွန်

PAE ဖြင့် တိုက်ဆောက်ခြင်း ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် ...
14/02/2025

PAE ဖြင့် တိုက်ဆောက်ခြင်း ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် အိမ်ပိုင်ရှင်ကြီးများ အတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။
__________________________________________
ဲ့_အရှည်အခေါ်အဝေါ်ကတော့

" Plinth Area Estimate " ( PAE ) ဖြစ်ပါတယ်။

ိုတာကတော့ ..... အများလက်ခံထားတာက
အဆောက်အဦဆောက်လုပ်ရာမှာ မိမိဆောက်မည့်
အဆောက်အဦရဲ့ အကျယ်အဝန်း တိကျသော ဧရိယာပေါ်မှာ ကုန်ကျစရိတ်ကို ခန့်မှန်းသတ်မှတ်ပြီး တွက်ချက်၍ အိမ်ရှင်နဲ့ ကန်ထရိုက် ကြားမှာ နားလည်မှုယူကြပြီး ညှိနှိုင်တွက်ချက် ဆောက်ကြတာဖြစ်ပါတယ်

☆ ဆောက်မည့် ခုနှစ်အလိုက် သတ်မှတ်စျေးနှုန်း
☆ ပါဝင်တည်ဆောက်မည့် ပစ္စည်းအပေါ် စျေးနှုန်း
☆ မျှတတဲ့ စျေးနဲ့ ဆောက်လုပ်ကြတာဖြစ်ပါတယ် ။

===================================

PAE စနစ်နဲ့ ဆောက်ကြရာဝယ်
အိမ်ရှင်တွေ အတွက် အလွန် အလုပ်ရှုပ် ခေါင်းစားရတဲ့
မှန်းထားတာထက်ပို တတ်တဲ့ အလုပ်ကို
ကြိုတင်တွက်ချက်ပြီး အဆောက်အဦး
တစ်ခုလုံးပြီးအောင် အိမ်ရှင်နဲ့ ကန်ထရိုက်ကြား မှာ

- မြေတူး လုပ်သားများ
- ပန်းရံ ခရွေး လုပ်သားများ
- လက်သမား အကြမ်း/အချော လုပ်သားများ
- မီးသမား လုပ်သားများ
- ဆေးသမား လုပ်သားများ
- ရေပိုက်သမား လုပ်သားများ
- ကြွေပြားသမား လုပ်သားများ
- သံပန်းသမား လုပ်သားများ
- ခေါင်မိုးသမား လုပ်သားများ ... စသဖြင့် အဆောက်အဦးတစ်ခုအပေါ် တတ်ကျွမ်း‌သောလုပ်သားကြီးများကို စုပေါင်းပြီး ကန်ထရိုက်များမှ
တာဝန်ယူ ဆောက်လုပ်ပေးသော စနစ်လို့ အလွယ်တကူ နားလည် ကြရန်ဖြစ်ပါတယ် ။
==============================

PAE စနစ်နဲ့ ဆောက်လုပ်တဲ့အခါ
ဆောက်လုပ်မည့် အိမ်ရဲ့ အကျယ်အဝန်းဧရိယာ ကို
PAE Rate နဲ့ မြှောက်၍ စာချုပ်ချုပ်ဆိုပြီး
ဆောက်လုပ်ကြတာပါဘဲ ။

အဲ့လို PAE Rate နဲ့ တွက်ချက်တယ်ဆိုတာကတော့
အလွယ်တကူ နားလည် ထားရမှာကတော့
တည်ဆောက်မည့် အဆောက်အဦးရဲ့ ဧရိယာကို
#တစ်ပေပတ်လည် #ကျသင့်စျေးနှုန်းနဲ့ #မြှောက်ပြီး
- ငွေပေးငွေယူ လုပ်ကြခြင်းပါဘဲ ။

