NetX Era

NetX Era We Learn.We Share.We Grow Together
helping you learn networking & solve IT problems

⚙️WinPE(Windows Preinstallation Environment) အရင်တခေါက်က WDS Server နဲ့ ပတ်သတ်ပြီးပြောပြပေးခဲ့ပါတယ်။WDS အလုပ်လုပ်ဖို့ Wi...
04/04/2026

⚙️WinPE(Windows Preinstallation Environment)

အရင်တခေါက်က WDS Server နဲ့ ပတ်သတ်ပြီးပြောပြပေးခဲ့ပါတယ်။WDS အလုပ်လုပ်ဖို့ WinPE လိုအပ်တယ်ဆိုတာ မိတ်ဆွေတို့ မှတ်မိမယ်ထင်ပါတယ်။
ဆိုတော့ WinPE ဆိုတာဘာလဲ?🤔
WinPE ဆိုတာ lightweight version of Windows OS တခုဖြစ်ပြီး ကျနော်တို့ computer ကို boot လုပ်ရန်၊Windows install လုပ်ရန်၊repair လုပ်ရန် အသုံးပြုကြပါတယ်။
Small & temporary OS တခုဖြစ်ပြီး full Windows မဟုတ်ပါ။ဆိုလိုတာက installation & troubleshooting လုပ်ဖို့ အတွက် mini Windows တခုဖြစ်ပါတယ်။

WinPE မှာ
✔️Windows Installလုပ်ခြင်း
✔️disk partition & format လုပ်ခြင်း
✔️image deploy(WDS,MDT)
✔️System repair & troubleshooting တို့ ပြုလုပ်နိုင်ပါတယ်။

🔄သူ့ အလုပ်လုပ်ပုံက
🔶️Computer ကို USB/Network/CD ဖြင့် boot လုပ်တယ်
🔶️WinPE load လုပ်တယ်
🔶️minimal environment တခု run တယ်
🔶️Windows setup/tools တွေ run တယ်

ဒီလောက်ဆို WinPE အကြောင်း အနည်းငယ် သဘောပေါက်လောက်ပြိထင်ပါတယ်။

နောက်ပိုင်းတွေမှာလည်း networking အ‌ကြောင်း အရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

Follow for more networking tips




Virtualization 🖥Virtualization ဆိုတာ physical machine(computer) တစ်လုံးပေါ်မှာ virtual machines (computers) တွေအများကြီး...
01/04/2026

Virtualization 🖥
Virtualization ဆိုတာ physical machine(computer) တစ်လုံးပေါ်မှာ virtual machines (computers) တွေအများကြီးဖန်တီးပြီး အသုံးပြုနိုင်တဲ့ နည်းပညာတမျိုးဖြစ်ပါတယ်။
ဆိုလိုတာက computer တစ်လုံးပေါ်မှာ Windows, Linux,server စတဲ့ မတူညီတဲ့ OS တွေအပြိုင် runနိုင်ခြင်းကို ပြောတာဖြစ်ပါတယ်။
ဥပမာ ပုံမှန် computer တစ်လုံးပေါ်မှာ Windows(OS) တခုပဲ run နိုင်ပေမယ့် Virtualization ပေါ်မှာ Windows, Linux,Server တွေ တပြိုင်တည်း run နိုင်ပါတယ်။

Hypervisor ⚙️
Virtualization အကြောင်းပြောမယ်ဆိုရင် Hypervisor ကို ချန်ထားလို့မရပါဘူး။hardware နဲ့ virtual machines ကြားမှာ control လုပ်တဲ့ software ကို Hypervisor လို့ခေါ်ပါတယ်။
အလုပ်လုပ်ပုံက physical hardware (CPU,RAM, Storage)တွေကို VM တခုချင်းစီကို share & manage လုပ်ပေးတယ် , Hypervisor install လုပ်တယ်။ virtual machines (VMs) တွေ create လုပ်တယ်။VM တခုချင်းစီမှာ OS install လုပ်တယ်။

🔶️ Hypervisor Type (2) မျိုးရှိပါတယ်။

1️⃣ Type 1 Hypervisor (Bare-metal)
Hardware device ပေါ်မှာ direct run တဲ့ Hypervisor တစ်နည်းပြောရရင် Hypervisor ကို first layer အဖြစ်run ခြင်းဖြစ်ပါတယ်။
Hardware - Hypervisor - Virtual machines (Guest OS)
Eg: VMWare ESXI, Microsoft Hyper-V

2️⃣ Type 2 Hypervisor (Hosted)
Host Operating System ပေါ်မှာ run တဲ့ Hypervisor တနည်းပြောရရင် ကျတော်တို့ ပုံမှန် software install လုပ်ပြီး အသုံးပြုရသလိုပါပဲ။
Hardware - Host OS - Hypervisor(App) - Virtual Machines
Eg: VMWare Workstation, Oracle VirtualBox

Hypervisor အသုံးပြုခြင်းဖြင့်
✔️Hardware Cost လျော့ကျနိုင်ခြင်း
✔️Isolation(VM တခု crash ဖြစ်ရင် အခြား VM တွေကို မထိခိုက်နိုင်ခြင်း)
✔️backup လုပ်ရတာလွယ်ကူခြင်း
✔️မတူညီတဲ့ OS ကို စက်တလုံးထဲမှာ run နိုင်ခြင်း စတဲ့ကောင်းကျိုးတွေလည်းရှိပါတယ်။
ဒီလောက်ဆို Virtualization နဲ့ Hypervisor အကြောင်းအနည်းငယ် သဘောပေါက်လောက်ပြီ ထင်ပါတယ်။

နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

Follow for more networking tips





🖥️ Windows Deployment Services (WDS)WDS ဆိုတာဘာလဲ?Windows Deployment Services (WDS) ဆိုတာ Windows Operating System (Wind...
27/03/2026

🖥️ Windows Deployment Services (WDS)
WDS ဆိုတာဘာလဲ?
Windows Deployment Services (WDS) ဆိုတာ Windows Operating System (Windows တင်ခြင်း) ကို Network ကနေ automatically deploy (install) လုပ်ပေးနိုင်တဲ့ Microsoft Service တစ်ခုပဲဖြစ်ပါတယ်။ဆိုလိုတာက USB / DVD ❌မသုံးဘဲ 🌐network ကနေ Windows install လုပ်ပေးနိုင်တယ်။
ဥပမာ ကျတော်တို့ 🏢ရုံးတစ်ရုံးမှာ 🖥️computer အလုံး 50 လောက် အသစ်ထပ်ရောက်လာတယ်။အဲ့အလုံး50 ကို တစ်လုံးချင်းစီ USB boot → Windows install → Driver install တွေ ထိုင်လုပ်ပြီး Windows တင်မယ်ဆိုရင် အချိန်တွေအများကြီးကုန်မှာဖြစ်ပါတယ်။
ဒါကြောင့် WDS Server💻 တစ်လုံး setup လုပ်ပြီး network ကနေတဆင့် windows install လုပ်နိုင်ပါတယ်။WDS အလုပ်လုပ်ပုံက
✅ Client PC ကို Network Boot (PXE Boot) လုပ်တယ်။
✅ Client PC က network ထဲမှာ WDS Server ကို ရှာတယ်။
✅ Client PC က DHCP Server ကို first request လုပ်တယ်
✅ DHCP က IP + PXE info ပေးတယ်။အဲဒါနဲ့ WDS Server ကို reach လုပ်တယ်
✅ WDS Server က Boot image ပို့ပေးတယ်။
✅ Client PC က Windows Preinstallation Environment (WinPE) load လုပ်တယ်။
✅ Install image ကို download လုပ်ပြီး Windows install လုပ်တယ်။
🌐WDS အလုပ်လုပ်ဖို့ဆိုရင်
➡️DHCP Server - IP Address Assign ချပေးဖို့၊ကျတော်တို့ Network မှ တဆင့် Windows install လုပ်မှာဖြစ်လို့ အရင်ခေါက်တွေကပြောခဲ့သလိုပဲ network ချိတ်ဆက်မှုတိုင်းအတွက် IP Address လိုပါတယ်။ဒါကြောင့် DHCP Server setup လုပ်ထားပြီး Scope ဆောက်ထားပေးဖို့လိုပါတယ်။
➡️DNS Server - Name Resolution(Network Service)
➡️Active directory (AD DS)
➡️WDS Server - Windows Image host
ဒီနေရာမှာ Windows Images Types (2) မျိုးရှိပါတယ်။
🔸 Boot Image
Computer boot လုပ်ဖို့ အသုံးပြုတဲ့ image၊များသောအားဖြင့် Windows Preinstallation Environment (WinPE) ကိုဆိုလိုတာဖြစ်တယ်။
🔸Install Image
Computer မှာ install လုပ်မယ့် Windows OS image (ဥပမာ Windows 10,Windows 11, Windows Server)
🌐WDS Server အသုံးပြုပြီး Windows install လုပ်မယ်ဆိုရင်
✅PC အများကြီးကို တခါတည်း install လုပ်နိုင်
✅အဲ့လို PCအလုံးအများကြီးတခါတည်းလုပ်နိုင်တဲ့ အတွက် အချိန်ကုန်သက်သာမယ်။
✅USB/DVD မလို
✅Centralized Management စတဲ့ အားသားချက်တွေရရှိနိုင်ပါတယ်။ဒီလောက်ဆိုရင် WDS Server နဲ့ပတ်သတ်ပြီး အနည်းငယ်သဘောပေါက်လောက်ပြီထင်ပါတယ်။
နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။




🔐 VPN (Virtual Private Network)VPN ဆိုတာဘာလဲ?VPN ဆိုတာ Public Network(ဥပမာ internet) ပေါ်တွင် Secure Virtual Tunnel တစ်ခ...
11/03/2026

🔐 VPN (Virtual Private Network)
VPN ဆိုတာဘာလဲ?
VPN ဆိုတာ Public Network(ဥပမာ internet) ပေါ်တွင် Secure Virtual Tunnel တစ်ခု ဖန်တီးပေးခြင်းဖြစ်ပါတယ်။Internet ပေါ်မှာ data တွေ လုံခြုံစိတ်ချစွာသွားနိုင်ဖို့ Secure Tunnel ဖန်တီးပေးပြီး Private network ထဲဝင်‌စေခြင်းဖြစ်သည်။

🌐Internet ကို direct သုံးနေသော်လည်း data ကို secure tunnel အတွင်းမှ encryption🔒 ဖြင့်ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။

