K's Bookshelf Diaries

K's Bookshelf Diaries လူငယ်များစာများများဖတ်စေရန်ရည်ရွယ်သည်။
စာ/ကဗျာ

အေးချမ်းချင်ရင် ပွဲတွေရှောင်အခုနောက်ပိုင်း Social Media မှာ ပွဲတွေ သိပ်များတယ်နော်။ “ဟိုမင်းသားက ဘာဖြစ်လို့၊ ဟိုမင်းသမီး...
01/07/2026

အေးချမ်းချင်ရင် ပွဲတွေရှောင်

အခုနောက်ပိုင်း Social Media မှာ ပွဲတွေ သိပ်များတယ်နော်။ “ဟိုမင်းသားက ဘာဖြစ်လို့၊ ဟိုမင်းသမီးက ဘာဖြစ်လို့“ “ဘယ်သူက ဘယ်သူနဲ့ အိမ်ထောင်ရေး ဖောက်ပြန်လို့“ “ဘယ်သူက ဘယ်သူ့ရည်းစားကို စနိုက်ကျော်လို့” စသဖြင့် ပွဲတွေ သိပ်များ၊ ပြဿနာတွေ သိပ်များပါတယ်။လူတွေကလည်း ပွဲဟေ့ဆိုရင် သိပ်ကို စိတ်ဝင်စားကြပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ သူများပြဿနာတွေကို ရှေ့ဆုံးကနေကို ဖျာခင်းပြီး ထိုင်ကြည့်ကြတယ်။ စပ်စုတတ်ကြပါတယ်။ ပြီးရင် ကိုယ့်ပြဿနာလည်း မဟုတ်၊ ကိုယ်နဲ့ လည်း မသိတဲ့သူတွေရဲ့ ပြဿနာကို ကိုယ့်ပြဿနာကြီး တစ်ခုလို ဝင်ပါတတ်ကြပါတယ်။ Comment တွေအောက်မှာ ဝင်ဆဲ လိုက်ကြ၊ share ပြီး ဆဲလိုက်ကြနဲ့ သူများအပူကို ကိုယ့်အပူလုပ်တတ်ကြ ပါတယ်။Energy ရဲ့ သဘောဟာ စီးကူးပါတယ်။ အကြည်ဓာတ်ဆိုလည်းအကြည်ဓာတ်ဟာ ကူးစက်စေသလို မကောင်းတဲ့ Negative Energy တွေကလည်း ပိုလို့တောင် ကူးစက်လွယ်ပါသေးတယ်။ အဲ့လိုမျိုး ပွဲတွေ ဝင်ပါတော့ ဘာဖြစ်လဲ။ ကာယကံရှင်တွေနဲ့အတူ ကိုယ်ပါ လိုက်လောင်ရ တယ် မဟုတ်လား။ တစ်ခါတလေ ကာယကံရှင်ထက်ကို ပိုပြီး အဖြစ် သည်းကြတဲ့ လူတွေလည်း ရှိသေးတယ်။ ဘာလုပ်တော့မလဲ။ နေရင်း ထိုင်ရင်းတောင် တိုင်းရေးပြည်ရေးက မကောင်း၊ စီးပွားရှာရခက်၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့တောင် လောင်မြိုက်နေရတာ လောင်လို့ မဝသေးဘူးလား။ ဘာအတွက်ကြောင့်နဲ့ ကိုယ်နဲ့ မသိတဲ့ သူများကိစ္စတွေ ဝင်ပါနေတော့မလဲ။အခုနောက်ပိုင်း အေးချမ်းမှု၊ စိတ်ငြိမ်းချမ်းမှုဆိုတာ ပိုက်ဆံနဲ့ပါ ဝယ်ပြီး ဖြည့်တင်းနေကြရတာပါ။ အဲ့ဒါကြောင့် ကိုယ့်ဒုက္ခကိုယ်ရှာပြီး သူများပွဲတွေ ဝင်ပါပြီး စိတ်ဆင်းရဲ မခံပါနဲ့။ လူဆိုတာ သိချင်၊ စူးစမ်း ချင်စိတ်ရှိတာ သဘာဝပါ။ သိပ်ကို သိချင်သပါ့ဆိုလည်း ဝင်ဖတ်လိုက်ပါ။ ဒါပေမဲ့ ဝင်မပါပါနဲ့။ “သူများ ကိစ္စ၊ ကိုယ့်ကိစ္စ မဟုတ်ဘူး။ ကိုယ်နဲ့ လည်း မသိဘူး။ ဒါသူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ကိုယ်နဲ့ ဘာမှမဆိုင် ဘူး။ သူများအပူ ကိုယ်မယူဘူး´´ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိလေး ပြန်ပေးပြီးပဲ နောက်ဆုတ်လိုက်ပါ။အေးချမ်းချင်ရင် ကိုယ်နဲ့ မဆိုင်တဲ့ ပွဲတွေရှောင်ပါ။ Negative Energy များလွန်းတဲ့ သူတွေကို ရှောင်ပါ။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်တိုင် ရွေးချယ်ရတာပါ။ ဆူညံတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ရင် ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်၊ ပညာ ပြည့်ဝတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်မှသာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းမှုကို ခံစားရမှာပါ။

