Creative by Blaze

Creative by Blaze Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Creative by Blaze, Digital creator, Work From Home, Yangon.

ငြိမ်သက်နေခြင်းက အငြိမ်ခံနေခြင်း မဟုတ်ပါ။လူတစ်ယောက်က အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ သို့မဟုတ် ကိုယ့်အရွယ်နှင့်မမျှသော အတွေ...
30/11/2025

ငြိမ်သက်နေခြင်းက အငြိမ်ခံနေခြင်း မဟုတ်ပါ။

လူတစ်ယောက်က အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ သို့မဟုတ် ကိုယ့်အရွယ်နှင့်မမျှသော အတွေ့အကြုံ‌တွေ ရရှိလာတဲ့အခါ ပုံမှန်လူများနှင့် မတူဘဲ ကွဲထွက်လာတတ်သည်။ ထိုကွဲထွက်မှုတွေထဲကမှ အကောင်းရော အဆိုးပါပြောနိုင်သည့် စကားလုံးတစ်ခုမှာ ရင့်ကျက်မှု (Mature) ပင်ဖြစ်သည်။ ဤစကားလုံးသည် ရိုးရှင်းသော်လည်း တကယ်တမ်းတွင် အနှစ်သာရ တော်တော်လေးကိုရှိတယ်ပေါ့။

ရင့်ကျက်လာသူတစ်ဦးအနေဖြင့် တစ်စုံတစ်ယောက်က ကိုယ့်ကို ငြင်းခုံလာသည့်တိုင် ဘာမှပြန်မပြောဘဲ နေတတ်လာကြတယ်။

အဲ့ဒီလို ငြိမ်သက်နေခြင်းက ဘာမှပြန်မပြောတတ်၊ အငြိမ်ခံနေသည် ဟု တွေးထင်ပါက၊ သင်က ရင့်ကျက်သူတစ်ဦး ဖြစ်လာရန် ခြေလှမ်းတစ်လှမ်း နောက်ကျနေပါသေးတယ်။

ရင့်ကျက်သူတွေက ဘာလို့ ခြေတစ်လှမ်း သာရတာလဲ?
အထူးသဖြင့် မြန်မာနိုင်ငံ၌ ပြဿနာ အများဆုံးဖြစ်လေ့ရှိသည်မှာ မိဘနှင့် သားသမီးအကြား ကိစ္စရပ်တွေဖြစ်တယ်။

အခုလို အခြေအနေမျိုးတွေမှာရော အလွယ်တကူ ပြေလည်နိုင်မယ်ထင်ကြလား? မိဘကလည်း အလျှော့မပေး၊ သားသမီးကလည်း မခံမရပ်နိုင် ပြန်ပြောဆိုခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးနေကြရသည်။ “ကျောင်းတက်မှ စာတတ်မယ်၊ ပညာတတ်မယ်” ဟု ပြောလေ့ရှိကြသော်လည်း ကျောင်းမပြီးဘဲ ကျောင်းပြီးသူများထက် အဆပေါင်းများစွာ သာလွန်အောင်မြင်နေသူများလည်း အများအပြားရှိသည်။

ဒါကြောင့် စဉ်းစားကြည့်ပါ။ မိသားစုနှင့်နေစဉ်အတွင်း "အမေက ဒီလိုဖြစ်စေချင်လို့ လိုက်လုပ်ရတယ်၊ အဖေက ဒီလိုလုပ်ခိုင်းလို့ လိုက်လုပ်ရတယ်" ဟု လုပ်နေရသော်လည်း၊