ဥပမာ ကျတော်တို့ 🏠အိမ်မှာနေရင်း Office network (192.168.10.0/24) ကို ဝင်ချင်တယ်ဆိုရင် VPN connect လုပ်လိုက်ရင် ကျတော်တို့ 🖥️PC က office LAN ထဲမှာရှိသလိုဖြစ်သွားပါလိမ့်မယ်။
VPN အသုံးပြုရတဲ့ အကြောင်းအရင်း
🔸Remote Work
🔸Secure Data Transfer
🔸Public Wifi မှာ security protection
🔸Increase your Security
စသော အကြောင်းများကြောင့် VPN အသုံးပြုရခြင်းဖြစ်တယ်။

🔒VPN အလုပ်လုပ်ပုံ
🖥️ Client PC မှာ VPN Server ကို authenticate လုပ်တယ်။VPN Server က encryption tunnel တစ်ခုဖန်တီးတယ်။data ကို encrypted လုပ်ပြီးtunnelထဲကနေ ပို့တယ်။

ဒီလောက်ဆို မိတ်‌ဆွေတို့ VPN နဲ့ပတ်သတ်ပြီး အနည်းငယ် နားလည်ပြီထင်ပါတယ်။‌
နောက်ရက်‌တွေမှာ DHCP,DNS,NAT,VPN စတဲ့ Service တွေ set up လုပ်ပုံလုပ်နည်းကို video နဲ့တကွတင်ပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။




🌍 NAT (Network Address Translation)NAT ဆိုတာဘာလဲ?👉 Private IP ကို Public IP ပြောင်းပေးတဲ့ process ကို NAT လို့ခေါ်ပါတယ်။...
10/03/2026

🌍 NAT (Network Address Translation)
NAT ဆိုတာဘာလဲ?
👉 Private IP ကို Public IP ပြောင်းပေးတဲ့ process ကို NAT လို့ခေါ်ပါတယ်။
ကျတော်တို့ အိမ်မှာ Wi-Fi သုံးနေတဲ့ device တွေမှာ
ဥပမာ
📱 Phone ရဲ့ IP : 192.168.1.11
💻 Laptop ရဲ့ IP : 192.168.1.12
စတဲ့ IP တွေက Private IP တွေဖြစ်ပါတယ်။
Private IP တွေကို internet ထဲမှာ တိုက်ရိုက်အသုံးပြုလို့မရပါဘူး။Private Network အတွင်းမှာသာ အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် Router က NAT လုပ်ပြီး Public IP အဖြင့်Internet ပေါ် ပြောင်းပေးခြင်း ပဲဖြစ်ပါတယ်။
ဥပမာ မိတ်‌ဆွေတို့ရဲ့ Phone မှာရှိတဲ့ Private IP : 192.168.1.11 ကို Public IP : 203.X.X.X အဖြင့် ပြောင်းလဲပေးပြီး Internet ပေါ်တင်ပေးခြင်းဖြစ်တယ်။
NAT ဘာကြောင့်လိုအပ်တာလဲ?
Public IP မလောက်ခြင်း၊Internal Network ကို hide လုပ်ချင်လို့၊Security Layer တစ်ခုအဖြစ် စသည့်အချက်များကြောင့် NAT လိုအပ်ပါတယ်။
Private network ထဲက devices များ internet သုံးနိုင်ဖို့ NAT လိုအပ်ပါတယ်။

🏠 ကျတော့်တို့ အိမ်မှာ Google သုံးဖို့ wifi ဖွင့်ပြီး💻 Laptop ကနေ တဆင့် Google လို့ရိုက်တယ်။Laptop IP (Eg: 192.168.1.12) က Google ကို request ပို့တယ်။Router က အဲ့ဒီ Private IP ဖြစ်တဲ့ 192.168.1.12 ကို 203.x.x.x စတဲ့ Public IP အဖြင့် translate လုပ်ပြီး🌐 Internet ထဲကို ပို့တယ်။reply ပြန်လာရင် Router က NAT table ကြည့်ပြီး အဲ့ဒီ request က ဘယ် device ကပို့ခဲ့လဲဆိုတာ စစ်ပြီး သက်ဆိုင်တဲ့ device(eg:192.168.1.12) ကပဲ ဆိုပြီး ကျတော်တို့ laptop 💻ကို ပြန်ပို့ပေးတယ်။Router က Private IP 🔁 Public IP ကြား translator အဖြစ်လုပ်ဆောင်ပေးပါတယ်။ဒါက NAT အလုပ်လုပ်ပုံပဲဖြစ်ပါတယ်။

Types Of NAT
- Static NAT (One to One)
- Dynamic NAT (many to many)
- PAT ( Port Address translation)(many to one)

ဒီလောက်ဆို မိတ်‌ဆွေတို့ NAT နဲ့ပတ်သတ်ပြီး အနည်းငယ် နားလည်ပြီထင်ပါတယ်။နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။



အားလုံးပဲ မဂ်လာပါဗျ DNS Server ဆိုတာဘာလဲ?(Domain name system)DNS Server ဆိုတာ name နဲ့ IP ကို mapping တွဲပေး‌သောစနစ်တမျိ...
16/02/2026

