Revolter Kaung

Revolter Kaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Revolter Kaung, Media, Yangon.

30/11/2023

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့တွေကတော့...
(၁) ကောလင်း (စစ်ကိုင်းတိုင်း)
(၂) ခမ်းပတ် (စစ်ကိုင်းတိုင်း)
(၃) ရွှေပြည်အေး (စစ်ကိုင်းတိုင်း)
(၄)ချင်းရွှေဟော် (ရှမ်းမြောက်)
(၅)ကုန်းကြမ်း (ရှမ်းမြောက်)
(၆)ဖောင်းဆိုင် (ရှမ်းမြောက်)
(၇) မုံးကိုး (ရှမ်းမြောက်)
(၈)ပန်ဆိုင်း (ရှမ်းမြောက်)
(၉) သိန္နီ (ရှမ်းမြောက်)
(၁၀) ကွမ်းလုံ (ရှမ်းမြောက်)
(၁၁) မယ်စဲ့ (ကရင်နီ)
(၁၂)Hnaring မြို့ (ချင်းပြည်နယ်)
(၁၃) Surkhua မြို့ (ချင်းပြည်နယ်)
(၁၄) Makuinuမြို့ (ချင်းပြည်နယ်)
(၁၅)ဝေဘုလ (ချင်းပြည်နယ်)
(၁၆) ရိဒ်ခေါဒါရ် (ချင်းပြည်နယ်)
(၁၇) လိုင်လင်းပီ (ချင်းပြည်နယ်)
(၁၈) ရေဇွာ (ချင်းပြည်နယ်)
စုစုပေါင်း မြို့၁၈ မြို့ကို သိမ်းယူထားပြီဖြစ်ပါတယ်။

01/11/2023

သင်တို့လိပ်ပြာလုံရဲ့လား စာသားပါဝင်သော နာမည်ကျော်တော်လှန်ရေးသီချင်း “ကြယ်” ကို ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းတခုပေါ်တွင် တော်လှန်ရေးအင်အားစုလူငယ်များက ယနေ့ အောက်တိုဘာ ၃၀ တွင် သီဆိုဆန္ဒပြခဲ့ကြသည်။

အောက်တိုဘာ ၃၀ ၊ ၂၀၂၃။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လက်ရှိဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံအားပေးသည့် အနေဖြင့် ပြည်သူများ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဆက်လက်ပူးပေါင်းပါဝင်ကြရန် ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုလူငယ်များက ယနေ့ အောက်တိုဘာ ၃၀ တွင် ဘတ်စ်ကားလိုင်းတစ်ခုပေါ်တွင် ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်စနစ် တော်လှန်တိုက်ခိုက်ရေးတွင် အသက်ပေးသွားသော သူရဲကောင်းရဲ ဘော်များကိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ အသက်ကြွေးကိုပြန်လည်တောင်းယူနေသော တိုက် ပွဲဝင်ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း နာမည်ကျော် တော်လှန်ရေးသီချင်း “ကြယ်” ကို ဘတ်စ်ကားပေါ်တွင် သီဆိုဟစ်ကြွေးခဲ့ကြခြင်းဖြစ်သည်။

ရုပ်/သံ - AAMIJ



(P.S Keyword Error များပါသွားသည့်အတွက် တောင်းပန်ပါတယ်ခဗျာ။)
Crd North Dagon Oppressed People's Strike Coalition-NDOPSC

ကမ္ဘာ့ကုလသမဂ္ဂနှင့် ဒီမိုကရက်တစ်နိုင်ငံများထံသို့ အိတ်ဖွင့်ပေးစာ...Credit Wayazein - ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖ...
10/10/2023

ကမ္ဘာ့ကုလသမဂ္ဂနှင့် ဒီမိုကရက်တစ်နိုင်ငံများထံသို့
အိတ်ဖွင့်ပေးစာ...