#အေးချမ်းချင်ရင်ပွဲ‌ေတွရှောင်
#ငြိမ်သက်ခြင်းမှာအေးချမ်းပါစေ
#စူးရှမေ

တိတ်ဆိတ်စွာ ထွက်ခွာခြင်းအခုနောက်ပိုင်းတော့လေ ဘယ်လိုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကိုယ့်ဘက်က Effort စိုက်ထုတ်သလောက် ဘာအားစိုက်ထုတ...
05/05/2026

တိတ်ဆိတ်စွာ ထွက်ခွာခြင်း

အခုနောက်ပိုင်းတော့လေ ဘယ်လိုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကိုယ့်ဘက်က Effort စိုက်ထုတ်သလောက် ဘာအားစိုက်ထုတ်မှုမှ ပြန်မလာတဲ့ လူတွေဆီကနေ ခပ်မြန်မြန် Move On လုပ်တတ်လာတာ လည်း အောင်မြင်မှုတစ်ခုလို့ပဲ ပြောရမှာပဲ။

မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူရည်းစား ဘယ်ဆက်ဆံရေးမှာပဲ ဖြစ်ဖြစ် Balance မဖြစ်တဲ့ ဆက်ဆံရေးတွေဟာ အလကားပဲ။

ကိုယ်ကချည်း ချစ်ပေး၊ ကိုယ်ကချည်း ဖြည့်ဆည်း၊ ကိုယ်က ချည်း ခွင့်လွှတ်ပေး၊ နားလည်ပေးနဲ့ တစ်ဖက်ကကျ သူ့အတွက်သူပဲ ကြည့်တဲ့ တစ်ဘို့တည်းသမားဖြစ်နေရင် အဲ့ဒီဆက်ဆံရေးမှာ ကြိုးစားနေ ရတဲ့ သူကသာ ဖပ်ဖပ်မောမှာနော်။

ကိုယ်ကအဲ့လို အမြဲ သည်းခံ နားလည်ပြီး ခွင့်လွှတ်လေ တစ်ဖက်ကလည်း သူက ငါ့ကို ချစ်တာပဲ၊ ငါဘာလုပ်လုပ် ခွင့်လွှတ်မှာပဲ နားလည်မှာပဲဆိုပြီး ရောင့်တက်လေပဲ။
ဒါမျိုးတွေ ကြုံရရင် အရင်ကတော့ ခံစားဖြစ်သေးတယ်။ "ဪ ကိုယ် effort ထုတ်သလောက် တစ်ဖက်က ဘာအားစိုက်ထုတ်မှု မှ မရှိဘူး” ဆိုပြီး ဝမ်းနည်းသေးတယ်။

ခုနောက်ပိုင်းတော့ သိပ်လည်း မခံစားဖြစ်တော့ဘူး။ ဘယ် ဆက်ဆံရေးမှာမဆို နောင်တမရှိအောင် အကောင်းဆုံးနေပေးတယ်။ ကိုယ့်ဘက်က တာဝန်ကျေအောင်နေတယ်။ ဒီကြားထဲမှာမှ ကိုယ် တန်ဖိုးထားသလောက် ပြန်တန်ဖိုးမထားဘူး၊ ကိုယ် Effort ထုတ် သလောက် ဘာ response မှ ပြန်မလာဘူးဆိုရင် ချက်ချင်း Move on လိုက်တာ။ မတတ်သာလို့ လူချင်းပြောဆိုနေရရင်တောင် စိတ်က ခွာပြီး သားဖြစ်သွားပြီ။

တကယ်ပြောတာ အဲ့ဒါမျိုးတွေ ကြုံရရင် ``ငါ့ကို ဘာလို့လဲ၊ ဘာဖြစ်လို့လဲ“ဆိုတဲ့ မေးခွန်းတွေ ထုတ်မနေနဲ့။ ခယပြီးလည်း တောင်းဆိုမနေနဲ့။ Just Walk away.

Guys, respect yourselves. If you don't value who you are, no one else will. Walking away from places where you aren't respected is one of the strongest forms of self-respect.

#တိတ်ဆိတ်စွာထွက်ခွာခြင်း
#စိတ်စေတနာနဲ့တန်တဲ့ဘ၀
#လွန်းထားထား

တိတ်ဆိတ်ခြင်းတိတ်ဆိတ်ခြင်းမှာ ပုံသဏ္ဌာန်မျိုးစုံရှိပါတယ်..။တချို့သောတိတ်ဆိတ်ခြင်းတွေက စာနာနားလည်ခြင်းရဲ့ အထိမ်းအမှတ်ဖြစ်...
03/05/2026

တိတ်ဆိတ်ခြင်း

တိတ်ဆိတ်ခြင်းမှာ ပုံသဏ္ဌာန်မျိုးစုံရှိပါတယ်..။

တချို့သောတိတ်ဆိတ်ခြင်းတွေက စာနာနားလည်ခြင်းရဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်...။ ဥပမာ အမြတ်နိုးဆုံးလူတစ်ယောက် ကို ဆုံးရှုံးလိုက်ရသူအတွက် ဖြေသိမ့်နှစ်သိမ့်စရာစကားလုံး ရှာမ တွေ့တဲ့အခါ...တိတ်တိတ်ဆိတ်ဆိတ်လေး နေပေးလိုက်ခြင်းက သူ့ အပေါ် အလိုက်တသိနှစ်သိမ့်ပေးခြင်း ဖြစ်ပါတယ်...။ ဒီတိတ်ဆိတ် ခြင်းက စာနာနားလည်ပေးတဲ့ တိတ်ဆိတ်ခြင်းဖြစ်ပါတယ်...။