အားလုံးပဲ မဂ်လာပါဗျ
DNS Server ဆိုတာဘာလဲ?(Domain name system)
DNS Server ဆိုတာ name နဲ့ IP ကို mapping တွဲပေး‌သောစနစ်တမျိုးပဲဖြစ်ပါတယ်။🖇️
Internet ရဲ့ phonebook လို့ပြောလို့ရပါတယ်။
ဥပမာ ။ ကျတော်တို့ ဖုန်းမှာ ဖုန်းနံပတ်တွေမှတ်တဲ့အခါ နံပတ်ပဲ မှတ်တာမဟုတ်ပဲ မှတ်မိအောင် လူနာမည်နဲ့ နံပတ်ကို တွဲမှတ်ကြတာဖြစ်ပါတယ်။ထိုနည်းတူပဲ DNS Server က နာမည်ဖြစ်တဲ့ website name(eg: google.com, facebook.com) ကို နံပတ်ဖြစ်တဲ့ IP Address အဖြစ်ပြောင်းပေးခြင်းပဲဖြစ်တယ်။DNS က name နဲ့ IP Address ကြားက ဘာသာပြန်စနစ်ပဲဖြစ်ပါတယ်။
User က 💻browser မှာ www.google.com လို့ရိုက်တဲ့အခါComputer က DNS Server ကို 📢"ဒီနာမည်ရဲ့ IP ကဘာလဲ?"လို့မေးတယ်။🌐DNS Server က IP Address ပြန်ပေးတယ် eg:8.8.8.8 .browser က အဲ့ဒီ့ IP address ကို သွားချိတ်တယ်။User ရှိမှာ website ပေါ်လာတယ်။ဒီနည်းလမ်းဖြစ် DNS Server က အလုပ်လုပ်ခြင်းဖြစ်တယ်။DNS Server မရှိဘူးဆိုရင် Users တွေက ကိုယ်သွားချင်တဲ့ website ရဲ့ IP Address တွေကို ကိုယ်တိုင် ရိုက်ထည့်ရမှာဖြစ်ပါတယ်။ဥပမာ facebook.com ဆို သူရဲ့ IP Address ဖြစ်တဲ့ 157.240.0.0 ကို ရိုက်ထည့်ရမှာပဲဖြစ်ပါတယ် 😶
DNS Server ရှိလို့ website တွေကို IP Address တွေမှတ်စရာမလိုပဲ website name တွေပဲမှတ်ပြီး အလွယ်တကူအသုံးပြုနိုင်ခြင်းဖြစ်တယ်။DNS မရှိရင် website တွေမဖွင့်နိုင်။ website တခုကို Server အများကြီး ချိတ်ဆက်နိုင်အောင်၊Traffic များရင်လည်း မပြတ်တောက်သွားအောင် load balancing လုပ်ပေးနိုင်တယ်။Email Server,Windows domain/active directory တွေက DNS မရှိရင် အလုပ်မလုပ်နိုင်ပါ။
DNS ကို (Hierarchy) အဆင့်လိုက် ဖွဲ့စည်းထားပါတယ်။
DNS Hierarchy
1.Root DNS (.)
2.Top-Level Domain (TLD)
.com,.org,.net
3.Domain Name
google.com, facebook.com
4.Subdomain
www.google.com

အခုပြောပြပေးသွားတာက DNS Server နဲ့ ပတ်သတ်ပြီး အနည်းငယ်ပြောပြပေးသွားတာဖြစ်ပါတယ်။
နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်



⚙️ Network Addressing Structure ⚙️IP ပေးထားတဲ့ network တိုင်းမှာ Addressing (၄) ခုရှိပါတယ်။ဥပမာ - 192.168.1.x လို့ class...
05/12/2025

⚙️ Network Addressing Structure ⚙️

IP ပေးထားတဲ့ network တိုင်းမှာ Addressing (၄) ခုရှိပါတယ်။
ဥပမာ - 192.168.1.x လို့ class C ထဲက IP ပေးထားတယ်ဆိုပါဆို့။
Total IP = (0-255) = 256 လုံး၊
အသုံးပြုလို့ရတဲ့ devices = 2⁸ - 2 = 254 လုံး

ဒီ network မှာ

Network Address : 192.168.1.0
Start IP : 192.168.1.1
End IP : 192.168.1.254
Broadcast Address : 192.168.1.255

ဆိုပြီး address (၄) ခုရှိပါတယ်။

🔸Network Address
192.168.1.x network တခုလုံးကို ဦးဆောင်မယ့် network ဖြစ်ပြီး၊192.168.1.0 ဆိုတာ network group ရဲ့ အမည်တခုလို့ ပြောလို့ရပါတယ်။ ဥပမာ ကျတော်တို့ ကွန်ဒိုတိုက် တလုံး မှာဆိုရင် 192.168.1.0 ~ network address ဆိုတာ အဲ့ကွန်ဒိုရဲ့ အမည်ပဲဖြစ်ပါတယ်။

🔸Star IP & End IP
192.168.1.x network ရဲ့ ပထမဆုံး စတင်အသုံးပြုလို့ရတဲ့ Start IP , နောက်ဆုံးအသုံးပြုလို့ရတဲ့ End IP
ဒီ 192.168.1.1 ( Start IP) နဲ့ စပြီး 192.168.1.254 (End IP) အထိ နောက်ဆုံးအသုံးပြုလို့ရခြင်းပဲဖြစ်ပါတယ်။ကွန်ဒိုတိုက် ဥပမာနဲ့ဆို 192.168.1.1 to 254 က နေထိုင်လို့ရတဲ့ အခန်းတွေပဲဖြစ်ပါတယ်။များသောအားဖြင့် Star IP ကို Router မှာ assign လုပ်ပြီး၊End IP ကို Server မှာ assign လုပ်ပါတယ်။

