နီကိုလတ် Insights in Action

နီကိုလတ် Insights in Action ဘဝနှင့် အလုပ်ခွင်မှ Insights များကို လက်တွေ့အသုံးချခြင်း

24/05/2025

The Genius of Perceived Abundance (An Essay)

At the dawn of civilization, a moment passed unnoticed but irrevocably changed the trajectory of human society. Two early humans, perhaps bloodied and desperate, fought over a single piece of meat. But then a third did something extraordinary. Instead of joining the scramble or retreating in fear, he said something astonishing: “There is enough for all of us—if we share, and if we hunt again.” This was not just the first step toward cooperation. It was the birth of an idea: perceived abundance.

The world, by default, runs on scarcity. Nature is stingy, survival brutal. For millennia, the logic was simple—if I don’t get it, you will, and that means I lose. Scarcity is instinctive. It is hardwired into us through competition for food, shelter, and mates. But that third human—the one who spoke of sharing and future hunts—was not acting on instinct. He was imagining a world that did not yet exist. He was inventing leadership.

From this seed grew the great leaps of civilization: trade, language, law, myth, and eventually markets and machines. Every advancement in human history can be traced back to this fundamental cognitive leap: creating a sense of more, where there is seemingly not enough. Trade, for instance, is not just economic—it is psychological. When ancient humans realized they could exchange excess grain for flint or salt, they were extending their reach beyond the limits of their geography. They were multiplying value through trust and imagination.

Even religion, in its earliest form, may be seen through this lens. When explanations ran out—when death, drought, or disease struck—humans invented mythologies. These were not lies; they were frameworks of perceived abundance. Gods, ancestors, and the afterlife served to fill the gaps of reason, courage, and time. If this life is not enough, then perhaps there is another one beyond. If we feel powerless, perhaps there is a protector watching over us. Across continents and cultures, this same pattern emerged: the invention of hope in a landscape of fear.

Leadership, then, is not about command or control. It is about vision—specifically, the ability to generate the feeling that there is more available than meets the eye: more time, more possibility, more solutions, more strength. Great generals rally demoralized troops not with statistics, but with stories. Great teachers convince failing students that their potential is not yet used up. Great entrepreneurs make a team believe that an unproven product is worth building. In each case, they are manufacturing perceived abundance.

Of course, this is not about delusion. Perceived abundance is not blind optimism. In fact, false abundance—when used manipulatively—can lead to bubbles, burnout, or betrayal. But the most sustainable forms of leadership are those grounded in both reality and imagination. They say: yes, we are constrained, but we can still move. We can grow, change, trade, delegate, and sacrifice—for a larger goal.

In modern organizations, however, scarcity mindset often creeps back in. It shows up as hoarding of authority, micromanagement, chronic fear of loss, or resistance to change. Scarcity mindset masquerades well. It wears the mask of “being careful” or “thinking long-term,” when in reality, it’s often short-sighted. It hides behind “risk management,” but really it’s about avoiding discomfort, eroding morale and creativity. It shows up in small ways: hoarding decision-making power, resisting change, trying to control everything. All of that feels like responsibility. It feels like discipline. But often, it’s just fear dressed up as caution. People become territorial, reactive, and small. The very traits that once helped our species survive become the same forces that keep teams stuck.

What breaks the cycle is not just policy or planning—it is a leader who knows how to flip the script. Sometimes, that means doing less. Saying no to distractions by being fully aware of strategic tradeoffs. Delegating decisively. Investing in people. Painting a clear picture of the "why" before the "how." Every act of leadership, in essence, is an act of reframing so that perceived abundance is created. Whenever someone takes charge of a classroom, a company, or an organization, they are not just assigning tasks. They are increasing the perceived abundance of clarity, courage, care, or resources.

In this light, leadership is not just management. It is the disciplined, courageous, and often creative act of transforming what is into what could be—not through illusion, but through possibility. And in times when the world feels tight, tense, and uncertain, it may be the most revolutionary act of all.

မပြေးတတ်ဘဲ ပြေးနေတဲ့ ကျွန်တော်နှင့် လယ်ထွန်စက်ကြီးကို အမြန်လမ်းပေါ်တက်မောင်းခြင်း အမှတ်တရတစ်သက်လုံး ဘောလုံးကန်လာတဲ့ ကျွန...
08/03/2025

မပြေးတတ်ဘဲ ပြေးနေတဲ့ ကျွန်တော်နှင့် လယ်ထွန်စက်ကြီးကို အမြန်လမ်းပေါ်တက်မောင်းခြင်း အမှတ်တရ

တစ်သက်လုံး ဘောလုံးကန်လာတဲ့ ကျွန်တော်၊ ကောလိပ်မှာလည်း မီတာ ၁၀၀ - ၂၀၀ ပြိုင်ပွဲဝင် အမြန်ပြေးသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ကမ်းခြေလို အေးဆေးအနားယူရမယ့် နေရာရောက်ရင်လည်း 5 km လောက် ညနေတိုင်း အေးဆေးပြေးလာတဲ့ သူဆိုတော့ ပြေးတာဘာဆန်းလဲပေါ့။ ငါလည်း တစ်သက်လုံးပြေးလာတာပဲ ပြေးလိုက်ရင် ပြေးဖြစ်သွားတာပဲ ထင်ခဲ့တာပါ။ ကြာကြာပြေးရင် ဝေးဝေးရောက်ပြီး၊ လေ့ကျင့်ဖန်များရင် ပိုမြန်ပိုအမောခံနိုင်တဲ့ အပြေးသမားတစ်ယောက်ဖြစ်လာမှာလို့ ထင်ထားခဲ့တယ်။ ကျွန်တော်မှားသွားခဲ့တယ်။ တကယ်က ကျွန်တော်က တာတိုပဲ ပြေးတတ်တာ ဖြစ်နေခဲ့တယ်။ ကျွန်တော် အခုထိ တာဝေးကို သေချာမပြေးတတ်သေးဘူး။

ကျွန်တော် တာဝေးပြေးတာကို စလေ့ကျင့်မယ်လို့ လွန်ခဲ့တဲ့ တစ်လက ဆုံးဖြတ်ပြီး ပြေးစက်ပေါ်စတက်ခဲ့တယ်။ 5 km ကို 27 Mins လောက်နဲ့ ပြေးနိုင်တာ အားတွေရနေခဲ့တယ်။ 10 km ကို 57 Mins နဲ့ ပြေးနိုင်တော့လည်း ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေခဲ့တယ်။ ဒီအတိုင်းဆက်သွားရင် ငါလည်း မကြာဘူး 16k, 21k တွေကို အေးဆေး ပြေးနိုင်တော့မယ်ထင်နေခဲ့ပါတယ်။ ခက်တာက ကျွန်တော် ပြေးခဲ့သမျှ 3 km အထက် အကွာအဝေးတွေမှာ ကျွန်တော့် Heart Rate က Average 155 - 158 bpm လောက်ဖြစ်နေခဲ့တယ်။ အသားကုန်စွတ်ပြေးလိုက်လို့ 177 bpm လောက်ထိတက်သွားလိုက်၊ နည်းနည်းပြန်နှေးလိုက် 150 bpm လောက်ပြန်ဆင်းလာပြီး ပြေးလိုက်နဲ့ လုပ်နေခဲ့တာပါ။ တကယ်က ကျွန်တော်က ကိုယ့်ကိုယ်ကို အမောခံနိုင်တယ်လို့ ထင်ထားတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တာတိုသမားတွေက Lactate Threshold မြင့်တာဖြစ်တယ်။ တာတိုမှာ high speed ပြေးလို့ ဖြစ်လာတဲ့ Lactic Acid build-up ကို သာမန်လူထက် ခံနိုင်စွမ်းရှိတဲ့ အတွက် အမြန်ပြေးလိုက်၊ ခပ်မြန်မြန် recover ဖြစ်လိုက်၊ ထပ်ပြေးလိုက်နဲ့ သွားနေခဲ့တာဖြစ်တယ်။ ဘာနဲ့တူလဲဆိုတော့ လယ်ထွန်စက်ကြီးကို high speed နဲ့ အမြန်လမ်းပေါ်တက်မောင်းနေသလိုပါပဲ။ မြန်သလားဆိုတော့ မြန်တယ်၊ ကြာကြာမောင်းလို့ရလား ဆိုတော့ မရဘူး၊ ဝေးဝေးရောက်ဖို့ ခက်တယ်၊ ခဏလေးနဲ့ heat တက်လာပြီး အရှိန်ပြန်လျှော့ရတယ်။

