A.M.O Consultancy Services

A.M.O Consultancy Services ကုမ္ပဏီတည်ထောင်ခြင်းဝန်ဆောင်မှု

ပျော်ရွှင်စရာ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ✨ကျွန်တော်တို့ A.M.O Consultancy Services စတင်တည်ထောင်ခဲ့တဲ့နှစ်ကစပြ...
31/12/2025

ပျော်ရွှင်စရာ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ✨

ကျွန်တော်တို့ A.M.O Consultancy Services စတင်တည်ထောင်ခဲ့တဲ့နှစ်ကစပြီး ယနေ့အချိန်အထိ အစဉ်မပြတ်အားပေးလာခဲ့ကြတဲ့ မိတ်ဟောင်း/ မိတ်ဆွေသစ်အားလုံးကိုလည်း ကျွန်တော်တို့ A.M.O Consultancy Services ကနေပြီးတော့အထူးကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားပါရစေ။



မိတ်ဆွေတို့အနေနဲ့ ယနေ့ (၂၀၂၆) ဇန်နဝါရီ (၁) ရက်နေ့ကနေစပြီး မိတ်ဆွေတို့ရဲ့လုပ်ငန်းတွေ၊ စီးပွါးရေးတွေအကုန်လုံးလည်း ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ခင်ဗျ။



#2026

Merry Christmas to you all! 🎅အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ် ဖြစ်ပါစေခင်ဗျာ။ခရစ္စမတ်ကာလရဲ့ နွေးထွေးတဲ့ အလင်းရောင်တွေနဲ့...
25/12/2025

Merry Christmas to you all! 🎅

အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ် ဖြစ်ပါစေခင်ဗျာ။

ခရစ္စမတ်ကာလရဲ့ နွေးထွေးတဲ့ အလင်းရောင်တွေနဲ့အတူ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းများ အားလုံးလည်း ဒီထက်မက တိုးတက်အောင်မြင်ပြီး ကြီးပွားချမ်းသာကြပါစေကြောင်း ကျွန်တော်တို့ A.M.O Consultancy Services မိသားစုကနေ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ။ 💖🌟

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီပါတ်သက်တဲ့ မှတ်ပုံတင်ခြင်းအမျိုးမျိုးအတွက် ဘာကိုမှမသိလို့အခက်အခဲရှိနေပြီလား?? ဒါဆိုရင်တော့မိတ်ဆ...
19/12/2025

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီပါတ်သက်တဲ့ မှတ်ပုံတင်ခြင်းအမျိုးမျိုးအတွက် ဘာကိုမှမသိလို့အခက်အခဲရှိနေပြီလား??

ဒါဆိုရင်တော့မိတ်ဆွေတို့အတွက် ကျွန်တော့်အနေနဲ့ December လအတွက်လက်ဆောင်အနေနဲ့ Campaign လေးတစ်ခုပေးဖို့စီစဉ်ထားပေးပါတယ်။

နာမည်ကတော့ “ဘာလိုလိုမေးပါ” ပါ။ ✔️

ဟုတ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့တွေးထင်နေကြတဲ့အတိုင်း မိတ်ဆွေတို့ကြိုက်နှစ်သက်ရာ မေးခွန်းတစ်ခုစီတိုင်းကို Post ရဲ့ Comment မှာမန့်ပေးရုံနဲ့တင် ကျွန်တော့်အနေနဲ့ ဆရာစားမချန်အကုန်လုံးကိုဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ ကုမ္ပဏီအသစ်မှတ်ပုံတင်ဖို့အတွက်လား၊ ဘယ်အချက်အလက်တွေပြင်ဆင်ရမလဲဆိုတာမသိတာလား၊ ကုမ္ပဏီ Export Import License အတွက်လား၊ Annual Return အတွက်လား၊ ဘာဘဲဖြစ်ဖြစ် မိတ်ဆွေတို့အတွက်လိုအပ်တာ အကုန်လုံးကို ဘာဘဲလိုလိုအကုန်လုံးကို မေးမြန်းထားလို့ရနိုင်ပါတယ်။ ✨

ဒါ့အပြင် မိတ်ဆွေတို့အတွက် စိတ်ရှုပ်မခံချင်ဘူးဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ မိတ်ဆွေတို့လုပ်ငန်းအတွက်လိုအပ်တာအကုန်လုံးကို စိတ်ချလက်ချလုပ်လို့ရနိုင်မယ့် Services လည်းရှိပါတယ်ခင်ဗျ။ 😉