🔸Broadcast Address
192.168.1.x Network တခုလုံးကို announce လုပ်ပေးသော address ပဲဖြစ်ပါတယ်။ကွန်ဒိုတိုက်မှာ အားလုံးကြားနိုင်တဲ့ speaker တလုံးလိုပေါ့။

Network Address (192.168.1.0) နဲ့ Broadcast Address (192.1681.255) ဒီ(၂) ခုက ဘယ် device မှာမှ assign လုပ်ထားခြင်း မရှိပါဘူး။network address က 192.168.1.x network ကို ကိုယ်စားပြု အမည် တခုဖြစ်ပြီး broadcast Address က ဒိ network ထဲက devices တွေကြား announce လုပ်ပေးသော address ဖြစ်ပါတယ်။

ဒါက network တခုရဲ့ Addressing structure အကြောင်း အကျဉ်းချုပ်ပြောပြပေးသွားခြင်းပဲဖြစ်ပါတယ်

နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်



အရင်တခေါက်တွေက networking နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ sharing လုပ်ပေးထားတော့ ဒီနေ့ မှာတော့ awareness massage လေးတခု လုပ်ပ...
29/11/2025

အရင်တခေါက်တွေက networking နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ sharing လုပ်ပေးထားတော့
ဒီနေ့ မှာတော့ awareness massage လေးတခု လုပ်ပေးချင်ပါတယ်။

ကျတော်တို့ တခါတလေ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို မရောက်တဲ့ အခါ စိတ်ပျက်စိတ်ဓါတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ရှုံးနှိုမ့်မူတွေ ဆိုတာ ဖြစ်တတ်လို့ စိတ်ဓါတ်ကျလို့ရပါတယ်။ဒါပေမယ့် ဒီကျရှုံးမှုလေး တခုကို feeling လုပ်ပြီး အမြဲထိုင်ဆွေးနေလို့မရပါဘူး။ဘယ်လို‌အကောင်းဆုံးဖြစ်အောင် လုပ်ရမလဲဆိုတာ ဆက်တွေးရမှာဖြစ်ပါတယ်။

ဥပမာလေးတခု နဲ့ ကြည့်ကြရအောင် ဆူးလေကနေ ထောက်ကြန့်သွားချင်လို့ Google Map လေး ဖွင့်လိုက်တယ်၊location လေး ရွေးလိုက်တယ်၊ အဲ့မှာ direction ကျလာတယ်။မိတ်ဆွေ အဲ့ direction အတိုင်းသွားတယ်၊ လမ်းခုလတ်မှာ direction အတိုင်းမဟုတ်ပဲ လမ်းကြောင်းနောက်တခု ကနေ သွားတယ် အဲ့အခါ google map က မိတ်ဆွေကို လှောင်ရယ်မှာ မဟုတ်ပါဘူး။မိတ်ဆွေရွေး လိုက်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး မိတ်ဆွေသွားချင်တဲ့ ပန်းတိုင် နဲ့ နီးစပ်တဲ့ direction အသစ်ကို ပြပေးမှာပဲ ဖြစ်ပါတယ်။ ကျတော် တို့ဘဝ မှာလည်း ထိုနည်း၄င်းကောင်းပဲ တခါတလေ ကိုယ်စီစဉ်ထားတဲ့ plan နဲ့ goal မရောက်ဘူး ဆိုရင် goal ပြောင်းရမှာ မဟုတ်ပဲ ကိုယ့်လုပ်ဆောင်မူ process တွေကို ပြောင်းသင့်ရင် ပြောင်းရမှာပဲ။
မိတ်ဆွေတို့ ဝိတ်တက်ချင်လို့/ဝိတ်ကျချင်လို့ ဒါဆိုရင် ပုံမှန် ကစားနေကျ ကစားနည်းအတိုင်း ကစားလို့မရပါဘူး။ အကြိမ်များများဆော့မလား၊အလေးပိုတိုး‌ဆော့မလား၊ပုံစံပြောင်း‌ဆော့မလား ဒီလိုပြောင်းလဲမူတွေ ပြုလုပ်ရပါတယ်။
အရင်ပုံစံအတိုင်းသွားရင် အရင် result ပဲ ရမှာပါ။result အသစ်လိုချင်ရင် ပုံစံ အသစ်နဲ့ ပြောင်းလဲ လုပ်‌ဆောင်သွားရမှာဖြစ်ပါတယ်။ ကျတော့် ဆရာ တစ်ယောက် ပြောဖူးသလို
"အမျိုးအစားပြောင်း အချိုးအစားပြောင်း ပြီးရင် ဆက်လုပ်" ဆိုတဲ့ စကားအတိုင်း ကိုယ်လိုချင်တဲ့ goal ရောက်သည် အထိ process တွေကို ပြောင်းလဲလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
ဒီနေရာမှာ တခု သတိထားရမှာက plan တခုချပြီးပြီဆိုရင် ထပ်ခါထပ်ခါပြောင်းလဲရမှာမဟုတ်ပဲ 3 လ၊6 လ စသဖြင့် အချိန်အတိုင်းတာ တခု သတ်မှတ်ပြီး plan အတိုင်း လုပ်ဆောင် သွားသင့်ပါတယ်။

