26/08/2026
Hello .. ဒီနေ့ညဇာတ်ကားသစ်လေးတင်ပါမယ် ဇာတ်ကားလေးနာမည်က Hollywood Cage(Golden Cage လို့လဲလူသိကြပါတယ်) ဖြစ်ပါတယ်.. မင်မင်ကလေတစ်ခါတစ်လေမှာ ဇာတ်ကောင်စရိုက်လှတာချောတာထက်ဇာတ်လမ်းလေးကောင်းရင်လဲကြိုက်ပါတယ် ကိုယ့်ရဲ့အသဲတွေကိုလဲမတူညီတဲ့ဇာတ်လမ်းလေးတွေကိုကြည့်စေချင်တယ် ဒါကြောင့်ဒီကားလေးကိုရွေးလိုက်တာပါ ပြီးတော့ဒီကားလေးကို အသဲတစ်ယောက်ကလည်းတင်ပေးပါလို့လာပြီးတောင်းဆိုထားသေးတာဆိုတေ့မင်မင့်အကြိုက်နဲ့ထပ်တူကြနေပါလေရော.. ကဲ ဇာတ်လမ်းလေးကတော့ ဂျူလီယန်ဆိုတဲ့ကောင်လေး.. Hollywood မှာနာမည်ကြီးမင်းသားဖြစ်ချင်တဲ့ဆန္ဒနဲ့ မလျှောက်သင့်တဲ့လမ်း ရိုးသားမှုမရှိတဲ့လမ်းကို ဖြတ်လမ်းနည်းနဲ့လိုက်ခဲ့တော့.. နိဗ္ဗန်လို့သူထင်ခဲ့တဲ့နေရာဟာ တကယ်တမ်းကသူ့ရဲ့ဘဝကိုပျက်စီးခြင်းတိုင်စေမယ့် ရုန်းထွက်မရတဲ့လှောင်အိမ်တစ်ခုဖြစ်လာတဲ့အခါ... သူဘယ်လိုရင်ဆိုင်မလဲ ? ဘယ်သူကရောသူ့ကိုလာပြီးကယ်တင်မှာလဲ ?.. ဒီဇာတ်ကားလေးဟာဆိုရင် မိမိလိုချင်တဲ့အရာကိုရဖို့ ရိုးသားရမယ် ကြိုးစားရမယ် ဖြတ်လမ်းနည်းနဲ့လမ်းမှားမလိုက်သင့်ဘူးဆိုတာကိုပြောပြနေပါတယ်..ဂျူလီယန်လို လူငယ်တွေအနုပညာလောကမှာဘယ်လောက်တောင်များရှိနေလိုက်မလဲနော်.. သူတို့ရောရုန်းထွက်နိုင်ခဲ့ကြရဲ့လား ? ကယ်တင်မယ့်သူရောပေါ်လာခဲ့ကြရဲ့လား?........