Credit Wayazein - ဝရဇိန် ထုတ်လုပ်ရေးနှင့်ပြုပြင်ရေးအဖွဲ့

 စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အများအပြားအပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးလိုင်ဇာ - အောက်တိုဘာ ၁၀၊ ၂၀၂၃...
10/10/2023



စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အများအပြားအပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံး

လိုင်ဇာ - အောက်တိုဘာ ၁၀၊ ၂၀၂၃။

KIA ဌာချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းတွင် ယမန်နေ့ည ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ကလေးသူငယ်များအပါအဝင် ပြည်သူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကနဦးသိရသည်။

သတင်းအသေးစိတ်ထပ်မံဖော်ပြပါမည်။
Crd

လိုင်ဇာမှာ အရပ်သားပြည်သူတွေနေတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးနဲ့ ပစ်ခတ်လို့ကလေးငယ် ၁...
10/10/2023

လိုင်ဇာမှာ အရပ်သားပြည်သူတွေနေတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးနဲ့ ပစ်ခတ်လို့ကလေးငယ် ၁၃ ဦး အပါအဝင် ၃၂ ဦးထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိပါတယ်။
Crd

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်၂၀၂၃ စက်တင်ဘာ ၂၅၊ရွှေပြည်...
07/10/2023

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ စက်တင်ဘာ ၂၅၊

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ “လူထုအကျပ်အတည်းအရင်းခံ အာဏာရှင်စနစ်အမြစ်လှန်” စာသားပါ စတေကာများနှင့် ပန်းဖလက်များ ဖြန့်ဝေသည့် လှုပ်ရှားမှုတရပ်ကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
Crdဗကသများအဖွဲ့ချုပ်

“လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင် စနစ် အမြစ်လှန်” ခေါင်းစဥ်ဖြင့် စတေကာကမ်ပိန်းနှင့်လက်ကမ်းစာစောင်များ ဝေမျှခြင်းလူထုလ...
29/09/2023

“လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင် စနစ် အမြစ်လှန်” ခေါင်းစဥ်ဖြင့် စတေကာကမ်ပိန်းနှင့်လက်ကမ်းစာစောင်များ ဝေမျှခြင်းလူထုလှုပ်ရှားမှုကို တာမွေသပိတ်ကော်မတီမှ ရဲဘော်များပြုလုပ်

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ ရန်ကုန်။

ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ် ၁၀ ရက်တာ လူထုလှုပ်ရှားမှုအား စက်တင်ဘာလ၂၈ ရက်တွင် တာ​မွေသပိတ်ကော်မတီမှရဲဘော်များမှ ရန်ကုန်မြို့လူစည်ကားရာ​နေရာတချိူ့တွင်ပြည်သူလူထုထံ လက်ကမ်းစာစောင်များဝေခြင်း၊ စတေကာများ ကပ်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်တော်လှန်ရေး လူထုလှုံ့ဆော်လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

ရွှေဝါရောင်အကြောင်း ပြောကြ/ဟောကြ။
လူထုအသံ နဲ့ အလံ ကိုမြင့်မားစွာလွှင့်ကြ။
ဖက်ဆစ်ရွေးကောက်ပွဲကိုသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်ကြ။
Crd GSC

ဗကသများအဖွဲ့ချုပ်က ပြည်သူအခြေပြုကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ကူညီ၂၀၂၃ စက်တင်ဘာ ၂၅၊မရမ်းကုန်းမြို့နယ်...
25/09/2023

ဗကသများအဖွဲ့ချုပ်က ပြည်သူအခြေပြုကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ကူညီ

၂၀၂၃ စက်တင်ဘာ ၂၅၊

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် ပညာသင်ယူနေသော ကျောင်းသား/သူများသို့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၉၀ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
Crdဗကသများအဖွဲ့ချုပ်

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်စက်တင်ဘာလ၊ ၂၅ရက်၊ ၂၀၂၃ခုန...
25/09/2023

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

စက်တင်ဘာလ၊ ၂၅ရက်၊ ၂၀၂၃ခုနှစ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အထက ၂ မရမ်းကုန်း)၊ Mayangone Democratic Front နှင့် Burma Youth Revolutionary Force (BYRF) တို့ပူးပေါင်းကာ “အထွေထွေအကြပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာအား စက်တင်ဘာလ ၂၄ ရက်နေ့၌ ရန်ကုန်မြို့တွင် ချိတ်ဆွဲ၍ ဆေးနီများပတ်ဖြန်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။

“အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့”

Crd GSC

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - General Strike Committee(GSC)၏ ပထမအကြိမ် ညီလာခံ အကြောင်း သတင်းထုတ်‌ပြန...
20/09/2023

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - General Strike Committee(GSC)၏ ပထမအကြိမ် ညီလာခံ အကြောင်း သတင်းထုတ်‌ပြန်ခြင်း