ဒီစကားတွေဟာ မိတ်ဆွေတို့ ကြားဖူးပြီးသား၊သိဖူးပြီးသား စကားတွေ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီစာ တခေါက်ဖတ်လိုက်တဲ့အချိန်မှာ awareness လေးတခု ရသွားတယ်လို့ထင်ပါတယ်။

ကျတော်တဦးတည်းရဲ့ အတွေးအမြင် ဖြစ်တာကြောင့် လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။

29.11.2025 (NetX Era)


🌐 Protocol ကျတော်တို့ အချင်းချင်း စကားပြောဆိုဖို့ language တခုလိုသလို devices တွေ အချင်းချင်း ဆက်သွယ်ဖို့ rule/language ...
28/11/2025

🌐 Protocol

ကျတော်တို့ အချင်းချင်း စကားပြောဆိုဖို့ language တခုလိုသလို devices တွေ အချင်းချင်း ဆက်သွယ်ဖို့ rule/language တခုလိုပါတယ်။ဒီ language ကို protocol လို့ခေါ်ပါတယ်။

Protocol တွေ မရှိရင် devices တွေ အချင်းချင်း တစ်လုံးနဲ့တစ်လုံး နားလည်နိုင်မှာမဟုတ်ပါဘူး။

ဥပမာ ကျတော်တို့ messenger ကနေ စာပို့မယ် ဆိုပါဆို့
ဘယ်လို့ပို့မှာလဲ?ဘယ်လို Format လုပ်မလဲ?ဘယ်လို check လုပ်မလဲ? ဒါတွေကို protocol တွေက သတ်မှတ်ပေးပါတယ်။ ‌တဖက်က Samsung နဲ့စာပို့ပြီး လက်ခံမယ့်သူက Iphone ၊ ဒီလို မတူညီတဲ့ devices တွေ အချင်းချင်း နားလည်ဖို့ (devices မတူပဲ protocol တူရင် communication လုပ်လို့ရ)
Protocol မရှိပဲ internet ဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်။

Ok, ဒါဆို protocol တွေက ဘယ်လိုအလုပ်လုပ်တာလဲ?🤔

ဥပမာ လေးတခုနဲ့ရှင်းပြရမယ်ဆိုရင် ကျတော်တို့ ရန်ကုန်ကနေ မန္တလေးကို ပစ္စည်း(ပါဆယ်)လေးတခု ပို့မယ် ဆိုပါဆို့။

➡️ 1. Addressing Stage
🔸ကျတော်တို့ ပို့မယ် နေရာ (address) လိုပါတယ်။address မပါရင် ပို့မယ့် နေရာလည်း မှန်မှာ မဟုတ်ပါဘူး
ဒီအဆင့်ကို network မှာ IP Protocol က အလုပ်လုပ်ပါတယ်။

➡️ 2. Packaging Stage
🔸ကျတော်တို့ ပို့မယ့် ပစ္စည်းကို ဥပမာ box တခုနဲ့ ဘယ်လို ပါကင်လုပ်မယ်။ဒိအဆင့်ကို network မှာ TCP Protocol က data ကို Segment လေးတွေခွဲ‌ပေးခြင်း၊Order Number တပ်ပေးခြင်း၊ဘယ်လို format နဲ့ပို့မလဲ ဆိုတာ လုပ်‌ဆောင်ပါတယ်။

➡️ 3. Routing Stage
🔸ပစ္စည်း(data) ကို ဘယ်လမ်းကြောင်းကနေ ပို့ဆောင် မလဲဆိုတာ network မှာ OSPF,BGP,RIP တွေလို routing protocols တွေက လုပ်ဆောင်ပါတယ်။

➡️ 4. Error Checking Stage
🔸ပို့လိုက်တဲ့ ပစ္စည်း(data) ကမှန်လား မှားလား checksum နဲ့ verify လုပ်ပြီး မမှန်ရင် ပြန်တောင်းပြီး resend လုပ်ပေးခြင်းကို TCP Error checking က လုပ်ဆောင်ပါတယ်။

➡️5. Acknowledgement Stage
🔸ပို့လိုက်တဲ့ ပစ္စည်း(data) က လက်ခံသူဘက်ကို ရောက်ပြီးပြီ လို့ confirmation massage ပြန်ပို့ခြင်း က ACK(acknowledgement) ပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Protocols အကြောင်းကို အနည်းငယ် သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။

နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်



အားလုံးပဲ မဂ်လာပါဗျ အ‌ရင်တခေါက်တွေက devices တွေအချင်းချင်း ချိတ်ဆက်ဖို့ IP address မဖြစ်မနေ လိုတယ်လို့ ပြောခဲ့တာ မှတ်မိဦ...
22/11/2025

အားလုံးပဲ မဂ်လာပါဗျ အ‌ရင်တခေါက်တွေက devices တွေအချင်းချင်း ချိတ်ဆက်ဖို့ IP address မဖြစ်မနေ လိုတယ်လို့ ပြောခဲ့တာ မှတ်မိဦးမယ် ထင်တယ်။

ဒီနေ့မှာတော့ IP ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာ ကျတော်နဲ့ အတူ လေ့လာကြည့်ကြရအောင်ဗျ။