- အမေနှင့် အဖေ မရှိတော့လျှင်ရော ကိုယ့်ကိုယ်ကိုယ် ဘာလုပ်နိုင်မလဲဟူသော မေးခွန်းကို မေးဖူးပါသလား။
- မိဘများ မရှိတော့လျှင် မိမိ၏မိသားစုကို မည်သို့ ပြန်ရှာကျွေးရမည်ကို တွေးဖူးပါသလား။
- ယခုလို စာဖတ်နေစဉ်ပင် ရုတ်တရက် မိဘများ မရှိတော့ပါက သင်သည် မည်သို့ လုပ်ဆောင်မည်နည်း။
- ကိုယ်ကိုတိုင်တော့ နေထိုင်နိုင်တဲ့ အစွမ်းအစရှိတဲ့သူ တစ်ယောက်ဖြစ်နေပြီ ဆိုပေမယ့် အခုလိုမျိုး အ‌ခြေအနေမျိုးနဲ့ တွေ့ဆုံကြရတဲ့အခါ ကိုင်တွယ်နိုင်မယ်လို့ရော ထင်လား။

အစရှိသော မေးခွန်းများစွာ ပေါ်လာရခြင်း၏ အကြောင်းရင်းက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။

အဖြေက ရိုးရှင်းပါတယ်။
သင့်အနေဖြင့် ရင့်ကျက်မှု လုံလုံလောက်လောက် မရှိသေးသည့်သူ တစ်ဦး အခုအချိန်ထိ ဖြစ်နေသေးသောကြောင့်ဖြစ်သည်။ မိသားစုတစ်ခုရှိခြင်းသည် ကောင်းမွန်သော်လည်း ကိုယ်တိုင်ဆုံးဖြတ်ခွင့် မပေးနိုင်၊ သူတို့မရှိသည့်အခါ ကိုယ်တိုင်ရပ်တည်နိုင်ရန် လမ်းမပြပေးနိုင်သော ပတ်ဝန်းကျင် သို့မဟုတ် မိသားစုထဲတွင် နေထိုင်နေရလျှင် ဘယ်လိုမျိုး အရာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာကို ယခုလောက်ဆို သင်တွေးမိလောက်မှာပါ။

လူတိုင်းဟာ ငြင်းခုံတတ်ကြတယ်၊ ရန်ဖြစ်တတ်ကြတယ်၊ လူ‌တွေ မလုပ်နိုင်တဲ့အရာ မရှိသလောက်ပဲ။ ဒါပေမယ့် လူတစ်ယောက်က သာမန်ထက်ပိုပြီး ငြိမ်သက်နေရင်တော့ သူများနဲ့မတူတဲ့ လမ်းကြောင်း ဒါမှမဟုတ် ခြေတစ်လှမ်းသာနေတဲ့သူတစ်ယောက်ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

22/11/2025

"🎱 day with bros"

ကိုယ့်ကိုကိုယ် ပြန်မတိုက်ခိုက်ပါနဲ့........အလုပ်လုပ်နိုင်စွမ်း (Productivity) ဆိုတာ သင်ပြီးမြောက်အောင် လုပ်နိုင်တဲ့ ပမာဏ...
29/10/2025

ကိုယ့်ကိုကိုယ် ပြန်မတိုက်ခိုက်ပါနဲ့........

အလုပ်လုပ်နိုင်စွမ်း (Productivity) ဆိုတာ သင်ပြီးမြောက်အောင် လုပ်နိုင်တဲ့ ပမာဏအပေါ်မှာသာ မူတည်တာမဟုတ်ဘဲ လုပ်နေချိန်မှာ သင့်ကိုယ်သင် ဘယ်လို ဆက်ဆံလဲ ဆိုတာပေါ်မှာလည်း မူတည်ပါတယ်။

လူအတော်များများက ကိုယ့်ကိုယ်ကို ခက်ခက်ထန်ထန် ဖိအားပေးမှ ပိုကောင်းလာမယ်လို့ ထင်ကြတယ်။ သူတို့ကိုယ် သူတို့ အတင်းတွန်းအားပေး၊ ဝေဖန်၊ အသေးအမွှား မှားယွင်းမှုတိုင်းနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် အပြစ်ပေးနေကြတယ်။ ဒါပေမဲ့ အမှန်တရားကတော့ - တိုးတက်မှုဆိုတာ ကိုယ့်ကိုယ်ကို မုန်းတီးရာကနေ မလာဘူး၊ ကိုယ့်ကိုယ်ကို လေးစားမှုကနေ လာတာပါ။

သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်‌ယောက် ကို ဘယ်လိုဆက်ဆံမလဲဆိုတာ စဉ်းစားကြည့်ပါ။

- သူတို့ ကြိုးစားနေတဲ့အခါ သင် အားပေးလိမ့်မယ်။
- သူတို့ မှားသွားတဲ့အခါ ခွင့်လွှတ်ပေးလိမ့်မယ်။
- သူတို့ ပင်ပန်းတဲ့အခါ နားဖို့ သတိပေးလိမ့်မယ်။

ကဲ၊ ကိုယ့်ကိုယ်ကိုကျတော့ ဘာလို့ အဲဒီလို မလုပ်နိုင်တာလဲလို့ ပြန်မေးကြည့်ပါ။

သင့်ကိုယ်သင် ရန်သူ တစ်‌ယောက် လို ဆက်ဆံတဲ့အခါ၊ သင့်ရဲ့ စိတ်အားထက်သန်မှုဟာ သေဆုံးသွားပါတယ်။ ဒါပေမဲ့ သင့်ကိုယ်သင် အချစ်ဆုံးသူငယ်ချင်းလို ဆက်ဆံတဲ့အခါ၊ သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေဟာ ပိုမိုများပြားလာတယ်လို့ ခံစားလာရမှာ သေချာပါတယ်။ ဘာလို့လည်းဆိုတော့ သင်က ကြောက်ရွံ့နေမယ့်အစား သင်လုပ်ရမယ့် အရာတွေတိုင်း ကို စတင် နှစ်သက်လာလို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့တိုးတက်မှုဟာ နှေးနေရင်တောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမှာတော့ အမှန်ပါပဲ။

ဒါကြောင့် ဘာပဲလုပ်လုပ် လမ်းပျောက်ပြီး ကျန်ခဲ့တဲ့အခါ ဒါမှမဟုတ် စိတ်အားမထက်သန်ဘူးလို့ ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်မတိုက်ခိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို အားပေးပါ။

လိုအပ်တဲ့အခါ နားပါ။ အဆင်သင့်ဖြစ်တဲ့အခါ ပြန်စပါ။ တိုးတက်မှုဆိုတာ ပြည့်စုံမှု (perfection) အပေါ်မှာ တည်ဆောက်ထားတာ မဟုတ်ဘဲ ပုံမှန်လုပ်ဆောင်နိုင်စွမ်း (consistency) အပေါ်မှာ တည်ဆောက်ထားတာပါ။

သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်း အကောင်းဆုံးပုံစံ (most productive version) ဆိုတာ အချိန်ပြည့် အလုပ်လုပ်နေတဲ့သူ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုမျိုး Self- Management လုပ်နိုင်လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

"Treat yourself like your Best Friend, Not your Enemy."

26/10/2025

လူကြီးတွေက နောင်တရကြတယ်....

သူတို့ ငယ်ရွယ်ချိန်မှာ မရလိုက်တဲ့အရာတွေကို လူငယ်တွေအနေနဲ့ ပိုပြီး ခံစားသင့်တယ်တဲ့။

ဘာလို့လည်းဆိုရင် အသက်ကြီးလာတာနဲ့အမျှ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်နေရင်တောင် တွန့်ဆုတ်နေကြရလိမ့်မယ်တဲ့။ အကြောင်းအမျိုးမျိုးကြောင့် ၊ အရွယ်ရှိတုန်း ရရင် ရသလို တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်အတွက် ကိုယ်ပိုပြီးဂရုစိုက်ပေးပြီး ၊ အမှတ်တရများများ ဖန်တီးခြင်းသည်သာ ပျော်ရွှင်ရတဲ့အရာများထဲမှ အပျော်ရွှင်ရဆုံး အရာတစ်ခုဖြစ်မယ်ဆိုတာ သေချာပါလိမ့်မယ်။

