
04/08/2025
မရှိဘူးလို့ ဘယ်တော့မှ မညည်းပါနဲ့
စကားလုံးမှာ စွမ်းအင်တွေရှိတယ်
ဘဝအပေါ် သက်ရောက်မှုလည်း ရှိတယ်
မရှိဘူး မရှိဘူး လို့ ညည်းပါများတော့
တကယ်လည်း ရှိမလာတော့ဘူး။
တကယ်ရှိတဲ့သူက ဘယ်တော့မှ
ရှိတယ်လို့ မပြောဘူး။
ဘယ်လောက်ကြီး ချမ်းသာနေပါတယ်လို့လည်း
မကြွားဝါဘူး။
ဒါပေမယ့်
သူတို့ မပြောတဲ့ စကားတစ်ခွန်းတော့ ရှိတယ်
အဲဒါကတော့ လုပ်ငန်းထဲ
ဘယ်လောက်ပဲ အကြွေးတွေတင်တင်
ဘယ်လောက်ပဲ အဆင်မပြေပြေ
ဘယ်သောအခါမှ မရှိဘူးလို့ မပြောဘူး
မဖြစ်နိုင်ဘူး မရနိုင်ဘူးလို့ မပြောဘူး။
မရှိဘူး၊ မဖြစ်နိုင်ဘူး၊ မရနိုင်ဘူး
စတဲ့ (ဘူး)တွေ ပြောတာများရင်
တကယ် ရလာမယ့်ဟာတွေ ရမလာတော့ဘူး။
ရှိလာမယ့်ဟာတွေ ရှိမလာတော့ဘူး။
ဖြစ်လာမယ့်ဟာတွေ ဖြစ်မလာတော့ဘူး။
စကားနောက် တရားပါဆိုသလိုပဲ
မရှိဘူး၊ မရှိဘူး လို့ ပြောပါများရင်
အဲဒါ လာဘ်တိတ်တတ်ပါတယ်။
တခဏတာ မရှိတာဟာ
တစ်ဘဝလုံးစာ မရှိတာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်ကိုယ်ကို သိရင် ပြင်ပါ
ပြောင်းလဲပါ။
ဘယ်သောအခါမှ မရှိဘူး မပြောပါနဲ့။
သတိထား ကြည့်ပါ
အမြဲညည်းနေတဲ့ သူတွေဟာ
သူတပါးတွေ ခက်ခဲတာထက် ပိုခက်ခဲပါတယ်။
with respect - credit