တာဝေးဘယ်လိုပြေးရမလဲ၊ ဘယ်လိုလေ့ကျင့်ရမလဲဆိုကို သေချာရှင်းပြထားတဲ့ Youtube Video တွေအများကြီးရှိပါတယ်။ ဒါတွေကို လေ့လာပြီး ကျွန်တော်လည်း ဒီစာကို ရေးခြင်းဖြစ်ပါတယ်။ ပြောချင်တာကတော့ အရမ်းကြီး ထူးခြားနက်နဲတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ insightful ဖြစ်တယ်၊ သာမန်လူတွေ ပြောပြဆွေးနွေးခြင်း သိပ်မလုပ်နေလို့ လမ်းမှားလိုက်နေတဲ့ လူတွေများနေတယ်လို့ ယူဆလို့ ဆွေးနွေးပေးချင်စိတ်ပေါ်လာတာဖြစ်တယ်။ ကျွန်တော်တို့ ခန္ဓကိုယ်မှာ ခွန်အားကို အသုံးပြုတော့မယ်ဆိုရင် ၂ နည်းရှိပါတယ်။ Aerobic and Anaerobic Systems ဆိုပြီး System ၂ ခုရှိပါတယ်။ Anaerobic ဆိုတာ Oxygen မပါဘဲ ခွန်အားတွေကို ထုတ်သုံးတာပါ၊ သူက မြန်တယ်၊ ပေါက်ကွဲအားကောင်းတယ်၊ ရေရှည်တော့ ထိန်းမထားနိုင်ဘူး။ တာတို အပြေးသမားတွေ၊ ဘောလုံးသမားတွေ၊ Basketball သမားတွေဟာ Anaerobic System အားကောင်းကြပါတယ်။ Anaerobic System အလုပ်လုပ်တာဟာ Heart Rate နှုန်းနဲ့ပြောရရင် မိမိရဲ့ Maximum Heart Rate ရဲ့ 80% - 90% (Zone 4) နဲ့ 90% - 100% (Zone 5) မှာ ရှိပါတယ်။ Aerobic System ကတော့ Maximum Hear Rate ရဲ့ 50% - 60% (Zone 1), 60% - 70% (Zone 2), and 70% - 80% (Zone 3) မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ သာမန်လူတွေထင်နေတာက တာဝေးအပြေးသမားတွေဟာ တော်တော်မြင့်တဲ့ Speed (ထားပါတော့ 14 - 15 km/hr) ကို နာရီနဲ့ချီပြီးပြေးနိုင်တာဟာ မောနေတဲ့ အမောကို ခံနိုင်လို့လို့ထင်နေခဲ့ပါတယ်။ သူတို့ Heart Rate က အဲလောက်မြန်မြန်ပြေးနေတဲ့ အချိန်မှာ ဘယ်လောက်ရှိမလဲ ကျွန်တော်သေချာမစဥ်းစားမိခဲ့ဘူး။ တကယ်ကတော့ Marathon ကို 3 Hrs အောက် ပြေးနိုင်တဲ့ ကမ္ဘာအမြန်ဆုံး အပြေးသမားတွေဟာ အဲလောက်မြန်တဲ့ Speed နဲ့ ပြေးနေတဲ့အချိန်မှာ အမောခံနိုင်တယ်ဆိုတာထက် မမောဘူးလို့ ပြောရင် ပိုမှန်ပါမယ်။ သူတို့ရဲ့ Heart Rate ကို Zone 2 လောက်မှာပဲ ထိန်းထားပြီး ပြေးနေကြတာပါ။

ဒီနေရာမှာ အပေါ်က ပြောခဲ့တဲ့ Analogy က ပြန်အသက်ဝင်လာပါတယ်။ ကမ္ဘာ့အဆင့် တာဝေးအပြေးသမားတွေက အမြန်လမ်းပေါ်မှာ ပြိုင်ကားနဲ့ မောင်းနေကြတာဖြစ်ပါတယ်။ ကီလို ၆၀ - ၈၀ ဆိုတာ သူတို့အတွက်မမြန်ပါဘူး၊ လယ်ထွန်စက်အတွက်တော့ အရမ်းမြန်ပါတယ်။ အဲတော့ ကျွန်တော်တို့လို လယ်ထွန်စက်ကြီးမောင်းနေရတဲ့ လူတွေက ဘယ်လိုများ တာဝေးပြေးဖို့ ပြိုင်ကားဖြစ်လာအောင် လေ့ကျင့်ရမှာလဲဆိုတာမေးစရာဖြစ်လာတယ်။ အမေးရှိသလို အဖြေလည်း ရှိပါတယ်။ အသေးစိတ် Biomedical Science နဲ့ ပြောမယ်ဆိုရင် အများကြီးရှုပ်ထွေးပါတယ်။ ဒါက အလွယ်သာမန်လူတွေနားလည်အောင်ပြောတာပါ။ ကျွန်တော်တို့ ကြွက်သားတွေထဲမှာ သိုလှောင်ထားတဲ့ အဆီ၊ Carbohydrates နဲ့ တခြားလောင်စာတွေကို ခွန်အားတွေအဖြစ်ပြောင်းလဲပေးတဲ့ Engine ပိစိကွေးလေးတွေရှိပါတယ်။ သူတို့ကို Mitochondria လို့ခေါ်ပါတယ်။ သူတို့မှာ ကိုယ်ပိုင် DNA လေးတွေပါပြီး တကယ်ကတော့ လွန်ခဲ့တဲ့ Billions of Years တုန်းက သူတို့ဟာ သီးသန့်နေတဲ့ Prokaryotes လေးတွေဖြစ်ခဲ့ပါတယ်။ အခုတော့ သူတို့က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာနေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ရှိတဲ့ Mitochondria Density မတူကြပါဘူး။ တာတိုသမားတွေဟာ Mitochondria Density နည်းလေ့ရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ Mitochondria အရေအတွက်တိုးပွားမှုကို လှုံ့ဆော်တာက Aerobic Training လုပ်မှ အများဆုံးဖြစ်လို့ပါ။ ဒီ့အပြင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က Mitochondria တွေကို မထုတ်လုပ်နိုင်ပါဘူး၊ မမွေးခင် မိခင်ဆီက ရလာတဲ့ Mitochondria တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သူတို့ဘာသာ Self-Replicate လုပ်ကြတဲ့ နည်းနဲ့ပဲ တိုးပွားတာဖြစ်ပါတယ်။ အဲတော့ ဘာတွေဘယ်လိုလုပ်ရင် Mitochondria တွေမြန်မြန်တိုးပွားမလဲ?

Aerobic Training, Intermittent Fasting, Cold Exposure, and Strength Training တွေဟာ အကြမ်ဖျင်းအားဖြင့် Mitochondria တွေထပ်မံတိုးပွားမှုကို အားပေးပါတယ်။ အဲထဲကမှ တာဝေးအပြေးသမားတွေဟာ တာဝေးကို ကောင်းကောင်းပြေးနိုင်ဖို့ Training ရဲ့ 80% ကို Zone 2 မှာ ပြေးပြီး၊ 20% ကို Zone 4 - 5 မှာပြေးရမယ်ဆိုတဲ့ Training Theory တစ်ခုကို ကမ္ဘာ့အဆင့် အပြေးသမားတွေနဲ့ တခြား Endurance Athlete တွေကျင့်သုံးကြပါတယ်။ အသက် ၃၇ နှစ်ရှိပြီးဖြစ်တဲ့ ကျွန်တော့်အတွက် Zone 2 Heart Rate က 130 - 145 bpm လောက်ရှိပါတယ်။ ခက်တာက ကျွန်တော် Zone 2 မှာပြေးမယ်လုပ်တော့ 7 - 8.5 km/hr လောက်ကိုပဲ ပြေးနိုင်ပါတယ်။ ​9 km/hr လောက်တင်လိုက်ရင်ပဲ 145 bpm ကို စကျော်လာပါတယ်။ ရုတ်တရက် အရမ်းနှေးသလိုခံစားရပါတယ်၊ ကိုယ့်ကိုယ်ကိုလည်း ငါဒီလောက်ပဲ ပြေးနိုင်တာလားလို့ သံသယတွေဝင်လာပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ Sceintific Theory ကို ယုံယုံကြည်ကြည်လိုက်နာဖို့လိုပါတယ်။ တစ်ပတ်မှာ ၃ - ၄ ကြိမ်လောက် Zone 2 Run လုပ်ပြီး ၁ ကြိမ် Zone 4 - 5 High Speed Internval Run လုပ်ခြင်းဟာ ၃ လလောက်မှာ ကျွန်တော့်တို့ရဲ့ Zone 2 Speed ကို သိသိသာသာတိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။ မကြာခင်အချိန်မှာ အရင် Zone 3 - 4 နဲ့ ပြေးခဲ့ရတဲ့ Speed ကို Zone 2 နဲ့ ပြေးနိုင်ဖို့က အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ Zone 3 ကို ဘာလို့ ကျော်သွားကြတာလဲ မေးရင်တော့ Zone 3 က Aerobic တော့ဖြစ်တယ်၊ ကြွက်သားတွေနဲ့ အရိုးအကြောတွေကို ပင်ပန်းစေတယ် (Latate Threshold 2 ကိုကျော်သွားလို့ဖြစ်တယ် to be technical)၊ နေ့စဥ်ရက်ဆက်လုပ်ဖို့ မသင့်တော်ဘူးလို့ ယူဆလို့ဖြစ်ပါတယ်။