ငွေပေး ငွေယူ လုပ်ကြပြီး ဆောက်လုပ်ခြင်းအတွက်
အသုံးပြုမည့် ....
- သံ အမျိုးအစား
- ဆေး အမျိုးအစား
- ကြွေပြား အမျိုးအစား
- ဘိလပ်မြေ အမျိုးအစား
- ဝါယာကြိုး အမျိုးအစား
- တံခါး ကျည်းခွေ အမျိုးအစား
- အလူမီနီယံ အမျိုးအစား စသဖြင့် ....
ပါဝင်ထည့်သွင်း တည်ဆောက်မည့် ပစ္စည်းများကို
တိတိကျကျ ဆွေးနွေးတိုင်ပင် ညှိနှိုင်း၍
အဆောက်အဦး တည်ဆောက်ကြတာ ဖြစ်ပါတယ် ။
==============================

ရေ မီး ဆေး ပစ္စည်း လက်ခ အပြီအစီး
ပါဝင်ပစ္စည်းများ စျေးသတ်မှတ်ပြီးရင်
ကုန်ကျစရိတ် တွက်နည်းကတော့.....

ဥပမာ.....

တစ်ပေပတ်လည်ကို ၃၀၀၀၀/- ကျပ် ဆိုပါစို့
အဆောက်အဦးက
မျက်နှာပွင့် ပေ ၂၀ × နောက်အရှည် ပေ ၄၀ ရှိမည်ဆိုပါက
ခန့်မှန်း ကုန်ကျ ငွေ ကျပ် သိန်း ( ၂၄၀ )
သိန်း ( နှစ်ရာ လေးဆယ် )ကျမှာ ဖြစ်တယ် ။

□ PAE တစ်ပေပတ်လည် ၃၅၀၀၀ ကျပ် ဖြင့် ဆောက်ပေးမည့်သူ နှင့်
□ PAE တစ်ပေပတ်လည် ၃၀၀၀၀ ကျပ် ဖြင့်ဆောက်လုပ်ပေးမည့်သူတို့ကြား

စျေးသက်သာသွားပေမယ့် ထည့်ဝင်အသုံးပြုမည့် ပစ္စည်းအရည်အ‌သွေးများမှာ ဘယ်လိုမှ မတူညီနိုင်ပါ ။
-------------------------------------------------------------------
တချို့ အဆောက်အဦးတွေမှာ
အမိုးမိုးခြင်းနဲ့ ပတ်သက်ပြီးတာ့
- သွပ်မိုး 4 Angel , WAVE Design အထူ/အပါး
- Parapet design ထည့်မှာလား
- Slab အမိုး မိုးကြမှာလား
- အုတ်ကြွပ်မိုး မိုးကြမှာလား
အုတ်ကြွပ် က စျေးမြင့်လို့ သိပ်မမိုးကြပါဘူး
- ရိုးရိုးအိမ်သာ , ဘိုထိုင်အိမ်သာ
ဘိုထိုင်အိမ်သာမှာ ရှစ်သောင်း ၊ တစ်သိန်း ၊ နှစ်သိန်း
စသဖြင့် စျေးနှုန်အမျိုးမျိုးရှိပါတယ်
☆ ဒီအပေါ်မှာ စျေးက
အလွန့် အလွန်ကွာသွားတတ်ပါသေးတယ် ။
----------------------------------------------------------------
အိမ်ရှင်ဘက်မှ မူလတည်ဆောက်မည့် ဒီဇိုင်းမှာ မပါဝင်တဲ့ နောက်တိုး
-ပစ္စည်းများထပ်ထည့်ခြင်း
-အခန်းများတိုးချဲ့ခြင်း
စသည့် အပေါ်မှာနောက်တိုး စာချုပ် ချုပ်ဆိုကြရမှာ
ဖြစ်ပါတယ် ။
-----------------------------------------------------------------

#ငွေပေးငွေယူ စနစ်ကတော့ များသောအားဖြင့်

အဆောက်အဦးဆောက်တော့မည်ဆိုလျှင်
- စာချုပ်ချုပ်ဆိုသည့်နေ့မှာ စရံပေးကြရပါတယ်
- ပန္နက် ဖောင်‌ဒေးရှင်း foundation မစခင် တရစ်ထပ်ပေးရပါတယ်
- မြေညီထပ် တိုင်ထောင် စလပ်လောင်း
မပြုလုပ်ခင်မှာ တရစ်ထပ်ပေးရပါတယ်