မိတ်ဆွေတို့အနေနဲ့သိချင်တာတွေများနေပြီလား၊ A.M.O Consultancy Services ရဲ့Post Comment👇ကိုသာအရောက်လှမ်းလာခဲ့ပါဗျာ။

မိတ်ဆွေတို့အနေနဲ့ အခုတလောပစ္စည်းတွေ  ပြတ်လပ်နေတဲ့အခါမှာ ပစ္စည်းအသစ်လေးတွေစမ်းသွင်းဖို့ စိတ်ကူးရှိကြတဲ့သူတွေရှိလား (ဒါမှမ...
12/12/2025

မိတ်ဆွေတို့အနေနဲ့ အခုတလောပစ္စည်းတွေ ပြတ်လပ်နေတဲ့အခါမှာ ပစ္စည်းအသစ်လေးတွေစမ်းသွင်းဖို့ စိတ်ကူးရှိကြတဲ့သူတွေရှိလား (ဒါမှမဟုတ်) ပစ္စည်းတွေတင်ပို့ဖို့ စတင်လုပ်ဆောင်နေကြတဲ့သူတွေရှိကြလား??

ဒါဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ ကုန်ပစ္စည်း တင်သွင်း/ တင်ပို့တဲ့လိုင်စင်ကိုလုပ်ဖို့လိုအပ်ပါပြီ။ ‼️

မိတ်ဆွေတို့အနေနဲ့ ကုန်ပစ္စည်းတင်ပို့/ တင်သွင်းတဲ့လိုင်စင်ပြုလုပ်မှသာ နိုင်ငံခြားကုန်ပစ္စည်းတွေနဲ့ ဥပဒေအရ တိုက်ရိုက်တင်သွင်းခွင့်ရနိုင်မှာပါ။

မိတ်ဆွေတို့အနေနဲ့ Export/ Import License လျှောက်တင်ခြင်းဟာ Process တွေကများပြားသလိုအချိန်ကြာမြင့်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေမပြည့်စုံခဲ့ရင် License မရနိုင်ဘူးဆိုတာလည်း သိကြပြီးသားဖြစ်ပါလိမ့်မယ်။

ဒီလိုမျိုးအခက်အခဲတွေကြုံပြီး အချိန်ကုန်လူပင်ပန်းမဖြစ်စေဖို့အတွက် ကျွန်တော်တို့ A.M.O Consultancy Services က မိတ်ဆွေတို့အတွက် အကူအညီအပြည့်အဝပေးဖို့အသင့်ရှိနေပါပြီ။

ကျွန်တော်တို့အနေနဲ့ မိတ်ဆွေတို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ လုပ်ဆောင်ရမယ့် Steps တွေအကုန်လုံးကို စနစ်တကျစိတ်ရှည်ရှည်နဲ့ နားလည်တဲ့အထိ ဆွေးနွေး​ပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အတွက် License မကျမှာ၊ License ကျဖို့နောက်ကျမှာ စတဲ့ Risk တွေလျော့နည်းသွားမှာဖြစ်ပါတယ်ဗျ။

ဒါဆိုရင် မိတ်ဆွေတို့အတွက် ကုန်ပစ္စည်းတင်သွင်း/ တင်ပို့လိုင်စင်လုပ်ဖို့ စဉ်းစားနေပြီလား??

A.M.O ကိုသာအရောက်လှမ်းလာခဲ့ပါခင်ဗျာ။

Your Satisfaction is Our Success.

မိတ်ဆွေတို့အနေနဲ့ Digital Marketing ခေတ်ဖြစ်နေတဲ့အခါမှာ Online Shop ကို‌ကုမ္ပဏီခေတ်နောက်မကျစေဖို့အတွက် လုပ်ဖို့လိုအပ်နေပ...
06/12/2025

မိတ်ဆွေတို့အနေနဲ့ Digital Marketing ခေတ်ဖြစ်နေတဲ့အခါမှာ Online Shop ကို‌ကုမ္ပဏီခေတ်နောက်မကျစေဖို့အတွက် လုပ်ဖို့လိုအပ်နေပြီလား??

ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေး လေးတစ်ခုလုပ်ဖို့အတွက်စဉ်းစားနေပြီလား??

ဒါဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Online Shop Registration တင်ဖို့လိုအပ်နေပါပြီ ‼️

Online Shop Registration ဟာမိတ်ဆွေတို့အတွက် Online ‌ပစ္စည်းတွေရောင်းတဲ့အခါမှာ တရားဝင်ဖြစ်စေဖို့အတွက် ကူညီပေးတဲ့အမှတ်သားတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် Online Shop Registration က မိတ်ဆွေတို့ရဲ့ Online Shop ကြီးထွားလာတဲ့အခါမှာ ပြဿနာမဖြစ်စေဖို့လည်းထောက်ကူပြုပြန်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ Online Shop Registration ကို https://www.ecomreg.gov.mm/ မှာကိုယ်တိုင်ကိုယ်ကြ မှတ်ပုံတင်လို့ရသလို အခက်အခဲရှိတယ်ဆိုရင်လည်း ကျနော်တို့လိုမျိုးယုံကြည်ရတဲ့ Services တွေကိုလည်းလာ‌ရောက်အပ်နှံနိုင်ပါတယ်ခင်ဗျ။

A.M.O, A.M.O နဲ့မေးနေကြတာကျွန်တော်တို့ A.M.O Consultancy Services အကြောင်းကိုမိတ်ဆက်‌ပေးရမယ်ဆိုရင် ကျွန်တော်တို့က မိတ်ဆွေတို့ကုမ္ပဏီအတွက်လိုအပ်တဲ့ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ Annual Return တင်ပေးခြင်း၊ Export Import License ထုတ်ပေးခြင်း အစရှိတဲ့ လိုအပ်တာေတွကို အချိန်ကုန်လူပင်ပန်းသက်သာ‌အောင်ကူညီ‌ဆောင်ရွက်‌ပေးနေတဲ့ Service တစ်ခုဖြစ်ပါတယ်။

အခုအခါမှာလည်း မိတ်ဆွေတို့ရဲ့ကုမ္ပဏီအတွက်လိုအပ်တဲ့ Online Shop Registration ကို ကျွန်တော်တို့ A.M.O Consultancy Services မှာလာ‌ရောက်အပ်နှံလို့‌ရနိုင်ပါပြီ။

ကျွန်တော်တို့ A.M.O အနေနဲ့ မိတ်‌ဆွေတို့အားလုံးအတွက် လွယ်ကူမြန်ဆန်အောင်အစအဆုံးကူညီဆောင်ရွက်ပေးမှာဖြစ်လို့ အမြန်ဆုံးလာရောက်စုံစမ်းကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ။

Your satisfaction is our success.


Annual Return ကိုတင်ဖို့ပေးထားတဲ့ ရက်ကုန်ဆုံးသွားရင် မိတ်ဆွေတို့ရဲ့ကုမ္ပဏီက Suspended ဖြစ်သွားနိုင်တယ်ဆိုတာသိပြီးကြပြီလာ...
28/11/2025

Annual Return ကိုတင်ဖို့ပေးထားတဲ့ ရက်ကုန်ဆုံးသွားရင် မိတ်ဆွေတို့ရဲ့ကုမ္ပဏီက Suspended ဖြစ်သွားနိုင်တယ်ဆိုတာသိပြီးကြပြီလား??

ဟုတ်ပါတယ်။ မိတ်ဆွေတို့ရဲ့ကုမ္ပဏီဟာ တင်ပြထားတဲ့ ရက်အတွင်း Annual Return မတင်ခဲ့ပြီးနောက် သတ်မှတ်ထားတဲ့ရက်ရဲ့ (၁)လကျော်သွားခဲ့ပြီဆိုရင်တော့ Suspended ဖြစ်သွားပြီလို့ Notice စာပို့ခံရမှာပါ။

ဒါ့အပြင် Suspended ဖြစ်ခြင်းဟာ မိတ်ဆွေတို့ရဲ့ကုမ္ပဏီအတွက် များစွာထိခိုက်သွားနိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့ ကုမ္ပဏီမှတ်တမ်းမှာ Suspended ဖြစ်ဖူးပါတယ်ဆိုပြီး မှတ်တမ်းတင်ခံရသလို၊ ကုမ္ပဏီနဲ့ပါတ်သတ်တဲ့ Visa တိုးပေးခြင်း၊ ကုမ္ပဏီဘဏ်အကောင့်တွေသုံးမရခြင်း၊ လုပ်ငန်းလုပ်ဆောင်တာကို ခွင့်ပြုမပေးခြင်း စတဲ့အခြေအနေတွေကြုံရနိုင်ပါတယ်။

ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ကုမ္ပဏီ Suspended မဖြစ်ခင် Annual Return ကိုမမေ့မလျော့ဘဲတင်ဖို့ လိုအပ်ပြန်ပါသေးတယ်။

