22/07/2022
လောကကြီးကို အကြောတင်းတင်းနဲ့
ဖြတ်သန်းနေတဲ့ လူတယောက်ရဲ့အတိတ်မှာ သူ့ကိုခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခဲ့တဲ့ လက်တွေရှိတယ်...
ဘယ်တော့မှ ရင်မခုန်တတ်တော့တဲ့
အသည်းမာသူတယောက်ရဲ့ နောက်ကွယ်မှာ
သူ့အသည်းကို ပြန်ဆက်လို့မရအောင်
ခွဲခဲ့ဖူးတဲ့ သူတစ်ယောက်ရှိတယ်...
အရင်းနှီးဆုံးပါဆိုတဲ့ လူတွေကိုတောင်
မယုံကြည်ပေးနိုင်တဲ့ လူတယောက်ရဲ့
နောက်ကျောမှာ တချိန်က သူအရမ်းယုံခဲ့တဲ့သူတွေ
စိုက်ထားတဲ့ ဓားအပြည့်ရှိတယ်...
ခပ်ချေချေနေတတ်ပြီး လူတွေကို
အဖက်မလုပ်တတ်တဲ့ လူတစ်ယောက်ရဲ့အတိတ်မှာ
ကိုယ့်အကူအညီယူပြီးမှ အောင်မြင်သွားတဲ့ ကျေးဇူးကန်းတွေရှိတယ်...
တယောက်တည်း နေတတ်လာခြင်းရဲ့
နောက်ကွယ်မှာ သာပေါင်းညာစားပြီး ကောင်းချင်ယောင် ဆောင်ထားတဲ့ သူငယ်ချင်းကောင်းတွေ ရှိခဲ့ဖူးတယ်...
တကောင်တည်းနေတဲ့ ခြင်္သေ့ဆိုတာ
လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ဘူး...
လောကကြီးထဲမှာ ကိုယ့်အပေါ်
မကောင်းတဲ့ သူတွေကို တိုက်ရင်းခိုက်ရင်း
သတ်ရင်းပုတ်ရင်း ဖြတ်သန်းပြီးမှ ခြင်္သေ့ဖြစ်လာတာ
credit:Orgwriter