ကန်ထရိုက်နှင့် အိမ်ရှင်ကြား ညှိနှုင်း တွက်ချက်ပြီး လုပ်ကြရတာဖြစ်ပါတယ် ။
-----------------------------------------------------------------
လူတိုင်း နားလည်နိုင်သည့် စကားလုံးများဖြင့် လိုရင်းတိုရှင်း ရေးသား တင်ပြလိုက်ရပါသည် ...
credit
#မြင့်မြတ်တံခွန် #သံထည်နှင့်အိမ်ဆောက်ပစ္စည်းဖြန့်ချီရေး

အိမ်အသစ်လေးဆောက်တာဖြစ်ဖြစ် ပြုပြင်တာဖြစ်ဖြစ် အိမ်ပိုင်ရှင်လေးတွေအနေနဲ့ စိတ်တိုင်းကျအိမ်လေးတစ်လုံးရရှိဖို့အတွက် အချက်အလက်...
11/02/2025

အိမ်အသစ်လေးဆောက်တာဖြစ်ဖြစ် ပြုပြင်တာဖြစ်ဖြစ် အိမ်ပိုင်ရှင်လေးတွေအနေနဲ့ စိတ်တိုင်းကျအိမ်လေးတစ်လုံးရရှိဖို့အတွက် အချက်အလက်များစွာလိုအပ်ပါတယ်။ အချက်လက်များစွာထဲကမှ အဓိကလိုအပ်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်‌နော်။

1. ဘတ်ဂျက် (Budget)
*အိမ်ဆောက်လုပ်ခြင်း (သို့) ဝယ်ယူခြင်းအတွက် ဘတ်ဂျက်ကို အတိအကျသတ်မှတ်ပါ။
* ဘတ်ဂျက်အတွင်း အိမ်ဆောက်လုပ်နိုင်ရန် (သို့) ဝယ်ယူနိုင်ရန် စီမံကိန်းရေးဆွဲပါ။

2. တည်နေရာ (Location)
* မိသားစုနေထိုင်ရန် သင့်တော်သော တည်နေရာကိုရွေးချယ်ပါ။
* အလုပ်ခွင်နှင့်နီးခြင်း၊ သွားလာရေးလွယ်ကူခြင်း၊ ရပ်ကွက်ကောင်းမွန်ခြင်းစသည့်အချက်များကို ထည့်သွင်းစဉ်းစားပါ။

3. အိမ်အမျိုးအစား (House Type)
* မိသားစုဝင်ဦးရေ၊ လိုအပ်သောအသုံးပြုမှုနေရာများပေါ်မူတည်ပြီး အိမ်အမျိုးအစားကို ရွေးချယ်ပါ။
* လုံးချင်းအိမ်၊ အထပ်မြင့်တိုက်ခန်း၊ ကွန်ဒို (Condo) စသည်တို့အနက်မှ မိမိတို့နှင့်ကိုက်ညီသောအမျိုးအစားကို ရွေးချယ်ပါ။

4. အိမ်အရွယ်အစား (House Size)
* မိသားစုလိုအပ်ချက်နှင့်ကိုက်ညီသော အိမ်အရွယ်အစားကို ရွေးချယ်ပါ။
* အခန်းအရေအတွက်၊ အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းနှင့် အိမ်သာများပါဝင်မှုကို သေချာစွာ စဉ်းစားပါ။

5. ဒီဇိုင်း (Design)
* မိမိတို့နှစ်သက်သော ဒီဇိုင်းကိုရွေးချယ်ပါ။
* ခေတ်ပေါ်ဒီဇိုင်း၊ ဂန္ထဝင်ဒီဇိုင်း၊ မော်ဒန်ဒီဇိုင်းများအနက်မှ မိမိတို့စိတ်ကြိုက်ပုံစံကို ရွေးချယ်ပါ။