တချို့သောတိတ်ဆိတ်ခြင်းက ချစ်မြတ်နိုးခြင်းရဲ့ သင်္ကေတ ဖြစ်ပါတယ်...။ ကိုယ်သိပ်ချစ်တဲ့သူတစ်ယောက်ရဲ့အနားမှာ နေခွင့်ရ တဲ့အခါ...စကားသံတွေ ဆူညံနေတာထက်...သူ့ရင်ခွင်မှာ ခေါင်း လေးမှေးမှီထားရင်း ငြိမ်ငြိမ်သက်သက်လေးနေရတဲ့ တိတ်ဆိတ် ခြင်းဟာ...စကားလုံးတွေများစွာထက် ပိုပြီးနက်ရှိုင်း ငြိတွယ်စေလို့ ဖြစ်ပါတယ်...။ ဒီတိတ်ဆိတ်ခြင်းကတော့ ချစ်မြတ်နိုးတန်ဖိုးထား တတ်တဲ့ တိတ်ဆိတ်ခြင်းဖြစ်ပါတယ်...။

တချို့သောတိတ်ဆိတ်ခြင်းကတော့ စိတ်ပျက်ခြင်း...၊ လွှတ် ချလိုက်ခြင်း...၊ လျစ်လျူရှုလိုက်ခြင်းရဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်…။ ဥပမာ လူတစ်ယောက်ရဲ့အပြုအမူတွေ...စကားလုံးတွေကြောင့်... သူ့ကို အထင်အမြင်သေးသွားမိတဲ့အခါ...၊ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာ စေတနာတွေကို တစ်စုံတစ်ယောက်က အသိအမှတ်မပြုဘဲ အကြိမ် ကြိမ် ထိခိုက်နာကျင်စေအောင် စော်ကားလာတဲ့အခါ... နှလုံးသား မှာ နာကျင်ဒဏ်ရာဗရပွနဲ့ ပြောစရာစကားလုံးတွေ ပျောက်ဆုံးသွား တဲ့အခါ...လုံးဝတိတ်ဆိတ် လျစ်လျူရှုထားလိုက်တဲ့ တိတ်ဆိတ်ခြင်း ဖြစ်ပါတယ်..။ ဒီတိတ်ဆိတ်ခြင်းကတော့ စိတ်ပျက်လွှတ်ချလိုက်တဲ့ တိတ်ဆိတ်ခြင်းပဲဖြစ်ပါတယ်...။

တချို့သောတိတ်ဆိတ်ခြင်းကတော့ နှလုံးသားရဲ့ အေး ငြိမ်းချမ်းသာစေသော တိတ်ဆိတ်ခြင်းပဲဖြစ်ပါတယ်...။ ဝင်လေ ထွက်လေလေးကို စူးစိုက်အာရုံပြုထားတဲ့အခါ ဖြစ်စေ...၊ ကိုယ်ခန္ဓာ တစ်ခုလုံးမှာ အဆက်မပြတ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ ဝေဒနာတွေကို ရှုမှတ်နေတဲ့အခါ ဖြစ်စေ...၊ ရုပ်နာမ်တို့ရဲ့ မမြဲတဲ့ အနိစ္စကို သိမှတ်နေ တဲ့အခါ ဖြစ်စေ...နှလုံးသားရဲ့ အေးငြိမ်းချမ်းသာမှုကြောင့်ခံစားရတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းပဲဖြစ်ပါတယ်...။ ဒီငြိမ်သက်ခြင်းကတော့ အနှိုင်းမဲ့ငြိမ်သက်ခြင်းပဲဖြစ်ပါတယ်...။

#တိတ်ဆိတ်ခြင်း
#စိတ်စေတနာနဲ့တန်တဲ့ဘ၀
#လွန်းထားထား

တစ်ရက်ချင်းစီ ရှင်သန်ပါအခုနောက်ပိုင်း ဘဝကို တစ်ရက်ချင်းစီပဲ ရှင်သန်ဖြစ်တော့ကျွန်မကို မြန်မာနိုင်ငံရဲ့ နာမည်ကြီး Motivati...
25/04/2026

တစ်ရက်ချင်းစီ ရှင်သန်ပါ

အခုနောက်ပိုင်း ဘဝကို တစ်ရက်ချင်းစီပဲ ရှင်သန်ဖြစ်တော့

ကျွန်မကို မြန်မာနိုင်ငံရဲ့ နာမည်ကြီး Motivational Speaker တစ်ယောက်က မေးဖူးပါတယ်။ နောက် ငါးနှစ်အတွက် ဘာ plan ရှိလဲတဲ့။ ``ဘာ planမှ မရှိပါဘူး” လို့ ကျွန်မပြန်ဖြေတော့ သူက အံ့ဩတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်ပါတယ်။ ဟုတ်တယ်။ ``မနက်ဖြန် တောင် ဘာဖြစ်မယ်မှန်းမသိတဲ့ နေ့ရက်တွေမှာ တစ်ရက်ချင်းစီပဲ နေထိုင်နေပါတယ်” လို့ ပြန်ပြောလိုက်တယ်။ သူကတော့ သိပ်ပြီး ဘဝင်ကျပုံမပေါ်ဘူး။ ထားပါ။