🌍 History of IP Address

🔸 Internet ပေါ်လာချိန် (1960s–1970s)

IP address ပေါ်ပေါက်လာပုံပြောရရင် Internet စတင်ပေါ်ပေါက်လာချိန် 1960s နောက်ပိုင်းက ARPANET (Advanced Research Projects Agency Network) ဆိုတဲ့ U.S. military research project ကနေ Internet ရဲ့ မူလ စတင်ပေါ်လာပါတယ်။

Device တခုကနေ တခုကို data ပို့ဖို့အတွက် addressing system တစ်ခုလိုလာတယ်။

အဲ့ဒီ အချိန်မှာ Vint Cerf နဲ့ Bob Kahn တို့က TCP/IP Protocol ကို တီထွင်ခဲ့တယ်။

TCP = Transmission Control Protocol
IP = Internet Protocol

🔸 IPv4 ရဲ့ မွေးဖွားခြင်း (1981)

1981 မှာ IPv4 (Internet Protocol version 4) ကို RFC 791 နဲ့ define လုပ်ခဲ့တယ်။

IPv4 က 32-bit address သုံးပြီး, 4 billion addresses ဝန်းကျင် ထုတ်ပေးနိုင်တယ်။

Example 👉 192.168.1.1

1980s နဲ့ 1990s အတွင်းမှာ internet အသုံးပြုမှု များပြားလာတာနဲ့ အမျှ IPv4 သုံး devices တွေ အရမ်းများလာခဲ့တယ်။ IPv4 ရဲ့ 32-bit limitation (4 billion) ဟာ မလုံလောက်လာတော့ဘူး။
ဒါကြောင့် IPv4 address ပြတ်လပ်မှုကို တဖြည်းဖြည်း တွေ့လာရတယ်။
အဲ့အချိန်မှာ NAT (Network Address Translation), Private IP (RFC 1918) စတဲ့ workaround တွေ စတင်တီထွင်လာခဲ့တယ်။

🔸 IPv6 ထွက်လာခြင်း (1998)

နောက်ပိုင်းမှာ ဖုန်း📱တွေ ,💻 laptop တွေ ,🖥️ IoT devices တွေအများစုဟာ network ချိတ်ဆက်နေကြတာမလို့ IPv4 မလောက်တော့တဲ့အတွက် 1998 ခုနှစ်မှာ IPv6 (Internet Protocol version 6) ကို RFC 2460 နဲ့ တရားဝင်ထုတ်ပြန်ခဲ့တယ်။

IPv6 က 128-bit address သုံးပြီး ပြတ်လတ်မှု မရှိအောင် 340 undecillion ("3.4×10³⁸”) addresses ထုတ်ပေးနိုင်တယ်။

Example 👉 2001:0db8:85a3::8a2e:0370:7334

IPv6 မှာ NAT မလိုဘဲ device တစ်ခုချင်းစီကို direct global IP assign လုပ်‌ပေးနိုင်တယ်။

Modern Network & IPS တချို့တွေက IPv6 ကို
Gradual Migration လုပ်နေကြပါတယ်။

ယခုနောက်ပိုင်းမှာတော့ IPv4 နဲ့ IPv6 နှစ်မျိုးကို အတူတူ coexist လုပ်နေတယ် (Dual Stack System)

အခုလို နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်



💻 GUI နဲ့ CLI ဘာကွာလဲ ?အားလုံးပဲမဂ်လာပါဗျ၊ဒီနေ့ ကျတော်ပြောပြပေးသွားမယ့် အကြောင်းအရာက GUI(Graphical User Interface) နဲ့ C...
20/11/2025

💻 GUI နဲ့ CLI ဘာကွာလဲ ?

အားလုံးပဲမဂ်လာပါဗျ၊ဒီနေ့ ကျတော်ပြောပြပေးသွားမယ့် အကြောင်းအရာက GUI(Graphical User Interface) နဲ့ CLI(Command Line Interface)
အကြောင်းပြောပြပေးသွားပါမယ် ဖြစ်ပါတယ်။

GUI(Graphical User Interface)
GUI က ကျတော်တို့နေ့စဉ် PC သုံးတဲ့ အခါ မြင်တွေ့နေရတဲ့ icon တွေ၊ပုံတွေ က GUI ပဲဖြစ်ပါတယ်။ဒီလိုပုံတွေ၊iconတွေ အသုံးပြုပြီး computer နဲ့ interaction လုပ်ခြင်းကို GUI လို့ခေါ်ပါတယ်။ဥပမာ ပြောရရင် ကျတော်တို့ ပုံမှန် folder တွေကို ဖွင့်ခြင်း၊folder တွေ အသစ်ဆောက်ခြင်း၊ဖျက်ခြင်းကို mouse အသုံးပြု၍ click လုပ်ပြီး ပြုလုပ်ခြင်းကို GUI ဖြင့် အသုံးပြုခြင်းလို့ခေါ်ပါတယ်။
(Eg. windows file explorer, control panel)

CLI(Command Line Interface)
CLI ဆိုတာ အပေါ်မှာပြောခဲ့တဲ့ folder တွေဖွင့်ခြင်း၊ဆောက်ခြင်း၊ဖျက်ခြင်းတို့ကို text command ဖြင့်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာ folder ဆောက်မယ်ဆိုရင်
GUI မှာ right click>new folderနဲ့ ဆောက်လို့ရပါတယ်
CLI နဲ့ဆိုရင် command prompt ထဲမှာ mkdir(md) folder ဆိုပြီး text command သုံးပြီး တည်ဆောက်ခြင်းဖြစ်တယ်။
(Eg:CMD,PowerShell, Linux terminal)