6. အဆောက်အဦအရည်အသွေး (Building Quality)
* အိမ်ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများ၏ အရည်အသွေးကို သေချာစွာစစ်ဆေးပါ။
* ခိုင်ခံ့မှု၊ တာရှည်ခံမှုရှိသော ပစ္စည်းများကို အသုံးပြုပါ။

7. အိမ်ဆောက်လုပ်ရေးကုမ္ပဏီ (Construction Company)
* အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရသော အိမ်ဆောက်လုပ်ရေးကုမ္ပဏီကို ရွေးချယ်ပါ။
* ကုမ္ပဏီ၏ လုပ်ငန်းစဉ်များ၊ အရည်အသွေးနှင့် ဝန်ဆောင်မှုများကို သေချာစွာ လေ့လာပါ။

အိမ်ဆောက်လုပ်ခြင်း (သို့) ဝယ်ယူခြင်းသည် ကြီးမားသောဆုံးဖြတ်ချက်တစ်ခုဖြစ်သောကြောင့် အထက်ပါအချက်များကို သေချာစွာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်‌နော်။

#မြင့်မြတ်တံခွန် #သံထည်နှင့်အိမ်ဆောက်ပစ္စည်းဖြန့်ချီရေး

11/02/2025

#အရပ်အခေါ်_စတားကွင်းရဲ့လုပ်ဆောင်ချက်တာဝန်တွေကဘာတွေလဲ❓❓❓
=============================
👷 အင်ဂျင်နီယာနည်းပညာအခေါ်အဝေါ်အရ stirrups နှင့် ties ဆိုပြီး သံကွင်းပုံစံနှစ်မျိုးရှိပါတယ်။ ဘင့် (beam) မှာသုံးတဲ့ သံကွင်းကို stirrups (အရပ်ခေါ်စတားကွင်း) လို့ပြောပြီး တိုင်တွေမှာသုံးတဲ့ သံကွင်းကိုတော့ ties လို့သုံးနှုန်းပါတယ်။ ကျွန်တော်ကတော့ လုပ်သားတွေမှတ်ရလွယ်အောင် တိုင်းကွင်းလို့ခေါ်လိုက်တာပါပဲ။ ဒါ မယ့် သူတို့က စတားကွင်းကိုပဲနှုတ်ကျိုးနေတော့ နည်းနည်းတော့ညှိယူရတယ်ဗျာ့။ ထားပါတော့။ အဓိကအ ကြောင်းအရာကိုပဲဆက်သွားရအောင်ပါ။
👷 ခုပြောချင်တာက stirrups တွေ ties တွေကဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်နေကြသလဲဆိုတာပါ။ သူတို့တွေက

