28/03/2024
ac မီလန်အသင်းရဲ့ ဆယ်ကျော်သက် ယူ ၁ ၆တိုက်စစ်မှူးလေးကာမာဒါကိုပုံမှန်ပွဲထွက်ခွင့် လစာအမြောက်အများနဲ့ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတဲ့ မန်ချက်စတာယူနိုက်တက် ⚽⚽⚽⚽⚽⚽
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် လူငယ် တိုက်စစ်ကစားသမားလေးဖြစ်သူ ဖရန်ချက်စကို ကာမာဒါကို ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုပါ ပြုလုပ်ထားတယ်ဆိုပြီး အီတလီအခြေစိုက် Calcio Mercato ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
အသက် (၁၆)နှစ်သာ ရှိသေးတဲ့ အီတလီ ယူ-၁၇
ကစားသမားလေး ကာမာဒါဟာ လက်ရှိမှာ အေစီမီလန်
အသင်းအတွက် စီးရီးအေ ပွဲစဉ် (၂)ပွဲအထိ ပါဝင်ကစား
ထားခဲ့ပေမယ့်လည်း မီလန်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ကိုတော့ မချုပ်ဆိုရသေးပါဘူး
မီလန်အသင်းတာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ လူငယ် ကစားသမားလေးကို အခုလိုပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ဆိုရသေးတဲ့အတွက်
တခြားကလပ်အသင်းတွေရဲ့ ချဉ်းကပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး လက်ရှိမှာလည်း ယူနိုက်တက်အသင်းက ကာမာဒါလေးကိုအရခေါ်ယူဖို့ ဆက်တိုက် စောင့်ကြည့်လေ့လာမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်
Calcio Mercato သတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ လွန်ဂိုနီရဲ့ သတင်းဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းအနေနဲ့ကာမာဒါအတွက် အရမ်းကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို လုပ်ဆောင်ထားခဲ့ပြီးပြီဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ဒါပေမယ့် ဗြိတိန်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း
တွေအရ အသက် (၁၈)နှစ်မပြည့်သေးတဲ့ ကာမာဒါက
အင်္ဂလန်မှာ ကစားခွင့် ရရှိဦးမှာ မဟုတ်တဲ့အတွက် ယူနိုက်တက်အသင်းအနေနဲ့ ကာမာဒါကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် အီတလီက ကလပ်အသင်း တစ်သင်းသင်းမှာ ပြန်အငှားချသွားရပါလိမ့်မယ်။
ဒါပေမယ့် ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျရူးကို
လက်လွတ်ရတော့မယ့် မီလန်ကတော့ အသင်းတိုက်စစ်ပိုင်းမှာ အားထားရလာနိုင်တဲ့ တိုက်စစ်မှူးလေး ကာမာဒါကိုလက်လွတ်သွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းထားနိုင်အောင် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
ကာမာဒါကတော့အေစီမီလန်အသင်းမှာပွဲထွက်ကစားခွင့်မရတာကိုအရမ်းစိတ်ပျက်နေပြီးပုံမှန်ပွဲထွက်ခွင့်နဲ့လစာအမြောက်အများပေးမဲ့ဘယ်အသင်းကိုမဆိုပြောင်းရွှေ့ကစားဖို့အသင့်ဖြစ်နေကြောင်းသိရပါတယ်