Thel Thel Tone

Thel Thel Tone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thel Thel Tone, Digital creator, Yangon.

01/06/2024
16/09/2023

" မိုးရာသီတွင် ယာဉ်မောင်းသူများ သတိပြုရန် အချက်များ "

🚨🚨🚨🚨🚨 🚨🚨🚨🚨🚨🚨🚨🚨🚨🚨

⛈️ ယခုအချိန် ဟာဆိုရင် မိုးရာသီရောက်လာပြီ ဖြစ်တဲ့အတွက် ယာဉ်မောင်းသူများ သွားရလာရတာ ခက်ခဲလာပါတယ်။
အထူးသဖြင့် ညအချိန်ခရီးဝေးသွားရလို့ လမ်းမှာ မိုးရွာရင် ပိုအန္တရာယ်ရှိပါတယ်။ ဒါကြောင့် မိုးရာသီမှာ မောင်းနှင်သွားလာကြမယ့် ယာဉ်မောင်းသူတွေ အတွက် သတိပြုဖွယ်အချက်လေးတွေကို မျှဝေ လိုက်ရပါတယ်။

1️⃣လက်နှစ်ဖက် ဖြင့် စီယာရင်ကို ကိုင်ပါ။

👉ရာသီဥတုသာယာနေတဲ့ အချိန်မှာဆို စတိုင်ကျကျ စတီယာရင်ကို လက်လေး တစ်ဖက်တည်းနဲ့ မောင်းနိုင်ပေမယ့် မိုးတွင်းမှာ ဆိုရင်တော့ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး မောင်းဖို့လိုအပ်ပါတယ်။

2️⃣စိတ်ပျံလွင့်စေမယ့်အရာတွေ ခဏ ဖယ်ထားပါ။

👉မိုးတွင်းမှာ ကားမောင်းတဲ့အခါ ဖုန်းသုံးတာဟာ တကယ်ကို အန္တရာယ်များပါတယ်။ သာမာန်ရာသီဥတုမှာတောင် ကားမောင်းရင်း ဖုန်းသုံးတာကြောင့် မလိုလားအပ်တာတွေ ဖြစ်တတ်သေးတာ ရာသီဥတု ဆိုးရွားတဲ့ အချိန်ဆို ပိုဆိုးပါတယ်။
လျှပ်စီးကူးမှုအပါအ၀င် မဖြစ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကားမောင်းမယ်ဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာ သာထားပါ။
ဖြစ်နိုင်ရင် ရေဒီယိုတောင် မဖွင့်သင့်ပါဘူး။

3️⃣ဘေးဘယ်ညာကို မျက်ခြေမပြတ်ပါစေနဲ့

👉ကားမောင်းရင်းနဲ့ ရှေ့ကိုသာမက နောက်ကြည့်မှန်ကနေရော ဘေးမှန်တွေကပါ ပါတ်၀န်းကျင်ကို အကဲခတ်နေပါ။
ဒါမှသာ ကိုယ်သွားနေတဲ့ လမ်းပေါ်မှာ ချိုင့်တွေ၊ သစ်ပင်လဲနေတာတွေ၊ ဓါတ်ကြိုးပြတ်ကြတာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

4️⃣ရှေ့မီးကြီးကို သုံးပါ

👉မိုးအရမ်းသည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးအတော်အသင့်ရွာနေတဲ့ အချိန်ပဲဖြစ်ဖြစ် ရှေ့မီးကြီးကို ဖွင့်ထားပါ။
ဒါမှသာ ကိုယ်တိုင်လည်း ရှေ့ကို သဲသဲကွဲကွဲမြင်နိုင်မှဖြစ်သလို၊ ရှေ့ကလာနေတဲ့ ကားကလည်း ကိုယ့်ကို မြင်နိုင်မှာပါ။

5️⃣ကပ်မလိုက်ပါနဲ့

👉ရှေ့ကားကို အရမ်းကြီးကပ်လိုက်တာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လမ်းကြောင့် ဖြစ်စေ၊အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ
မတော်တဆ ရှေ့ကကား တစ်ခုခုဖြစ်ပါက ကိုယ့်ကိုလဲ လာရောက်ထိခိုက်နိုင်တာကြောင့် ခပ်ခွာခွာသာလိုက်ပါ။