ကျွန်ေတာ်တို့အနေနဲ့ ပြောပြပေးချင်တာတစ်ခုကတော့ မိတ်ဆွေတို့အနေနဲ့ Suspended ဖြစ်သွားခဲ့မယ်ဆိုရင်လည်း စိတ်မပူဘဲ ကျွန်တော်တို့ A.M.O Consultancy Services ကိုသာအရောက်လှမ်းလာခဲ့ဖို့ပါဘဲခင်ဗျာ။

မိတ်ဆွေတို့ကုမ္ပဏီအတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အချက်အလက်တွေကိုတယ်တစနစ်တကျပြောပြပေးပြီး အချိန်ကုန်လူပင်ပန်းသက်သာအောင်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ A.M.O Consultancy Services မှာမိတ်ဆွေတို့အတွက်လိုအပ်တဲ့ Annual Return တင်ပေးခြင်း၊ ကုမ္ပဏီ Suspended အပြင် Struck OFF ဖြစ်တာကိုဆည်ပေးခြင်း စတဲ့ကုမ္ပဏီတဲ့ပါတ်သတ်တဲ့ ကိစ္စအမျိုးမျိုးကို ကူညီဆောင်ရွက်ပေးနေပြီမို့လို့ အမြန်ဆုံးလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

☎️09262191979
☎️09795260699

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီမှတ်ပုံတင်ထဲက နာမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ လိပ်စာ ကို ပြန်လည်ပြင်ဆင်တဲ့အခါမှာ မှတ်ပုံ...
26/11/2025

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီမှတ်ပုံတင်ထဲက နာမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ လိပ်စာ ကို ပြန်လည်ပြင်ဆင်တဲ့အခါမှာ မှတ်ပုံတင်ခြင်းပြင်ဆင်ခြင်းဆိုင်ရာလျှောက်လွှာ (Form i-1A) ကိုထည့်သွင်းပြီးတော့ဖော်ပြရတယ်ဆိုတာသိပြီးကြပြီလား??

ဒါဆိုရင်ကော (Form i-1A )ကို DICA မှာဘယ်လိုတင်ပြရမလဲ??

ပထမဦးဆုံးအနေနဲ့ မိတ်ဆွေတို့ပထမဦးဆုံး DICA ထဲက မှတ်ပုံတင်ခြင်းဆိုင်ရာလျှောက်လွှာ (Form i -1A) ကိုအရင်ဦးဆုံးဝင်ပါ။

ပြီးနောက် Form ထဲကိုဝင်လိုက်တဲ့အခါမှာ မိတ်ဆွေတို့အနေနဲ့ Company၊ Signature နဲ့ Payment ဆိုပြီး ခေါင်းစဉ်ကြီးသုံးခုတွေ့ရပါမယ်။

၁။

ပထမဦးစွာ Company ဆိုတဲ့အချက်အလက်ထဲမှာ Form ထဲမှာထည့်သွင်းထားတဲ့ လျှောက်ထားသူရဲ့ အမည်နဲ့လိပ်စာကို ပြည့်ပြည့်စုံစုံပြန်လည်ဖြည့်သွင်းပေးပါ။

ထို့နောက် Details of Proposed Rectification မှာ မိတ်ဆွေတို့ပြန်ပြီးပြင်ဆင်လိုတဲ့ အချက်အလက်တွေကို စပြင်ဆင်လိုသည့်အချက် မှ ပြင်ဆင်ပြီးသည့်အချက်သို့ ပြောင်းလဲလိုကြောင်း တိကျစွာထပ်ဖြည့်သွင်းပေးရပါမယ်။

မိတ်ဆွေတို့အနေနဲ့ ပြောင်းလဲလိုတာတွေ၊ အချက်အလက်တွေအကုန်မှန်ကန်ပြီဆိုရင်တော့ Save Draft ကိုနှိပ်လိုက်ပါ။

၂။

ဒီလိုဆိုရင် Signature ကိုရောက်ရှိသွားပြီး လျှောက်ထားသူရဲ့နာမည်ကို ထပ်မံထည့်သွင်းပြီး Save Draft ထပ်နှိပ်ပေးရပါမယ်။

၃။

ထို့နောက် Payment အပိုင်းကိုရောက်ရှိသွားပြီး Payment Amount မှာ ပေးသွင်းရမယ့် Amount ကိုဖြည့်သွင်းပြီး ပေးချေလိုသောကဒ်အမျိုးအစားကိုရွေးချယ်ပြီးပေးသွင်းပေးပါ။ ပြီးနောက် Save Draft ကိုနှိပ်ပေးရပါမယ်။

