KoMaw.mov

KoMaw.mov Your friendly neighborhood filmmaker. Sharing lessons from the set.

🎥 Filmmaking 📝 Storytelling ✨ Creativity
📍 Based in Yangon

23/08/2026

အင်တာဗျူးမှာအာရုံရောက်နေတာနဲ့ လှိုင်းလုံးကြီးလာနေတာသတိမထားမိလိုက်ဘူး 😅 တော်သေးတယ် ပင်လယ်ဆားငန်ရေတွေ ကင်မရာတော့မထိလိုက်လို့

22/08/2026

ဒီတစ်ခေါက်တော့ Fijiကျွန်းနိုင်ငံကို documentary project တစ်ခုနဲ့ရောက်နေပါတယ်။ နေသာနေကျ ပင်လယ်ကမ်းခြေဘေး location မှာ sunset လှလှလေးတွေရိုက်မယ်အားခဲထားပြီးမှ တိုက်တိုက်ဆိုင်ဆိုင်ရောက်တဲ့နေ့ကစပြီး ဆက်တိုက်တိမ်ထူမိုးရွာနေတယ် 🥲 🌧️ ရပါတယ် it’s part of the job ပဲ မီးစင်ကြည့်ကပေါ့

17/08/2026

ပထမဆုံးအကြိမ် CG ကြီးကြီးမားမားဒီprojectမှာစရိုက်ဖူးတာ။ အသစ်ဆိုတော့နဲနဲတော့တစ်မျိုးဖြစ်ပေမဲ့ အရမ်းကြီးတော့မစိုးရိမ်ခဲ့ဘူး။ ယုံကြည်ရမဲ့ CG teamနဲ့လက်တွဲထားတယ် မရိုက်ခင်test shootကြိုလုပ်တယ် အတွေ့ကြုံရှိတဲ့အဖွဲ့သားတွေပါတယ်ဆိုတော့။ တိုက်တိုက်ဆိုင်ဆိုင် ဒါပြီးတာနဲ့နောက်တစ်ခုCGပိုတောင်များတဲ့ပရောဂျက်နဲ့ဆုံတော့ အတွေ့ကြုံရှိပြီးသားဖြစ်သွားတော့ပိုအားရှိသွားတယ်။ ဒီEasyFix ကြော်ငြာအကြောင်း in depth ဆွေးနွေးထားတာ editစလုပ်နေပြီ မကြာမီ

15/08/2026

ဆင်တော်မိုးလေးနောက်ကွယ်

12/08/2026

Directingမှာ communicationက အရေးကြီးတယ်။ ကိုယ့်ခေါင်းထဲမှာမြင်ထား၊ စဉ်းစားထားတဲ့အရာတွေကို အလုပ်တွဲလုပ်မဲ့သူတွေလဲမြင်အောင်ပြောပြပါ။ ဖြစ်တတ်တာက တစ်ခါတစ်လေကိုယ့်ခေါင်းထဲမှာစဉ်းစားထားရင်တစ်ခြားသူတွေလဲကိုယ့်လိုတွေးမှာပဲလို့ထင်မိတတ်ကြတယ်။ အဲလိုယူဆလို့မရဘူး။ ကိုယ်ဖြစ်ချင်တာတွေကို department head တွေနဲ့ကြိုတင်တိုင်ပင်ပါ၊ သရုပ်ဆောင်တွေကို လိုချင်တဲ့performance detail ပြောပြပါ။ ကိုယ့်ideaတွေကို client ဘက်လဲကွက်ကွက်ကွင်းကွင်းမြင်အောင် ရှင်းပြပါ ဒါဆိုရင်မှန်းချက်နဲ့နှ မ်းထွက်ကိုက်ဖို့ရာခိုင်နှုန်းပိုများပါလိမ့်မယ်

KFC stands for KoMaw Fried Chicken📸: Han Htut Aung
08/08/2026

KFC stands for KoMaw Fried Chicken

📸: Han Htut Aung

04/08/2026

မနက်ခင်းshootingစကတည်းက တစ်နေကုန် energy 110%နဲ့ SAUNG၊ Colonel Sanders သရုပ်ဆောင် ကတော့ သားမိုက်တဲ့ (အယ်လယ်) aka Mat Callaghan သူလဲdialogueတွေတစ်လုံးမကျန် ၏သည်မရွေးသေချာကျက်လာပေးတယ် crewနှင့်အဖွဲ့သားအားလုံးလဲသိုင်းကျူးပါ လေးစားလျှက်

စားပါအုံး 🍗
03/08/2026

စားပါအုံး 🍗

01/08/2026

SAUNGဘာလို့အဲလောက်အော်နေတာလဲ?? လတ်လတ်ဆတ်ဆတ် KFC ကြော်ငြာအသစ်လေးမနေ့ကပဲထွက်တယ် ကြည့်ပြီးရင်တော့အဖြေသိမှာပါ

31/07/2026

Part 2 ကတော့ Laos recap. တစ်ပိုင်တစ်နိုင်ကနေစက်ရုံကြီးနဲ့ဖြစ်လာတဲ့ အမျိုးသမီးဦးဆောင်ကိတ်မုန့်လုပ်ငန်း၊ လာအိုနိုင်ငံရဲ့ပထမဆုံး ride sharing ကုမ္ပဏီ (LOCA တဲ့ Grab, Uberတို့လိုမျိုး) ပြီးတော့ Bolavenတောင်တန်းကကော်ဖီစိုက်ခင်း Laosကlocal crewနဲ့တွဲရိုက်ခဲ့တာပါ

Address

Yangon

Alerts

Be the first to know and let us send you an email when KoMaw.mov posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share