ဖြေးဖြေးခပ်သာသာလေး Zone 2 မှာ ပြေးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ တစ်ခါပြေးပြီးတိုင်း ခြေလက်မသယ်ချင်လောက်အောင် ပင်ပန်းပြီး၊ ကိုင်ရိုက်ထားသလိုနာတာမျိုးတွေ မရှိတော့ဘူး။ တစ်ပါတ်ကို အနည်းဆုံး ၄ ရက်လောက် 10k အထက် ပြေးဖြစ်လာတယ်။​ ပြေးရတာကြီးက မတရားအားစိုက်ထုတ်ရတာမျိုးမဟုတ်တော့ဘူး။ အသက်ရှူရတာပိုကောင်းလာတယ်၊ စိတ်ကြည်လင်တည်ငြိမ်လာတယ်။ ဘယ်သူနဲ့မှ ငါပြိုင်နေတာ မဟုတ်ဘူး၊ ငါနဲ့ ငါပဲ ပြိုင်နေတာဆိုတဲ့ စိတ်ကို ပိုသွင်းဖြစ်လာတယ်။ ဒီ့အပြင် တာဝေးအရမ်းပြေးနိုင်လာရင် တစ်ချိန်ကြ ကမ္ဘာကြီးကို ခရီးထွက်ပြီး Forrest Gump လို တာဝေးပြေးရင်း လည်ပတ်ကြည့်ရှုချင်စိတ်တွေပေါ်လာတယ်။ ကျွန်တော်ပြေးရင် ၁၉၇၀ - ၁၉၈၀ လောက်က နာမည်ကြီးသီချင်းတွေကို ဖွင့်ပြီး ပြေးလေ့ရှိတယ်။ လောစရာမလိုဘူး မှန်အောင်ပြေးဖို့ပဲလိုတယ်၊ အချိန်တန်ရင် ရောက်သွားမှာပေါ့ဆိုတဲ့ စိတ်ဖြစ်ပေါ်လာတယ်။ ဒီအချက်က ကျွန်တော့်အတွက်တော့ အကျိုးရှိတယ်၊​ အရင်ကဆို အရမ်းလော၊ အရမ်းပူပန်တတ်တဲ့ စိတ်ကို နည်းနည်းစလျှော့နိုင်လာတယ်။ ပြေးတဲ့ အကြောင်းပြောချင်တာကတော့ ဒါပါပဲ။ မပြေးတတ်ပြေးတတ်နဲ့ ပြေးတတ်တဲ့အထိ ဆက်ပြေးလိုက်ပါဦးမယ်။

“To run fast, you have to slow down.”
- Dr. Phil Maffetone

ဘာကြောင့်ပြေးရမှာလဲ၊ ဘယ်လိုပြေးမလဲနဲ့ ဘယ်လောက်ဝေးဝေးပြေးကြမလဲ�ကမ္ဘာပေါ်မှာ အမြန်ဆုံးပြေးနိုင်တဲ့ ကုန်းနေသတ္တဝါကို သင်သိပ...
26/02/2025

ဘာကြောင့်ပြေးရမှာလဲ၊ ဘယ်လိုပြေးမလဲနဲ့ ဘယ်လောက်ဝေးဝေးပြေးကြမလဲ�
ကမ္ဘာပေါ်မှာ အမြန်ဆုံးပြေးနိုင်တဲ့ ကုန်းနေသတ္တဝါကို သင်သိပါသလား?

လူတော်တော်များများကတော့ Cheetah ကျားသစ်လို့ ပြောကြမှာပါ။ သူက 70 miles/hr နဲ့ ပြေးနိုင်တဲ့ ကမ္ဘာအမြန်ဆုံး ကုန်းနေသတ္တဝါပါပဲ။ ဒါပေမယ့် ဒီမေးခွန်းက မပြည့်စုံဘူး ဖြစ်နေတယ်။ ဘယ်လောက် ဝေးဝေးပြေးရမှာလဲ၊ ရာသီဥတုအခြေအနေက ဘယ်လိုရှိတာလဲနဲ့ ဘယ်လိုမြေပြင်အနေအထားမှာ ပြေးရမှာလဲ ဆိုတာ မေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Cheetah ကျားသစ်ဟာ သူ့ရဲ့ ကြောက်မက်ဖွယ် 70 miles/hr ပြေးနှုန်းကို အများအားဖြင့် 100 - 150 meters လောက်ပဲ ထိန်းထားနိုင်ပါတယ်။ သူဟာ ကမ္ဘာအမြန်ဆုံး တာတိုအပြေးသမားပါ။ တာလတ်ပြေးသမားတွေထဲမှာဆိုရင် African Wild Dogs တွေဟာ 5 - 10 km လောက်ကို 35 miles/hr လောက်နဲ့ ထိန်းပြီး အမြန်ဆုံးပြေးနိုင်ကြပါတယ်။ အဲလောက်က မမြန်ဘူးလို့ ထင်ရင်တော့၊ ကမ္ဘာ့အမြန်ဆုံး တာတိုအပြေးသမား လူသားဖြစ်တဲ့ Usain Bolt ဟာ 27.8 miles/hr ကို 100 meters လောက်ပဲထိန်းထားနိုင်ပါတယ်။ 35 miles/hr for 5 - 10 km ဆိုတာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ပါတယ်။ အဲနည်းနဲ့ပဲ African Wild Dogs တွေဟာ သူတို့ရဲ့ သားကောင်တွေကို အမောဆို့ပစ်လဲကျပြီး သေတဲ့အထိ နောက်ကနေ တကောက်ကောက်လိုက်ကြပါတယ်။ အဲထက်ပိုဝေးတဲ့ အကွာအဝေးမှာတော့ မြင်းတွေနဲ့ ကုလားအုပ်တွေရှိပါတယ်။ မြင်းထဲမှာမှ ထူးထူးခြားခြားမြန်တာကတော့ Arabian Horse တွေပါ။ မြင်းတွေဟာ 15 - 19 miles/hr speed ကို 80 - 160 km အထိ ထိန်းထားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် မြင်းတော်တော်များများဟာ အပူဒဏ်ကို မခံနိုင်ကြပါဘူး။ အပူဒဏ်ကို ခံနိုင်တဲ့ Arabian Horse ကတော့ တာဝေးပြေးနိုင်စွမ်းအရှိဆုံးမြင်းပါ။​ သူ့ထက် အပူဒဏ်ခံနိုင်တာကတော့ ကုလားအုပ်တွေရှိပါတယ်။ သူတို့ကတော့ သဲကန္တာရထဲမှာ ပြေးတာကို အဓိကအားသာကြတာပါ။ တကယ်တမ်းက ကမ္ဘာပေါ်မှာ Ultra-long Distance ကို အမြန်ဆုံးပြေးနိုင်တဲ့ ကုန်းနေသတ္တဝါက လူတွေပါ။

လူတွေက အင်မတန်ရှည်လျားတဲ့ အကွာအဝေးတွေဖြစ်တဲ့ 80+ km တွေမှာ တခြားတိရစ္ဆာန်တွေထက် အပူဒဏ်ကို ပိုခံနိုင်တယ်။ ရေနဲ့ အစာနည်းနည်းနဲ့ efficiently ပြေးနိုင်တယ်။ ဒီ့အပြင် လူတွေရဲ့ Bipedalism လို့ခေါ်တဲ့ ခြေနှစ်ချောင်းပေါ်ပြေးနိုင်ခြင်းဟာ ရှည်လျားပြီး တောတောင်ထူထပ်တဲ့ မြေပြင်မှာ အင်မတန် ပြေးနိုင်တာဖြစ်တယ်။ ကမ္ဘာ့ပထမဆုံးလူသားတွေဟာ ဘာလက်နက်ကိရိယာမှ မတီထွင်နိုင်သေးခင်မှာ African Wild Dog တွေ သုံးတဲ့ နည်းအတိုင်းပဲ တခြားတိရစ္ဆာန်တွေနောက်ကနေ အုပ်စုလိုက် လိုက်ပြီး သူတို့ အမောဆို့ပြီး လဲကျသေတဲ့ အထိ ဇွဲကောင်းကောင်းနဲ့ လိုက်တဲ့နည်းကို သုံးကြတာပါ။ အခုထိလဲ Kalahari Desert ထဲက ဒေသခံလူတွေဟာ ဒီနည်းလမ်းကို သုံးနေဆဲပါ။ ဒီနေရာမှာ လူသားတွေလို့ ပြောတော့ လူတိုင်းကို ပြောတာမဟုတ်ပါဘူး၊ အဲလိုပြေးနိုင်ဖို့ ငယ်ငယ်ထဲက လေ့ကျင့်သားဝနေတဲ့ လူသားတွေကို ပြောတာပါ။ ရာသီဥတုပူပြင်းပြီး မြေမညီလေ လူသားတွေဟာ 80+ km distance တွေမှာ မြင်းတွေရော တခြားတိရစ္ဆာန်တွေရောထက် ပိုမြန်အောင် ပြေးနိုင်စွမ်းရှိလေ ဖြစ်ကြပါတယ်။ လက်တွေ့အနေနဲ့ Mexico မြောက်ပိုင်းက Tarahumara (သို့) Rara’muri လို့ခေါ်တဲ့ လူမျိုးစုတစ်ခုရှိပါတယ်။ သူတို့ဟာ 48 hours အတွင်း 300+ km (200 miles) အထိပြေးနိုင်ကြပါတယ်။ မြင်းတွေထက် ကြမ်းပါတယ်။ သူတို့မှာ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာရောဂါတွေဆိုတာ ကြားတောင်မကြားဖူးဘူး။ သာမန်သူလိုငါလို တစ်နေ့ ၈ နာရီလောက်က ခုံပေါ်ထိုင်နေတဲ့ လူတွေကတော့ သူတို့လို ပြေးနိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုပါ။ သို့သော် ပြောချင်တာကတော့ ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ Long Distance Running အတွက် Evolution ရဲ့ အကောင်းဆုံး Design တစ်ခုဆိုတာကို ထောက်ပြတာပါ။