ဒါကြောင့် ဘာပဲလုပ်လုပ် အမှတ်တရကောင်းလေးတွေကျန်အောင် ဖန်တီးနိုင်ရင် အရာအားလုံးက သူမနဲ့ မဟုတ်ရင်တောင် ကိုယ့်အတွက်ကို‌တော့ အိုခီစိုပြေနေမှာပဲဖြစ်ပါတယ်။

အခွင့်အရေး + ကြိုတင်ပြင်ဆင်မှု = အောင်မြင်မှုတချို့လူတွေက နေရာမှန်၊ အချိန်မှန်ကို ရောက်နေတယ်လို့ သင် တွေးမိဖူးပါသလား။ ကျ...
26/10/2025

အခွင့်အရေး + ကြိုတင်ပြင်ဆင်မှု = အောင်မြင်မှု

တချို့လူတွေက နေရာမှန်၊ အချိန်မှန်ကို ရောက်နေတယ်လို့ သင် တွေးမိဖူးပါသလား။ ကျွန်တော်တို့က အဲဒါကို ကံကောင်းခြင်းလို့ ခေါ်လေ့ရှိပေမဲ့ တကယ်တမ်းမှာတော့ ကြိုတင်ပြင်ဆင်မှုက အခွင့်အရေးဆိုတဲ့ အရာနဲ့ ဆုံတွေ့မိသွားလို့ပဲ ဖြစ်ပါတယ်။

စဉ်းစားကြည့်ပါ။
ဓာတ်ပုံဆရာ ဖြစ်ဖို့ အိပ်မက်မက်နေတဲ့သူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။ ဘယ်သူမှ စိတ်မဝင်စား၊ မလုပ်ချင်တဲ့အရာတွေကို သူက နှစ်ပေါင်းများစွာ နေ့တိုင်း ဓာတ်ပုံပညာရပ် နဲ့ပတ်သက်တာ ကို လေ့လာပြီး တစ်ရက်ပြီး တစ်ရက် ကိုယ့်ကိုယ် polish လုပ်နေခဲ့ပါတယ်။ အဲဒီနောက် တစ်နေ့မှာ ပွဲစီစဉ်သူကြီးတစ်ဦးက ပွဲမှာ ရိုက်ကူးဖို့အတွက် ဓာတ်ပုံဆရာတစ်ဦးကို ရုတ်တရက် လိုအပ်လာပါတယ်။ အဲ့ဒါနဲ့ ဓာတ်ပုံဆရာလေးက အဲဒီ လွတ်နေတဲ့နေရာကို ဝင်ယူလိုက်တယ်။

ဘာလို့ သူက လွတ်နေတဲ့ နေရာအတွက် ချက်ချင်း ဖြည့်နိုင်တာလည်းဆိုရင် ဒီ အခွင့်အရေးနဲ့ ထိုက်တန်ဖို့ အတွက် သူနောက်ကွယ်မှာ အများကြီး ပြင်ဆင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒါဟာ ကံကောင်းခြင်းမဟုတ်ပဲ ကြိုတင်ပြင်ဆင်ထားတဲ့သူတစ်ယောက်အနေနဲ့ အခွင့်အရေး ကိုယ့်ရှေ့ရောက်လာတဲ့အခါ အမိအရယူနိုင်ခြင်းရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

အောင်မြင်မှုဆိုတာ အဲဒီလိုပဲ အလုပ်လုပ်တာပါ။ ကိုယ့်အခွင့်အရေး ဘယ်တော့ ရောက်လာမယ်ဆိုတာ သင် မသိနိုင်ပါဘူး၊ ဒါပေမဲ့ ရောက်လာတဲ့အခါမှာတော့ သင့်ရဲ့ ကြိုတင်ပြင်ဆင်မှုက အရာအားလုံးကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ 💯