အချက်အလက်တွေအကုန်လုံး ပြည့်စုံရင်တော့ DICA ဘက်က အချက်အလက်ပြောင်းလဲသွားကြောင်း စာကျလာမှာဖြစ်ပြီး မိတ်ဆွေတို့လိုအပ်တဲ့အချက်အလက်တွေ အားလုံးပြောင်းလဲလို့ပြီးသွားပါပြီ။

မိတ်ဆွေတို့အနေနဲ့သတိထားရမှာတစ်ခုက စာမျက်နှာတစ်ခုပြီးသွားတိုင်း Save Draft ကို နှိပ်ဖို့မမေ့လျော့အောင်သတိထားရမှာဘဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုမျိုးမှတ်ပုံတင်အချက်အလက်ပြောင်းတဲ့ကိစ္စက လုပ်နေကြသူအဖို့တော့ လွယ်ကူပြီးမြန်ဆန်တဲ့ Process တစ်ခုဖြစ်ပေမယ့် အခုမှစတင်ပြောင်းလဲကြည့်မယ့်သူအဖို့တော့ ထည့်သွင်းတာ အမှားအယွင်းဖြစ်သွားခဲ့ရင် အချိန်ကုန်လူပင်ပန်းစေမယ့် ကိစ္စရပ်မျိုးတစ်ခုလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ စိတ်ရှုပ်မခံချင်ဘူး၊ တစ်ခါတည်းပြီးပြတ်ချင်တယ်ဆိုရဆိုရင် ကျွန်တော်တို့ A.M.O Consultancy Services ကအသင့်ရှိနေပါပြီခင်ဗျ။

ကျွန်တော်တို့ A.M.O Consultancy Services ကနေပြီးတော့ မိတ်ဆွေတို့အတွက် ကုမ္ပဏီကိစ္စနဲ့ပါတ်သတ်တဲ့ မှတ်ပုံတင်အမျိုးမျိုး၊ Export Import License၊ Online Sales Registration၊ Annual Return တင်ခြင်းစတဲ့ကိစ္စရပ်အမျိုးမျိုးကိုလည်း ဆောင်ရွက်ပေးနေတာမို့လို့ အမြန်ဆုံးလာရောက်စုံစမ်းဖို့မမေ့ကြပါနဲ့။

Your satisfaction is our success.

-1A

မိတ်ဆွေတို့အနေနဲ့ Annual Return တင်ရမယ့်ရက်ဟာ ကုမ္ပဏီမှတ်ပုံတင်ပြီး (ဒါမှမဟုတ်) အရင်နှစ် Annual Return တင်သွင်းပြီး ၁နှစ...
16/11/2025

မိတ်ဆွေတို့အနေနဲ့ Annual Return တင်ရမယ့်ရက်ဟာ ကုမ္ပဏီမှတ်ပုံတင်ပြီး (ဒါမှမဟုတ်) အရင်နှစ် Annual Return တင်သွင်းပြီး ၁နှစ်နဲ့ ၁လအကြာမှာ နောက်ဆုံးတင်ပြရတယ်ဆိုတာ ဟုတ်လား မဟုတ်ဘူးလား❓

အပျော်အနေနဲ့ Comment မှာ တစ်ချက်လောက်ဖြေသွားပေးကြပါဦး။ 🙆‍♂️

အဖြေကိုလည်း Comment မှာနောက်နှစ်ရက်နေရင် ဖော်ပြထားပေးပါမယ်ခင်ဗျ။

မိတ်ဆွေတို့အနေနဲ့အခုမှ ကုမ္ပဏီစထောင်မယ့်သူလား (ဒါမှမဟုတ်) ကုမ္ပဏီစထောင်ဖို့အတွက်စဉ်းစားနေတဲ့သူလား။🤔ဒါဆိုရင်တော့ ဒီအချက်တ...
14/11/2025

မိတ်ဆွေတို့အနေနဲ့အခုမှ ကုမ္ပဏီစထောင်မယ့်သူလား (ဒါမှမဟုတ်) ကုမ္ပဏီစထောင်ဖို့အတွက်စဉ်းစားနေတဲ့သူလား။🤔