GUI က visual ပုံတွေမြင်နေရတဲ့ အခါ နားလည်လွယ်တယ်။အသုံးပြုရတာလည်း လွယ်တယ်။ ဒါပေမယ့် memory နဲ့ CPU ပိုအသုံးပြုရတယ်။Speed ပိုနှေးတယ်။ automation လုပ်ဖို့ခက်တယ်။

CLI က speed ပိုမြန်တယ်။ GUI ထက်စာရင် memory/CPU အသုံးပြုတာနည်းတယ်။automation လုပ်လို့ရတယ်(Script,batch file...)။remote service တွေလုပ်ရတာပိုအဆင်ပြေတယ်။ ဒါပေမယ့် text command သုံးပြီး အလုပ်လုပ်တာ ဖြစ်တဲ့အတွက် command မှားရင် error ဖြစ်လွယ်တယ်။ အလွယ်‌ ပြောရရင် screen အမဲတွေပေါ်မှာ လုပ်ရတာဖြစ်တဲ့ အတွက် visual မမြင်ရ၊normal user တွေအတွက် အခက်တွေ့နိုင်တယ်။ tech user တွေသာ အသုံးပြုတာများပါတယ်။(Eg: remote servers,DevOps)

နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်




Cloudflare ⚙️☁️နိုဝင်ဘာ ၁၈ ရက်၊မနေ့က Cloudflare outage ဖြစ်ပေါ်ခဲ့တာကို မိတ်ဆွေတို့ သတိထားမိလို့ထင်ပါတယ်။ဆိုတော့ Cloudfl...
19/11/2025

Cloudflare ⚙️☁️

နိုဝင်ဘာ ၁၈ ရက်၊မနေ့က Cloudflare outage ဖြစ်ပေါ်ခဲ့တာကို မိတ်ဆွေတို့ သတိထားမိလို့ထင်ပါတယ်။

ဆိုတော့ Cloudflare ဆိုတာဘာလဲ?ဘယ်လိုအလုပ်လုပ်တာလဲ?
☁️Cloudflare ဆိုတာ website တွေနဲ့ online services တွေကို speed, security, performance and load balancing အတွက် ထောက်ပံ့ပေးတဲ့ CDN + Security + DNS ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ တစ်ခုပဲဖြစ်ပါတယ်။

နားလည် လွယ်အောင် ပြောရရင် ကျတော်တို့ 💻 သာမန်အင်တာနက်သုံးစွဲသူတွေ အနေနဲ့ သူတို့ဝင်ရောက်ကြည့်ရှုလိုတဲ့ website တွေရဲ့ ကြားမှာ (reverse proxy)ကြားခံဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတစ်ခုပါပဲ။ cloudflare ဟာ အချက်အလက် ဖြန့်ဝေရေးကွန်ရက် (CDN) နဲ့ လုံခြုံရေးဝန်ဆောင်မှုတွေကို ပေးပြီး visitor တယောက် က website address တစ်ခုကို ရိုက်ထည့်လိုက်တဲ့အခါမှာ အဲ့ဒီတောင်းဆိုမှုကို မှန်ကန်တဲ့ ဆာဗာဆီကို အမြန်ဆုံးနဲ့ အလုံခြုံဆုံးရောက်အောင် လမ်းကြောင်းရှာပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
📌Cloudflare က Visitor တစ်ယောက် website ကိုဖွင့်လိုက်တဲ့အခါ အနီးစပ်ဆုံး Cloudflare server ကနေ content ကို cache ထုတ်ပေးတယ်။
📌malicious traffic, bots, attacks တွေကို filter လုပ်ခြင်း၊DDoS attacksကို blockလုပ်ပေးခြင်း၊Malicious IPs ကို ပိတ်ပေးခြင်း၊Bot protection
၊Web Application Firewall (WAF) စတဲ့ ကာကွယ်မူတွေကို လုပ်ဆောင်ပေးပါတယ်။
📌Cloudflare ကို website မရှိဘူးဆိုရင်လည်း DNS,firewall,DDoS protection,content caching လို feature တွေကိုသုံးလို့ရပါတယ်။
📌ကျတော်တို့ အသုံးများတဲ့ 1.1.1.1 DNS ကလည်း Cloudflare ရဲ့ service တခုပဲဖြစ်ပါတယ်။
📌Cloudflare ကို website owner, server admin, cloud engineer, sysadmin တွေအများကြီးအသုံးပြုကြပြီး Cloudflare ရဲ့ အခြေခံ features အများစုက free ပါပဲ။
📌Google Store၊ X (ယခင် Twitter)၊ Spotify, ChatGPT နဲ့ Canva စတာတွေကလည်း Cloudflare ရဲ့ DNS,CDN, Security services စတဲ့ ဝန်ဆောင်မူတချို့ ကို အသုံးပြုကြခြင်းပဲဖြစ်ပါတယ်။

နည်းပညာဆိုင်ရာ အ‌ကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်




Address

Yangon

Website

Alerts

Be the first to know and let us send you an email when NetX Era posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category