Di Gi M Lab

Di Gi M Lab သင့်တင့်တဲ့ Fees ဖြင့် Quality ရှိတဲ့ Content Writing/ Copywriting နှင့် Graphic Designs, 3D Event Designs များကို အပ်နှံနိုင်ပါပြီ။

01/10/2025

AI ကို အသုံးပြုပြီး ကြော်ငြာ Video စမ်းထုတ်ကြည့်ထားတာလေးပါ။
🔹Script,
🔹Narration,
🔹Voiceover,
🔹Background Music,
🔹Image to Video
အစကနေအဆုံးထိ AI ကိုပဲ သုံးထားပါတယ်။
Product ကိုတော့ လတ်‌တလောကြော်ငြာတွေ တွေ့တွေ့နေရတဲ့ Product လေးကို ထည့်သုံးထားပါတယ်။

ွတ်ကီး

နိစ္စဓူဝဖြစ်စဉ် ဆိုပေမယ့် လူတွေ သတိမထားမိတဲ့ အရာတစ်ခုက...ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ကားစီးရင်း ကုန်ဆုံးနေရတဲ့အချိန်...
23/02/2025

နိစ္စဓူဝဖြစ်စဉ် ဆိုပေမယ့် လူတွေ သတိမထားမိတဲ့ အရာတစ်ခုက...
ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ကားစီးရင်း ကုန်ဆုံးနေရတဲ့အချိန်တွေက လူတစ်ယောက်သက်တမ်းရဲ့ ပျမ်းမျှ (၅)နှစ်စာလောက် ရှိနေခဲ့တယ်ဆိုတာပါ။

မနက်ခင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ တစ်ပြိုင်နက် လိုင်းကားတိုးစီးနိုင်ဖို့ အမြန်ပြင်ဆင်ကြရတယ်။

လုပ်ငန်းခွင်ကို ရောက်ဖို့ မီးပွိုင့် တစ်ခုနဲ့တစ်ခုကြား၊ ကား တစ်စီးနဲ့တစ်စီးကြားမှာ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးကြရင်း
တစ်ရက်ကနေ...တစ်လ
တစ်လကနေ...တစ်နှစ်
တစ်နှစ်ကနေ...နှစ်ပေါင်းများစွာ ကြာလာခဲ့ကြတယ်။

တက္ကသိုလ်တက်တဲ့အရွယ်ကနေ ပင်စင်ယူတဲ့အရွယ်အထိ ဒီလမ်းမတွေမှာ ကုန်ဆုံးရတဲ့အချိန်က ပိုများခဲ့ကြတယ်။

ကုန်လို့ကုန်သွားမှန်း မသိခဲ့တဲ့ ဒီအချိန်တွေဆိုတာလေ
အကျိုးရှိမယ့်အရာတွေကို လုပ်နိုင်ခဲ့မယ့် အချိန်တွေ...
စိတ်ရော လူရော အနားယူလို့ရခဲ့မယ့် အချိန်တွေ...
ချစ်ရသူတွေအတွက် သုံးလို့ရခဲ့မယ့် အချိန်တွေ...

ဘယ်သူမှ မတတ်နိုင်ခဲ့ပေမယ့်...ကျွန်မတို့ရဲ့ အလကားဖြစ်သွားခဲ့တဲ့ (၅)နှစ်စာ အချိန်က ဒီလမ်းမတွေပေါ်မှာချည်းသာ....။

Perfect ဖြစ်တဲ့ page တစ်ခုဖြစ်ဖို့ဆိုရင် အရင်ဆုံးလုပ်သင့်တာက အရေးကြီးဆုံး နဲ့ အခြေခံအကျဆုံးဖြစ်တဲ့ “About ” Sec...
30/01/2025

Perfect ဖြစ်တဲ့ page တစ်ခုဖြစ်ဖို့ဆိုရင် အရင်ဆုံးလုပ်သင့်တာက အရေးကြီးဆုံး နဲ့ အခြေခံအကျဆုံးဖြစ်တဲ့ “About ” Section ကို သေချာဖြည့်ထားဖို့ပါ။

