01/04/2026
🍀 အပူဒဏ်ကြောင့် အသက်အန္တရာယ် မဖြစ်အောင် ဒါတွေကို ခွဲခြားသိပါသလား❓
နွေရာသီ အပူရှိန်ပြင်းလာတဲ့အခါ ရိုးရိုးပင်ပန်းတာလား၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေလားဆိုတာ ခွဲခြားနိုင်ဖို့ အရေးကြီးပါတယ်။
၁။ Heat Exhaustion (အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)
ဒါကတော့ ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တော့ကြောင်း သတိပေးတဲ့ အခြေအနေပါ။
လက္ခဏာတွေအနေနဲ့
-ချွေးအလွန်အမင်း ထွက်ခြင်း။
-အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်ပြီး အေးစက်စိုစွတ်နေခြင်း။
-နှလုံးခုန်မြန်ပြီး သွေးဖိအား(Pulse Volume) နည်းနေခြင်း။
-ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း။
-ခေါင်းမူးခြင်း၊ အားအင်ကုန်ခမ်းခြင်း။
ဘာလုပ်ရမလဲ❓
✅ အေးမြတဲ့နေရာ/အရိပ်ထဲကို အမြန်ရွှေ့ပါ။
✅ အဝတ်အစား ခပ်ပွပွ ချောင်ချောင်ချိချိ ဝတ်ပါ။
✅ ရေအေးအေး (သို့မဟုတ်) ဓာတ်ဆားရည်ကို တဖြည်းဖြည်းချင်း သောက်ပါ။
✅ ရေပတ်တိုက်ပေးပါ။
၂။ Heat Stroke (ပြင်းထန်အပူလျှပ်ခြင်း)
ဒါကတော့ ချက်ချင်း မကုသရင် အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေပါ။
လက္ခဏာတွေအနေနဲ့
-သတိလစ်ခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း။
-တက်ခြင်း၊ ခေါင်းကိုက်ခြင်း။
- ခန္ဓာကိုယ်အပူချိန် အလွန်မြင့်ခြင်း (104'F / 40'C နှင့်အထက်)
-အရေပြား ပူပြီး ခြောက်သွေ့နေခြင်း (ချွေးမထွက်တော့ခြင်း)
-နှလုံးခုန် အလွန်မြန်ခြင်း။
ဘာလုပ်ရမလဲ❓
-ချက်ချင်း လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ပါ။
-ဆေးရုံမရောက်ခင်အထိ လူနာကို အေးအောင် အစွမ်းကုန် လုပ်ပေးပါ။ (ရေခဲအိတ်ကပ်ခြင်း၊ ရေစိုဝတ်ဖြင့် ပတ်ပေးခြင်း)
-သတိပြုရမှာက လူနာသတိမရှိရင် ရေအတင်းမတိုက်ပါနဲ့ (အဆုတ်ထဲ ရေသည်းနိုင်လို့ပါ)
သိပ်မပြင်းထန်တဲ့ Heat Exhaustion လား❓
အသက်အန္တရာယ်ရှိတဲ့ Heat Stroke လား❓
အရေးပေါ်အခြေအနေမှာ ဘယ်လိုခန့်မှန်းမလဲ...
၁။ လူနာက သတိရှိသေးလား?
နုံးနေပေမယ့် သတိရှိရင်- Heat Exhaustion (အပူကြောင့် နုံးတာပါ)
သတိလစ်ရင်၊ ဂယောင်ဂတန်းဖြစ်နေရင်- Heat Stroke (ပြင်းထန် အပူလျှပ်တာ)
၂။ ချွေးထွက်နေလား?
ချွေးတွေရွှဲနေရင်- Heat Exhaustion။
ချွေးလုံးဝ မထွက်တော့ဘဲ အသားတွေ ပူခြောက်နေရင်- Heat Stroke။
၃။ ကိုယ်ပူချိန် ဘယ်လောက်ရှိလဲ?
၁၀၃ အောက်ဆိုရင်- Heat Exhaustion။
၁၀၄ အထက် အပြင်းအထန်ဖျားရင်- Heat Stroke။
၄။ ဘာလုပ်ရမလဲ?
Heat Exhaustion- အရိပ်ထဲနား၊ ရေနဲ့ဓာတ်ဆားရည်သောက်ရင် သက်သာနိုင်ပါတယ်။
Heat Stroke- ချက်ချင်း ဆေးရုံပို့ပါ။ အသက်အန္တရာယ်ရှိလို့ အချိန်ဆွဲလို့ မရပါဘူး။
⚠️သတိထားရမှာက Heat exhaustion အခြေအနေကနေ ပြင်းထန် Heat Stroke အဖြစ်ကို ရောက်ရှိသွားနိုင်တာမို့လို့၊ Heat exhaustion အဆင့်ဆိုရင်တောင် လုံးဝပေါ့ဆလို့မရတာပါ။
နွေပူပူမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ❓
-Water First
ရေငတ်တဲ့အထိ မစောင့်ပါနဲ့။ တစ်နာရီကို ရေ (၂) ခွက်ခန့် ပုံမှန်သောက်ပါ။
-Peak Hours
မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းနဲ့ ပြင်းထန်တဲ့ အားကစားလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
-Clothing
နေရောင်ပြန်ဟပ်တဲ့ အရောင်ဖျော့ဖျော့၊ ချည်သားအင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်ပါ။
🍀အထက်ဖော်ပြပါအချက်အလက်တွေက အရေးပေါ်အခြေအနေအတွက်ခန့်မှန်းလို့ရအောင် ဖော်ပြပေးထားတာဖြစ်ပြီး နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှုကို ခံယူဖို့မမေ့ပါနဲ့။
🍀33charms_Make your life easier