ဘာကြောင့်ပြေးရမှာလဲဆိုရင်၊ ဒါကြောင့် လူတိုင်းပြေးသင့်တယ်။ ဘယ်လောက်ပဲ ကိုယ့် Fitness က အခြေအနေဆိုးနေပါစေ ခပ်သာသာနဲ့ ကိုယ်နိုင်သလောက်လေး ပြေးသင့်တယ်။ ပြေးတဲ့ နေရာမှာ relaxed ဖြစ်ရမယ်၊ ခပ်သာသာနဲ့ အေးဆေးသွားနိုင်တဲ့ speed တစ်ခုကို တတ်နိုင်သမျှအချိန်ကြာကြာဆွဲဆန့်ပြီး ပြေးနိုင်ဖို့ လေ့ကျင့်ရတာဖြစ်တယ်။ ဒီနေ့ ၅ မိနစ် - ၁၀ မိနစ်လောက်ပြေးရာကနေ တစ်ပတ် ၅ ရက်သာပြေးကြည့် ၁ လအတွင်း နာရီဝက်လောက် ဆက်တိုက်ပြေးနိုင်လာလိမ့်မယ်။ ၆ လ အတွင်း 10 km ကို ရောက်လာလိမ့်မယ်။ ဘယ်လောက်မြန်မြန်ပြေးနိုင်သလဲကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အစပိုင်းမှာ အကွာအဝေးရအောင်သာ ကြိုးစားကြည့်ပါ။ အရမ်းမြန်အောင် မပြေးခြင်းက ဒဏ်ရာရနိုင်ခြေကိုလည်း လျှော့ချရာကျပါတယ်။

ဘယ်လိုပြေးကြမလဲဆိုရင်၊ ပြေးဖို့အတွက် Music က အရေးပါပါတယ်။ ဟိုးရှေးခေတ်က လူတွေကတော့ Music မရှိဘဲ ပြေးနိုင်ခဲ့ကြပေမယ့် Modern Runners တွေကတော့ Music လေးနဲ့မှ အဆင်ပြေပါတယ်။ ကိုယ့်အတွက် ပြေးရတာ အဆင်ပြေတဲ့ Playlist တည်ဆောက်လိုက်ပြီး အဲထဲက Beat နဲ့ ခပ်သာသာ လိုက်သွားခြင်းက ကျွန်တော်တို့ ပတ်လည်က ရှုနာရှိုက်ကုန်း လူတွေကိုအမြန်ဆုံးနည်းနဲ့ Runners တွေဖြစ်လာစေမယ်လို့ ထင်ပါတယ်။ အရမ်းထူတဲ့ ဖိနပ်၊ အရမ်းပါးလွန်းတဲ့ ဖိနပ်တွေရှောင်ပါ။ တချို့က အပြင်မှာ ပြေးရတာကြိုက်တယ်။ ကျွန်တော်ကတော့ Gym က ပြေးစက်ကိုကြိုက်တယ်။ အပြင်မှာ ကားတွေ၊ မီးခိုးတွေ၊ လူတွေနဲ့ ရှုပ်နေလို့ အေးဆေးပြေးလို့ရတဲ့ ပြေးစက်ကောင်းကောင်းပဲ ရှာပြေးတယ်။

မပြေးခင် ကိုယ်ပြေးမယ့် ဖြစ်နိုင်ခြေရှိတဲ့ Distance ကို ရည်ရွယ်ချက်ထားပြီး ပြေးပါ။ ပြေးနေရင်းနဲ့ ကိုယ့်စိတ်ကို အပြောင်းမခံပါနဲ့။ ပြင်းထန်တဲ့ နာကျင်မှုနဲ့ ဝေဒနာတစ်ခုခုရှိလာရင်တော့ ချွင်းချက်ပေါ့။ မဟုတ်ရင်တော့ သာမန် မောတာ၊ ယားတာ၊ တောင့်တာ၊ လေးတာတွေ အကုန်လုံးက စိတ်ပဲ။ ပြေးမယ်ဆိုတဲ့ ရည်မှန်းချက်ထားတဲ့ Distance ကို ရောက်အောင်သာပြေးမယ်လို့ စိတ်ကို ဆုံးဖြတ်ထားပါ။ မဖြစ်နိုင်တဲ့၊ ကိုယ့်ကို ဒဏ်ဖြစ်စေနိုင်တဲ့ Distance တွေကိုလည်း သွားပြီး မမှန်းနဲ့ပေါ့လေ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်စမ်းသပ်ဖို့လိုတယ်။ ကျွန်တော်ကတော့ ဘောလုံးအမြဲကန်တဲ့လူဖြစ်လို့ တစ်ခါမှ 10 km မပြေးဖူးရာကနေ ၂ ပတ်အတွင်း 10 km ကို ၁ နာရီအောက်နဲ့ ရောက်သွားတယ်။ နောက်ထပ် 12 km, 14 km, 16 km, 18 km, 21 km ဆိုတဲ့ အဆင့်တွေကို တစ်ဆင့်ချင်းတက်သွားမှာဖြစ်တယ်။ လောစရာမရှိဘူး၊ မှန်မှန်နဲ့ တစ်ပတ်မှာ အနည်းဆုံး ၃ ရက်ပြေးရမယ်။​ ဖြစ်နိုင်ရင် ၅ ရက်ပြေးမယ် စဥ်းစားထားတယ်။ ၂ ရက်က ခပ်သာသာပြေးမယ့်နေ့တွေ 10 - 12 km လောက်ပဲ၊ ၂ ရက်က Recovery Days 5 - 7 km လောက်ပဲ ခပ်ဖြေးဖြေးပဲ၊ တစ်ရက်ကတော့ New Target တွေကို စမ်းသပ်ပြီး ရောက်အောင်ကြိုးစားမယ့် ရက်ဖြစ်တယ်။

ကဲ ဒီလောက်ပါပဲ။ လူတိုင်းပြေးနိုင်ရင် ပြေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ခင်ဗျားတို့ကို အရမ်းစွမ်းတဲ့ ဆေးတစ်ခုရှိတယ်၊ တစ်ပတ် ၃/၄ ကြိမ်သောက်ရုံနဲ့ ရောဂါတော်တော်များများကို ကာကွယ်နိုင်မယ်၊ သက်လုံ...
26/02/2025

ခင်ဗျားတို့ကို အရမ်းစွမ်းတဲ့ ဆေးတစ်ခုရှိတယ်၊ တစ်ပတ် ၃/၄ ကြိမ်သောက်ရုံနဲ့ ရောဂါတော်တော်များများကို ကာကွယ်နိုင်မယ်၊ သက်လုံကောင်းမယ်၊ နုပျိုမယ်၊ အရိုးတွေသန်မာမယ်၊ နောက်ဆုံး စိတ်ထဲမှာပါ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကောင်းမယ်ဆို သောက်ကြမလား?

ဒီဆေးက ရောဂါကာကွယ်တာ ဘယ်လောက်စွမ်းသလဲဆိုရင် ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကိုလက်စထရောမြင့်တာက အစ၊ ကင်ဆာဖြစ်နိုင်ခြေကိုပါ ဆွဲချပစ်နိုင်တာတွေ့ရတယ်။ အသားအရည်လှစေတယ်၊ ကိုယ်ခံအားကောင်းလာလို့ တော်ရုံတောင်မဖျားတော့ဘူး၊ နောက်ဆုံးအသက်ကြီးရင် ဖြစ်တဲ့ Dementia တို့ Alzheimer’s တို့ပါ ဖြစ်နိုင်ခြေအရမ်းနည်းသွားနိုင်တယ်။ တကယ့် မှော်ဝင်တဲ့ ဆေးဆို သောက်မယ်မလား?

