Shwine Aein Strategic Digital Marketing Partner

  • Home
  • Shwine Aein Strategic Digital Marketing Partner

Shwine Aein Strategic Digital Marketing Partner စီးပွားရေးလုပ်ငန်းတွေကို အွန်လိုင်းကတစ်ဆင့် လူသိများပြီးရောင်းအားတက်အောင် ကူညီပေးမယ့်ရွှိုင်းအိမ်
(9)

02/06/2026

Customer က “စဉ်းစားဦးမယ်”လို့ပြောတာမျိုး တော်တော်များများကြုံဖူးကြမှာပဲ...

တကယ်တော့ “စဉ်းစားဦးမယ်” ဆိုတာက “မဝယ်ဘူး” လို့ မဆိုလိုသေးပါဘူး

တချို့ Customer တွေက မဝယ်ချင်သေးလို့မဟုတ်ဘဲ…
👉🏻 ဝယ်ဖို့အတွက် ယုံကြည်မှုမလုံလောက်သေးလို့
👉🏻 ကိုယ့် Service အကြောင်း သေချာမရှင်းသေးလို့
👉🏻 သိချင်ရုံပဲစုံစမ်းပြီး အခုချိန်မဝယ်ချင်သေးလို့
👉🏻 တခြားနေရာတွေနဲ့ Compare လုပ်ကြည့်နေလို့ အဲ့လိုပြောကြတာပါ...

ဒါကြောင့်မို့လို့ Customer က
“စဉ်းစားဦးမယ်” လို့ပြောတာနဲ့
Sale ပျောက်သွားပြီလို့မယူဆပါနဲ့

အဲ့ဒီအချိန်မှာလုပ်ရမှာက Customer ကိုအတင်းမရောင်းဘဲ ယုံကြည်မှုပိုတည်ဆောက်ပေးဖို့ နူးနူးညံ့ညံ့နဲ့ Follow Up လုပ်တဲ့နည်းကိုသုံးရပါမယ်

Follow up ကောင်းကောင်းလုပ်တတ်ရင် “စဉ်းစားဦးမယ်” ကနေ Sale အဆင့်ကို အချိန်ခဏလေးအတွင်းပြောင်းသွားနိုင်ပါတယ်

ကိုယ့်လုပ်ငန်းမှာလည်း Customer တွေကို Follow Up မလုပ်တတ်လို့ Sale ပျောက်တာမျိုးကြုံဖူးကြလား...





01/06/2026

ဓာတ်ပုံတစ်ပုံ၊ Video တစ်ခုကို လူတွေက Final ထွက်လာတဲ့ စက္ကန့်ပိုင်းလောက်ကိုပဲ မြင်ကြရတာပါ။

ဒါပေမယ့်...အဲ့ဒီစက္ကန့်ပိုင်းအတွက်
👉🏻 ဘယ်လိုပုံစံရိုက်မလဲ?
👉🏻 ဘယ်လိုမြင်စေချင်လဲ?
👉🏻 ဘယ်သူ့ကို ဆွဲဆောင်ချင်လဲ?
ဆိုတဲ့မေးခွန်းတွေကိုတော့ အရင်ဖြေရှင်းကြရပါတယ်။

Camera ကိုင်ပြီးရိုက်ကူးတာက Process ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

ဒါပေမယ့်..."လူတစ်ယောက်ရပ်ကြည့်သွားစေမယ့်ပုံ၊ Customer တစ်ယောက်စိတ်ဝင်စားလာစေမယ့်ပုံ၊ လုပ်ငန်းတစ်ခုရဲ့ရည်ရွယ်ချက်ကို ပြောပြနိုင်တဲ့ပုံ"

အဲ့ဒါတွေကတော့ အချိန်ပေးပြီး စဉ်းစားပြင်ဆင်မှုနဲ့ တည်ဆောက်ရတာပါ။

ဒါကြောင့် Shwine Aein က ဓာတ်ပုံတွေ၊ Video တွေကို ဖန်တီးနေတာထက်...

