30/03/2026
ဘဝဆိုတာ နာရီလက်တံတွေလိုပဲ...
လူတချို့က မေးကြတယ်... ဘာလို့ ကျွန်တော်တို့ကျတော့ ဒီလောက်ပင်ပန်းနေရပြီး သူတို့ကျတော့ အေးအေးဆေးဆေးနဲ့ အောင်မြင်နေတာလဲပေါ့။
မိတ်ဆွေ... နာရီတစ်လုံးကို ကြည့်လိုက်ပါ။
လက်တံအရှည်က တစ်နာရီဆိုတဲ့ အောင်မြင်မှုရဖို့အတွက် ခြေလှမ်းပေါင်း ၆၀ ကို မနားတမ်း ပတ်နေရတာဗျ။ သူက ပင်ပန်းတယ်၊ သူက လှုပ်ရှားနေရတယ်။
လက်တံအတိုကတော့ တချက်ကလေး ရွေ့လိုက်တာနဲ့ တစ်နာရီဆိုတဲ့ ပန်းတိုင်ကို အေးအေးဆေးဆေး ရောက်သွားသလိုပဲ။
ဒါပေမဲ့ ခင်ဗျားတစ်ခု သတိထားမိလား?
လက်တံရှည်ရဲ့ ခြေလှမ်း ၆၀ မရှိဘဲနဲ့တော့ လက်တံတိုက ဘယ်တော့မှ နေရာမရွေ့ဘူးဗျ။
သင်ခန်းစာက ဒါပဲ...
ခင်ဗျားဟာ လက်တံရှည်လို အပင်ပန်းခံ လှုပ်ရှားနေရသူဆိုရင် မအားမလပ်ဖြစ်နေရတာကို မညည်းညူပါနဲ့။ ခင်ဗျားရဲ့ ပင်ပန်းတဲ့ ခြေလှမ်းတိုင်းဟာ တစ်ဖက်မှာ 'အောင်မြင်မှု' ဆိုတဲ့ လက်တံအတိုလေးကို တစ်ချက်ချင်း တိုးသွားအောင် တွန်းပို့ပေးနေတာပါ။