Dota 2 Myanmar-Updates

Dota 2 Myanmar-Updates DOTA 2 MYANMAR FAN PAGE

ကျနော်တို့ရဲ့ Hometown 🏠
05/02/2026

ကျနော်တို့ရဲ့ Hometown 🏠

Dota 1 ခေတ်တုန်းက Hero အလိုက်အကြမ်းဆုံးသူတွေကို ရုပ်နဲ့တွဲမြင်အောင် တင်ပေးလိုက်ပါတယ်။ Necrophos ကိုလည်း A Phoe Gyi လို့ပ...
04/02/2026

Dota 1 ခေတ်တုန်းက Hero အလိုက်အကြမ်းဆုံးသူတွေကို ရုပ်နဲ့တွဲမြင်အောင် တင်ပေးလိုက်ပါတယ်။ Necrophos ကိုလည်း A Phoe Gyi လို့ပေးခဲ့ကြဖူးတယ်။ ဘယ်သူလဲသိကြလား?

ချစ်စရာကောင်းလို့Profile ထားလို့ရတာပေါ့ 😁
30/01/2026

ချစ်စရာကောင်းလို့

Profile ထားလို့ရတာပေါ့ 😁

Monkey Business အသင်းအမည်နဲ့ ဒီနေ့ညမှာ ပြန်လာကြမယ့် Old OG အဖွဲ့သားများOG ဆိုတာ Dota 2 လောကရဲ့ အအောင်မြင်ဆုံးအသင်းဆိုတာ ...
16/01/2026

Monkey Business အသင်းအမည်နဲ့ ဒီနေ့ညမှာ ပြန်လာကြမယ့် Old OG အဖွဲ့သားများ

OG ဆိုတာ Dota 2 လောကရဲ့ အအောင်မြင်ဆုံးအသင်းဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒါပေမယ့် OG မဖြစ်လာခင်က သူတို့စတင်ခဲ့တဲ့ Monkey Business ဆိုတဲ့ နာမည်ကိုရော မှတ်မိကြသေးလား? ဒီနေ့ညမှာတော့ ဒီနာမည်ဟောင်းကြီးအောက်မှာ Legend တွေပြန်ဆုံပြီး ပွဲထွက်လာကြတော့မှာပါ။

ဒီနေ့ည ၇ နာရီခွဲ (7:30 PM) အချိန်မှာ ကျင်းပမယ့် EPL Championship Season 1 မှာ Topson, Ceb နဲ့ N0tail တို့ဟာ Monkey Business အသင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ Lineup ကတော့-

Shad (1) Topson (2)Ceb (5) Pablo (4) N0tail (3)
ဖြစ်ပါတယ်

Topson ရဲ့ Mid Lane ကစားကွက်တွေ၊ Ceb ရဲ့ Offlane အမိုက်စားတွေအပြင် N0tail ကိုယ်တိုင် Pos 5 ကနေ ပြန်ကစားတာကို မြင်ရမှာဖြစ်လို့ Old School OG Vibes တွေကို ပြန်ခံစားချင်တဲ့ သူတွေအတွက်တော့ တကယ့်ကို အလွမ်းပြေစေမယ့် ပွဲလေးတစ်ပွဲပါပဲ။ Shad နဲ့ Pablo တို့ကလည်း ဒီ Legend တွေနဲ့အတူ ဘယ်လို Chemistry မျိုးပြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Live Stream ကိုတော့ Kick Platform ပေါ်က EPL Channel မှာ သွားရောက်ကြည့်ရှုပြီး အားပေးနိုင်မှာ ဖြစ်ပါတယ်

𝗔𝗴𝗲𝗻𝘁 𝗹𝗶𝗳𝗲𝘁𝗶𝗺𝗲 𝟱 နှစ် သက်တမ်း ရှိပီး ငွေကြေး ခိုင်မာမှု / စိတ်ချယုံကြည်မှု တို့အပြင် 𝗗𝗲𝗽𝗼𝘀𝗶𝘁 / 𝗪𝗶𝘁𝗵𝗱𝗿𝗮𝘄 သိန်းထောင်ဂဏန်းထိ စိတ်ကြိုက်တီး / စိတ်ကြိုက်ဖြုတ်ဖို့ အတွက် 𝗙𝗢𝗫 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ဗျာ 🦊

Facebook , Telegram Service နှစ်ခုရှိပီး ကြိုက်တဲ့ 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 မှာ စိတ်ကြိုက်တီး ✅
1xbet Deposit / Withdraw / New Account တို့အတွက် 𝗙𝗢𝗫 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ဗျ 🦊

Telegram link -
Fb page link- FOX Service
_______________________________________

Happy New Year Guys!!New YearSame RankSame Sh*tsWith Same Trollers 😂😂
31/12/2025

Happy New Year Guys!!