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - General Strike Committee (GSC)၏ ပထမအကြိမ် ညီလာခံအား လွတ်မြောက်ဒေသတနေရာတွင် ခြောက်ရက်တိုင်တိုင် ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - General Strike Committee(GSC)၏ မူဝါဒများ၊ စုဖွဲ့မှုပုံစံများ နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ဆွေးနွေးဆုံးဖြတ်ချက်များနှင့်အညီ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - General Strike Committee(GSC)၏ ပထမအကြိမ် ညီလာခံမှ အတည်ပြုလိုက်သော မူဝါဒရေးရာစာတမ်းအား ထုတ်ပြန်လိုက်ရသည်။

ဆက်သွယ်ရန် -
မျိုးသူရ (ညှိနှိုင်းရေးမှူး) +66618429163(Signal)
အောင်ဖုန်းမော် (တွဲဖက်ညှိနှိုင်းရေးမှူး) +95 9 256 160 310(Signal)

မူဝါဒရေးရာစာတမ်း download file >>> https://drive.google.com/file/d/18X6624eOI8k7PZWMRIi4Oye-V9GeUfca/view?usp=sharing

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်စက်တင်ဘာလ၊ ၁၇ရက်၊ ၂၀၂၃ခုနှစ်။ဗ...
17/09/2023

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

စက်တင်ဘာလ၊ ၁၇ရက်၊ ၂၀၂၃ခုနှစ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ စက်တင်ဘာလ ၁၇ ရက်နေ့၌ ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတခုတွင် “လူဖြစ်ခြင်းရဲ့အဓိပ္ပါယ် ဒို့တော်လှန်မှရလိမ့်မယ်၊ နိုင်ငံရေးနဲ့ ကင်းတဲ့ပြည်သူဆိုတာမရှိဘူး” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
CrdGSC

ယင်းမာပင်ဗကသနှင့် ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်စက်တင်ဘာလ ၊ ၁၇ ...
17/09/2023

ယင်းမာပင်ဗကသနှင့် ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

စက်တင်ဘာလ ၊ ၁၇ ရက် ၊ ၂၀၂၃ ခုနှစ်။

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်အရှေ့ခြမ်း သပိတ်အင်အားစုဖြစ်သည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ဘန်နာစာသား၊ “Our Ambassador Our Voice” ဘန်နာစာသားတို့ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။

“အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့”
CrdGSC

15/09/2023

ရန်ကုန်တွင် လူငယ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်။

စက်တင်ဘာ ၁၅ ၊ ၂၀၂၃။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှဦးဆောင်၍ General Strike Committee - GSC ၊ North Dagon Oppressed People's Strike Colition - NDOPSC ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) ၊ Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းပြီး '' အထွေထွေ အကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိီသို့ '' စာသားပါ ဘန်နာအားကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့တနေရာတွင် ပြုလုပ်ခဲ့ကြသည်။

ရုပ်/သံ - AAMIJ

ဗကသက ဦးဆောင်ပြီး GSC နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်သုံးစစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြု...
15/09/2023

ဗကသက ဦးဆောင်ပြီး GSC နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်သုံးစစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၃ စက်တင်ဘာ ၁၅

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ General Strike Committee - (GSC) ကော်မတီဝင် အဖွဲ့အစည်းများ၊ North Dagon Oppressed People's Strike Colition (NDOPSC)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ)၊ Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းပြီး “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိီသို့” စာသားပါ ဘန်နာအားကိုင်စွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

“အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့”

သတင်းနှင့်ပြန်ကြားရေးဗျူရို
Crd ဗကသများအဖွဲ့ချုပ်

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံသို့ Skyline ကောလိပ် ဗကသက တက်ရောက်ခဲ့၂၀၂၃ စက်တင်ဘာ ၁၄၊အမေရိကန် ပြည်ထောင်စု၊ ဘတ်ဖ...
14/09/2023

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံသို့ Skyline ကောလိပ် ဗကသက တက်ရောက်ခဲ့