ပြောချင်တာက လူတိုင်းမှာ စိတ်ကူးအိပ်မက်တွေ ရှိတယ်။ သိပ်ကိုရူးသွပ်ရတဲ့ အရာတွေ ရှိတယ်။ ဒါပေမဲ့ ဒီကာလတွေမှာ ငါတို့ သိပ်ကို ရူးသွပ်ပါတယ်ဆိုတဲ့ အရာတွေကို ငါတို့ကိုယ်တိုင် ချခွဲခဲ့ရတယ်။ ကြေမွသွားတဲ့ အိပ်မက်တွေဆိုတာလည်း တစ်စစီ ပြန့်ကျဲနေတာပဲ။

နောင် ငါးနစ် ဘာဖြစ်မလဲဆိုတာ အသာထားဦး မနက်ဖြန်တောင် ငါတို့ အစိုးမရနေဘူး။ မနက်ဖြန်ထက် နောင်ဘဝကတောင် ပိုနီးနေ သေးတယ်။

လူတိုင်းကိုယ်စီမှာ ဆုံးရှုံးမှုတွေ၊ နာကျင်မှုတွေ အသီးသီးနဲ့။ မျှော်လင့်ထားသမျှအရာတွေ ဖြစ်မလာခဲ့သလို၊ ကြိုးစားခဲ့သမျှ သဲထဲ ရေသွန်ဖြစ်ခဲ့ရတဲ့ အခြေနေတွေလည်း ငါတို့တွေ ကျော်ဖြတ်ကြရတယ်။ ဖြစ်လာမယ်လို့ ယုံကြည်ထားခဲ့တဲ့ အရာတချို့လည်း ဖြစ်မလာခဲ့သလို မြဲမယ်ထင်တဲ့ ဆက်ဆံရေးတွေလည်း မမြဲခဲ့ကြဘူး။

အဆုံးသတ်မှာ ငါတို့ဟာ မတည်မြဲခြင်းတွေကိုပဲ သင်ယူခဲ့ကြရ တယ်။ တစ်ခါတလေမှာ ကိုယ်မတတ်စွမ်းနိုင်တဲ့ အခြေအနေတွေလည်း ရှိပါလားဆိုတာကို သဘောပေါက်ခဲ့ကြတယ်။ မျှော်လင့်ချက်တွေ အများကြီး မထားဖြစ်တော့သလို စွဲလမ်းမှုတွေလည်း သိပ်မထားချင် တော့ဘူး။

အစိုးမရတဲ့ လူ့စိတ်တွေအကြား၊ အစိုးမရတဲ့ နေ့ရက်တွေကြား ကိုယ်ထိန်းချုပ်နိုင်တာဆိုလို့ ကိုယ့်စိတ်ကလေးတစ်ခုပဲ ရှိတယ်။ အဲ့ဒါ ကြောင့် ကိုယ်လုပ်စရာရှိတာ ပုံမှန်ဆက်လုပ်ရင်းပဲ . တစ်ရက်ချင်းစီပဲ ရှင်သန်တယ်။

ဒီနေ့တစ်ရက်တာကို ကိုယ့်အတွက်ဖြစ်စေ၊ သူတစ်ပါးအတွက် ဖြစ်စေ အထောက်အကူပြုတဲ့ ရှင်သန်မှုမျိုးနဲ့ ရှင်သန်နိုင်ရင် ရပြီ။ ကောင်းမွန်စွာ နိုးထပြီး ကောင်းမွန်စွာ အိပ်စက်ခွင့်ရရင် ရပြီ။ ကိုယ် မြတ်နိုးတဲ့ အရာလေးတွေ လုပ်နေခွင့်လေးရရင် ရပြီ။ ကိုယ်ချစ်တဲ့ သူတွေကို ပွေ့ဖက်ခွင့်လေး ရနေသေးရင် ရပြီလေ။

ကျန်တာတွေတော့ တကယ်ကို သိပ်မတွေးဖြစ်တော့ဘူး။ လုပ်စရာရှိတာ ပုံမှန်လေးဆက်လုပ်ရင်းနဲ့ just go with the flow ပါပဲ။

#တစ်ရက်ချင်းစီရှင်သန်ပါ
#ငြိမ်သက်ခြင်းမှာအေးချမ်းပါစေ
#စူးရှမေ

နာကျင်ရတာ လုံလောက်သွားရင် လက်လွှတ်လိုက်ပါ“မိုးရွာဖို့ လိုအပ်ပေမဲ့ တစ်သက်လုံး မိုးရွာနေဖို့ မလိုအပ်ဘူး။ နေပူဖို့ လိုအပ်ပေ...
22/04/2026

နာကျင်ရတာ လုံလောက်သွားရင် လက်လွှတ်လိုက်ပါ

“မိုးရွာဖို့ လိုအပ်ပေမဲ့ တစ်သက်လုံး မိုးရွာနေဖို့ မလိုအပ်ဘူး။ နေပူဖို့ လိုအပ်ပေမဲ့ အမြဲတမ်း နေပူနေဖို့ မလိုအပ်ပါဘူး” တဲ့။

ထို့နည်းတူပဲ နာကျင်မှုတွေဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဆိုပေမဲ့ အမြဲနာကျင်နေဖို့ မလိုအပ်ပါဘူး။