အဲဒါက ဘာမှ ထူးထူးဆန်းဆန်းဆေးမဟုတ်ဘူး၊ Aerobic Exercise ပဲ။ Aerobic Exercise ဆိုတာ အသက်ပုံမှန်ရှူပြီး အချိန်တစ်ခုကြာအောင်လုပ်ရတဲ့ မောပန်းတဲ့ အားကစားတိုင်းကို ဆိုလိုတာဖြစ်တယ်။ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ဘောင်ဆင်ထိုးတာ၊ ကြိုးခုန်တာ၊ ဘောလုံးကန်တာ ကြိုက်တာလုပ်လို့ရတယ်၊ မောရမယ် အချိန် အတိုင်းအတာတစ်ခုအထိကြာရမယ်။

အလွယ်ဆုံးကတော့ ပြေးတာပေါ့။ လောလောဆယ်မှာ ကျွန်တော်ရွေးပြီးလုပ်ဖြစ်တာကလည်း ပြေးတာဖြစ်တယ်။ အရင်ထဲက ဘောလုံးကန်တဲ့ ဘောသမားတစ်ယောက်ဖြစ်လို့ ပြေးတာကတော့ ဘာမှမဆန်းပါဘူး။ ဒါပေမယ့် ထူးခြားတာလေးတွေတော့ ပြောပြချင်ပါတယ်။ ဘောကန်တာက အားကုန်ပြေးလိုက် နားလိုက်နဲ့ သွားတာဖြစ်လို့ interval training ပုံစံမျိုးပိုပေါက်တယ်။ တကယ်ပြင်းပြင်းထန်တန် ၁ နာရီခွဲလောက်မကန်ရင်ထိရောက်မှုက နည်းလာတာကို ကိုယ့်ဘာသာသတိထားမိလာတယ်။ ကန်တာလည်း ကြာလာတော့ အထာနပ်လာရင် သိပ်မပင်ပန်းတော့ပြန်ဘူး။

အခု တာလတ်/တာဝေး 5 - 16 km ကို ပြေးဖို့ training ဆင်းနေတာပါ။ တဖြည်းဖြည်းတော့ 21 km အထိပြေးနိုင်အောင်လေ့ကျင့်ဖို့ရှိပါတယ်။ တာဝေးပြေးတာက ကျွန်တော့်အတွက်တော့ ဘောလုံးကန်တာထက် ပိုပင်ပန်းစေတာတွေ့ရတယ်။ ကျွန်တော်တို့ ဘောလုံး ၂ နာရီကန်လည်း ပင်ပန်းရင်ပင်ပန်းမယ်၊ ခြေပစ်လက်ပစ် ခြေကုန်လက်ပန်းကျလောက်အောင်တော့ မပင်ပန်းဘူး။ ၂ နာရီလောက် ဆက်တိုက်ကန်ရတာလည်း အခွင့်အရေးက မရတာကြာပြီ။ ကွင်းတွေမှာက လူတွေကများ၊ လူမရှိရင် တစ်ကောင်မှ ခေါ်မရဘဲ လူများတဲ့နေ့မှ စုပြုံကန်ချင်တဲ့ တေချင်းဆိုးတွေကလည်းများ ဆိုတော့ ကြာတော့ စိတ်ပျက်စရာဖြစ်လာတယ်။

ပြေးတာကြတော့ ဘယ်သူတောင်းစားမှ ပတ်ခေါ်နေစရာမလိုဘူး။ ကိုယ်ပြေးချင်တဲ့ အချိန် ဖိိနပ်စီးပြီး သီချင်းလေးဖွင့်ပြီး ပြေးပဲ။ စိတ်ချမ်းသာတယ်။ တစ်သက်လုံးက တာတိုအမြန်ပြေးပဲ ပြေးခဲ့တဲ့လူဆိုတော့ အစပိုင်းမှာ ခပ်သာသာလေးနဲ့ အဝေးကြီးပြေးရတာကို မပြေးတတ်ဖြစ်နေခဲ့တယ်။ တဖြေးဖြေးနဲ့လေ့ကျင့်ခဲ့တာ အခုဆို ၃ ပတ်အတွင်း အရင် 5 km လောက်ပဲ ပြေးနိုင်ရာကနေ 12 km အထိတော့ ရောက်လာခဲ့ပြီ။ အဓိကက ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ အရှိန်တစ်ခုကို နာရီနဲ့ ချီပြီး ထိန်းပြေးရတာမျိုးဖြစ်တယ်။

အစပိုင်းက ခက်တယ်၊ သွေးမပူခင် ပထမ 1 - 4 km လောက်မှာ ခန္ဓာကိုယ်က မပြေးချင်ဘူး၊ ခြေထောက်တွေတောင့်တယ်၊ မောသလိုလို တကိုယ်လုံးယားသလိုလို ဘာတွေမှန်းမသိပေါက်ကရပေါင်းစုံဖြစ်ပြပြီး ဆန္ဒပြလေ့ရှိတယ်။ ဒါကို လစ်လျူရှုပြီး မရရအောင် ကိုယ့်ဘာသာတွန်းပြီး ဆက်ပြေးရင် 4 km အကျော်လောက်မှာ ချွေးတွေအရမ်းထွက်လာပြီး ခြေလှမ်းတွေမှန်လာမယ်။ 4 - 8 km လောက်ကကြတော့ တစ်မျိုးခက်တယ်၊ ငါနှေးများနေလားမသိဘူးဆိုပြီး အရှိန်တွေတင်လိုက်၊ မောလာလို့ ပြန်လျှော့လိုက်၊ သောက်ရေးထဲ​ သီချင်းက ထစ်ထစ်သွားလို့ ပြေးရတာ အနှောင့်အယှက်ဖြစ်လိုက်နဲ့ ပဲ 8 km လောက် ရောက်သွားရော။ 8 km မှာ ပေါက်ကရ အတွေးတွေကဝင်လာတယ်၊ ငါမောနေပါပြီတို့၊ ခြေထောက်တွေက ကြွက်တက်မလားမသိဘူးတို့၊ ဒီလောက်နဲ့ ရပ်လိုက်လည်း ရပါတယ်ဆိုတဲ့ အတွေးတွေက 8 km မှာ အမြဲဝင်လာတတ်တယ်။

သောက်ဂရုမစိုက်ဘဲ ဆက်သာပြေး။ အဲပေါက်ကရ အသံတွေက 8 km, 9 km, 10 km, 11 km, 12 km ဆက်တိုက်ကို တရစပ်ပြောနေမှာ။ ကိုယ်က 12 km ပြေးမယ်စဥ်းစားထားရင် ပြေးသာပြေး၊ 15 km စဥ်းစားထားရင်လည်း ဆက်သာပြေး။ ကိုယ်ပြေးချင်တဲ့ နေရာကို ရောက်ပြီးမှသာရပ်လိုက်။ ကြားမှာ ကြွက်တက်လည်း တက်ပစေ၊ မောလွန်းလို့ အန်မယ်ဆိုလည်း အန်ပစ်လိုက်၊ ဘာဖြစ်ဖြစ် မရပ်ဘဲသာပြေး။ တကယ်ကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ထင်ထားတာထက် အများကြီး သန်မာတာကို တွေ့ရမှာပါ။ ကိုယ့်ကိုယ်ကို လျှော့တွက်နေလို့သာ limitation တွေက ဖြစ်နေတာ။ တကယ်သာ ကြိုးစားချင်လောက်တဲ့ motivation ပေးလိုက်ရင် သာမန်ထက် အများကြီးပိုလုပ်နိုင်တာကို တွေ့ရလိမ့်မယ်။ တာဝေးပြေးရတာက ခန္ဓာကိုယ်ကြံခိုင်မှုသာမက စိတ်ဓါတ်ပါမာဖို့လိုတာ တွေ့ရတယ်။

ရှေ့ဆက်ပြီး အများကြီးလေ့ကျင့်ဖို့တော့ လိုပါသေးတယ်။ တပတ်မှာ ကိုယ်အရင်ပြေးခဲ့တဲ့ distance ထက် 10% လောက် ပုံမှန်တက်ပေးတာကတော့ safe training method လို့ပြောကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပြီး ကိုယ့်ဘာသာ ချင့်ချိန်တော့ ပြေးပါ။ နားသင့်တဲ့ နေ့တွေမှာလည်း နားပါ။ နောက်ဆုံးကတော့ တစ်ပတ် ၄ ရက်လောက် 5 - 10 km ပုံမှန်ပြေးရင်ကို အင်မတန်အစွမ်းထက်တဲ့ ဆေးကို သောက်နေသလိုဖြစ်နေမှာပါလို့ ပြောရင်း ကျွန်တော့်ရဲ့ ပထမဆုံး My Running Journey လေး အကြောင်း ရေးပေးလိုက်ပါတယ်။ နောက်ထပ် ဘယ်မှာပြေးမှာလဲ၊ ဘယ်လိုစပြေးရမလဲ၊ ကျွန်တော်/ကျွန်မကတော့ 1 km တောင် မပြေးနိုင်လို့ ဘယ်လိုလုပ်ရမလဲ ဆိုသူတွေအတွက် ဆက်ရေးပေးပါမယ်။



23/12/2024

Harry Potter စာအုပ်တွေတန်းစီဖတ်ပြီး IGCSE ESL ကို A* ရသွားတဲ့ တပည့်တစ်ယောက်အကြောင်း

