The Book Of Universe

The Book Of Universe Welcome to The Book of universes 🪐

Ex-pect(Pre Order) ‘ပိုင် နဲ့ တချန်း’ကောင် လေးတစ် ယောက်က ယောက်ျားသိပ်ဆန်တဲ့ ကောင် လေးတစ် ယောက်ကို ချစ်မိသွားတဲ့အကြောင်း ...
06/01/2026

Ex-pect(Pre Order)

‘ပိုင် နဲ့ တချန်း’

ကောင် လေးတစ် ယောက်က ယောက်ျားသိပ်ဆန်တဲ့ ကောင် လေးတစ် ယောက်ကို ချစ်မိသွားတဲ့အကြောင်း နူးညံ့သိမ်မွေ့တဲ့ ၀တ္ထုလေးတစ်အုပ်…

ချစ်ခြင်းမေတ္တာအကြောင်းကို လှလှပပ ရေးဖွဲ့ထားတဲ့ လက်ရာမြောက် BL ၀တ္ထုလေးတစ်ပုဒ်…

တန်ဖိုးထားမှု၊ မြတ်နိုးမှု၊ အနွံ့တာခံမှုတွေနဲ့ ကောင်လေးနှစ်ယောက်ရဲ့ဘ၀ကို ချည်နှောင်ဆက်ထုံးထားတဲ့ မေတ္တာတရားကို အလှဆုံး ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်…

တန်ဖိုး​ - 18000 ကျပ်
ထွက်ရှိမည့်ရက် -​ 21.Jan.2026

Pre order မှာယူ​ချင်တယ်​ဆိုရင်တော့​ ခုပဲ page massageကနေမှာထားလို့ရပါပြီရှင့်🍀

#ဆုခြည်ကို

တကယ်တော့ လူတိုင်းမှာ ဂရုတစိုက်ရှိခြင်း၊အချင်းချင်းသဟဇာတဖြစ်ခြင်းနဲ့ ဘ၀ကိုချစ်မြတ်နိုးခြင်းတွေဆီကို တံခါးဖွင့်ပေးနိုင်တဲ့...
05/01/2026

တကယ်တော့ လူတိုင်းမှာ ဂရုတစိုက်ရှိခြင်း၊
အချင်းချင်းသဟဇာတဖြစ်ခြင်းနဲ့ ဘ၀ကို
ချစ်မြတ်နိုးခြင်းတွေဆီကို တံခါးဖွင့်ပေးနိုင်တဲ့
သော့တစ်ချောင်း ရှိနေတယ်။

အဲဒီသော့ကိုတော့ “အီချီဂို အီချီအဲ”
(Ichigo Ichie) လို့ ခေါ်ပါတယ်။
အီချီကို အီချီအဲ (Ichigo Ichie) ဆိုတာ
“အခုမဟုတ်ရင် ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး..”
ဆိုတဲ့ ဖိတ်ခေါ်ချက်တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ​ အသက်ရှင်နိုင်ပေမယ့် တွေ့ဆုံမှုတိုင်းမှာ ထူးခြားတဲ့​ အနှစ်သာရတစ်ခုရှိပြီး အဲဒီအရာတွေက ဘယ်တော့မှ​ ပြန်မဖြစ်နိုင်တော့လို့ပါပဲ။

”အီကီဂိုင်” စာအုပ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ စာရေးဆရာနှစ်ဦးက ဒီတစ်ခါမှာတော့ ဂျပန်အတွေးအခေါ်တစ်ခုဖြစ်တဲ့ “အီချီဂို အီချီအဲ” ကို မိတ်ဆက်ပေးထားပါတယ်။ အဓိပ္ပါယ်ကတော့ “အခိုက်အတန့်တိုင်းဟာ တစ်သက်မှာတစ်ခါ” ဆိုတာပါပဲ။

ကျွန်တော်တို့ဘ၀မှာ ကြုံတွေ့ရတဲ့ အခိုက်အတန့်တိုင်းဟာ တစ်သက်မှာ တစ်ခါပဲ ဖြစ်ပါတယ်။

အဲဒီအခိုက်အတန့်ကို လက်လွှတ်ခံလိုက်ရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။ ဒီအတွေးအခေါ်ဟာ ဇင်ဗုဒ္ဓဘာသာနဲ့ ၁၆ ရာစုက ဂျပန်လက်ဖက်ရည်ပွဲတွေကနေ ဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ ဒီရှေးကျတဲ့ အယူအဆကနေ ခေတ်သစ်သတိပဌာန် (Mindfulness) အမျိုးအစားသစ်တစ်ခု ပေါ်ထွက်လာပါတယ်။

ဒီစာအုပ်ထဲမှာ..
ဂျပန်လူမျိုးတွေဟာ နှစ်စဉ် ဧပြီလမှာ နှစ်ပတ်သာ ပွင့်တဲ့ ချယ်ရီပန်းတွေကို နောက်တစ်နှစ်မှ ပြန်မြင်ရမှာကို သိရှိနားလည်တဲ့အတွက် အဲဒီပန်းတွေကို တန်ဖိုးထားသလိုမျိုး မမြဲခြင်းတရားကိုတွေကို တန်ဖိုးထားတတ်ဖို့ သင်ယူနိုင်ပါတယ်။”

အတိတ် သို့မဟုတ် အနာဂတ်ကို စွဲလမ်းတွယ်ကပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသ စတဲ့ အနုတ်သဘောဆောင်တဲ့ ခံစားချက်တွေကို လွှတ်ချနိုင်ဖို့အတွက် အာရုံငါးပါးစလုံးကို အသုံးပြုပြီး ပစ္စုပ္ပန်မှာ နေထိုင်ပုံကိုလည်း သင်ကြားပေးထားပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ သင်ဟာ ဘ၀ရဲ့အခိုက်အတန့်တိုင်းကို အနှစ်သာရရှိရှိ ဖြတ်သန်းနိုင်သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။

တန်ဖိုး​ -​ ၉၀၀၀ကျပ်
Page Messageကနေ ခုပဲ မှာယူနိုင်ပါပြီရှင့်🍀

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Book Of Universe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Book Of Universe:

Share