လုပ်ငန်းတစ်ခုနောက်တစ်ဆင့်ကို ရောက်ဖို့ တကယ်အသုံးဝင်မယ့် Content တွေကို တည်ဆောက်ပေးနေပါတယ်ခင်ဗျာ 🤗





31/05/2026

💡 လူတွေမလိုချင်တဲ့ Product ကို Marketing နဲ့ မကယ်တင်နိုင်ပါဘူး။

"Product အရင်ထွက်လာအောင်လုပ်လိုက်မယ်၊ Marketing အမိုက်စားသာလုပ်လိုက်ရင် ဘယ်လိုနေနေရောင်းရမှာပဲ"

ဒီလိုတလွဲအတွေးလေးတွေကို လုပ်ငန်းရှင်တော်တော်များများက တွေးတတ်ကြပါတယ်။

တကယ့်လက်တွေ့မှာက လူတွေသဘောမကျတဲ့ Product ကြီးကို ကောင်းပေ့ဆိုတဲ့ Marketing တွေ ဘယ်လောက်လုပ်လုပ် အဲ့ဒီ Product ကိုလူတွေကြိုက်လာမှာမဟုတ်သလို...ဒီလိုလုပ်တာက ကိုယ့်လုပ်ငန်းကို မြန်မြန်အရှုံးထွက်အောင်လုပ်နေတာနဲ့ အတူတူပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ Marketing ဆိုတာက လူတွေသိအောင်ကြော်ငြာဖို့ "အသံချဲ့စက်" တစ်ခုသာသာပဲမို့လို့ပါ။

ကိုယ့် Product က တကယ်ကောင်းရင် ကောင်းကြောင်း လူတွေပိုသိသွားသလို၊ Product က လူတွေအတွက် အသုံးမဝင်ဘူး၊ ညံ့နေတယ်ဆိုရင်လည်း အဲ့ဒီအကြောင်းကို လူတွေပိုသိသွားမှာမို့ ကိုယ့် Brand ရဲ့ Image ကိုပါ ထိခိုက်သွားစေတတ်ပါတယ်။

နာမည်ကြီး Marketing Guru ဖြစ်တဲ့ Seth Godin ရဲ့ "Purple Cow" သဘောတရားအရ ကြည့်မယ်ဆိုရင် ဈေးကွက်ထဲမှာ ကိုယ့် Product က ထူးခြားမှုရှိပြီး လူတွေတကယ်လိုချင်တဲ့ Product တစ်ခုဖြစ်မနေဘူးဆိုရင် ကြော်ငြာခတွေ ဘယ်လောက်ပဲသုံးသုံး အလကားပါပဲ။

ဒါကြောင့် လူတွေတကယ်လိုချင်တဲ့၊ တကယ်တန်ဖိုးရှိတဲ့ Product သာ ကိုယ့်ဆီမှာအသင့်ရှိနေမှသာ အဲ့ဒီ Product ကို မှန်ကန်တဲ့ Right Customer တွေဆီရောက်သွားအောင်လုပ်ဖို့ အကြံပေးလိုက်ပါရစေ 🙏🏻




30/05/2026

အရောင်းချည်းပဲလိုက်လုပ်နေတဲ့ခေတ် ကုန်သွားပါပြီ ‼️

ကိုယ့် Brand ကပေးတဲ့ တန်ဖိုးကိုသေချာနားလည်တဲ့ "Right Customer" တွေ ကိုယ့်ဆီအလိုလို ရောက်လာမယ့် စနစ်တစ်ခုကို တည်ဆောက်ဖို့ အရေးကြီးလာပါပြီနော်💡



✨ နယုန်လပြည့် (မဟာသမယနေ့) ဆုတောင်းမေတ္တာယနေ့ကျရောက်‌တဲ့ မဟာသမယအခါတော်နေ့၊ နယုန်လပြည့်နေ့ဖြစ်တဲ့ နေ့ထူးနေ့မြတ်လေးမှာ မြန်...
30/05/2026

✨ နယုန်လပြည့် (မဟာသမယနေ့) ဆုတောင်းမေတ္တာ

ယနေ့ကျရောက်‌တဲ့ မဟာသမယအခါတော်နေ့၊ နယုန်လပြည့်နေ့ဖြစ်တဲ့ နေ့ထူးနေ့မြတ်လေးမှာ မြန်မာပြည်သူပြည်သားအပေါင်းနဲ့တကွ Shwine Aein ရဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ဘေးဘယာများ ဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ် 🙏🏻

မဟာသမယသုတ်တော်များကို ရွတ်ဖတ်ပူဇော်ရင်း စိတ်နှလုံးအေးချမ်းကြပါစေခင်ဗျာ 🍀


#နယုန်လပြည့်နေ့
#မဟာသမယနေ့

29/05/2026

Post တွေတင်နေပေမယ့် လူမမြင်လို့ စိတ်ညစ်နေပြီလား 🤔

ဒါဆိုရင်တော့ သင့် Page အတွက် "Megaphone" လိုအပ်နေပါပြီ 📢

အခုခေတ်က အရင်ကလို Post လေးတင်ရုံနဲ့ လူတိုင်းဆီရောက်မယ့်ခေတ် မဟုတ်တော့ပါဘူးနော်။

Facebook Algorithm တွေကြောင့် ကိုယ့် Page မှာ Reach တွေကျလာတဲ့အခါ Budget သုံးပြီးလူများများမြင်အောင်လုပ်ရတဲ့ Boosting က မဖြစ်မနေအရေးပါလာပါပြီ။