ဘဝက ကောင်းတာတွေကြီးပဲ မလာခင် သင့်ကို အမြဲတမ်း စမ်းသပ်နေမှာပါ။ ဒါကြောင့် ဘယ်သူမှ သင့်ရဲ့ ကြိုးစားအားထုတ်မှုကို သတိမထားမိတဲ့အခါမျိုးမှာတောင် ဆက်ပြီး တိုးတက်အောင်လုပ်ပါ၊ ဆက်ပြီး သင်ယူပါ၊ အမြဲ အဆင်သင့်ရှိနေပါ။

ဘာလို့လဲဆိုတော့ တစ်နေ့ကျရင် သင့်ရဲ့ ကြိုတင်ပြင်ဆင်မှုဟာ သင့်အခွင့်အရေးနဲ့ ဆုံတွေ့လာတဲ့အခါ အဲဒီအခိုက်အတန့်က အရာအားလုံး ပြောင်းလဲသွားမယ့် အချိန်ပဲ ဖြစ်ပါတယ်!

ငွေကြေးလွတ်မြောက်မှု (Financial Freedom) ဆိုတာ ဘာလဲ?ချမ်းသာတယ်ဆိုတာထက် ပိုပါတယ်။ ကိုယ့်ဘဝကို ကိုယ်ထိန်းချုပ်နိုင်ခြင်းပါ...
05/10/2025

ငွေကြေးလွတ်မြောက်မှု (Financial Freedom) ဆိုတာ ဘာလဲ?

ချမ်းသာတယ်ဆိုတာထက် ပိုပါတယ်။ ကိုယ့်ဘဝကို ကိုယ်ထိန်းချုပ်နိုင်ခြင်းပါ။ အခြားသူတွေ သုံးလို့ လိုက်သုံး၊ ဝယ်လို့ လိုက်ဝယ်နေရင် နောက်ဆုံးဘာမှ မကျန်တော့ဘူးဆိုတာ သင်သိပါသလား?

အကြောင်းရင်းက...
✔️ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှု မရှိလို့ပါ။

ဒါဆို ငွေစုရုံနဲ့ လွတ်မြောက်မှုရပြီလား?
မဟုတ်သေးပါဘူး!

ဥပမာအနေနဲ့ ပြောရရင် ဘဏ်မှာ ငွေသိန်းရာချီ စုထားတဲ့သူတစ်ယောက်အနေနဲ့ဆိုရင်...
❌ ရင်းနှီးမြှုပ်နှံမှု မလုပ်ရင်
❌ ငွေကြေးဖောင်းပွမှုကြောင့် တန်ဖိုးကျလာမယ်
❌ ငွေကြေးစနစ်ရဲ့ သံသရာထဲ ပိတ်မိနေမယ်

ဒီတော့ ဘာလုပ်ရမလဲ?
✅ ငွေစုတတ်ဖို့
✅ ရင်းနှီးမြှုပ်နှံနည်းတွေ သိဖို့
✅ Passive Income ရနိုင်မယ့် လုပ်ငန်း/ပညာရပ်တစ်ခု တည်ဆောက်နိုင်မှသာ ဆင်ပြေပါလိမ့်မယ်။

ဒါမှသာ...
"အကို/အစ်မ အရင်နှစ်နဲ့မတူပဲ ဆင်ပြေလာလိုက်တာ"/ "အောင်မြင်နေတာပဲ" ဆိုတဲ့ စကားသံတွေနဲ့အတူ သင်လည်း Financial Freedom ရဲ့ အနှစ်သာရတွေကို တစ်နှစ်ထက် တစ်နှစ်ပိုပြီး ခံစားလာနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး အခိုက်အတန့်ကို ရောက်သွားတဲ့အခါကျ အော်... ခုမှ ငါကလွတ်လပ်တဲ့သူတစ်ယောက် ဖြစ်လာပါလားဆိုပြီး ကိုယ့်ကိုကိုယ် မြင်လာပါလိမ့်မယ်။

