Royal Future

Royal Future Employment Agency. Singapore only girls

25.8.2025To SingaporeGood luck to you gyi ma
25/08/2025

25.8.2025
To Singapore
Good luck to you gyi ma

Thae Thae စင်္ကာပူသွားမည့် သင်တန်းသူများအတွက်  လက်တွေ့ချက်​ပြသင်ပေးခြင်း 👭👭🥘🍲နောက်လအတွက် သင်တန်းသူ လူသစ် လူဟောင်းများလည်...
20/08/2025

Thae Thae
စင်္ကာပူသွားမည့် သင်တန်းသူများအတွက် လက်တွေ့ချက်​ပြသင်ပေးခြင်း
👭👭🥘🍲
နောက်လအတွက် သင်တန်းသူ လူသစ် လူဟောင်းများလည်း လက်ခံနေပါပြီ
စာအုပ်မရှိသူများလည်း လုပ်ပေးမည်။
အသေးစိပ်ဆက်သွယ်မေးမြန်းလိုလျှင် စုံစမ်းရန်
09750383472 /09682303645

ကဲ  #စျေးသည်အေးကြွယ်လုပ်လိုက်ဦးမယ် 👍  ရေမွှေးလိုချင်လား 👍  မျက်နှာအတွက် ( အမဲစက် ဝက်ခြံ အဆီပြန်တာ ဆားဝက်ခြံ  ချွေးပေါက်...
15/08/2025

ကဲ #စျေးသည်အေးကြွယ်လုပ်လိုက်ဦးမယ်

👍 ရေမွှေးလိုချင်လား

👍 မျက်နှာအတွက် ( အမဲစက် ဝက်ခြံ အဆီပြန်တာ ဆားဝက်ခြံ ချွေးပေါက်ကျယ်တာ မျက်ကွင်းညိုတာ Mask အစရှိသဖြင့် ) လိုချင်လား

👍 ခေါင်းလျှော်လည်း အစုံရှိတယ် ဆံပင်ကျွတ်သက်သာတာ baby hairပြန်ထွတ်တာ လိုချင်လား ဆေးဆိုးဆံသားများအတွက်လား ဗောက်အတွက်လား ပျက်စီးဆံသားနှစ်ခွအတွက် အကုန်အရမယ်
👍 နှုတ်ခမ်းသားညိုတဲ့သူအတွက် အားဖြည့် lipstick အစုံ

Brand အစုံကို စျေးနှုန်းချိုသာစွာ ရောင်းချပေးသွားပါမည်
Singapore က ကိုယ့်ရဲ့သူဌေးကိုယ်တိုင် ဖွင့်ထားတဲ့ ဆိုင်ကနေ ယူရောင်းပေးမှာမို့ Original Brand ပစ္စည်းများရဲ့ quality ကို ယုံကြည် စိတ်ချစွာ ဝယ်ယူအားပေးအသုံးပြုနိုင်ပါတယ်ရှင်
လိုချင်တဲ့ ပစ္စည်းများရှိရင်လည်း ပုံပြပြီး orderတင်လို့ရပါတယ်နော်
နောက်နေ့တွေမှာ ပစ္စည်းတွေထပ်တင်ပေးသွားပါမယ်
ပုံ
#စျေးသည်အေးကြွယ်

Butter Prawn 🧀🍤Squid Salad 🥗French fries & Friedv Veg 🍟🥬Chicken / Pork  Roast 🍗🥩Fried Chicken 🍗🍗 Fried Fish 🐟
15/08/2025

Butter Prawn 🧀🍤
Squid Salad 🥗
French fries & Friedv Veg 🍟🥬
Chicken / Pork Roast 🍗🥩
Fried Chicken 🍗🍗
Fried Fish 🐟

 #မအူပင်ထမင်းပေါင်း ကိုယ်တိုင်ချက်
14/08/2025

#မအူပင်ထမင်းပေါင်း
ကိုယ်တိုင်ချက်

 #စင်ဒရဲလားလေးများအတွက်ရည်ရွယ်ရင်း #  #တိုင်းတပါးအလုပ်အကြောင်းသိကောင်းစရာတချို့ #*ကိုယ့်မွေးရပ်မြေ ကိုယ့်နိုင်ငံကို ခွဲခ...
25/06/2025