တစ်ခါတလေမှာ ကျွန်မတို့တွေက နာကျင်မှုကို မသိစိတ်က စွဲလမ်းတတ်ပါတယ်။ ကိုယ့်ကို နာကျင်စေတဲ့ လူတွေအနားမှာ ကပ်တွယ် တယ်။ ကိုယ့်ကို နာကျင်စေတဲ့ ရပ်ဝန်းတွေကို တွယ်တာတယ်။ ကိုယ့်ကို နာကျင်စေမဲ့ အလုပ်တွေကို ကိုယ်တိုင်လုပ်မိနေကြပါတယ်။ ကိုယ့်ကို နာကျင်စေမဲ့ အတွေးတွေဆိုလည်း လက်မလွှတ်နိုင်ကြဘဲ အမုန်းတွေ၊ ဒေါသတွေကိုလည်း သံသရာရှည်တတ်ကြပါတယ်။

အမုန်းတွေ၊ ပူလောင်မှုတွေ၊ နာကျင်မှုတွေကို လက်မလွှတ်နိုင် တဲ့ အခါကျ ဆုပ်ကိုင်ထားမိတယ်။ ဆုပ်ကိုင်ထားမိရင် ဆုပ်ကိုင်ထားမိသလောက် ပူလောင်ပါတယ်။ ဖြစ်ခဲ့သမျှကို လွှတ်မချနိုင်ရင် တနှံ့နှံ့နဲ့ ဝမ်းနည်းနာကျင်ရပါတယ်။

ဘာဖြစ်လို့ ငါ့ကို လုပ်ရက်ရတာလဲ၊ ငါ့ကျမှ ဘာလို့ ဖြစ်ရတာလဲ“ ဆိုတဲ့ မေးခွန်းတွေပဲ ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ မေးရင်း Closure မရနိုင်ကြတော့ဘူး။ ကြာလေကြာလေ Victim-Mentality နဲ့ ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းတဲ့ ဒုက္ခသည်ကြီးလို မြင်လာလေ Healing ဖြစ်ဖို့ ခက်ခဲလာလေ ဖြစ်လာမှာပါ။

ဒါကြောင့် ကျွန်မတို့တွေ နာကျင်မှုကို ခံစားရတဲ့နေရာမှာ ပေမရှည်ဖို့ လိုပါတယ်။ ခံစားစရာရှိတာကို အပြည့်အဝ ခံစားပြီးရင် လွှတ်ချစရာ ရှိတာကို လွှတ်ချလိုက်ဖို့ လိုပါတယ်။

လောကမှာ ဘယ်အရာကိုမှ အရမ်းမခံစားတဲ့သူ၊ မြန်မြန် ဆန်ဆန် လွှတ်ချနိုင်တဲ့သူက အမြတ်ပဲ။ မြန်မြန်လွှတ်ချနိုင်လေ မြန်မြန် ပေါ့ပါးလေပဲ။ ဒါကြောင့် ဖြစ်ခဲ့သမျှကို လက်ခံ၊ ခံစားစရာ ရှိတာ ခံစား။ ပြီးရင် မြန်မြန်ဆန်ဆန် လွှတ်ချတတ်အောင် သင်ယူကြည့်ပါ။

ဘဝဟာ အချိန် အကန့်အသတ် ရှိပါတယ်။ အချိန်ပြည့် ခံစား နေဖို့လည်း မအားတာမို့၊ အချိန်ပြည့် လွမ်းဆွတ်တမ်းတနေဖို့လည်း မနေအားတာမိုလို့ အချိန်နဲ့အမျှ ရှေ့ဆက်နိုင်အောင် သင်ယူကြရပါမယ်။ မခံစားနဲ့ မပြောဘူးနော်။ ခံစားပါ။

ဒါပေမဲ့ နာကျင်မှုကို အချိန် အကြာကြီး မခံစားပါနဲ့။ နာကျင်ရတာ လုံလောက်သွားရင် လက်လွှတ်လိုက်ပါတော့နော်။

#နာကျင်ရတာလုံလောက်သွားရင်လက်လွှတ်လိုက်ပါ
#ငြိမ်သက်ခြင်းမှာအေးချမ်းပါစေ
#စူးရှမေ

အတွယ်အတာနည်းရင် အေးချမ်းတယ်ဘဝမှာ လူတိုင်းက တစ်စုံတစ်ခုအပေါ် တွယ်တာတတ်ကြတယ်။ လူကို တွယ်တာရင်တွယ်တာတယ်။ အရာဝတ္ထုအပေါ် တွယ်...
19/04/2026

အတွယ်အတာနည်းရင် အေးချမ်းတယ်

ဘဝမှာ လူတိုင်းက တစ်စုံတစ်ခုအပေါ် တွယ်တာတတ်ကြတယ်။ လူကို တွယ်တာရင်တွယ်တာတယ်။ အရာဝတ္ထုအပေါ် တွယ်တာရင် တွယ်တာကြတယ်။ အတွယ်တာ နည်းတာနဲ့ များတာပဲ ကွာတယ်။ လူတိုင်း အတွယ်အတာနဲ့ မကင်းနိုင်ကြဘူး။ ဒါကြောင့်လည်း ဘဝမှာ ပူလောင်မှုတွေ၊ ဆင်းရဲဒုက္ခတွေရဲ့ အရင်းအမြစ်ဟာ တွယ်တာမှုပဲလို့ ဘုရားကဟောထားတာပဲ။ တွယ်တာမှုနည်းရင် ဆင်းရဲဒုက္ခနည်းမယ်။ တွယ်တာမှုများရင် ဆင်းရဲဒုက္ခများမယ် ဒီသဘောပေါ့။

ဘာကြောင့် တွယ်တာမှုက ဒုက္ခဖြစ်စေတာလဲ?