အသက် ၁၈ နှစ်ကတည်းက စာစသင်ဖြစ်တဲ့ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော့်ဘဝမှာ တပည့်ပေါင်းများစွာတွေခဲ့ရပါတယ်။ ဆရာဆရာမတွေအမြဲပြောတဲ့ ဆိုးတဲ့တပည့်တွေကို ပိုပြီးအမှတ်ရတယ်ဆိုတာ မှန်သလို အရမ်းထူးခြားပြီး ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့ တပည့်တွေကိုလည်း အမှတ်တရရှိပါတယ်။ မြန်မာပြည်မှာ မိဘဆရာတွေအမြဲကြုံရတဲ့ ပြဿနာက ဘာသာရပ်တစ်ခုခု ဒါမှမဟုတ် စာမှာကို စိတ်မဝင်စားတဲ့ ကလေးတွေကို ဘယ်လိုစိတ်ဝင်စားအောင်လုပ်ပေးရမလဲ လမ်းစရှာမရတဲ့ ပြဿနာပါ။ အခု ကျွန်တော်အမှတ်တရပြောပြမယ့် ကျောင်းသူတစ်ယောက်ဆိုရင် စတွေ့ခါစကတော့ ဂျစ်ကန်ကန်၊ ဘုကန့်လန့်နဲ့ တခြားကျောင်းသားကျောင်းသူတွေကြားထဲမှာကို ဆရာမကြီးပုံနဲ့ နေတတ်တဲ့ ကလေးမျိုးဖြစ်ပါတယ်။ ဒီလိုကလေးတွေက ကိုယ်ပိုင်မာနတွေရှိတတ်ကြတော့ တော်ရုံဆရာဆရာမဆိုရင် နည်းနည်းစိန်ပြန်ခေါ်တတ်တယ်ဆိုတာ ကျွန်တော်တို့ကတော့ သိထားပြီးသားပါ။ IGCSE English for Second Language (ESL) အတန်းကို ကျွန်တော်စသင်တော့ ဘယ်ဖတ်စာအုပ်သုံးမှာလဲ၊ ဘာတွေသင်မှာလဲ၊ အရင်ဆရာကသင်ပြီးသွားပြီလေ၊ ဘာလို့ဒါတွေထပ်သင်မှာလဲ၊ ဘာပျော်စရာကောင်းတာ သင်ပေးမလဲဆရာ စတဲ့ တစ်တန်းလုံးရဲ့ မေးခွန်းတွေ စောတကတက်မှုတွေလုပ်တတ်တာကတော့ ဘယ်ကျောင်းဘယ်နေရာရောက်ရောက် ဘာအတန်းသင်သင် ဆရာဆရာမတိုင်းကြုံတွေ့ရပါတယ်။ ဒါတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပညာရှိလေ ရေရှည်မှာ အဲဒီကလေးတွေရဲ့ ပညာရေးကို ကိုယ်ကများများ ဆွဲတင်ပေးနိုင်လေဖြစ်ပါတယ်။ အဲနှစ်တုန်းက ဆရာအပြောင်းအလဲနဲ့ သူတို့ IGCSE ESL အတန်းက နည်းနည်းနောက်ကျနေတဲ့သဘောရှိတယ်။ ပထမရက်ကတည်းက Grammar Basics တွေကောက်စစ်လိုက်တော့ တစ်သက်လုံး English ကို သင်လာပါတယ်ဆိုတဲ့ International School ပေါင်းစုံတက်လာကြတဲ့ ကလေးတော်တော်များများက Grammar ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ What is a full sentence? ဆိုတဲ့ မေးခွန်းမျိုးကိုတောင် ရေလည်အောင်မဖြေနိုင်ကြတာ၊ Eight Parts of Speech ကို သေချာမသိတာတွေတွေ့ရပါတယ်။ ဒါနဲ့ပဲ သူတို့ကို ကျွန်တော်က မင်းတို့ကို ပုံမှန် ဖတ်စာအုပ်နဲ့ သင်နေရင်တော့ နောက်နှစ်သာကူးသွားမယ် အမြန်တိုးတက်လာဖို့က သိပ်မဖြစ်နိုင်ဘူး၊ နည်းနည်းအပင်ပန်းခံပြီး ဖတ်စာအုပ်ပြင်ပက စာတွေနဲ့ သင်ပေးမယ် လိုက်လုပ်မလားမေးလိုက်ပါတယ်။ သူတို့ကလည်း ဖတ်စာအုပ်မကိုင်ရ နည်းလားဆိုပြီး လုပ်ပါမယ်ဆရာဆိုတော့ ကျွန်တော်က စာအုပ် ၃ အုပ်ရွေးလိုက်တယ်။ Harry Potter ရဲ့ ပထမစာအုပ်သုံးအုပ်ဖြစ်တဲ့ The Philosopher’s Stone၊ The Chamber of Secrets နဲ့ The Prisoner of Azkaban ကိုရွေးပေးလိုက်ပါတယ်။

အားလုံးထဲမှာ ထူးထူးခြားခြား Harry Potter ကို မကြိုက်ပါဘူး၊ အဲစာအုပ်ကို ရွေးချယ်ခြင်းကို သဘောမတူပါဘူး ပြောသူကတော့ အပေါ်ကပြောခဲ့တဲ့ ထူးခြားတဲ့ ကျောင်းသူပါပဲ။ ကျန်တဲ့လူတွေကတော့ ခပ်အေးအေးပါပဲ၊ သူတို့ထင်တာကတော့ အေးဆေးစာအုပ်လေးဖတ်ပြီး အားရင် Harry Potter ရုပ်ရှင်လေးတွေကြည့်ရတော့မယ်ထင်နေခဲ့တာပါ။ ပထမ ၁ ပတ်မှာ ကျွန်တော်ကိုယ်တိုင်စုစည်းထားတဲ့ Fix Your Grammar in 3 Hours ဆိုတဲ့ Workshop ကို သူတို့စတက်ရတယ်။ ကိုယ်ဖတ်လိုက်တဲ့ စာကြောင်းတစ်ကြောင်းကို အစိတ်စိတ်အမွှာမွှာခွဲခြမ်းပြီး ဘယ်လို Subject, Verb, Adjective, Adverb, Pronoun, Preposition, Article တွေကို သုံးပြီး ဖွဲ့စည်းထားသလဲဆိုတာကို လေ့လာခိုင်းတယ်။။ The Philosopher’s Stone ရဲ့ ပထမ Chapter လေးကို ဖတ်ရတာ ၂ ပတ်လောက်ကြာသွားတယ်။ Phrase, Clause, and Sentence တိုရဲ့ ဖွဲ့စည်းပုံမတူတာတွေကို J. K. Rowling က ဘယ်လိုအသုံးချပြီး ပုံပြင်တစ်ပုဒ်ကိုပြောပြသွားလဲ ထဲထဲဝင်ဝင်လေ့လာရတယ်။ ပထမတစ်လပြီးတော့ ပထမစာအုပ်ကတော့ အစပိုင်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ကို ပျော်စေချင်လို့ အားလုံးလူစုပြီး ပထမရုပ်ရှင်ကို ကြည့်လိုက်ကြတယ်။ ပြီးတာနဲ့ Monthly Open Book Quiz ဖြေရပါလေရော။

ရုပ်ရှင်ကြည့်ပြီး အလွယ်ဖြေမရတဲ့ မေးခွန်းတွေချည်းပဲ စုစည်းပြီး မေးထားတာဖြစ်တယ်။ Open Book Quiz ဖြစ်လို့ စာအုပ်ကို ကြိုက်သလိုသုံးလို့၊ အဖြေရှာလို့ရတယ်။ ဒီ့အပြင် လက်ရှိကိုယ်သင်နေရတဲ့ တခြားဘာသာရပ်တွေနဲ့ပါ စပ်ဆက်ပြီး ဖြေဖို့ တိုက်တွန်းထားတဲ့ မေးခွန်းတွေဖြေရပါတယ်။ ဘယ်လိုမေးခွန်းတွေလဲဆိုတော့ Philosopher’s Stone သာ တကယ်ရှိမယ်ဆိုရင် သူ့ရဲ့ သေခြင်းကို ကာကွယ်တဲ့ အလုပ်လုပ်ပုံလုပ်နည်းကို သင်သိထားတဲ့ Biology, Chemistry, and Physics knowledge တွေကို သုံးပြီး ဘယ်လိုများ အလုပ်လုပ်တာဖြစ်နိုင်သလဲ ရေးပေးပါ။ ဒီလိုမေးခွန်းကို ဖြေဖို့ သူတို့တော်တော်ကို research လုပ်ယူရပါတယ်။ Anti-oxidant တွေ အကြောင်း၊ Telomere တွေအကြောင်း၊ Stem Cell တွေအကြောင်းအကုန်လျှောက်ဖတ်ပြီး မရရတဲ့ theory တွေထုတ်ကြတယ်၊ old magical theories တွေသုံးကြတယ်။ နောက်ထပ်မေးတဲ့ မေးခွန်းတွေက တံမြက်စည်းပျံဘယ်လိုပျံသလဲ flight mechanism ကို ရှင်းပြပါဆိုတာမျိုးတွေ၊ စာအုပ်ထဲမှာတော့ ဒါမျိုးရေးထားပြီး ရုပ်ရှင်ထဲမှာ ကွဲလွဲနေရတဲ့ အကြောင်းက ဘာကြောင့်ဘယ်လိုဖြစ်နိုင်သလဲဆိုတဲ့ မေးခွန်းမျိုးတွေလည်းပါပါတယ်။ ပထမ ​Monthly Open Book Quiz မေးတော့ သူတို့တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှမကြုံဖူးတဲ့ experience မျိုးဖြစ်နေတော့ အဲဒီ ESL အတန်းက ကလေးတွေက တစ်ကျောင်းလုံးက ဆရာဆရာမတွေကို ဘယ်လိုဖြေရမလဲ ပတ်မေးတော့တာပဲ။ အဲဒါနဲ့ ကျွန်တော်က သူတို့ကို ထပ်ပြီး ကြေငြာချက်ထုတ်ပေးလိုက်တယ် အဖြေရဲ့ စဥ်းစားပုံနဲ့ ရေးသားပုံတွေက လုံးဝချွတ်ဆွတ်တူနေရင် တူတဲ့ ၂ ယောက်ဆို ၂ ယောက်၊ ၃ ယောက်ဆို ၃ ယောက်လုံး အဲမေးခွန်းအတွက် zero ပဲ ရပါမယ်ဆိုတဲ့ အကြောင်း။ အဲဒါနဲ့ ဆက်စပ်ပြီး Plagiarism အကြောင်းတွေ Academic Honesty က College မှာ ဘယ်လောက်တောင်အရေးကြီးသလဲတွေပါ ထပ်မံဆွေးနွေးဖြစ်ခဲ့တယ်။ အဲဒီ Quiz မှာ မေးခွန်း ၁၀ ခုလောက်ပဲ ပါပါတယ်၊ သူတို့ကို ဖြေဖို့ အချိန် ၁ ပတ်ပေးထားခဲ့ပါတယ်။

