ဟိုတွေး ဒီတွေး - ဟိုရေး ဒီရေး

  • Home
  • Myanmar
  • Yangon
  • ဟိုတွေး ဒီတွေး - ဟိုရေး ဒီရေး

ဟိုတွေး ဒီတွေး - ဟိုရေး ဒီရေး အိပ်မပျော်ရင် စာရေးမယ် 🥹

🙏 ဒုတိယ ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့🙏မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သာသနာတော်နှစ် ၂၅၆၇ ခုနှစ် “ ဝါဆိုလပြည့်နေ့ “ ၏ ထူး...
01/08/2023

🙏 ဒုတိယ ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့🙏

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်
သာသနာတော်နှစ် ၂၅၆၇ ခုနှစ်

“ ဝါဆိုလပြည့်နေ့ “ ၏ ထူးခြားချက်များ
*********************************

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက်
ဝါဆိုလပြည့်နေ့သည် -🌹

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹

၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း၊🌹

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း၊🌹

၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
ဟူ၍ဖြစ်ပါသည်။

#ဝါဆိုလပြည့်
#ဓမ္မစင်္ကြာအခါတော်နေ့

01/08/2023

Active Now !

Content Marketing ဆိုတာ Content Writing နဲ့ Copy Writing ဆိုပြီးနှစ်မျိုးရှိပါတယ်စာဖတ်ချိန် ၂ မိနစ်ဆိုတော့..ဆက်လိုက်ရအော...
29/08/2022

Content Marketing ဆိုတာ Content Writing နဲ့ Copy Writing ဆိုပြီးနှစ်မျိုးရှိပါတယ်
စာဖတ်ချိန် ၂ မိနစ်

ဆိုတော့..ဆက်လိုက်ရအောင်
Content Writing ဆိုတာဘာလဲ ?
1.Teach - သင်ကြားပေးခြင်း
ကျွန်တော်တို့ Content တစ်ခုကိုရေးလိုက်တဲ့ အချိန်မှာ မိမိတို့ Product တွေရဲ့ Information တွေကို သေသေချာချာရေးတာကိုပြောတာဖြစ်ပါတယ်
ဥပမာ - ထုတ်ကုန်က ကစားစရာ အရုပ်ကလေးတစ်ရုပ်ဆိုပါတော့ အဲအရုပ်ကို ဘယ်မှာရနိုင်မလဲ ၊ အရည်အသွေးက ဘယ်လောက်ကောင်းကြောင်း တွေကိုရေးရမှာဖြစ်ပါတယ်

2.Long - ရှည်လျားခြင်း
အပေါ်က ပြောသလိုပဲ ကျွန်တော်တို့ရဲ့ Product တွေရဲ့ အသေးစိတ်ကို ရေးရမှာ ဖြစ်တဲ့အတွက် စာရှည်သွားတာကိုပြောတာဖြစ်ပါတယ်။

3.How - ဘာတွေလဲ
မိမိ Product မှာ ကုန်ကြမ်းတွေက ဘာတွေပါဝင်လဲ ဘယ်လို ကောင်းကျိုးရှိလဲကိုပြောတာပဲဖြစ်ပါတယ်။

4.Educate - Sharing
မိမိတို့ Page မှာပဲဖြစ်ဖြစ်ပေါ့..အရောင်း ပို့စ်ကြီးပဲ တင်တာမျိုး မဟုတ်ဘဲ Knowledge Sharing လေးတွေလုပ်ပေးတာမျိုးကို ပြောတာပါ။

5.Credit - လေးစားသမှု
အထက်ကပြောခဲ့သလို Knowledge Sharing လေးတွေ တင်တဲ့အခါ Copy ယူပြီး ပြန်တင်တာမျိုးတွေကျ ကိုယ့်ဘက်က လေးစားသမှုနဲ့ Credit ဆိုပြီး ပြန်ရေးပေးရတာမျိုးတွေပါ။

နောက်နေ့ တွေမှာ Copy Writing ဆိုတာဘာလဲ ကို
နားလည်သလောက်အကုန် ပြန်တင်ပေးပါ့မယ်။

28/08/2022

Content Writing တစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲ?