ဒါဆိုရင်တော့ ဒီအချက်တွေကို မိတ်ဆွေတို့ရဲ့ကုမ္ပဏီအတွက်ဦးစွာ သိဖို့လိုအပ်ပါတယ်။

မိတ်ဆွေတို့အနေတဲ့ ကုမ္ပဏီကိုစတင်တည်ထောင်တဲ့အခါမှာ ပထမဦးဆုံးအနေနဲ့

▪️ New Company Registration လို့ခေါ်ဆိုတဲ့ ကုမ္ပဏီအသစ်မှတ်ပုံတင်ထားတဲ့ Certificate ကိုအရင်ဦးဆုံး တင်ပြထားဖို့လိုအပ်ပါတယ်။ Company Registration မှာမိတ်ဆွေတို့ကုမ္ပဏီရဲ့အချက်အလက်တွေပါဝင်တဲ့ ကုမ္ပဏီနာမည်၊ ကုမ္ပဏီအမျိုးအစား၊ လိပ်စာ၊ ဒါရိုက်တာ၊ရှယ်ယာရှင် စတဲ့အချက်အလက်တွေပါဝင်မှာ ဖြစ်ပါတယ်။

▪️ဒုတိယတစ်ချက်အနေနဲ့ မိတ်ဆွေတို့ Internal Revenue Department (IRD) မှာ Taxpayer Identification Number (TIN) ကိုလျှောက်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ မိတ်ဆွေတို့ရဲ့ကုမ္ပဏီအနေနဲ့ အခွန်ဆောင်ရပြီး တရားဝင်ကုမ္ပဏီအဖြစ်အသိအမှတ်ပြုခံရမှာပါ။

▪️ဒါ့အပြင် မိတ်ဆွေတို့ရဲ့ကုမ္ပဏီအနေနဲ့ နိုင်ငံခြားကုမ္ပဏီဖြစ်တယ်၊ အရင်းအနှီးမျာတယ် (ဒါမှမဟုတ်) ပါတ်ဝန်းကျင်ကိုထိခိုက်နိုင်တယ် စတဲ့ကုမ္ပဏီမျိုးဆိုရင်တော့ Myanmar Investment Commession (MIC) မှာ Permit လျှောက်ထားဖို့လိုအပ်ပါတယ်။ MIC ခွင့်ပြုမိန့်က အခွန်ကင်းလွတ်ခွင့်စတဲ့အကျိုးခံစားခွင့်ကိုလည်း တစ်ခါတစ်ရံပေးတတ်တာကိုလည်းမမေ့ပါနဲ့။

▪️ထို့အပြင် မိတ်ဆွေတို့ရဲ့ကုမ္ပဏီက ပစ္စည်း တင်သွင်း၊တင်ပို့ ပြုလုပ်ချင်တယ်ဆိုရင်တော့ Import/ Export License ပြုလုပ်ထားဖို့လည်းလိုအပ်ပါတယ်။ ထိုမှသာ မိတ်ဆွေတို့ရဲ့ ပစ္စည်းတွေကိုကူးသန်းရောင်းဝယ်လို့ရနိုင်မှာပါ။

ဒီအချက်အလက်တွေကတော့ မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီစတင်တည်ထောင်တဲ့အခါမှာ လျှောက်ထားသင့်တဲ့အချက်အလက်တွေဘဲဖြစ်ပါတယ်။

စကားမစပ် မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီအသစ်​မှတ်ပုံတင်ချင်တယ်၊ ပစ္စည်းတင်ပို့ကုန်၊ တင်သွင်းကုန်လိုင်စင် လျှောက်ထားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ A.M.O Consultancy Services ကနေပြီးတော့ အပြည့်အဝ ကူညီပေးနေပါပြီခင်ဗျာ။

မိတ်ဆွေတို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်လုံးကိုလည်း အချိန်တိုအတွင်း အချိန်ကုန်လူပင်ပန်းသက်သာအောင် ဆောင်ရွက်ပေးနေတာဖြစ်လို့ ကုမ္ပဏီ Startup လုပ်နေတဲ့နေရာမှာလည်း အထောက်အကူပြုစေမှာပါ။

ဒါဆိုရင် ကုမ္ပဏီစတည်ထောင်ဖို့ အိမ်မက်မက်နေပြီး စတင်အကောင်အထည်ဖော်နေပြီလား❓

ကျွန်တော်တို့ A.M.O Consultancy Services ကနေပြီးတော့ မိတ်ဆွေတို့အတွက် တည်ရှိနေပြီမို့လို့ အမြန်ဆုံးလာရောက်စုံစမ်းဖို့ မမေ့ကြပါနဲ့ခင်ဗျာ။

Your satisfaction is our success.