New Year
Same Rank
Same Sh*ts
With Same Trollers 😂😂

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒 (𝐔𝐏𝐃𝐀𝐓𝐄𝐒) 😳😳😳Largo (Arcana) အသစ်ထွက်တယ် ညီကိုတို့ရေ(ဟာသအနေနဲ့ပဲကြည့်နော်)
27/12/2025

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒 (𝐔𝐏𝐃𝐀𝐓𝐄𝐒) 😳😳😳

Largo (Arcana) အသစ်ထွက်တယ် ညီကိုတို့ရေ

(ဟာသအနေနဲ့ပဲကြည့်နော်)

Fly နဲ့ လက်ရှိဆက်ဆံရေးအကြောင်းပြောပြလာတဲ့ N0tailFly နဲ့ N0tail Drama ဆိုတာ Dota 2 လောကမှသာမက Esport လောကရဲ့ အထင်ရှားဆုံး...
27/12/2025

Fly နဲ့ လက်ရှိဆက်ဆံရေးအကြောင်းပြောပြလာတဲ့ N0tail

Fly နဲ့ N0tail Drama ဆိုတာ Dota 2 လောကမှသာမက Esport လောကရဲ့ အထင်ရှားဆုံး Drama တွေထဲကတစ်ခု ဖြစ်တယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ အကွဲအပြဲဇာတ်လမ်းတွေ၊ Drama တွေ၊ တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ခဲ့မှုတွေအပြီး Fly ဟာ N0tail အနောက်မှာကျန်ခဲ့ပြီး N0tail ကတော့ Dota လောကမှ အအောင်မြင်ဆုံးလူဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ Dream League Season 27 မှာ OG Vs VP တွေ့ဆုံခဲ့ကြပါတယ်။ Fly ဟာ လက်ရှိ VP အသင်းကိုပြောင်းရွှေ့ကစားနေပြီး N0tail ကတော့ OG ပွဲတွေကို Streaming လုပ်ရင်း Chill Guy ဖြစ်နေပါပြီ။ N0tail Stream မှာ Singsing လည်းပါခဲ့ပြီး Singsing က Fly နဲ့ ဆက်ဆံရေးဘယ်လိုရှိလဲ N0tail ကို မေးခဲ့ရာမှာတော့ -

Singsing - မင်းတို့ ၂ ယောက်အခြေအနေဘယ်လိုလဲ?

Notail - ငါတို့စကားမပြောဖြစ်ကြဘူး (Stream မှာ We don't talk anymore သီချင်းတောင်ဆိုပြလိုက်သေး 😂)

Singsing - အဆက်အဆံမရှိတော့ဘူးပေါ့ အတော်ဆိုးတာပဲ

N0tail - ဟုတ်တယ် ဘ၀ဆိုတာ ဒီလိုပဲ တစ်ခါတလေစောက်တလွဲလေ

Singsing- အေး ဟုတ်ပါတယ် ဖြစ်တတ်ပါတယ် သူနဲ့ပတ်သက်ပြီး ကောင်းတာဆိုးတာမျိုးခံစားချက်ရောဖြစ်သေးလား ရှိသေးလား?

N0tail- ခံစားချက်တော့မရှိပါဘူး ငါက Beef (ပွဲ) ကြိုက်တယ်၊ အဲ့လိုမျိုးလေးတွေတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရှိမှ ပျော်ဖို့ကောင်းတာ၊ တခါတလေငါ့သူငယ်ချင်းတွေကိုလဲ ငါအကန်တွေပြောတာပဲ၊ Beef လုပ်တာပဲ၊ ဒီလိုလေးတွေရှိမှ မိုက်တာ၊ ဒါမယ့်တချို့တွေကိုတော့ငါလုံး၀မပေါင်းဖြစ်ဘူး၊ တချို့မအေဘေးတွေရှိတယ်၊ အဲ့ကောင်တွေကိုတော့ရှောင်တယ်၊ ငါ့အထင်တော့ Fly က အဲ့လိုမကောင်းတဲ့ မအေဘေးတွေထဲတော့မပါပါဘူး