👉 နံပါတ်(၁) အနေနဲ့ shear force လို့ခေါ်တဲ့ မျက်နှာပြင်ဆန့်ကျင်လျှောပြတ်အားကိုခုခံပေးပါတယ်။ ကတ်ကြေးသွားနှစ်ခုကြားထဲကို စာရွက်ထည့်ညှပ်လိုက်လို့စာရွက်ပြတ်သွားတာဟာ အသွားအပေါ်အောက်ဆန့်ကျင် ဘက်အားနှစ်ခုကြောင့်ဖြစ်လာတဲ့ လျှောပြတ်အားကြောင့်ပဲ။ ဆလက်ပြင်ပေါ်က အလေးချိန်တွေအကုန်လုံးက ဘင့်ဆီသွားပြီး ဘင့်ပေါ်ကအလေးချိန်အားလုံးက တိုင်ဆီကိုသွားဖိချပါတယ်။ အဲလိုပဲ ဘင့်ကြီးပြုတ်ကျမသွားဖို့ ကို တိုင်ကပြန်ပင့်တင်ထားရပါတယ်။ အဲတော့ ဘင့်ကဖိချတဲ့အားက ကတ်ကြေးအပေါ်သွားနဲ့တူပြီး တိုင်ကပြန် ပင့်တင်နေတဲ့အားက ကတ်ကြေးအောက်သွားကလာမယ့်အားနဲ့တူတာပေါ့ဗျာ။ အဲဒီဆန့်ကျင်ဘက်အားနှစ်ခု ကြားထဲရောက်နေတဲ့ ဘင့်ကတော့စာရွက်သဘောပဲပေါ့ဗျာ။ များစွာသော စမ်းသပ်ချက် သုတေသနတွေအရ လျှောပြတ်အားကြောင့် ကျိုးကျမယ့်ဘင့်တစ်ချောင်းက ထောင့်ဖြတ်ပုံစံအက်ကြောင်းတွေပေါ်လာတာကိုတွေ့ရ ပါတယ် (ပုံ (1) မှာကြည့်ပါ)။ ထောင့်ဖြတ်ပုံအက်ကြောင်းတဖြည်းဖြည်းကြီးလာရင် ဘင့်ကအပေါ်တခြမ်း အောက်တခြမ်းပုံစံမျိုးကွဲသွားပြီး ကျိုးပြတ်တော့တာပဲ။ ဒီနေရာမှာ ထောင့်ဖြတ်အက်ကြောင်းနှစ်ခုကို အဝတ်ပြဲကို အပ်ချည်ကြိုး နဲ့ချုပ်သလိုမျိုးထိုးချုပ်ပေးထားတဲ့တာဝန်ကိုထမ်းဆောင်နေတာက မိတ်ဆွေတို့ပြောပြောနေတဲ့ စတားကွင်းတွေပါပဲ။ ဒါဆိုစတား ကွင်းရဲ့တာဝန်ကဘာလဲမြင်သာပါပြီ။ အပ်ချည်ကြိုးကိုစိတ်စိတ်ချုပ်ထားပေးလေလေ အဝတ်ကအလွယ်တကူမပြဲနိုင်လေပါပဲ။ အဲလိုပဲ စတားကွင်းတွေကို စိတ်စိတ်ထည့်ပေးထားနိုင်လေလေ လျှောပြတ်အားကြောင့်ဖြစ်မယ့် ပျက်စီးမှုမျိုး ကိုကာကွယ်နိုင်လေလေပါပဲ။ ဒါအပြင့် ဝန်ပိုသက်ရောက်တဲပအခြေအနေမျိုးမှာ ရုတ်တရက်ကျိုးကျပျက်စီးခြင်းမျိုးမဖြစ်စေပဲ ယိမ်းနွဲ့တောင့်ခံနိုင်စွမ်း (ductility) ကိုလည်တိုးစေပါတယ်။