အတန်းထဲမှာ ထူးထူးခြားခြား ကိုယ်ပိုင်အတွေးအခေါ်နဲ့ စီကာပတ်ကုံးဖြေကြတဲ့ အင်မတန်ဥာဏ်ကောင်းတဲ့ ကလေးတွေက ၇ ယောက်လောက်ရှိခဲ့ပါတယ်။ တံမြက်စည်းပျံရဲ့ flight mechanism ကို rocket တစ်ခုနဲ့နှိုင်းယှဥ်ပြီး thrusting energy ကို magical power နဲ့ ချိတ်ဆက်ပြီး ပြောသွားတာမျိုးတွေ တွေ့ခဲ့ရပါတယ်။ အဲထဲကမှ ကျွန်တော်ပြောခဲ့တဲ့ ထူးခြားတဲ့ ကျောင်းသူက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူဖြေတဲ့ အဖြေတွေက တကယ်ကို နက်နက်နဲနဲရှာဖွေစဥ်းစားထားပြီး ကောင်းမွန်တဲ့ English Grammar နဲ့ ရေးထား ရှင်းပြထားတာဖြစ်လို့ သူက အမှတ်အများဆုံးထဲမှာ အမြဲပါနေပါတယ်။ ပထမ Quiz ပြီးတော့ သူက လာပြောတယ် Harry Potter ကို စိတ်ဝင်စားသွားပြီတဲ့၊ ပထမစာအုပ်က Quiz ဖြေနေရင်းဖတ်လိုက်တာ ပြီးသွားပြီဆိုတော့ ဒုတိယစာအုပ်ကို စဖတ်ထားလို့ရမလားတဲ့။ ကျွန်တော်ကလည်း ရတာပေါ့ ကြိုဖတ်ထားပါပေါ့။ အဲဒီကနေ ကျွန်တော်တို့ တစ်လတစ်ခါ Quiz မေးတယ်၊ ၃ လ တစ်ခါ IGCSE Old Exam Papers တွေဖြေကြတယ်။ သူတို့ကို ပြောပြတယ်၊ ငါတို့ပုံမှန် Quiz ထဲက အဖြေတွေရဖို့ စာမျက်နှာ ရာနဲ့ချီတဲ့ စာအုပ်ထဲ မွှေနှောက်ရှာပြီး စဥ်းစားရတာ၊ မင်းတို့ IGCSE Exam က reading က တစ်ခါမှာ တစ်မျက်နှာကနေ နှစ်မျက်နှာလောက်အများဆုံးပဲ ရှိတာဆိုတဲ့အကြောင်း။ အဖြေမှန်ကို သိရုံမကဘူး သူတို့မြှုပ်ပြီးထည့်ထားတတ်တဲ့ အဖြေမှားတွေကိုပါ identify လုပ်နိုင်တဲ့ အဆင့်ထိလေ့ကျင့်ပေးဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း ကျွန်တော်က ဆွဲတင်ပေးလိုက်တယ်၊ လူတိုင်း A* ရနိုင်တယ် ကိုယ့်ကိုယ်ကို ယုံကြည်ပါဆိုပြီး ဆုံးမတယ်။ နှစ်သာကုန်သွားတယ် အဲဒီနှစ်က ကလေးတွေ IGCSE ESL Textbook ကို သေချာကို မထိဖြစ်လိုက်ပါဘူး။ Harry Potter fan တွေတော့အများကြီးဖြစ်လာတယ်။ တကယ့် IGCSE ESL Exam ဖြေပြီးတော့ သူတို့အမှတ်တွေလာကြွားကြတယ်၊ ဆရာ သားတို့သမီးတို့ ဘာအမှတ်ရပါတယ်ေပါ့။ အတန်းထဲမှာ အစောထဲက အရမ်းတော်တဲ့ လူတွေကတော့ A* ရကြတယ်၊ တချို့လည်း A၊ တချို့လည်း B နဲ့ အနိမ့်ဆုံး C လောက် အသီးသီးရကြပါတယ်။ Harry Potter ကို လုံးဝစိတ်မဝင်စားရာကနေ fan ဖြစ်သွားတဲ့ ကျောင်းသူကတော့ A* ရတဲ့ အကြောင်း ဒီအတန်းကြောင့်ပဲ Harry Potter စာအုပ်တွေနဲ့ ရုပ်ရှင်တွေကို appreciate လုပ်တတ်သွားလို့ ကျေးဇူးတင်ကြောင်း၊ ပုံမှန်သာဆိုရင် A လောက်ရရင်ကို တော်တော်ကျေနပ်နေမှာဖြစ်ပေမယ့် ကျွန်တော်တို့အတန်းရဲ့ တွန်းအားကြောင့် ကိုယ့်ကိုယ်ကို A* ရမှသာကျေနပ်မယ်ဆိုပြီး ပိုကြိုးစားဖြစ်ခဲ့ကြောင်းတွေပြောပြခဲ့ပါတယ်။

အဲတော့ Harry Potter စာအုပ်ကဘာများထူးခြားလို့လဲ မေးစရာရှိပါတယ်။ တကယ်က ဘာမှမထူးခြားပါဘူး၊ ဖတ်ရလွယ်တယ် စိတ်ဝင်စားဖို့ကောင်းတယ်၊ magical themes တွေပါတယ်ပေါ့လေ။ ကျွန်တော်က Harry Potter ကို တမင်ဘာလို့ရွေးလဲဆိုတော့ ကိုယ်ကိုယ်တိုင် ကြိုက်နှစ်သက်လို့ဖြစ်ပါတယ်။ တခြားစာအုပ်တွေလည်း ရွေးလို့ရပါတယ်။ The Lord of the Rings တို့ The Golden Compass တို့နဲ့ တခြား Disney က ကာတွန်းရိုက်ထားတဲ့ fairy tales တွေ ရွေးလည်း ရပါတယ်။ ဘယ်စာအုပ်ရွေးလဲက အရေးမကြီးပါဘူး။ ကလေးတွေရဲ့ စူးစမ်းလေ့လာချင်တဲ့ passion ကို unlock လုပ်နိုင်ရင် ကြိုက်တဲ့စာအုပ်သုံးပြီး IGCSE ESL ကို သင်လို့ရပါတယ်။ တကယ်တန်း ESL ဆိုတာက English ကို ဘယ်လောက်ကျွမ်းကျင်လဲ စစ်ဆေးတဲ့ စာမေးပွဲတစ်ခုသာဖြစ်ပါတယ်၊ IELST တို့ TOEFL တို့နဲ့အများကြီးမကွာပါဘူး။ ESL ကတော့ နည်းနည်းပိုလွယ်ပါတယ်။ အဲတော့ English မှမဟုတ်ဘူး ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်ဖို့က တကယ်တမ်း အဲဒီဘာသာရပ်ကို ရူးသွပ်ချစ်ခင််ဖို့လိုပါတယ်။ မနက်မိုးလင်းကတည်းက အခွင့်အရေးရတိုင်း ဖတ်မယ်၊ သီချင်းနားထောင်မယ်၊ ပြောမယ်၊ ရေးမယ်၊ အမှားတွေကို စစ်ဆေးပြင်ဆင်တတ်မယ်ဆိုရင် နှစ်ရှည်လများဖြစ်လာရင် အဲဒီဘာသာရပ်ကို ကျွမ်းကျင်သွားတာပါပဲ။ ဘာမှခက်ခဲနက်နဲမှုမရှိပါဘူး။ ကျွန်တော်တို့ ESL အတန်းမှာ music club ရှိတယ်၊ အားရင် English Songs တွေတီးကြဆိုကြတယ်၊ Harry Potter မဟုတ်ဘဲ တခြား movie တွေစုကြည့်ကြတဲ့ အဖွဲ့လည်းရှိတယ်။ New Year တို့ Thingyan တို့လို အချိန်တွေမှာ စာမသင်ချင်လို့ အတန်းချိန်ကို ဖျက်ပြီး ကြိုက်တဲ့ ရုပ်ရှင်ကြည့်ချင်ရင်ရတယ်၊ အဲဒီ ရုပ်ရှင်ကို ခွဲခြမ်းစိပ်ဖြာထားတဲ့ 1000 words essay ထပ်ရတယ်။ အဲတော့ မိဘဆရာတွေကို အကြံပေးချင်တာကတော့ ဘာစာအုပ်တွေ၊ curriculum တွေသုံးလဲက သိပ်အရေးမကြီးပါဘူး။ အရေးအကြီးဆုံးက ကျောင်းသားကျောင်းသူတွေရဲ့ စူးစမ်းလေ့လာချင်တဲ့ passion ကို unlock မလုပ်နိုင်သ၍ သူတို့ရဲ့ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေကို ဖော်ထုတ်နိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။