N0tail ပြောသွားတဲ့ မအေဘေးဆိုတဲ့လူဆိုတာ သူ့ Biography ကိုဖတ်ထားရင်တော့ရိပ်ဖမ်းသံဖမ်းသိမယ်ထင်တယ်၊ အတိအကျမဟုတ်ပေမယ့် ကျနော့်ခံစားချက်အရ (ကျနော့်တစ်ကိုယ်တည်းအမြင်အရ) ဆိုရင်တော့ Fanatic တုန်းက Management လူတွေရယ်၊ EternalEnvy တို့ဖြစ်လိမ့်မယ်၊ N0tail က EE-Sama ကို အရမ်းမုန်းတာ၊ သူ့စာအုပ်ထဲမှာလည်း ပယ်ပယ်နယ်နယ်ကို ကျွေးထားတာ၊ EE-Sama ကလည်း တကယ့်ပေါင်းရသင်းရခက်တဲ့ကောင်တွေထဲပါတယ်။

ဒါကတော့ N0tail ဘက်ကနေ Fly အပေါ်ခံစားရတာကိုပြောပြခဲ့တာပါ။ Fly ဟာ TI8 မတိုင်ခင် လမ်းခွဲမှုအပြီး OG အသင်းရဲ့ ကိစ္စတိုင်းမှာ Villain ဖြစ်ခဲ့ရပြီး သူလည်း အဲ့ဒီ့ကိစ္စအတွက်နောင်တရခဲ့ကြောင်း၊ ပိုပြီးရင့်ကျက်သွားကြောင်းဖွင့်ဟခဲ့ပါတယ်။

𝗔𝗴𝗲𝗻𝘁 𝗹𝗶𝗳𝗲𝘁𝗶𝗺𝗲 𝟱 နှစ် သက်တမ်း ရှိပီး ငွေကြေး ခိုင်မာမှု / စိတ်ချယုံကြည်မှု တို့အပြင် 𝗗𝗲𝗽𝗼𝘀𝗶𝘁 / 𝗪𝗶𝘁𝗵𝗱𝗿𝗮𝘄 သိန်းထောင်ဂဏန်းထိ စိတ်ကြိုက်တီး / စိတ်ကြိုက်ဖြုတ်ဖို့ အတွက် 𝗙𝗢𝗫 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ဗျာ 🦊

Facebook , Telegram Service နှစ်ခုရှိပီး ကြိုက်တဲ့ 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 မှာ စိတ်ကြိုက်တီး ✅
1xbet Deposit / Withdraw / New Account တို့အတွက် 𝗙𝗢𝗫 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ဗျ 🦊

Telegram link -
Fb page link- FOX Service
___________________________________________
See less

Merry Christmas Guys!!
24/12/2025

Merry Christmas Guys!!

Dream League Season 27 Champion 𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗ဒီတခေါက် Dream League S27 အတွက် Champion ဖြစ်သွားတာကတော့ 𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗 ပါ။ 𝐓𝐄𝐀𝐌...
22/12/2025

Dream League Season 27 Champion

𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗

ဒီတခေါက် Dream League S27 အတွက် Champion ဖြစ်သွားတာကတော့ 𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗 ပါ။ 𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗 ဟာ Underdog ပုံစံနဲ့ ဒီ Tournament မှာ ဗိုလ်စွဲခဲ့တာမဟုတ်ဘဲ တကယ်ကိုမှထိုက်ထိုက်တန်တန် အနိုင်ရရှိ ဗိုလ်စွဲခဲ့တာပါ။ Grand Final မှာတွေ့တဲ့ Team Spirit ကို အကြွင်းမဲ့ အနိုင်ယူခဲ့ပြီး -

Upper Bracket မှာ 2-0 ရလဒ်
Grand Final မှာ 3-1 ရလဒ်နဲ့ အမှောက်သိပ်ခဲ့ပါတယ်။ 𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗 ဟာဒီ ပြိုင်ပွဲအနိုင်ရရှိမှုကြောင့် USD 214,000 ရရှိခဲ့ပြီး EPT Points 3400 ရရှိသွားပါတယ်။ ဒါ့အပြင် Club Reward ဆိုပြီး USD 30,000 ထပ်မံချီးမြှင့်ခံရပါတယ်။

Dota 2 ပြိုင်ပွဲတွေဟာ ခုနောက်ပိုင်းခန့်မှန်းရပိုခက်လာပြီး အသင်းကြီးဖြစ်တိုင်း ချန်ပီယံ ဖြစ်မယ်ဆိုတဲ့ Logic ကိုရိုက်ချိုးနေပါတယ်။ ကျနော့်အတွက်တော့ 𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗 ချန်ပီယံဖြစ်တာ အတော်ဝမ်းသာမိပါတယ်။ ဘာကြောင့်ဆို အမြဲတမ်း သိုးမည်းဖြစ်ရတဲ့ Watson တစ်ယောက် သူ့ Pro Life ရဲ့ Tier 1 အဆင့် ပထမဆုံး Tournament အနိုင်ရရှိတာမို့ပါ။