👉 နံပါတ် (၂) အနေနဲ့ အလယ်အူတိုင်ကွန်ကရစ်သားကို အလွယ်တကူအပြင်ဘက်ကိုရောက်မသွားအောင်ကာ ကွယ်ပေးပါတယ်။ မြင်သာအောင်ပြောရရင် ရေသန့်ဗူးခွံတစ်ခုကို အလယ်ကဖြတ်ပြီး ​အောက်ပိုင်းမှာသဲဖြည့်ပြီးအပေါ် ကနေအားသုံးပြီးဖိကြည့်တဲ့အခါ ဗူးခွံဗိုက်ပူလာတာကိုတွေ့ရပါလိမ့်မယ်။ အပေါ်တည့်တည့်ကဖိချလိုက်လို့ သဲတွေကအောက်ဘက်ကိုကျုံ့ဝင်သွားသလိုပဲ တစ်ချိန်တည်းမှာပဲ ဘေးကိုတွန်းထုတ်တဲ့အားတစ်ခုပေါ်လာတာ မို့ ရေသန့်ဗူးကဗိုက်ပူလာရခြင်းဖြစ်ပါတယ်။ အဲဒါကိုတော့ အင်ဂျင်နီယာအခေါ်အရ ပွိုင်ဆန်အကျိုးသက်ရောက် မှု (Poission effect) လို့ပြောပါတယ်။ ခုနကဗူးနေရမှာ ကွန်ကရစ်တိုင်လိုမြင့်ကြည့်မယ်ဆိုရင်လည်း အပေါ်က ဖိချလိုက်တဲ့အလေးချိန်တွေကြောင့်မို့ အလယ်အူတိုင်ကကွန်ကရစ်တွေက ဘေးကိုတွန်းထုတ်နေမယ်ဆိုတာ ပ ညာမျက်စိနဲ့မြင်နိုင်ပါတယ်။ ခုနကရေသန့်ဗူးခွံကိုပဲ အပြင်ကနေသံကွင်း ဒါမှမဟုတ် စပရင်ကွင်းလိုမျိုးဟာတစ်ခု ခုပါတ်လိုက်ပြီး ပြန်ဖိချကြည့်မယ်ဆိုရင် နဂိုအခြေအနေထက်အများကြီးပိုခံနိုင်သွားတာကိုတွေ့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အပြင်ကနေပါတ်လိုက်တဲ့ကွင်းတွေက အလယ်အူတိုင်သဲတွေဘေးကိုကန်ထုတ်တာကိုပြန်ဖိ ချုပ်ထားပေးလိုက်လို့ပါပဲ။ ဒီသဘောအတိုင်းပဲ စတားကွင်း ၊ တိုင်းကွင်းတွေဟာလည်းပဲ ကွန်ကရစ်အူတိုင်ကို ဖိ ချုပ်ထားပေးတဲ့ တာဝန်မျိုးကိုလုပ်ဆောင်ပါတယ်။ အဲဒါကို အင်ဂျင်နီယာအခေါ်အရ ဘေးတိုက် (သို့မဟုတ်) ကန့်လန့်ဖြတ်ချုပ်တည်းမှုပေးထားနိုင်ခြင်း (lateral confinement action) လို့ခေါ်ပါတယ်။ သံကွင်းတွေကိုစိတ် စိတ်လေးထည့်ထားလေလေ ဘေးတိုက်ချုပ်ထားနိုင်လေဖြစ်လို့ ဗိုက်ပူထွက်ခြင်း (တနည်းအားဖြင့်) ဖိအား ကြောင့် ကွဲကြေသွားတဲ့ကွန်ကရစ်တွေ ဘေးကိုအလွယ်တကူပွင့်ထွက်ကျခြင်းကို အများကြီးတောင့်ခံကာကွယ် ပေးထားနိုင်လို့ပါပဲ။ ဒါ့ကြောင့်ငလျင်ဒါဏ်ခံအဆောက်အဦ ဒီဇိုင်းတွေအတွက်ဆိုရင် သံကွင်းတွေကိုပုံမှန်ထက်ပို စိတ်စိတ်ထည့်ပေးရခြင်းပါ (ဒီအကြောင်းကိုနောက်ခေါင်းစဉ်တစ်ခုနဲ့ထပ်ရေးပါမယ်)။