6️⃣အရှိန်မြှင့်မမောင်းပါနဲ့

👉မိုးရွာထဲမှာကားကို အရှိန်မြင့်မောင်းနှင်တာဟာ ကိုယ့် အန္တရာယ်ကိုယ်ဖိတ်ခေါ်နေတာပါ။
လမ်းကချော်နေတာကြောင့်ရော၊ မိုးတွင်းဆိုရင် ဘရိတ်တွေရဲ့ စွမ်းရည်တွေက ကျနေ တတ်တာကြောင့်ရော ရုတ်တရတ် ဘရိတ်အုပ်လိုက်ရင် အရှိန်မထိန်းနိုင်ဘဲ
မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

7️⃣ရေလျှံနေတဲ့ လမ်းတွေကို ရှောင်ပါ

👉ကိုယ်သွားချင်တဲ့နေရာကို တခြားလမ်းက သွားရင်ရောက်နိုင်ရဲ့သားနဲ့ ဖြတ်လမ်းလိုက်ပြီးတော့ ရေကြီးရေလျှံနေတဲ့ လမ်းတွေကို တတ်နိုင်သမျှ
မမောင်းပါနဲ့။ ကားအင်ဂျင်ထဲရေ၀င်တာ၊ ရေကြီးနေတဲ့အောက်က အချွန်အတက်တွေကြောင့် ကားဘော်ဒီ၊တာယာ တစ်ခုခုဖြစ်နိုင်တာ၊ မြေကျွံတာတွေအပြင်
ပါဝါစတီယာရင်ဂန်းနဲ့ မော်တာကို ကားအောက်ပိုင်မှာတပ်ဆင်ထားတဲ့ အချို့ မော်ဒယ်မြင့်ကားတွေ (ဥပမာ-Crown,Mark X) ဆို မော်တာထဲကို ရေ၀င်ပြီး
မလိုအပ်ဘဲ ငွေကုန်ကြေးကျများနိုင်ပါတယ်။

8️⃣လေကာမှန်တွေကို ရေငွေ့မရိုက်ပါစေနဲ့

👉ကားတွင်း အပူချိန်ကြောင့် လေကာမှန်တွေမှာ ရေငွေ့တွေရိုက်နေပြီဆိုရင် အဲကွန်းက လေထုတ်လမ်းကြောင်းကို လေကာမှန်ရှိရာသို့ပြောင်းပေးပြီး
ရေငွေ့ကို ပိုမြန်မြန်ဖယ်ရှားနိုင်ပါတယ်။ အဲကွန်းမနိုင်တဲ့ကားတွေဆို ရေငွေ့သုတ်ဖို့ ကားထဲမှာ သဘက်လို အ၀တ်တစ်ခုဆောင်ထားသင့်ပါတယ်။

9️⃣မိုးရေမတင်နိုင်တဲ့ ဆေးရည်ကို မှန်မှာ ဖြန်းထားပေးပါ

👉Rain Repellent လို့ခေါ်တဲ့ ကားမှန်ပေါ်ကို ရေမတင်အောင်ကာကွယ်နိုင်တဲ့ဆေးရည်လေးကို မှန်ပေါ်မှာ ဖြန်ထားမယ်ဆို ရေစက်တွေ အရမ်းတင်လို့ အပြင်ကို မမြင်ရတဲ့ ပြသနာကို အထိုက်အလျှောက် ပြေလည်စေပါလိမ့်မယ်။ ကားပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာ Rain Repellent ဆေးရည်ကို၀ယ်ယူလို့ရပါတယ်။

🔟ကြိုတင်ပြင်ဆင်ထားပါ

👉မိုးရာသီမှာ ညဘက် အနီးအနားဖြစ်စေ၊ ခရီးဝေးဖြစ်စေ မလွှဲမရှောင်သာသွားရတော့မယ်ဆို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါ။
မိုးကာအကျီ၊ လက်နှိပ်ဓါတ်မီး၊ အပိုဘီး၊ ဂျိုက်၊ ဂွ စတာတွေ အစုံအလင် ကားထဲမှာ ထားထားပါ။
ခရီးဝေးသွားရမယ်ဆို လမ်းခုလတ်မှာ မိမိဘာသာ မပြုပြင်နိုင်တဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းတာပဲဖြစ်စေ၊ အရေးပေါ်အခြေအနေကြုံလာတာပဲဖြစ်စေအကူအညီတောင်းလို့ရအောင် မိမိရဲ့လက် ကိုင်ဖုန်းကို အားပြည့်အောင်သွင်းထားပါ။


12/09/2023

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thel Thel Tone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share