#စင်ဒရဲလားလေးများအတွက်ရည်ရွယ်ရင်း #

#တိုင်းတပါးအလုပ်အကြောင်းသိကောင်းစရာတချို့ #

*ကိုယ့်မွေးရပ်မြေ ကိုယ့်နိုင်ငံကို ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ရတဲ့အလုပ် နယ်ပယ်အသီးသီးမှာ သွားလုပ်တဲ့သူတိုင်း ရည်ရွယ်ချက် ရည်မှန်းချက်တွေကိုယ်စီနဲ့ သွားအလုပ် လုပ်ကြတယ်။( လစာပိုရချင်လို့ မိသားစုထောက်ပံ့ချင်လို့ တိုးတက်ရာလမ်းရချင်လို့ စသည်ဖြင့်....)သွားကြတဲ့ သူတိုင်းလည်း အလုပ် မတူကြသလို သူဌေးရကြတာချင်းလည်း မတူကြပါဘူး မိသားစုလိုဆက်ဆံတဲ့သူဌေးတွေရှိကြသလို အလုပ်ရှင်နဲ့အလုပ်သမား ခွဲခြားဆက်ဆံတဲ့သူဌေးတွေလည်း ရှိကြတာပဲ ။ အဲ့ဒီအပေါ်မှာမိမိက ဘယ်လို သူဌေးနဲ့ပဲတွေ့တွေ့ အစစအရာရာ စိတ်ရှည်သည်းခံနိုင်မှတော်ရာကျမယ်။(ကိုယ်ထိလက်ရောက်ပြုမှုဆက်ဆံတာ ညှင်းပန်းနှိပ်ဆက်တာမျိုးတော့ သည်းမခံပါနဲ့ / ကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီမှာ လုပ်ရင်တောင် သည်းခံကြရသေးတာ) သူများနိုင်ငံဆိုတော့ ပိုလိုတောင် သည်းခံကြရဦးမှာ။
*ကိုယ့်နိုင်ငံက လစာနဲ့ တခြားနိုင်ငံကရတဲ့လစာအများကြီးကွာပါတယ်။ ကွာတဲ့အလျောက်လည်း သူဌေးတွေက သူတို့ပေးထားတဲ့လစာနဲ့ တန်အောင်ခိုင်းကြတယ်။ (သူတို့ကိူယ်တိုင်လည်း အလုပ်လုပ်ကြတဲ့သူတွေချည်းပဲ)။ စားချိန်အိပ်ချိန်မှန်ချင်မှမှန်မယ်၊ ခေါက်ဆွဲပြုတ်နဲ့လည်း စားချင်စားရမယ် ၊ ငါကတော့ ဘွဲ့ရပြီးသား ၊ အိမ်မှာ အငယ်ဆုံး၊ ဘယ် company မှာ ဘာရာထူးနဲ့ လုပ်ခဲ့တာ စသည့်အချက်တွေအားလုံး နိုင်ငံခြားမှာ ပါ ။ နိုင်ငံခြားသွားဖို့ခြေလှမ်းစနေတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ငါတစ်ကယ်အပင်ပန်းခံနိုင်လား သည်းခံနိုင်ပါ့မလားဆိုတဲ့အချက်တွေအားလုံး ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ပြန်မေးပြီး သေချာစဥ်းစားဆုံးဖြတ်ပြီးမှသာ သူများနိုင်ငံတိုင်းတပါးကို သွားဖို့ အကြံပေးချင်ပါတယ်။
*ဘာလို့လဲဆိုရင် တချို့ကြတာတော့လည်း တကယ်တိုးတက်ချင်လို့၊ တချို့ကြတော့လည်း ပိတ်ရက်ထွက်တဲ့အခါ လှလှပပလေးဝတ် စား သွားလာကြတာကိုမြင်တွေ့ပြီး အပေါ်ယံကြည့် တွေးပြီး သွားကြတယ် အဲ့လိုတွေးထားရင်တော့ လုံးဝလုံးဝမသွားပါနဲ့ Monday to Saturday တွေမှာ ထင်ထားတာထပ် ပင်ပန်းပါတယ် ။ ဘယ်နေရာပဲရောက်ရောက် ဘယ်အလုပ်မဆို ကိုယ့်ကစေတနာမေတ္တာ အရင်ထားပေးရတယ်၊ ဘယ်သူဌေး ဘယ်အလုပ်ရှင်မှ အရင်ဆုံး ကောင်းမပေးပါဘူးနော် ။ အဲ့ဒါကြောင့် ငါ့သူဌေးက ဘယ်လို သူဌေးက ဘယ်လိုဆိုတာတွေ လိုက်ပြီး မယှဥ်ပါနဲ့ (အလုပ်ခြင်းမတူသလို သူဌေးခြင်းလဲမတူနိုင်ပါ) ။ သိန်း၂၀လိုချင်ရင် သိန်း၂၀နဲ့တန်တဲ့ လူပင်ပန်း စိတ်ပင်ပန်းမှုမျိုး ခံနိုင်ရမယ်။
ဒါ့ကြောင့် နိုင်ငံခြားမှာ စင်ဒရဲလား သွားလုပ်မည့် လူသစ် အမများ ညီမလေးများ သိနားလည်စေရန် မျှဝေလိုက်ပါတယ်။