ငွေကြေးလွတ်မြောက်မှုဆိုတာ ချမ်းသာခြင်းမဟုတ်ပဲ၊ ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ပိုင်ခွင့်ရဖို့ပါ။

📌Financial Freedom = Control + Choice + Growth

ကိုယ်ရဲ့ အတွေးတွေကို ဘယ်လို Level Up လုပ်မလဲ?"How to Leverage Your Mindset?"ကိုယ့်ရဲ့အတွေးတွေဟာ အတွေးသက်သက်မဟုတ်ပါဘူး၊ ပ...
30/09/2025

ကိုယ်ရဲ့ အတွေးတွေကို ဘယ်လို Level Up လုပ်မလဲ?

"How to Leverage Your Mindset?"

ကိုယ့်ရဲ့အတွေးတွေဟာ အတွေးသက်သက်မဟုတ်ပါဘူး၊ ပုံဖော်လို့ရတဲ့ စွမ်းအားတစ်ခုဆိုတာ သင်သိပါသလား?
လူတိုင်းက လုပ်ချင်တဲ့အရာ၊ မလုပ်ချင်တဲ့အရာတွေကို အမျိုးမျိုးဘက်မှ စဉ်းစားတတ်ပါတယ်။

ဒါပေမယ့် ခုခေတ်လူငယ်တွေက စာဖတ်ရတာပျင်း၊ တစ်ခုခုလုပ်ချင်တယ်လို့ ပြောသာ‌ ပြောနေကြပေမယ့် တကယ်လုပ်တဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်နေတာမျိုးဖြစ်ပြီး မလုပ်ရတဲ့အလုပ်‌တွေမှ အများကြီး ရှိဖူးကြမှာပါ။

ဘာကြောင့်လဲ?
အဖြေက ရိုးရှင်းပါတယ်၊ အတွေးတစ်ခုကို ဘောင်ကျော်ပြီး မတွေးဖူးသေးတာပဲ။

ကိုယ့်ရဲ့အတွေးတွေကို လက်တွေ့ဘဝထဲအထိ ခေါ်ဆောင်ဖို့အတွက် ပုံဖော်ချင်တယ်ဆိုရင် ဒီလို စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။

👉 ရှုထောင့်အမျိုးမျိုးကနေ တွေးခေါ်ပါ။
👉 အကြီးကြီးတွေးပြီး၊ သေးသေးလေးက စတင်ပါ။(“Dream Big, Start Small”).
👉 အတွေးနဲ့ပဲရပ်နေလို့မရပဲ ထိရောက်ဖို့ဆိုရင် Action ယူကိုယူဖို့လိုအပ်ပါတယ်။

ပထမဆုံးလုပ်တဲ့အခါ မအောင်မြင်တာမျိုးလည်း ဖြစ်နိုင်တယ် ၊ ရလဒ် ရလာခါမျိုးတွေမှာ ကိုယ်မျှော်မှန်းထားသလောက် မဟုတ်နေပဲ အောင်မြင်မှု ‌အသေးစားလေးတစ်ခုပဲ ဖြစ်နေတတ်တယ်။

ဒါပေမယ့် အဲဒီအောင်မြင်မှုက သင့်ဘဝမှာ တန်ဖိုးရှိတဲ့ မှတ်တမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဘာလို့ အခုလိုပြောရတာလဲဆိုရင် စာဖတ်သူအနေနဲ့ တွေးမိပါလိမ့်မယ် ၊ ငါ့အတွက် တွက်ခြေမကိုက်ပဲနဲ့ ငါဘာလို့ အချိန်ကုန်ခံ စဉ်းစားပြီး ဒါတွေလုပ်နေရမလဲဆိုတာမျိုး ဒါပေမယ့် အဖြေရိုးရှင်းလွန်းပါတယ်။

အနည်းဆုံးတော့ ကိုယ်လုပ်ကြည့်ခဲ့မိတယ်ဆိုတာနဲ့တင် ကိုယ့်အတွက် အများကြီး အထောက်အပံ့ဖြစ်စေနိုင်မှာပဲဖြစ်ပါတယ်။
အခြား‌ သော သူတွေထက် Level Upတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် → သင့်အတွေးပုံစံကို မတူတူအောင် ရှုထောင့်အမျိုးမျိုးက‌နေ ဖောက်ထွက်နိုင်အောင် လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

"Think bold, embrace challenges, act daily".