အရာဝတ္ထုတွေအပေါ် တွယ်တာရင် အသစ်အသစ်တိုင်းကို လိုချင်တယ်။ ဖုန်းအသစ်ပေါ်ရင် လိုချင်တယ်။ ကားအသစ်စီးချင်တယ်။ ပစ္စည်းအသစ် ကိုင်ချင်တယ်။ လိုချင်တာ မရမှာစိုးလို့ စိတ်ညစ်ရတယ်။ ရပြီးရင်လည်း ''မပျောက်ဖို့၊ မပျက်ဖို့ ထပ်ပြီး စိတ်ပူနေရဦးမယ်။

လူတွေအပေါ် အလွန်အမင်း မှီခိုမိရင် ကိုယ်ချစ်တဲ့သူတွေအပေါ်
လိုတာထက် ပိုပြီး တွယ်တာတတ်တယ်။ ချစ်ရတဲ့သူတွေ မရှိတော့ ရင် ဘဝကြီး ပြိုလဲသွားသလို ခံစားရတယ်။ သူတစ်ပါးအပေါ် မျှော်လင့်ချက် အရမ်းများနေရင် မျှော်လင့်ထားသလို ဖြစ်မလာရင် စိတ်ပျက်ရဖို့ပဲ ရှိပါတယ်။

လူတချို့ကျတော့ ကိုယ့်ကိုယ်ကိုယ် တွယ်တာကြတယ်။ အတ္တအား ကြီးလွန်းအားကြီးတတ်ကြတယ်။ ကိုယ်သာလျှင်အကောင်း၊ ကိုယ်သာလျှင်အမှန်ဆိုတဲ့ ငါဆိုတဲ့ အတ္တအပေါ် တွယ်တာတတ် ကြတယ်။ အဲဒီတော့လည်း ကိုယ့်အတ္တနဲ့ကိုယ် အမြဲတမ်း ရန်ဖြစ်နေ ရတော့တာပေါ့။

ဒါကြောင့်မိုလို့ မြတ်စွာဘုရားက တွယ်တာမှုတွေ၊ သံယောဇဉ် တွေကို လျှော့ခိုင်းတာ။ ဘယ်အရာကိုမှ ဇွတ်မတွယ်တာခိုင်းတာ။ စိတ်ကို လွတ်လွတ်လပ်လပ်နေခိုင်းတာပါ။ အဲဒါကြောင့် ဘဝမှာ အလိုလောဘ တွေကို တတ်နိုင်သလောက် လျှော့ချပြီး နေရမယ်။ သူတစ်ပါးအပေါ် အမှီအခို ကင်းအောင် တတ်နိုင်သလောက် နေကြရမယ်။

တကယ်တမ်း ဘဝမှာ လွတ်မြောက်မှုဆိုတာက ဘယ်အရာမှ လိုတာထက်ပိုပြီး မတွယ်တာဘဲနဲ့ အတွယ်တာကင်းကင်း ဘဝကို ရှင်သန်နိုင်ခြင်းပါ။ အခက်အခဲတွေရှိလာလည်း မဆုပ်ကိုင်ထားနဲ့။ အခက်အခဲတွေဟာ ခဏတာပဲ။ အမြဲတမ်းမဟုတ်ဘူး ပြီးရင်ပြီးသွားမှာပဲ ဆိုတဲ့ စိတ်ကို ထားဖို့ လိုသလို လူတွေအပေါ်လည်း လိုတာထက် ပိုပြီး မဖက်တွယ်နဲ့။

ဘယ်သူကမှ ကိုယ့်ဘေးနားမှာ အမြဲမရှိနိုင်လို့ သူတို့မရှိတဲ့အခါ နာကျင်ရမယ်။ ဒါကြောင့် ဘယ်သူရှိမှဖြစ်မယ် ဘယ်ဝါရှိမှ ဖြစ်မယ်ဆိုတဲ့ စိတ်ကို မထားပါနဲ့။ တွယ်သမျှ ပူရတာချည်းမိုလို့ တတ်နိုင်သလောက် အတွယ်တာကင်းအောင် နေရင်း ဘဝမှာ အပူနည်းအောင် နေသွား ကြရပါမယ်။

#အတွယ်အတာနည်းရင်အေးချမ်းတယ်
#ငြိမ်သက်ခြင်းမှာအေးချမ်းပါစေ
#စူးရှမေ

နှစ်သစ်မှစပြီး စာဖတ်ခြင်းဖြင့်ဖြတ်သန်းကြပါစို့🤜🤛📖🥰  #လွန်းထားထား #စူးရှမေ
18/04/2026

နှစ်သစ်မှစပြီး စာဖတ်ခြင်းဖြင့်ဖြတ်သန်းကြပါစို့🤜🤛📖🥰


#လွန်းထားထား
#စူးရှမေ

မြန်မာနှစ်သစ်အခါသမယမှစ၍ ခုနှစ်ရက်သား၊သမီးများ အားလံုးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒမှန်သမျှ ပြည့်၀ကြပါစေ🙏🙏🙏
17/04/2026

မြန်မာနှစ်သစ်အခါသမယမှစ၍ ခုနှစ်ရက်သား၊သမီးများ အားလံုးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒမှန်သမျှ ပြည့်၀ကြပါစေ🙏🙏🙏