(လူရောစိတ်ရော ပင်ပန်းတဲ့) ဒုက္ခကို လုပ်ခ နဲ့ လဲယူနိုင်ကြပါစေ

# Royal Future

ဆက်သွယ်စုံစမ်းရန်
09750383472 /09682303645

17/06/2025

မုန့်ဖိုး (သို့မဟုတ်) Luggage ပါ ပေးဦးမှာမို့ ဒီတလစာရင်းမပိတ်ခင် မြန်မြန်လာကြပါ။ Only girl

ငါးသံပုရာပေါင်းလုပ်နည်းအဆင့်ဆင့်အလွယ်နည်းပုံမှာလုပ်နည်းပါတယ်နော်🤤🤤🤤🤤Credit
16/11/2024

ငါးသံပုရာပေါင်းလုပ်နည်းအဆင့်ဆင့်အလွယ်နည်းပုံမှာလုပ်နည်းပါတယ်နော်🤤🤤🤤🤤
Credit

ထမင်းပေါင်း ကို ဝယ်မစားဘဲ အိမ်မှာကိုယ်တိုင်ချက်စားလို့ရအောင် Save ထားလိုက်ပါ 😋*** ထမင်းပေါင်း လုပ်နည်း ***ကြက်သွန်ဖြူကို...
16/11/2024

ထမင်းပေါင်း ကို ဝယ်မစားဘဲ အိမ်မှာကိုယ်တိုင်ချက်စားလို့ရအောင် Save ထားလိုက်ပါ 😋

*** ထမင်းပေါင်း လုပ်နည်း ***

ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ ။ ( နွမ်းလျှင် )

ကြက်သား ထည့်ကြော်ပါ ။ ( အသားကျက်သွားရင် )

ဥနီ - ရေပြောင်း - ရွှေပဲ - ပန်းဂေါ်ဖီ - မှို - ငုံးဥ တို့ကို
ထည့်ကြော်ပေးပါ ။

ကြက်ပြုတ်ရည် ထည့်ပါ ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )

ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ ။

ခရုဆီ ထည့်မွှေပါ။

အချိုမှုန့် - ဆား - ငရုတ်ကောင်း လက်တစ်ညှပ်စာ
ထည့်လိုက်ပါ ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး အသီးအရွက်များ
ကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့ ဟင်းရည်
ဆူပွက်နေချိန်မှာ ပန်းကန်ထဲ အသင့်ခူးထားတဲ့
ထမင်းဖြူပေါ် လောင်းချလိုက်ပါ ။

ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။
*******************************************
*** ဘိတ်ချဉ်လုပ်နည်းကတော့ ***

ရှာလကာရည် - အချိုမှုန့် - ငံပြာရည်
ကြက်သွန်ဖြူ - ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ ။

ပြင်ဆင်ထားရန်
**************
ကြက်သွန်ဖြူ ကြိတ်ထားပါ ။
ကြက်ပြုတ်ရည် ထည့်ထားပါ ။
အသီးအရွက်များကို လှီးဖြတ်ထားပါ ။
ကြက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ ။
ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ ။
မွှေး ကော်မှုန့် အရည်ဖျော်ထားပါ ။

ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး
လိုမှထပ်ထည့်ပါ ။

အချို့ကတော့ ပဲပြား - ခရမ်းချဉ်သီး - ငရုတ်ပွထည့်ပါတယ် ။

credit

ဗဟန်း-ရွှေတောင်ကြားထဲမှာ အေးဆေးထိုင် Chill လို့ရမယ့် ကဖေးဆိုင်အသစ်လေး ရှာ-တွေ့ထားတယ်…☕️ကဖေးဆိုပေမယ့် ဒီဆိုင်က အာလာဒင်လို...
14/11/2024

ဗဟန်း-ရွှေတောင်ကြားထဲမှာ အေးဆေးထိုင် Chill လို့ရမယ့် ကဖေးဆိုင်အသစ်လေး ရှာ-တွေ့ထားတယ်…☕️

ကဖေးဆိုပေမယ့် ဒီဆိုင်က အာလာဒင်လိုမျိုး တစ်နေရာတည်း အကုန်အစုံရတာ…🤫

ပြောရရင် သူက ဆိတ်ငြိမ်ရပ်ကွက်လေးထဲက Service Apartment ရဲ့ အောက်ထပ်မှာ ဖွင့်ထားတဲ့ ချစ်စရာကဖေးလေးပေါ့…

Cafe & Restaurant ဆိုတဲ့အတိုင်း မနက်စာက စလို့ နေ့လည်ဆို ကဖေးဒိတ်လေးကနေ ညစာထိ အေးဆေးထိုင်စားလို့ရတယ်… ♨️

မနက်စာထဲကဆို မုန့်ဟင်းခါး တော်တော်ကောင်း
တစ်ခါပြင်စာ ပွဲလေးနဲ့ မုန့်ဖတ်သပ်သပ် အရည်သပ်သပ် လာချပေးတာ… ပဲကြော်၊ ငါးဖယ် နဲ့ ဘဲဥခြမ်းလေးပါတဲ့ မုန့်ဟင်းရည်ပျစ်ပျစ်လေးက လက်ဖက်ရည် ကျဆိမ့်တစ်ခွက်နဲ့မှ အဓိပ္ပါယ်ရှိသွားသလို…🫢☕️

ခိုတောင်မုန့်တီ ကို ရန်ကုန်စတိုင် အနှစ်များများနဲ့ စေးနေအောင်သုပ်ပေးထားတာလေး သဘောကျ
အရည်သောက်ကလေးပါ ပါသေး…

မိုးအုံ့တုန်း အာပူလျှာပူတစ်ခွက် မှာသောက်တာ အားပါးပါး ပူစပ်ပြီးပွင့်ထွက်…🥵

မနက်စာကို ဒီလို portion ၁ပွဲဆို ၆၀၀၀-၇၀၀၀ ကြား ရှိတယ်။ နေ့လည်စာကို One portion ပွဲလေးတွေကအစ မာလာရှမ်းကောပါ ရသေး..

ဒီ weather က ကော်ဖီတစ်ခွက်နဲ့ Chill မယ်ဆိုလည်း Chill ချင်စရာ..☕️☃️ သူ့ရဲ့ signature clover coffee ကလည်း စွဲလောက်စရာ.. ကော်ဖီပူပူလေးထဲ caramel flavor သကြားခဲ တစ်ခဲစိမ်ပြီး သောက်ရတာ မွှေးပြီးချိုနေရော..

Drinks တွေက စျေးသိပ်မများဖူး.. ၃၅၀၀ က စတယ် ၇၀၀၀ ဝန်းကျင်လောက်ပဲ…

Club Sandwich တို့ Double Burger တို့ဆို အထူအကိတ်ကြီးတွေ🥪 အလှစားရတာမဟုတ်လို့ first date ဘာညာဆို မမှာမိစေနဲ့🫢

နောက်ဆုံး အချိုပွဲကြိုက်တဲ့သူတွေ ချန်ထားလို့ မဖြစ်တာ Brownie with Ice Cream 🧁 ကိတ်သားက soft ဖြစ်လွန်းလို့ ပျော်ဆင်း.. တော်တော်လေး ချိုပြီးကို မွှေးတာ..