ဒီရက်တွေအတွင်း အရမ်းတွေးဖြစ်တယ် ၊ ဘာတွေတွေးလည်းဆိုရင်တော့ သေချာရေရာ ကိုယ်ကိုတိုင်တောင် မသိဘူး ၊ ဒါမယ့် သတိထားမိတာ တခုကတေ...
23/07/2025

ဒီရက်တွေအတွင်း အရမ်းတွေးဖြစ်တယ် ၊ ဘာတွေတွေးလည်းဆိုရင်တော့ သေချာရေရာ ကိုယ်ကိုတိုင်တောင် မသိဘူး ၊ ဒါမယ့် သတိထားမိတာ တခုကတော့ အတွေးများလာတဲ့အချိန်တိုင်း ကိုယ်က ဘယ်လိုလူမျိုးလည်းဆိုတာပိုပြီးသိလာတယ်။

အက်လိုသိလာဖို့အတွက်ဆိုရင် ငါက ဘာကောင်ရီးလည်းဆိုတာသိဖို့ ဘလိုပေတံမျိုးနဲ့တိုင်းမှရမယ်ဆိုတဲ့ စံနှုန်းတခုလူတိုင်းမှာရှိဖို့တော့လိုအပ်လိမ့်မယ်။ အက်လိုမှသာ ကိုယ်ကအခုဘယ်ရောက်နေတယ်။ နောက်အနည်းငယ်နေရင်ရော ကိုယ်က ဘယ်ကိုသွားချင်တာ ၊ အခုရော အက်လိုဖြစ်ဖို့ ဘလိုမျိုးတွေတော့လုပ်နေရမယ် စသဖြင့်ပေါ့ အက်လိုတွေ တဆက်ပြီးတဆက် အဆင့်ဆင့် နဲ့ သေးသေးလေးကစပြီး လုပ်ဝါးမှသာ ကိုယ်လိုချင်တဲ့ အရာကို ရနိုင်လိမ့်မယ်။

လူတွေက အလွယ်လမ်းမလိုက်နဲ့ ပြောကြတယ် လွဲသွားတတ်လို့တဲ့။ အမှန်က လိုက်တဲ့သူရဲ့ အပေါ်ပဲ မူတည်မယ်လို့ ပြောပါရစေ။ ကျွန်တော်‌တို့တွေ ကြုံနေကြရတာပါပဲ ၊ ဆယ်ယောက်မှာ ရှစ်ယောက်သောသူတွေကတော့ လွယ်လွယ်နဲ့လိုချင် ရချင်ကြတာရီးပဲ ဘယ်အရာကိုပဲဖြစ်ဖြစ် ၊ အက်လိုကြားထဲမှာမှ ၊ ကိုယ့်ရဲ့ အလွယ်လမ်းလိုက်မှုက သူများတွေလို့ အလွဲလမ်း မဖြစ်ဖို့တော့သတိထားဖို့လိုအပ်လိမ့်မယ် ။ အက်လိုသတိထားတဲ့အခါလည်း ၊ ဘာလုပ်လုပ် တဖက်ပိတ်ဝါဒ မျိုးနဲ့မတွေးပဲ ၊ ဟော ဒါလေးကတော့ ဒီလိုမလုပ်လိုက်ရပေမယ့်လည်း ဒီလိုလေး ထပ်လုပ်လိုက်ရင်တော့ ရပါလားဆိုတဲ့ အတွေးမျိုးနဲ့ လုပ်ဖို့လိုအပ်တယ်။