၂၀၂၃ စက်တင်ဘာ ၁၄၊

အမေရိကန် ပြည်ထောင်စု၊ ဘတ်ဖဲလိုးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို Skyline College မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တက်ရောက်ခဲ့ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ ကို ပြည်ပရောက် မြန်မာများ၊ နိုင်ငံရေးသမားများနဲ့ ကျောင်းသားရဲဘော်ဟောင်းများက ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး online နဲ့ မြေပြင်မှ လူဦးရေ ၃၀၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Skyline College ဗကသ အနေနဲ့ ညီလာခံမှာ နိုင်ငံရေးနဲ့ ဖက်ဒရယ်ရေးရာများ ဆွေးနွေးခြင်း၊ အကြံပြုချက်များ တင်ပြခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ မူဝါဒများ ရှင်းလင်းတင်ပြခြင်း၊ အိုးဝေစာစောင်ဖြန့်ဝေခြင်းနဲ့ အခမ်းအနားမှာ နည်းပညာဆိုင်ရာ အကူအညီပေးခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
Crdဗကသများအဖွဲ့ချုပ်

ရန်သူ့တပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် လှုံ့ဆော်လှုပ်ရှားမှုများကို ဗကသနှင့် မဟာမိတ်များက ရန်ကုန်နှင့် မ...
06/09/2023

ရန်သူ့တပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် လှုံ့ဆော်လှုပ်ရှားမှုများကို ဗကသနှင့် မဟာမိတ်များက ရန်ကုန်နှင့် မန္တလေးတို့၌ ပြုလုပ်

၂၀၂၃ စက်တင်ဘာ ၆

စစ်ကောင်စီ၏ လက်အောက်ခံတပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် CDM လှုပ်ရှားမှု၌ ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လက်ကမ်းစာစောင် ၂၃၀၀ ကျော် ဖြန့်ဝေခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုများကို ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများ ပြင်းထန်တင်းကြပ်နေသည့်ကြားမှ စက်တင်ဘာလ ၆ ရက်နေ့၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ပြည်သူ့ရင်ခွင် (People’s Embrace)၊ Kyimyindaing Networks - K.M.D18)၊ Mayangone Democratic Front (M.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်မြို့၌ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မင်္ဂလာဒုံစစ်ဈေး ပတ်ဝန်းကျင်တို့တွင် ဖြန့်ဝေခဲ့ပြီး မန္တလေးမြို့၌ ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်း ကျုံးဘေး၊ ကုသိုလ်တော် (သို့) မန်းလေးတောင်တော်တို့တွင် ဖြန့်ဝေခဲ့ပြီး ဂျာနယ်နှင့် စာစောင်အမျိုးမျိုးတို့၏ အတွင်းဘက်စာမျက်နှာများတွင် လှုံ့ဆော်စာတွေကပ်ကာ အခမဲ့ဖတ်ရှုနိုင်ကြောင်း ဖြန့်ဝေခဲ့ပါသည်။

ပြည်သူလူထုဘက်တွင် ရပ်တည်လိုသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်၏ တယ်လီဂရမ်ချန်နယ် သို့ ဆက်သွယ်၍ဖြစ်စေ၊ နီးစပ်ရာ တိုင်းရင်းသား EAO တပ်ဖွဲ့များ၊ PDF တပ်ရင်းများနှင့် ဒေသခံပကဖအဖွဲ့များထံတွင်ဖြစ်စေ ဆက်သွယ် ခိုလှုံနိုင်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
Crdဗကသများအဖွဲ့ချုပ်

အကြမ်းဖက်စစ်တပ်မှ သန်းခေါင်စာရင်း ကောက်ယူတော့မည်ဟု ကြေညာ...
23/08/2023

အကြမ်းဖက်စစ်တပ်မှ သန်းခေါင်စာရင်း ကောက်ယူတော့မည်ဟု ကြေညာ...

14/08/2023

https://www.facebook.com/profile.php?id=100095025931323&mibextid=LQQJ4d
အသိတစ်ယောက်ရဲ့ စာမျက်နှာပါ။
ဒါက လူသားချင်းစာနာဖို့အတွက် ဖန်တီးထားတာဖြစ်ပါတယ်။
မိတ်ဆွေများကျေးဇူးပြုပြီး ရှဲပေးကြပါ။

ပျားများသည် ပျံဝဲလျှက်ရှိကြကုန်၏။
သင်၏နှလုံးသားကို ပျားများနှင့်အတူ ပျံသန်းကြည့်ဖူးပါသလ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Revolter Kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Revolter Kaung:

Share

Category