ဆိုင်က မနက် ၇နာရီခွဲလောက်ဆို ဖွင့်ပြီ… Activites အစုံရှိတော့ အများစုက သူငယ်ချင်း/မိသားစုလိုက် ပေါ့ပေါ့ပါးပါး လာ Chill ကြတာများတယ်…

📚 Book lover တွေအတွက် ကြိုက်တဲ့စာအုပ်နဲ့ ကော်ဖီတစ်ခွက်မှာပြီးထိုင်
🏊‍♀️ အပေါ်ဆုံးထပ်မှာ ရေကူးကန်နဲ့ ကလေး ကစားကွင်းပါ ရှိတော့ entrance fee ပေးပြီးဝင်ဆော့ ရုံပဲ..
ဘော်ဒါတွေနဲ့ ရေလာကူးမယ်ဆိုလည်းဖြစ်တယ်.. 🎪ကစားကွင်းကလည်း တော်တော်ကျယ်တော့ ကိုယ်ပါ ဝင်ဆော့ချင်တာ တအား…🥹

🎉 Private party လုပ်မယ်ဆို အယောက် ၈၀-၁၅၀ ဆန့်တဲ့ hall တစ်ခုလုံး ငှါးလို့ရတယ်
🏛️သူက Service Apartment နဲ့ တွဲဖွင့်ထားတာဆိုတော့ Staycation နေမယ်ဆိုလည်း ကွက်တိ…

ဝန်ထမ်းလေးတွေပါ well-trained လုပ်ပေးထားတော့ ခြုံပြောရရင် တကယ် Chill လို့ကောင်းပြီး စိတ်ကျေနပ်ရတဲ့နေရာလေး...🥰 သွားနေကြ နေရာလေးတွေ ရိုးလာရင် ဒီနေရာအသစ်လေး သွားထိုင်ကြည့်…🍃

📌 The Clover Cafe & Restaurant

☎️ Phone - 09 945551911

⏰ဆိုင်ဖွင့်ချိန် - 7:30 AM - 10:00 PM

🏠 No. 15/17, Bawdi Yeiktha Road, Golden Valley (2), Bahan Township, Yangon

~~~ ကြေးအိုး ချက်နည်း ~~~အခုလိုကုန်စျေးနှုန်းတက်နေချိန်မှာ ကြေးအိုးကို ဆိုင်အရသာအတိုင်း အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြမယ် ...
14/11/2024

~~~ ကြေးအိုး ချက်နည်း ~~~

အခုလိုကုန်စျေးနှုန်းတက်နေချိန်မှာ ကြေးအိုးကို ဆိုင်အရသာအတိုင်း အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြမယ်

ကြေးအိုးလုပ်ရင် ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

ပါ၀င်သော ပစည်းများ

၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၄၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့်.... ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ
( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
၄၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊
၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။

Credit to ချက်ကြီးတို့မီးဖိုချောင်

ထိုင်းကွတ်တီယို ( နန်းတို့စ့် )  ပြုလုပ်နည်း😋ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပ...
14/11/2024

ထိုင်းကွတ်တီယို ( နန်းတို့စ့် ) ပြုလုပ်နည်း😋

ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်
ပါဝင်သည့် ပစ္စည်းများ
၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်
၂။ ကြက်သွန်ဖြူ (၄) မွှာ
၃။ နံနံပင်အမြစ် အနည်းငယ်
၄။ ငရုတ်ကောင်းစေ့ အနည်းငယ်
၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း
၆။ ဆားအနည်းငယ်
၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)
- မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)
- ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )
- ကန်စွန်းရွက် အနည်းငယ်
- ပဲပင်ပေါက် အနည်းငယ်
- CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)
ချက်ပြုတ်နည်း အဆင့်ဆင့်
- ပဲငံပြာရည် အပစ်/ အကြည်

အရည်အိုးမတည်ခင် သကြားအား မီးအေးအေးဖြင့် လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေးရပါမည်။
၁။ အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။
ဝက်ရိုး(သို့) ကြက်ရိုးများ နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥ ကို ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။
၂။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက
ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။
၃။ အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်မပျက်ယုံလေး ရေနွေးဖျောပေးလိုက်ပါ။
၄။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ
ထည့်၍ ချက်ထားနိုင်ပါသည်။
၅။ ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။
ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။
၆။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။
အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော ဆီချက်နှင့် သုပ်စားနိုင်ပါသည်။
ဘန်မီ ဟု ခေါ် သော ခေါက်ဆွဲ ဝါ များ ကိုလည်း နှစ်သက် ပါ က ဆန်ပြား အစား ထိုး ကာ သုံးဆောင် နိုင်ပါတယ်နော် 😋

Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Royal Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share