အက်တာကြောင့်ကိုယ်လိုချင်တာရချင်ရင်တော့ ဘာလုပ်လုပ် အက်တာကို ရကိုရရမယ် ဆိုတဲ့စိတ်ထားဖို့ရယ် ၊ အက်တာကိုရအောင်လုပ်တဲ့ခါကျရင်လည်း မျက်လုံးတွေဖွင့်ထားဖို့လိုအပ်ပါလိမ့်မယ်။

မီးတောက်တိုင်းမှာ သူ့ရဲ့ပုံပြင်ရှိတယ်  မီးတောက်တစ်စင်းက သေးသေးလေး ဖြစ်နိုင်တယ်၊ ပျော့ပျောင်းနိုင်တယ်—မှောင်မိုက်တဲ့ညထဲမှ...
29/03/2025

မီးတောက်တိုင်းမှာ သူ့ရဲ့ပုံပြင်ရှိတယ်

မီးတောက်တစ်စင်းက သေးသေးလေး ဖြစ်နိုင်တယ်၊ ပျော့ပျောင်းနိုင်တယ်—မှောင်မိုက်တဲ့ညထဲမှာ တစ်စုံတစ်ယောက်ကိုယ်စား တောက်ပနေသလိုပဲ။ ဒါပေမဲ့ မီးတောက်တိုင်းမှာ သူ့ပုံပြင်ရှိတယ်။

တစ်ချို့မီးတောက်တွေ မဖြောက်မပြောက် တောက်နေကြတယ်။ တစ်ချို့က မြုပ်မြုပ်သွားနိုင်ပေမယ့် သက်တမ်းရှည်ကြီးတောက်နေတတ်ကြတယ်။ တစ်ချို့မီးတောက်တွေက မတိုင်မီအရင်ငြိမ်းသွားကြတယ်။ တစ်ချို့က အားနည်းသယောင်ယောင်ရှိပေမယ့် မငြိမ်းကြသေးဘူး။

မီးတောက်တစ်စင်းဟာ သူ့အတွက်မကဘဲ တစ်စုံတစ်ယောက်ကို တောက်ပစေဖို့လည်း ဖြစ်တယ်။ လူတွေတူညီကြတယ်။ လူတိုင်းမှာ သူတို့ရဲ့ မီးတောက်ရှိကြတယ်—သူတို့ရဲ့ အိပ်မက်တွေ၊ ခက်ခဲမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ နာကျည်းမှုတွေ စသဖြင့် ရှိကြတယ် ။ အက်လိုရှိကြတဲ့အလျောက် အကုန်လုံးက ကိုယ့်မီးတောက်ကို ကိုယ်ကိုတိုင် စထွန်းခဲ့ကြလို့ ရှိကြတာပဲမလား။ အဲ့တော့ ကိုယ့်မီးတောက် ကို ပုံဘလိုဖော်မလည်း ဆိုတာကတော့ ကိုယ့်အပေါ်ပဲ မူတည်လိမ့်မယ်။

ဒါပေမဲ့ တစ်ခုသိထားပါ။ ဒီမီးတောက်‌ေတွလိုပဲ လူတွေက ကိုယ့်တန်ဖိုး ကိုယ်သိသင့်တယ်။ မီးတောက်တိုင်းမှာ တောက်ပရတဲ့ရည်ရွယ်ချက်ကိုယ်စီ ရှိသလိုပဲ ကိုယ်ကိုတိုင် အနေနဲ့လည်း ကိုယ်ဘလိုရှင်သန်ရမလည်းဆိုတဲ့ ကိုယ့်ပုံပြင်ကို ကိုယ်ကိုတိုင် သိဖို့လိုတယ်။ မီးတောက်တွေလိုပဲ လူတိုင်း တောက်ပနိုင်ကြပါစေ။

Address

Work From Home
Yangon
1001

Telephone

+959445229697

Website

Alerts

Be the first to know and let us send you an email when Creative by Blaze posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Creative by Blaze:

Share