👉 နံပါတ် (၃) လုပ်ဆောင်ချက်အနေနဲ့ မိန်းဘားလို့ခေါ်ကြတဲ့ အဓိကသံချောင်းကြီးတွေ ဘေးကိုယိုင်မသွားအောင် စတားကွင်း ၊ တိုင်းကွင်းတွေက ကာကွယ်ပေးပါတယ်။ ပေတံတစ်ချောင်းကို ဒေါင်လိုက်ထောင်ပြီးဖိချကြည့်ရင် ဘေးကိုကွေးသွားတာကိုတွေ့ရလိမ့်မယ်။ အဲဒါကို အင်ဂျင်နီယာအခေါ်အရ buckling လို့ပြောတယ်။ ဒီလိုပဲ တိုင် ထဲကသံချောင်းတွေကလည်းဒေါင်လိုက်ထောင်ထားတာဖြစ်လို့ အပေါ်ကဝိတ်ဖိချလိုက်တဲ့အခါ ဘေးကိုယိုင် ထွက်ချင်ကြမှာပဲ။ ပေတံလိုမျိုးသဘာဝအလျောက်ကိုယိုင်ချင်နေသလိုပဲ အပေါ်မှာပြောခဲ့သလိုပဲ ဘေးကိုတွန်းကန်ထုတ်နေတဲ့ကွန်ကရစ်အူတိုင်သားတွေကြောင့်လည်းပဲ တိုင်သံချောင်းတွေက ဘေးကိုယိုင်ချင်နေမှာပဲ။ ဝါးလှေ ကားတစ်ခုမလုပ်ရသေးခင်မှာ ဝါးလုံးတွေကအလျားရှည်လွန်းတဲ့အတွက် အပေါ်ကတက်တဲ့ဝိတ်ကိုမခံနိုင်ပါဘူး။ တက်ရင်ကွေးသွားမှာ။ ဒါပေမယ့် ဝါးနှစ်လုံးကြားကို လှေကာဆံ ဝါးလုံးလေးတွေ စိတ်စိတ်လိုက်ဖြည့်လိုက် တော့ လှေကားဝါးလုံးတွေက တောင့်သွားပြီး လူတက်တာတောင်မကွေးတော့ပဲ အေးဆေးဖြစ်သွားရော။ ဒါက စတားကွင်း ၊ တိုင်းကွင်းတွေရဲ့ တတိယမြောက်လုပ်ဆောင်ချက်ကိုမြင်သာစေတဲ့ဥပမာပါပဲ။

👉 နံပါတ် (၄) အချက်ကတော့ အဓိကထည့်ရတဲ့သံချောင်းကြီးတွေကို နေရာမှန်ဖြစ်စေဖို့ မြဲမြံနေစေဖို့အတွက်ပါ။ စ တားကွင်းမပါပဲ ဘင့်သံကိုမြဲအောင်ချည်လို့မရသလိုပဲ ၊ တိုင်းကွင်းမပါပဲလည်း တိုင်သံတွေကိုထောင်လို့မရပါဘူး။ သံကွင်းလေးတွေဖြည့်ချည်လိုက်တော့မှ နေနဲ့မြရွှေနဲ့လဆိုသလိုပြည့်စုံသွားတာပါ။

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ++++++++++++++++++++++++++++++++၁။  ဆင်ခြေအရမ်းများတယ်။ တစ်ခုခုကို မလုပ်ချင်ရ...
10/02/2025

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ
++++++++++++++++++++++++++++++++

၁။ ဆင်ခြေအရမ်းများတယ်။

တစ်ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။

၂။ တစ်ခုခု ကို အမြဲကြောက်တယ်။

ဆုံးရူံးမှာကြောက်တယ်။ ဂုဏ်ငယ်မှာကြောက်တယ်။
သူများဟားမှာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ်။ ခေတ်ပျက်မှာက်ိုကြောက်တယ်။ စသည်ဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက်သံတရာကနေ ရုန်းမထွက်တော့ပါဘူး။

၃။ သင်ယူဖို့ ငြင်းဆန်တယ်။

လုပ်လည်းမလုပ်တတ်ဘူး၊ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုေ၇တွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။

၄။ ချီတုံချတုံ ဖြစ်တယ်။

နားယောင်လွယ်တယ်။ သူများကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။

၅။ အချိန်ဆွဲတယ်။

မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၆။ ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်။

ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ၊ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။

ရ။ သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်။

သူများ No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။

၈။ ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်။

ဟိုအလုပ်တော့ မသင့်တော်ဘူး၊ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည်ဖြင့် ဘောင်အမျိုးမျိုး ကနေ ရုန်းမထွက်တော့ပါဘူး။

၉ ။ လက်တွေ့မဆန်ဘူး

အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြသနာပါ။ ကံကောင်းမူတွေ၊ လဘ်လာဘတွေ တစ်ခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။

ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ၊ ပြုပြင်ရတော့မှာပေါ့၊ သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား။

credit-Sayar Aung Ko Latt

#

10/02/2025

“ပန်းရံတို့၏ အမူအကျင့်ဆိုးများ”
နှင့်
Site engineer မှ ပြုပြင်လမ်းပြကွပ်ကဲ ကြီးကြပ်ပေးရမည့် ဆောက်လုပ်ရေးနည်းပညာများ