ကိုယ်တိုင်က Content Writing ပိုင်းကိုလေ့လာနေသူ တစ်ယောက်ဆိုရင် အရေးကြီးတဲ့ Customer Journey ဆိုတာသိထားသင့်ပါတယ်..

ဆိုတော့ကာ..
Customer Journey ဆိုတာဘာလဲ?
ဥပမာဗျာ..
မိတ်ဆွေက အိမ်မှာ. လမ်းထိပ်မှာရှိတဲ့ မုန့်ဆိုင်က
မုန့်လေးတစ်ထုပ်စားချင်တယ်ဆိုပါစို့
1) ပိုက်ဆံယူမယ်
2)အိမ်ကထွက်ပြီး လမ်းထိပ်ကမုန့်ဆိုင်သွားမယ်
3)စားချင်တဲ့ မုန့်ကိုယူမယ် ပိုက်ဆံပေးမယ်
4)အိမ်ကိုပြန်လာမယ်

အဲတာက Customer Journey ပါ
အကျယ်ချဲ့ပြီးပြန်ပြောရမယ်ဆိုရင်
Customer Journey မှာ လို့ခေါ်တဲ့
A-Awareness
C-Consideration
C-Conversion
R-Retention
A-Advocacy လေးတွေ သိထားသင့်တယ်

Awareness သိရှိခြင်း
ကိုယ့် ပစ္စည်းကို ဘယ်မှာရနိုင်မလဲဆိုတာ သိရှိနိုင်ခြင်းကိုပြောတာပါ..

Consideration - စဉ်းစား ချင့်ချိန်ခြင်း
မိမိရဲ့ Product တွေက ဘယ်လောက်ထိကောင်းလဲဆိုတာလူတွေသိအောင် Knowledge Sharing လုပ်ပေးခြင်း

Conversion - ဝယ်ယူခြင်း
ကိုယ့် ပစ္စည်းကို သတိထား သိရှိပြီး လေ့လာဝယ်ယူချင်တဲ့အဆင့်ကို ပြောတာပါ
အလွယ်ပြောရရင် Page မှာ ဝယ်ဖို့လာမေးတဲ့သူတွေကို အမြန်ဆုံးပြန်လည် ဆက်သွယ်ဖို့ပါ

Retention -နောက်တစ်ခေါက် ပြန်လာဝယ်ခြင်း
နောက်တစ်ခေါက် ထပ်လာဝယ်အောင် လုပ်ထားနိုင်ဖို့ပါ..Buyer တွေပြန်လာဝယ်တာကို မစောင့်ဘဲ ကျွန်တော်တို့က Buyer တွေဆီကို
သွားနိုင်အောင်လုပ်ထားရပါမယ်။

Advocacy - ထောက်ခံမယ်
မိမိ Product ကိုသုံးတယ် ဝန်ဆောင်မှုကြိုက်တယ်.တစ်ဆင့် စကား တစ်ဆင့်နားပေါက်အောင် ကိုယ့် ကုန်ပစ္စည်းအကြောင်း ၊ ကုန်အမှတ်တံဆိပ်အကြောင်းတွေ လူသိရှင်ကြား မျှဝေပေးတဲ့ အချိန်ဖြစ်ပါပြီ။

Customer Journey ကိုသိထားပြီဆိုရင် Content ကောင်းတစ်ပုဒ်ရဖို့ သေချာနေပါပြီ

နောက်ထပ်
Content Writing နဲ့ Copy Writing ကွာခြားချက်
Content တစ်ပုဒ်ဖြစ်ဖို့ Strategy ​ဘယ်လိုချရမလဲဆိုတာကို ပြန်လည်ဝေမျှပါအုံးမည်။

မှတ်ချက်..
ကျွန်တော်သင်ကြားထားသမျှကို ပြန်လည်ဝေမျှတာဖြစ်လို့ သိပြီးသောသူများ ကျော်ခွသွားနိုင်ပါတယ် ဆရာလုပ်ခြင်းမဟုတ်ပါ✌

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဟိုတွေး ဒီတွေး - ဟိုရေး ဒီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဟိုတွေး ဒီတွေး - ဟိုရေး ဒီရေး:

Share