Congratulations 𝐓𝐄𝐀𝐌 𝐘𝐀𝐍𝐃𝐄𝐗
Congratulations - Watson, CHIRA_JUNIOR, Noticed, Saksa, Malady

TI8 True Sight အကြောင်းပြန်ပြောကြရအောင်နှစ်တစ်နှစ်ကုန်ခါနီးပြီဆို ကိုယ်အရမ်းကြိုက်တဲ့ တစ်ခုခုကို ပြန်ကြည့်တယ်၊ အဲ့လိုပြန...
21/12/2025

TI8 True Sight အကြောင်းပြန်ပြောကြရအောင်

နှစ်တစ်နှစ်ကုန်ခါနီးပြီဆို ကိုယ်အရမ်းကြိုက်တဲ့ တစ်ခုခုကို ပြန်ကြည့်တယ်၊ အဲ့လိုပြန်ကြည့်တဲ့ထဲ TI8 True Sight ကတော့ ထိပ်ဆုံးကပဲ။ ဒီ True Sight ဟာ OG အသင်းရဲ့ တကယ့် Reaction ဖြစ်ခဲ့ပြီး LGD အသင်းကလည်း တကယ့် Reaction ဖြစ်ခဲ့ပါတယ်။

Ceb ဟာ အသင်းတိုင်းအတွက်ရှိကိုရှိသင့်တဲ့ လူတစ်ယောက်လို့ ကျနော်တို့သတ်မှတ်ကြရတဲ့အထိ Dota လောကအတွက် Impact ဖြစ်ခဲ့ပြီး ငါတို့အသင်းမှာသာ Ceb လို Moti ပေးနိုင်သူပါရင်ဘယ်လောက်ကောင်းမလဲ အသင်းတိုင်းတွေးမိစေခဲ့မှာပါ။

TI8 ဟာ သဘောကျစရာကောင်းလွန်းတဲ့အခိုက်အတန့်တွေအများကြီးနဲ့ပြည့်နှက်နေပြီး ကျနော့်အတွက် အကြိုက်ဆုံးတွေကိုရွေးထုတ်ပြပါဆိုရင်တော့ -

Game-4 မှာ Ceb ကနေ Topson ကို
Ceb - What do you feeling like playing?
Topson - I like, I really like Invoker
Ceb - You said you really like Invoker?
Topson - Yeah
Ceb - Give the boy Invoker

ဒီစကားလုံးတွေက Topson လို Pro Scene ကိုအခုမှစရောက်တဲ့ Amateur Player တစ်ယောက်ကို TI Grand Final အဆုံးအဖြတ်ပွဲမှာ ဘယ်လောက်ယုံကြည်လဲ? ဘယ်လောက် YOLO ဆန်လဲ အရမ်းသိသာလွန်းတယ်။ တဖက်ကပြန်တွေးကြည့်ပြန်တော့လဲ Risky များတယ်။

နောက် Moment တစ်ခုကတော့ Game 5 နိုင်သွားပြီး Champion ဖြစ်ချိန်အားလုံးပြေးဖက်တော့ Jerax ကနေ -

"Ceb, its real, Ceb, its real" လို့ ပြောတာလေး၊
ဘယ်သူကထင်မှာလဲ OG TI Winner ဖြစ်သွားလိမ့်မယ်လို့၊ ဘယ်သူကမှမထင်သလို OG အသင်းသားတွေကလဲမထင်ဘူး။ မထင်ထားတာတကယ်ဖြစ်ချိန်မှာ အိပ်မက်ဆန်လွန်းလို့ "Ceb ရေ တကယ်ဟ တကယ်ကြီးဖြစ်နေတာဟ" လို့ Jerax တစ်ယောက် အသက်တောင်မရှုပဲ မနားတမ်းပြောတာကိုနားထောင်ရတာ ကိုယ့်မှာလဲသူ့လိုခံစားရပြန်တယ်။ ဒါဟာ တကယ် Real ဖြစ်တဲ့ Emotion တွေမို့ ရင်ထဲကို ရောက်တာလို့လည်း တွေးမိတယ်။

ဒါကတော့ TI8 True Sight ပြန်ကြည့်ချိန်မှာ ပြန်တွေးမိတာလေးပေါ့။ ညီကိုတို့ရော TI8 True Sight နဲ့ပတ်သက်ပြီးဘယ်လိုအမှတ်တရတွေရှိလဲ ပြောပြခဲ့ပါဦး

Address

Yangon
10260

Website

Alerts

Be the first to know and let us send you an email when Dota 2 Myanmar-Updates posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share