(၁) ကြမ်းခင်း topping လောင်းရာ၌ Drawing ဖော်ပြချက် အပါအဝင် အင်ယာနည်းပညာ၌ 1:2:4 ကွန်ကရိ တစ်လက်မခွဲဒု လောင်းရမည် ဖြစ်သော်လည်း (တစ်မတ်ကျောက် Bကျောက်ဖြင့် ဖျော်စပ်ရမည် ဖြစ်သော်လည်း) သဲနှင့် ဘိလပ်သာ ပါဝင်သည့်
ဘိလပ်မြေမဆလာ 1:2 to 1:4 mortar အား ရေပျော့ပြဲနေအောင်ဖျော်၍ topping လောင်းခြင်း

(၂) အတွင်းကြမ်းခင်း Subfloor သို့မဟုတ် အပြင်လမ်းအခင်းများ လောင်းသည့်အခါ Drawing သို့မဟုတ် အင်ယာနည်းပညာအရ 1:3:6 ကွန်ကရိ ၄လက်မခွဲ ဒုခန့် လောင်းပေးရမည် ဖြစ်သော်လည်း ကွန်ကရိအချိုးအား မျက်မှန်းဖြင့် ရမ်းသမ်းဖျော်စပ်ခြင်း၊ အနှစ်တက်ရန် ဆိုပြီး သဲပိုထည့်ခြင်း၊ လယ်ဗယ်မာကာများ စနစ်တကျ မပြုလုပ်ထားဘဲ ရေပျော့ပျော့ဖျော်၍ ရေစပ်စပ်တက်အောင် မျဉ်းတံသေးဖြင့်ရိုက်ကာ လယ်ဗယ်မှန်းဆ လောင်းခြင်း

(၃) နာရီဝက် ၄၅မိနစ် ကျော်လွန်ပြီးသော မဆလာ သို့မဟုတ် ကွန်ကရိအား ရေထပ်မံရောစပ်၍ သုံးစွဲခြင်း၊ ကွန်ကရိလောင်းပြီး နောက် Curing ပေးရန် စီစဉ်မှု မရှိခြင်း

(၄) ဖူတင်ကျင်း နှင့် သံဇကာ ၃” ကွာခြားနေရန် ကျင်းနှုတ်ခမ်းများအား ညှိမပေးဘဲ သံချောင်းနှင့် မြေကြီး ထိတွေ့နေသည်ကို မပြုပြင်ခြင်း၊ ဖူတင်ကျင်းထဲ သန့်ရှင်း နေအောင် ဂရုမစိုက်ဘဲ ကွန်ကရိလောင်းခြင်း

(၅) ကွန်ကရိဖျော်ရာ၌ ချင်တွယ်ပုံးများဖြင့် အချိုးမှန်အောင် ထိန်းချုပ်ရမည့်အစား မျက်မှန်းဖြင့် ထင်သလို ဖျော်စပ်ခြင်း၊ ရေ အပျော့အမာ တည်ငြိမ်အောင် ထိန်းချုပ်မှု လုံးဝ မရှိခြင်း
🙏🏻🙏🏻🙏🏻🙏🏻
………


#သံထည်နှင့်အိမ်ဆောက်ပစ္စည်းဖြန့်ချီရေး

စိတ်အကြွေ🥀🌀စိတ်အကြွေတွေ လေမှာလွင့်ပါရင်းဘဝဟာစိတ်ရှိလက်ရှိ ဖြစ်ချင်ရာဖြစ်ပေါ့
18/06/2023

စိတ်အကြွေ🥀🌀

စိတ်အကြွေတွေ လေမှာလွင့်ပါရင်း
ဘဝဟာ
စိတ်ရှိလက်ရှိ ဖြစ်ချင်ရာဖြစ်ပေါ့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MyintMyat TaKhun Design & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share