အချစ်ခံရဖို့ကို မတောင်းဆိုပါနဲ့လူတစ်ယောက်ရဲ့ အလေးထားခြင်း၊ မထားခြင်း ဆိုတာက အတင်း အကျပ် လုပ်ယူလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘ...
13/04/2026

အချစ်ခံရဖို့ကို မတောင်းဆိုပါနဲ့

လူတစ်ယောက်ရဲ့ အလေးထားခြင်း၊ မထားခြင်း ဆိုတာက အတင်း အကျပ် လုပ်ယူလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ နောက်ပြီး အလေးထားခြင်း ဆိုတာက သင်ပေးလို့ရတဲ့ အရာတစ်ခုလဲ မဟုတ်ဘူး။

လူတွေဟာ သူတို့ဘဝမှာ အရေးကြီးတယ်လို့ ယူဆထားတဲ့ အရာ တွေကို အလေးထားကြတယ်။ လူဖြစ်စေ၊ အရာဝတ္ထုဖြစ်စေ သူတို့အတွက် အရေးကြီးရင် အလေးထားတယ်။ တန်ဖိုးရှိရင် အလေးထားတယ်။

တစ်ချို့ကျပြန်တော့လဲ အလေးထားရကောင်းမှန်း မသိတဲ့ သူတွေ ရှိတယ်။ ကိုယ့်ဘဝအတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားပြီး အလေးထား ရကောင်းမှန်းမသိ၊ တန်ဖိုးထားရ ကောင်းမှန်း မသိတဲ့သူတွေ ရှိပါတယ်။ တမင်တကာ အလေးမထားတာလဲ ဖြစ်နိုင်သလို အလေးထား ရကောင်းမှန်း မသိတာလဲ ဖြစ်နိုင်ပါတယ်။

ချစ်ရင် တန်ဖိုးထားရမှာပေါ့၊ အလေးထားရမှာပေါ့ဆိုတဲ့ စကားတွေ ကလေ လူတိုင်းမှာ လုပ်ယူလို့မရတဲ့ ကိစ္စတွေပဲ။ ချစ်တယ်ပြောပြီး အလေး မထားဘူး၊ ဖြစ်ချင်ရာဖြစ် ပစ်ထားမယ် ဒီလိုလူမျိုးတွေ အများကြီး ရှိတယ်။ ဒါမျိုးကို သွားပြီး စိတ်ဆိုးနေရင်လဲ ကိုယ်တိုင်ပူလောင်ရုံပဲ ရှိပါတယ်။

ချစ်ခြင်းမေတ္တာတွေဟာ လုပ်ယူလို့မရသလို အလေးထားခြင်း၊ မထားခြင်းကလဲ အတင်းအကျပ် လုပ်ယူလို့ ရတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အတင်းအကျပ် လုပ်ယူပြီးမှ ရလာတဲ့ ချစ်ခြင်းမေတ္တာတွေဟာ မပျော်ရွှင် ရသလို တောင်းဆိုပြီးမှ ရလာတဲ့ အလေးထားခံရခြင်းတွေကလဲ နွေးထွေး တယ်လို့ မခံစားရစေပါဘူး။

ချစ်ခြင်းမေတ္တာတွေကိုလဲ လုပ်မယူနဲ့။ အလေးထားခြင်းတွေကိုလဲ အတင်းအကျပ် လုပ်မယူနဲ့။ လူတွေဟာ သူတို့ တန်ဖိုးထားချင်တဲ့ အရာဆို တန်ဖိုးထားတတ်ကြပြီး သူတို့ အလေးပေးချင်ရင် အလေးပေးနေ ကြတာပါပဲ။

ဒီလောကမှာ မချစ်တတ်တဲ့သူဆိုတာ မရှိဘူး။ မချစ်ပြတတ်တဲ့ သူဆိုတာ မရှိဘူး။ အလေးမထားတတ်တဲ့ သူဆိုတာ မရှိပါဘူး။

လူတိုင်းဟာ အချစ်ခံရဖို့၊ တန်ဖိုးထားခံရဖို့၊ အလေးထားခံရဖို့ ထိုက် တန်ပြီးသား လူတွေချည်းပဲလေ။ ဒါကြောင့် ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေ နဲ့ မရေရာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ အချိန်ကုန်မနေသင့်ဘူး မဟုတ်လား။

#အချစ်ခံရဖို့ကိုမတောင်းဆိုပါနဲ့
#ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း
#စူးရှမေ



゚viralシfypシ゚

ချစ်နေကြရုံနဲ့ မလုံလောက်ပါလူတစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာကတော့ လွယ်တာ ပေါ့။ ချစ်တယ်မလား ချစ်လိုက်ရတာပဲ။ တကယ်ချစ်တာပဲဖ...
10/04/2026

ချစ်နေကြရုံနဲ့ မလုံလောက်ပါ

လူတစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာကတော့ လွယ်တာ ပေါ့။ ချစ်တယ်မလား ချစ်လိုက်ရတာပဲ။ တကယ်ချစ်တာပဲဖြစ်ဖြစ်၊ စိတ် သာယာမှုအတွက် ချစ်တာပဲဖြစ်ဖြစ် ဘယ်လိုချစ်ချစ် ချစ်ရတာ လွယ်ကူပါ တယ်။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာ တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ လွယ်ကူမနေပါဘူး။

