UHG-Comedy

UHG-Comedy Gaming

31/03/2025

ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့မှ သဘာဝငလျင်ဘေးသင့်‌ဒေသများအတွက် ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မ,တည်လှူဒါန်း

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှ မိသားစုဝင်များ၊ အသက်အိုးအိမ်စည်းစိမ်များ၊ မြန်မာ့အမွေအနှစ်အဆောက်အဦများ စသည့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခံစားခဲ့ရသည့်အတွက် မိသားစုများအားလုံးနှင့်ထပ်တူ စာနာဝမ်းနည်းရပါသည်။ ယင်း သဘာဝငလျင်ဘေးအန္တရာယ်ကြုံတွေ့မှုကြောင့် အကူအညီလိုအပ်နေသူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်အနေဖြင့် အချိန်နှင့် တပြေးညီ အမြန်ဆုံးနှင့် ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့မှ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာကျပ်ငွေ ၁၅ ဘီလီယံကို ကနဦး ထောက်ပံ့ကူညီလှူဒါန်းသွားမည်ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပထမ ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့မှ ကူညီထောက်ပံ့လှူဒါန်းသွားမည့် ကျပ်ငွေ (၁၅) ဘီလီယံအား အောက်ပါအတိုင်း ခွဲဝေလှူဒါန်းသွားမည် ဖြစ်ပါသည်။

✅ချက်ချင်းကယ်ဆယ်ရေး
▫️အသက်များကိုကယ်တင်ရန်နှင့် အခြေခံအဆောက်အဦများကို ပြန်လည်တည်ဆောက်ရန်။

▫️အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက်ရှိသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်သူများနှင့် ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့အစည်းများကို ချက်ချင်းအကူအညီပေးခြင်း။

✅အခြေခံလိုအပ်ချက်များ
▫️ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့၏ မိတ်ဖက်များ၊ NGOs များနှင့် CSOs များတဆင့် ထိခိုက်ခံစားရသော မိသားစုများသို့ အခြေခံလိုအပ်ချက်များ ဖြန့်ဝေပေးခြင်း။

✅ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပြုပြင်ရေး
▫️ကျန်းမာရေးစောင့်ရှောက်မှု၊ ရပ်ရွာများ ပြန်လည်တည်ဆောက်ခြင်း။

ထို့ပြင် ဆုံးရှုံး ပျက်စီး ထိခိုက်မှုအများဆုံးနှင့် လိုအပ်ချက်အများဆုံးနေရာဒေသများသို့ အမြန်ဆုံး ရောက်ရှိစေရန် ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်၍ ကာလတိုနှင့် ကာလရှည် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

30/03/2025

ငလျင်ဒဏ်သင့်ဒေသများဖြစ်သော မန္တလေး၊ နေပြည်တော်၊ တောင်ကြီး ၊ ဟဲဟိုး ရှိ အဆောက်အဦ အပျက်အစီးများကြားတွင် ပိတ်မိနေကြသူများအားကူညီကယ်ဆယ်နိုင်ရေး အတွက် နေ့ရောညပါ အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိကြသည့် စက်ယန္တရားများ နှင့် လူနာတင်ယာဉ်များ အတွက် လိုအပ်သော စက်သုံးဆီများအား Max Energy နီးစပ်ရာ စက်သုံးဆီအရောင်းဆိုင်များမှတစ်ဆင့် အခမဲ့ မေတ္တာဖြင့် ကူညီပံ့ပိုးလျှက်ရှိပါသည်။

#စက်ယန္တရားများအတွက်တစ်ရက်လျှင်_လီတာ၁၀၀⛽️

#လူနာတင်ယာဉ်များအတွက်တစ်ရက်လျှင်_လီတာ၂၀⛽️

“အများအကျိုးအတွက်အသင့်ရှိနေမည် MAX ENERGY”

(၁)တောင်ကြီး-ကားကြီးကွင်းရပ်၊တောင်ကြီး-ဟိုပုံးကားလမ်းဘေး၊သစ်တောရပ်ကွက်၊တောင်ကြီးမြို့။

(၂)ဟဲဟိုး- မိတ္ထီလာ – တောင်ကြီးကားလမ်း၊ ဟဲဟိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)။

(၃) မန္တလေး(၄) - ရန်ကုန်‌-မန္တလေးလမ်းဟောင်း၊ (ဈ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(၄) မန္တလေး(၅) - (၃၅) လမ်း နှင့် (၅၆) လမ်းထောင့်၊ ရဲမွန်တောင်ရပ်ကွက်၊မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(၅) မန္တလေး(၆) -မြို့သစ်(၄)ရပ်ကွက်၊ မနော်ဟရီလမ်း(၁၁၀လမ်း)၊ ၅၉ x ၆၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(၆) နေပြည်တော်(၂) - ပျဉ်းမနားမြို့ရှောင်လမ်း၊ ဘောဂသီရိကားဝင်းရှေ့၊ ဘောဂသီရိမြို့နယ်၊ နေပြည်တော်။

(၇) တောင်စဉ်အေး - အင်ပင်ကျေးရွာ ၊ အင်ပင်အုပ်စု ၊ လယ်ဝေးမြို့နယ် ၊ နေပြည်တော်။

(၈) နေပြည်တော်(၃) - ကျောက်တလုံးကွင်း၊ နန်းဩကျေးရွာအုပ်စု၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရခရိုင်၊ နေပြည်တော်။

အသေးစိတ်သိရှိလိုပါက -၀၉၈၉၁၇၅၄၉၈၀၊၀၉၈၉၁၇၅၄၉၈၆၊၀၉၄၅၈၈၈၁၁၆၆ သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

Address

51 Street
Yangon

Telephone

+959950305005

Website

Alerts

Be the first to know and let us send you an email when UHG-Comedy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share