ဒီနေ့တင်ဆက်ပေးမယ့် Episode လေးမှာတော့ ကိုယ့်ရဲ့ Page ကို လူမှန်၊ နေရာမှန်ဆီရောက်အောင် ဘယ်လိုမျိုးကြော်ငြာသင့်လဲဆိုတာကို Boosting Expert "ကိုဘွတ် (Ko Boost)"က ရှင်းပြပေးထားတာမို့ အဆုံးထိကြည့်လိုက်ရအောင် 👇🏻





28/05/2026

AI က ကိုယ့်အလုပ်ကိုလုယူသွားမှာကို စိုးရိမ်နေတာလား 🤔

တကယ်တမ်းကြောက်ရမှာက AI ကို မဟုတ်ပါဘူး။ AI ကို ကိုယ့်ထက်ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့သူတွေကိုပါ။

ဒါကြောင့် ပြောင်းလဲနေတဲ့ AI ခေတ်ကြီးထဲမှာ ကိုယ်က အစားထိုးလို့မရတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် ဘယ်လို Skill တွေကို မဖြစ်မနေ လိုအပ်လာမလဲဆိုတာ ဒီ Video လေးထဲမှာ ကြည့်လိုက်ရအောင် 🚀



ုံးနည်း

27/05/2026

(၂)ပတ်အတွင်းမှာ ဝယ်သူတွေယုံကြည်ချင်စရာကောင်းတဲ့ Page တစ်ခုဖြစ်အောင် ဘယ်လိုပြောင်းလဲပေးခဲ့လဲ ⁉️

လုပ်ငန်းစဉ်လေးကတော့ ရိုးရှင်းပါတယ်။

✅ အဓိကလိုအပ်နေတဲ့ လုပ်ငန်းနဲ့လိုက်ဖက်တဲ့ Page Logo နဲ့ Cover Photo ကို ယုံကြည်မှုရစေမယ့် သေသပ်လှပတဲ့ပုံစံလေးဖြစ်အောင် ပြင်ဆင်ပေးခဲ့တယ်။

✅ လုပ်ငန်းကို တကယ်စိတ်ဝင်စားမယ့် Follower တွေရလာအောင် Page Promote လုပ်ပေးခဲ့ပါတယ်။

သင့် Page ကိုရော ဒီလိုမျိုး သပ်သပ်ရပ်ရပ်နဲ့ ယုံကြည်မှုရအောင်ပြင်ဆင်ပြီး Follower အစစ်အမှန်တွေတိုးလာအောင် ပြင်ဆင်ဖို့ အသင့်ပဲလား ✌🏻

ဒါဆိုရင်တော့ Shwine Aein ရဲ့ Chatbox မှာ အခုပဲ "Start" လို့ပို့လိုက်ပါနော်။ လိုအပ်တာတွေကို အသေးစိတ် ဆွေးနွေးတိုင်ပင်ပေးဖို့အသင့်ပါ 🍀

ယုံကြည်စွာလက်တွဲပေးတဲ့ TT's Choices ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် 🤗



26/05/2026

ဖိအားတွေကြားမှာ အမြဲရုန်းကန်နေရရင် အမိုက်စား Idea အသစ်တွေ ဘယ်ထွက်လာနိုင်ပါ့မလဲနော် 👀

Shwine Aein မှာတော့ အလုပ်ပဲလုပ်‌နေတာထက် အတူတူရယ်မော၊ အတွေ့အကြုံတွေဖလှယ်၊ လေ့လာခဲ့တာတွေ Sharing လုပ်ပေးကြရင်း Team တစ်ခုလုံးကို Recharge ပြန်လုပ်ကြပါတယ် 💪🏻

အကောင်းဆုံး Result တွေဆိုတာက ပျော်ရွှင်တက်ကြွတဲ့ Team Work ကနေပဲ ရလာတတ်တာပါ ✨

မိတ်ဆွေတို့ရော ကိုယ့်ရဲ့ Team မှာ ဘယ်လို Activity လေးတွေလုပ်လေ့ရှိလဲဆိုတာ မျှဝေပေးခဲ့ပါဦးနော် 👇


Address

North Dagon, Yangon.

Telephone

+959755585540

Website

Alerts

Be the first to know and let us send you an email when Shwine Aein Strategic Digital Marketing Partner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwine Aein Strategic Digital Marketing Partner:

  • Want your business to be the top-listed Media Company?

Share