သမီးရည်းစား ချစ်တာပဲဖြစ်ဖြစ်၊ မိဘနဲ့သားသမီး၊ မောင်နှမချင်း၊ သူငယ်ချင်းအချင်းချင်း ချစ်တာပဲဖြစ်ဖြစ် ဘယ်လို Relationship မှာ မဆို အချစ်ဆိုတဲ့အရာနဲ့ တည်ဆောက်ထားကြတယ်။ ဒါပေမဲ့ အချစ်တစ်ခုတည်း နဲ့ ပြီးပြည့်စုံလားဆိုရင်တော့ မပြည့်စုံပါဘူး။ အချစ်နဲ့အတူ တွဲဖက်လာရမဲ့ အရာတွေ ရှိပါသေးတယ်။

ပညာအရည်အချင်း၊ အလုပ်အကိုင် အဆင့်အတန်း၊ အတွေးအခေါ် (Brain Level)တွေ မိုးနဲ့မြေ ကွာခြားနေရင်လဲ တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့ ဆက်ဆံရေးတွေမှာ အဆင်မပြေတာ များတယ်။ ညှိလို့နှိုင်းလို့ရရင် တော့ တစ်မျိုးပေါ့။ အဲ့ဒါတွေထက် အရေးကြီးတာက တစ်ယောက်ကိုတစ် ယောက် နားလည်မှုတွေ ရှိရတယ်၊ စာနာထောက်ထားမှုတွေ ရှိရတယ်၊ချစ်ခြင်းမေတ္တာကို ပြသတတ်ရတယ်၊ ဂရုစိုက်တတ်ရတယ်။ ပျော်ရွှင်မှုတွေ ကို ဝေမျှပြီး ပျော်ရွှင်ကြသလို နာကျင်ဝမ်းနည်း စရာတွေကိုလဲ ဝေမျှ ခံစား နှစ်သိမ့်ပေးတတ်ရပါတယ်။

ချစ်တာတစ်ခုပဲ သိပြီး နားလည်မှုမရှိဘူး၊ ကိုယ်ချင်းမစာနာတတ် ဂရုမစိုက်တတ်ဘူး ဆိုရင်တော့ သေချာတယ် ဘယ်လိုမှ အဆင်မပြေဘူးပဲ။ ပြေလဲ ခဏပေါ့။ ရေရှည် ဘယ်လိုမှ မပြေပါဘူး။ သဘောထားကွဲလွဲမှု တွေ ရှိတဲ့အခါ ညှိနှိုင်းချင်စိတ် မရှိဘူး၊ တစ်ယောက် ခံစားချက်ကို တစ်ယောက် က လျစ်လျူရှုမယ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်မှု မရှိဘူး လုပ်ချင် တာပဲ လုပ်နေရင် ဘယ်လောက်ပဲ ချစ်ချစ် စိတ်ကုန်သွားမှာ၊ ပြိုလဲသွားမှာပါပဲ။ ဘူး၊ အတ္ထကြီးမယ်၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ငါတကောကောနေမယ်၊

နောက်ပြီး ဘယ်ဆက်ဆံရေးမှာမဆို အဆင်မပြေတာ တစ်ခုခုရှိတိုင်း နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိတယ်လို့ ခံယူတတ်ဖို့ လိုပါတယ်။ ဆက်ဆံ ရေးတစ်ခုမှာ အဖုအထစ်ဖြစ်လာတိုင်း နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်း အဖြေရှာဖို့ လိုတယ်၊ ဖြေရှင်းဖို့ လိုတယ်၊ ဖာထေးစရာရှိရင် ဖာထေးဖို့ လိုပါ တယ်။ အဲဒီလိုမှ မဟုတ်ဘဲ တစ်ဖက်တည်းကပဲ ဆက်ဆံရေးလေး ယိုင်နဲ့ လာတိုင်း ပြန်တည့်မတ်နေရရင် မဟုတ်သေးဘူးလေ။

“တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဆိုတာက သီချင်းတွေ၊ ရုပ်ရှင် တွေထဲမှာပဲ ရှိပါတယ်။ တကယ်က ချစ်ရုံကြိုက်ရုံနဲ့လဲ မပြီးပါဘူး။ ဆက်ဆံ ရေးတစ်ခု ရေရှည်တည်တံ့ဖို့က တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိဖို့၊ နှစ်ဦးနှစ်ဖက် တာဝန်ယူတတ်ဖို့၊ တည်ဆောက်တတ်ဖို့တွေ အများကြီး လိုအပ်ပါတယ်။

ချစ်တယ်လို့ပြောရတာတော့ သိပ်ကိုလွယ်တာပေါ့။

ချစ်ခြင်းမေတ္တာတွေကို ပုံဖော်တည်ဆောက်ကြတဲ့နေရာမှာတော့ ချစ်တယ်ပြောရုံနဲ့ မလုံလောက်ပါဘူး။ နားလည်စာနာမှု၊ ဂရုစိုက်မှု၊ တာဝန် ယူမှုတွေဟာ အများကြီး စကားပြောပါတယ်။

#ချစ်နေကြရုံနဲ့မလံ‌ုလောက်ပါ
#ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း
#စူးရှမေ


゚viralシfypシ゚

Address

Yangon

Website

Alerts

Be the first to know and let us send you an email when K's Bookshelf Diaries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share