13/08/2026
ရုပ်ရှင်ကားကြီး ရိုက်စေချင်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်။
အမှာစာမှာကတည်းက စာရေးသူရဲ့ စာရေးဟန်အတိုင်း စီးမျောသွားတာ မယုံနိုင်စရာပါပဲ။ ဇာတ်ကြောင်းပြန်ပြသလိုနဲ့ ဇာတ်လမ်းခေါင်းစဥ်ကို ဘာလို့ "အဖေကံ"ပေးခဲ့တာလဲဆိုတာ အဲ့ဒီမှာ စသိခွင့်ရတာပဲ။ Spoiler ကင်းတဲ့ အမှာစာပါပဲ။ ဆိုလိုချင်တာက အမှာစာကို ဖတ်လိုက်ရုံနဲ့ ဇာတ်လမ်း လုံးဝမပေါ်တာကြောင့်ပါ။ (အထက်တန်းကျောင်းသားဘဝကိုတောင် ခဏလောက် လွမ်းမိသေးတယ်။)
အမှာစာပြီးတော့ ဇာတ်လမ်းကို ဆက်ဖတ်ကြည့်ပါတယ်။ ဇာတ်လမ်းက "အဖေကံ"ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို တရားပြသလို ရှင်းပြထားတာထက် ဇာတ်လမ်းကို ဖတ်ပြီး "ဒါက အဖေကံပါလား"လို့ နားလည်သဘောပေါက်လာစေတယ်။
မွန်းကြပ်တယ်။ အောင်အောင့်နေရာမှာ ကိုယ်သာဆိုရင် ဘယ်လိုလုပ်မိမလဲ။ ဖတ်ရင်း ဖတ်ရင်းနဲ့ ဇာတ်လမ်းက ဇာတ်ရှိန်တက်လာလေလေ လူက လိုက်မောရတာ အလုပ်တစ်ခုဖြစ်လာလေလေပဲ။ ဦးဇော်အောင့်ကို စာရေးသူက စာဖတ်သူတွေ မုန်းအောင် လုပ်ထားတာပဲဆိုတဲ့အထိ တွေးချမိလိုက်တယ်။ လောကမှာ ဒီလိုအဖေရှိလားဆိုတဲ့ မေးခွန်းမျိုးတော့ မတွေးမိတော့ဘူး။ ဒီထက် ဆိုးဝါးရက်စက်လာတဲ့ လူမျိုးတွေ လူမှုပတ်ဝန်းကျင်မှာ တွေ့ထားဖူးတော့လေ။
ဒါ့အပြင် သိလိုက်ရတာက ပညာရေးရဲ့ အရေးပါမှုတွေ၊ ပန်းရန်လောကရဲ့ ပင်ပန်းမှုတွေ၊ နောက်ပိုင်းမှာ ပြောင်းလဲသွားတော့ ဖခင်တစ်ယောက်ရဲ့ စေတနာ၊ မေတ္တာတွေပါပဲ။ အစပိုင်းတော့ ဖတ်ရင်း ဒေါသအတော်ထွက်လိုက်ရတယ်။ ငိုလိုက်ရတာ၊ မျက်ရည်ဝဲရတာလည်း ခပ်များများပါပဲ။ တစ်အုပ်တည်းမှာကို ဟိုနေရာ နည်းနည်း၊ ဒီနေရာ နည်းနည်းနဲ့ မွန်းကြပ်လာအောင် ၊ ဂရုဏာသက်လာအောင် ရေးနိုင်တယ်။
ဆရာဇာဂနာပို့စ်မှာတင်ထားသလိုပါပဲ။ သူ့အဘွားစကား သူတင်မကဘူး။ ကိုယ်တွေလည်း အဲ့ဒီလိုနေ့မျိုး ရောက်လာမှာ ကြောက်တာ တကယ်ပါ။
ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် ဖတ်ကြည့်ကြဖို့ ကျန်တဲ့ စာဖတ်သူများကိုလည်း ညွှန်းဆိုလိုက်ရပါတယ်။
✍️နေဖြိုး
📒အဖေကံ
တန်ဖိုး-6000ကျပ်
📖စာအုပ်မှာယူလိုပါကkolattbookshop and Distribution 095020068 Page CBတွင်ဝင်ရောက်မှာယူနိုင်ပါတယ်ရှင့်🥰
📱ဖုန်းဆက်မှာယူလိုသောcustomerများအတွက်
☎️018390421
📞095020068/09265020068/09965020068/09880816046/09885020068ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰
#ကိုလတ်စာပေဖြန့်ချိရေး
#နေဖြိုး #အဖေကံ