DICA မှာ လုပ်ငန်းဆောင်ရွက်မှုအတွက် Form ကိုဘယ်လိုရှာရမလဲ။ 🤔 မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီမှတ်ပုံတင်တဲ့အခါ၊ နှစ်ကုန်ဆုံးလို့ ...
13/11/2025

DICA မှာ လုပ်ငန်းဆောင်ရွက်မှုအတွက် Form ကိုဘယ်လိုရှာရမလဲ။ 🤔

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီမှတ်ပုံတင်တဲ့အခါ၊ နှစ်ကုန်ဆုံးလို့ Annual Return တင်ရတဲ့အခါ၊ လုပ်ငန်း Export၊ Import License လျှောက်ထားတဲ့အခါ ဒါ့အပြင် ကုမ္ပဏီနဲ့ပါတ်သတ်တဲ့ စာရွက်စာတမ်းတွေလျောက်တဲ့အခါမျိုးတွေမှာ Myco ကချမှတ်ထားတဲ့ Form တွေနဲ့တင်ပြမှသာအသုံးဝင်ပါတယ်။

ဒီလိုမျိုး Form တွေကိုရရှိဖို့အတွက် မိတိဆွေတို့အနေနဲ့ ပထမဦးဆုံး

▪️Directorate of Investment and Company Administration (DICA) Website https://www.dica.gov.mm/ ကိုအရင်ဆုံးဝင်ပါ။

▪️မြန်မာဘာသာသို့ပြောင်းချင်လျှင် အပေါ်ထိပ်ဆုံးမှာရှိတဲ့ မြန်မာဘာသာကို နှိပ်ရပါမယ်။

▪️နောက်တစ်ဆင့်အနေနဲ့ အရင်းအမြစ်များ ကိုနှိပ်ပြီး Form ပုံစံများကိုနှိပ်ပြီး လိုအပ်တဲ့ Form ပုံစံအကုန်လုံးကျလာမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ မိတ်ဆွေတို့အတွက် လိုအပ်တဲ့ Form ပုံစံတွေကို စိတ်ကြိုက်ရွေးချယ်လို့ရပါပြီ။

မိတ်ဆွေတို့အနေနဲ့ ဒီလိုမျိုးအဆင့်ဆင့်တွေလုပ်ရတာ ခက်ခဲတယ်၊ အချိန်ကြာမြင့်တယ်ဆိုရင်တော့ ကျွန်တော်တို့ A.M.O consultancy services ကိုသာအရောက်လာခဲ့ပါခင်ဗျာ။

ကျွန်တော်တို့ A.M.O ကနေပြီးတော့ New Company Regristration၊ Company Struck Off၊ Annual Return၊ Online Sales Registration၊ Import and Export license စတဲ့ မိတ်ဆွေတို့ကုမ္ပဏီအတွက် လိုအပ်တဲ့ ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ပေးနေပါပြီဗျ။

Your satisfaction is our success.

☎️09262191979
☎️09795260699

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီကိုစတင်လုပ်ကိုင်ပြီး မှတ်ပုံတင်ဖို့ဆိုရင် ဘာတွေလိုအပ်မလဲ၊ အရင်းအနှီးကကော၊ နိုင်ငံခြားပိုင်ဆိုင်...
12/11/2025

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီကိုစတင်လုပ်ကိုင်ပြီး မှတ်ပုံတင်ဖို့ဆိုရင် ဘာတွေလိုအပ်မလဲ၊ အရင်းအနှီးကကော၊ နိုင်ငံခြားပိုင်ဆိုင်မှုတွေပါနေရင်ကောဘယ်လိုမှတ်ပုံတင်ရမလဲ စတာတွေကို စနစ်တကျမသိဘူးဖြစ်နေလား?? ရှာရခက်နေလား??

ဒါဆိုရင်တော့ ဒီ Post လေးဟာမိတ်ဆွေတို့အတွက် အဖြေကောင်းတစ်ခုဖြစ်စေမှာပါ။

မိတ်ဆွေတို့အနေနဲ့ မှတ်ပုံတင်မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ကုမ္ပဏီက Myco ကနေပြီးတော့အတည်ပြုထားတဲ့

▪️အစုအားဖြင့်တာ၀န်ကန့်သတ်ထားတဲ့ အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ

▪️အစုအားဖြင့်တာ၀န်ကန့်သတ်ထားတဲ့အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ

▪️ခံ၀န်ချက်အားဖြင့် တာ၀န်ကန့်သတ်ထားတဲ့ကုမ္ပဏီ

▪️တာ၀န်ကန့်သတ်မထားတဲ့ကုမ္ပဏီ

▪️စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့

▪️၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့်တာ၀န်ကန့်သတ်ထားတဲ့ အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ

▪️၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့်တာ၀န်ကန့်သတ်ထားတဲ့အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ

▪️ပြည်ပကော်ပိုရေးရှင်း ဆိုတဲ့ ကုမ္ပဏီအမျိုးအစားထဲမှာပါဝင်ရဲ့လားဆိုတာ စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် မိတ်ဆွေတို့အနေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ကုမ္ပဏီအမျိုးအစားထဲမှာပါဝင်ရင်တော့ ကုမ္ပဏီစတင်တည်ထောင်ဖို့အတွက် ရှယ်ယာရှင်တစ်ဦး၊ ဒါရိုက်တာတစ်ဦးလိုအပ်ပါပြန်တယ်။ ထို့အပြင် ဒါရိုက်တာတစ်ဦးက အနည်းဆုံးတစ်နှစ်အတွင်း (၁၈၃)ရက် နိုင်ငံအတွင်းနေထိုင်တဲ့သူလည်း ဖြစ်ရပြန်ပါမယ်။

အနည်းဆုံးမတင်ရင်းနှီးငွေအနေနဲ့ ကန့်သတ်ထားတာမျိုးမရှိဘဲ မိတ်ဆွေတို့အနေနဲ့ နိုင်ငံခြားရှယ်ယာပါဝင်မယ်ဆိုရင်တော့ (၃၅)ရာခိုင်နှုန်းအောက်ကို ပြည်တွင်းကုမ္ပဏီအဖြစ်မှတ်ပုံတင်နိုင်ပြီး (၃၅)ရာခိုင်နှုန်းကျော်လွန်သွားခဲ့ရင် နိုင်ငံခြားကုမ္ပဏီအဖြစ်မှတ်ပုံတင်ရပါမယ်။

ဒီလိုအချက်အလက်တွေနဲ့ကိုက်ညီတယ်ဆိုရင်တော့ Myanmar Company Online (Myco) https://www.myco.dica.gov.mm/ မှာ Online အနေနဲ့မှတ်ပုံတင်လို့ရပါပြီ။

မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီမှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ကို မလုပ်ဖူးဘူး၊ ဘယ်လိုလုပ်ရမလဲဆိုတာ မရေမရာဖြစ်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ A.M.O Consultancy Services ကိုအရောက်လှမ်းလာခဲ့ပါခင်ဗျ။

ကျွန်တော်တို့အနေနဲ့ မိတ်ဆွေတို့ကို အချိန်ကုန်လူပင်ပန်းသက်သာအောင် အစအဆုံးကူညီဆောင်ရွက်ပေးနေပါပြီခင်ဗျာ။

☎️09262191979
☎️09795260699

“ တန်ဆောင်မုန်း ဗြိစ္ဆာ၊ ကြတ္တိကာ ရောင်ဝါရှိန်လိုဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်သည့်စိုး။” ဆိုတဲ့ သံပေါက်...
04/11/2025

“ တန်ဆောင်မုန်း ဗြိစ္ဆာ၊ ကြတ္တိကာ ရောင်ဝါရှိန်လိုဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်သည့်စိုး။” ဆိုတဲ့ သံပေါက်လင်္ကာလေးဟာ ကင်းဝန်မင်းကြီးဖော်စပ်ထားတဲ့ တန်ဆောင်မုန်းလအတွက် အဓိပ္ပာယ်ရှိလှတဲ့ အလင်္ကာလေးဘဲဖြစ်ပါတယ်။

ကင်းဝန်မင်းကြီးဖော်စပ်ထားတဲ့အလင်္ကာလေးအတိုင်း ကြတ္တိကာနက္ခတ်တောက်လင်းလှတဲ့ တန်ဆောင်မုန်းလပြည့်နေ့ “သာမညဖလအခါတော်နေ့” လေးမှာ နေဝါအလင်းလိုတိုးတက်အောင်မြင်ပါစေ၊ မိသားစုအေးချမ်းလှတဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်တော်တို့ “A.M.O Consultancy Services” မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

Address

No. 136, 36th Street, Kyauktada Township
Yangon
11182

Telephone

+959262191979

Website

Alerts

Be the first to know and let us send you an email when A.M.O Consultancy Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A.M.O Consultancy Services:

Share