(၁) Page Name ကို သေချာရွေးချယ်ပါ။
မှတ်မိလွယ်ပြီး လုပ်ငန်းနဲ့ ကိုက်ညီမှုရှိတဲ့ နာမည်ကို အရင်ရွေးချယ်သတ်မှတ်ပေးပါ။ နာမည်သတ်မှတ်ပြီးရင်လည်း Google နဲ့ Facebook မှာ အမည်တူစီးပွားရေး ရှိမရှိ ရှာကြည့်ဖို့ လိုပါသေးတယ်။ ဒါမှ နောက်ပိုင်း လုပ်ငန်းမှတ်ပုံတင်တဲ့အခါ အရှုပ်အရှင်းကင်းမှာ ဖြစ်ပါတယ်။

(၂) Bio မှာ လုပ်ငန်းရဲ့ Unique Selling Proposition (USP) ပါအောင် ထည့်ပါ။
ဒီနေရာမှာ လုပ်ငန်းနဲ့ ဝန်ဆောင်မှုအကြောင်းကို ထူးခြားချက်၊ ကောင်းကွက်တွေပါအောင် တိုတိုနဲ့လိုရင်း ထည့်ရေးဖို့ အကောင်းဆုံးပါ။ (ဥပမာ - တခြားလုပ်ငန်းတွေထက် ပိုသာတဲ့ အရည်အသွေး၊ ယုံကြည်စိတ်ချရခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ ဝန်ဆောင်မှုကောင်းခြင်း၊ အာမခံပေးခြင်း) စသဖြင့် သင့်လုပ်ငန်းရဲ့ အားသာချက်ကို ထည့်ရေးထားသင့်ပါတယ်။

(၃) ဆက်သွယ်ရန် Phone အပြင် Location ကိုပါ ထည့်ပါ။
ဆိုင်တည်နေရာပါရှိတယ်ဆိုရင်တော့ လိပ်စာတည်နေရာထည့်ထားလိုက်တာက လုပ်ငန်းကို Trust ပိုတိုးစေပါတယ်။ Online Sales သီးသန့်ပဲ ရောင်းတယ်ဆိုရင်တောင် ကိုယ်နေထိုင်ရာ မြို့ကိုပဲဖြစ်ဖြစ် ထည့်ထားသင့်ပါတယ်။

(၄) Call-to-Action (CTA) Button ထည့်ပါ။
CTA Button ထည့်ထားမှသာ Audience တွေကို Action လုပ်အောင် လှုံ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။ များသောအားဖြင့်ကတော့ Message Button ကို ထားကြပေမယ့် Call, Whatsapp, Book now, Contact us စသဖြင့် အမျိုးမျိုးရှိတာဖြစ်လို့ Audience ဘက်က ဆက်သွယ်လို့ အဆင်ပြေမယ့် Button ကို ထားတာ အကောင်းဆုံးပါ။ Page Setting ထဲက Edit Action Button ကနေတစ်ဆင့် CTA Button ထည့်နိုင်ပါတယ်။

(၅) SEO-friendly ဖြစ်အောင် ဖန်တီးပါ။
Page ကို အလွယ်တကူ ရှာတွေ့နိုင်ဖို့ SEO-friendly ဖြစ်ဖို့ဆိုရင် Page Name နဲ့ Username ကို တူအောင် ထားဖို့လည်း လိုပါတယ်။ နောက်တစ်ခုက Category Section မှာပါ သင့်လုပ်ငန်းနဲ့ တူညီရာကို ဖြည့်ထားသင့်ပါတယ်။ (ဥပမာ - Consultant, Marketing Agency, Restaurant, Online Shop) စသဖြင့် ဖြည့်ထားမှသာ ရှာဖွေတဲ့အခါ Page ကို အလွယ်တကူတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

(၆) တခြား Social Media Links များ ထည့်ပါ။
Facebook အပြင် Website, Tiktok, Telegram, Viber Channel တွေရှိတယ်ဆိုရင် Link တွေ ချိတ်ထားပါ။ ဒါမှသာ Customer တွေနဲ့ အမြဲ အဆက်အသွယ်မပြတ်ရှိနိုင်မှာ ဖြစ်ပါတယ်။

page ဆိုတာ Customer ရဖို့ ပထမဆုံးခြေလှမ်းဖြစ်တာကြောင့် About Section ကို စနစ်တကျဖြည့်ထားခြင်းအားဖြင့် Attract လုပ်နိုင်ပါတယ်။ ဒါကြောင့် အခုပြောထားတဲ့အချက်တွေကို လျစ်လျူရှုထားပြီး မဖြည့်ရသေးတာတွေရှိတယ်ဆိုရင် အခုပဲ ဖြည့်ထားလိုက်ဦးနော်။


Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when Di Gi M Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share