20/12/2024

ကလေးတွေကို ငယ်ငယ်ထဲက Chess ကစားစေချင်တယ်

ကျွန်တော် chess စ ကစားတော့ အသက် ၈ နှစ်လောက်​ရှိမယ်ထင်တယ်။ ဦးလေးတစ်ယောက်က သင်ပေးတာ။ သူကတော့ ဆိုက်ကားဆရာ၊ အကြော်ဆရာ တွေ့ကရာလူနဲ့ ပိုက်ဆံကြေးပတ်ထိုးနေတာဆိုတော့ ပလက်ဖောင်းတွေပေါ်က ဆရာတစ်ဆူပေါ့လေ။ ကျွန်တော်ငယ်ငယ်ကတော့ theory တွေ opening တွေ ဘာမှနားမလည်ပေမယ့် pattern recognition နဲ့ပဲ မှားလိုက်၊​ ရှုံးလိုက်၊ နိုင်ချင်ဇောနဲ့ ဆက်ဆော့လိုက်နဲ့ပဲ အသက်လေး ၁၂ လောက် ၁၄ နှစ်လောက်ရောက်လာတော့ မြှုပ်ကွက်တွေ၊ အုပ်ကွက်တွေ၊ ဖွင့်ချက်တွေ၊ ခွချက်တွေကို ဘယ်ပြန်ညာပြန်သုံးတတ်တဲ့ လည်လည်ဝယ်ဝယ် beginner ကစားသမားလေး ဖြစ်လာပါတယ်။ ဒါပေမယ့် ကျွန်တော် chess ကို ဆက်ပြီး လေ့လာမှုမလုပ်ခဲ့ပါဘူး၊ အလေ့အကျင့်လည်း မလုပ်ဖြစ်ပါဘူး။ ကိုယ့်ပညာရေးနဲ့ တခြားလုပ်စရာတွေနဲ့ ရှုပ်ရှပ်ခတ်ပြီး တခါတလေ အပျော်သဘောလောက်သာ ကစားတဲ့ amateur player လေး အနေနဲ့ပဲ နှစ်ပေါင်းများစွာ အချိန်တွေကုန်သွားပါတယ်။ ဒီတလောမှာတော့ နာမည်ကြီး စာအုပ်တွေဖြစ်တဲ့ David Epstein ရဲ့ Range: Why Generalists Triump in a Specialized World နဲ့ Adam Grant ရဲ့ Hidden Potential: The Science of Achieving Greater Things တွေကို ဖတ်ဖြစ်ရင်း chess အကြောင်းကို ပိုပြီး စဥ်းစားမိလာပြီး ပြန်စိတ်ဝင်စားလာခဲ့ပါတယ်။ ကျွန်တော့်အသက်ကတော့ ၃၇ ထဲကို ရောက်နေပါပြီ။

ကလေးတွေကို ငယ်ငယ်ထဲက chess ထိုးစေချင်တဲ့ အကြောင်းတွေကတော့ chess ထိုးခြင်းက ကလေးတွေအတွက်.......

၁) စည်းကမ်းကို တည်ဆောက်ပေးတယ်၊ စည်းကမ်းဆိုတာ လုပ်ချင်တဲ့ အရာတွေကို မလုပ်သင့်မှန်းသိလို့ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်ခြင်းကို စည်းကမ်းလို့ခေါ်ပါတယ်။ Chess ထိုးဖို့ စသင်ပြီဆိုကတည်းက ကလေးတစ်ယောက်က ငြိမ်ငြိမ်စထိုင်ပြီး အာရုံစိုက်ရပါပြီ။ Chess piece တစ်ခုချင်းစီရဲ့ တက်ပုံတက်နည်းနဲ့ စွမ်းအားတွေ ခွန်အားတွေကို လေ့လာရပါပြီ။ တိုးတက်မှုရှိဖို့ ပုံမှန်လေ့ကျင့်လေ့လာသင်ယူရပါတယ်။ ဒါတွေအကုန်လုံးက ကလေးငယ်တစ်ယောက်အတွက် လုပ်ချင်ရာကို လုပ်ချင်သလိုလုပ်လို့မရဘူး၊ ကိုယ့်ကိုယ်ကိုထိမ်းကျောင်းရတယ်ဆိုတဲ့ အသိရှိလာစေလို့ စည်းကမ်းကိုတည်ဆောက်ပါတယ်။

၂) ခက်ခဲနက်နဲတဲ့ ကစားနည်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူနဲ့ အောင်မြင်မှုတွေမရတတ်တော့ delayed gratification ကိုလေ့ကျင့်ပေးတယ်၊ delayed gratification ဆိုတာက instant gratification ရဲ့ ပြောင်းပြန်ဖြစ်တယ်။ လွယ်ကူအောင်ရှင်းပြရမယ်ဆိုရင် ကျွန်တော်တို့ကို ချက်ချင်းလက်ငင်းရနိုင်တဲ့ ပျော်ရွှင်ကျေနပ်မှုတွေကို instant gratification လို့ပြောလို့ရပါတယ်။ Instant gratificaion တွေက ကိုယ့်ကိုယ်ကို အလိုလိုက်တာတွေနဲ့ သက်ဆိုင်ပါတယ်၊ အိပ်ချင်နေရင် ဆက်အိပ်နေလိုက်တယ်၊ စားချင်နေတဲ့ အဆီအစိမ့်အချို စားပစ်လိုက်တယ်၊ ပျင်းနေတော့ စာထမလုပ်တော့ဘူး၊ ဒေါသထွက်လာတော့ ထအော်ပစ်လိုက်တယ် ဆိုတဲ့ အရာမျိုးတွေပါ။ ချက်ချင်းတော့ ကျေနပ်တယ် ရေရှည်မှာသာ ပြဿနာတွေရှိလာနိုင်တာပါ။ အချိန်အတိုင်းအတာတစ်ခုအထိစောင့်ဆိုင်းပြီးမှ ရတတ်တဲ့ ပျော်ရွှင်ကျေနပ်မှုတွေကိုတော့ delayed gratification လို့ခေါ်ပါတယ်။ ကိုယ့်ကိုယ်ကို အလိုမလိုက်တာတွေပါ၊ အိပ်ချင်နေပေမယ့် ကိုယ့်အလုပ်ကိုယ်သိလို့ ရအောင်ထတယ်၊ စားချင်နေပေမယ့် မစားသင့်လို့ မစားဘဲနေတယ်၊ ပျင်းနေတယ် ဒါပေမယ့်လုပ်စရာရှိတာလုပ်တယ်၊ ဒေါသတော့ထွက်နေတယ် မအော်သင့်မှန်းသိလို့ ကိုယ့်ကိုယ်ကိုထိမ်းလိုက်တယ် ဆိုတဲ့ အပြုအမူမျိုးတွေပါ။ Instant gratification ကိုပဲ အမြဲတောင်းတနေတဲ့၊ ရရှိနေကြဖြစ်နေတဲ့ ကလေးတွေဟာ ကိုယ်လိုချင်တာမရရင်၊ လုပ်ချင်တာကို ချက်ချင်းမလုပ်ရရင် အော်ဟစ်သောင်းကျန်းတတ်ပါတယ်၊ ကိုယ်နှုတ်စည်းကမ်းအားနည်းတဲ့ spoilt kids တွေဖြစ်လာကြပါတယ်။ ဒီလိုကလေးတွေဟာ ကြိုးစားပြီး အချိန်အတိုင်းအတာတစ်ခုကြာမှ ရရှိနိုင်တဲ့ ပညာရေး၊ အားကစားနဲ့ အခြားအောင်မြင်မှုတွေကို ရရှိဖို့ ခက်လာကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေကလေးတွေကို ငယ်ငယ်ထဲက chess ကစားတတ်အောင် လေ့ကျင့်ပေးခြင်းအားဖြင့် ချက်ချင်းရရှိနိုင်တဲ့ ပျော်ရွှင်ကျေနပ်မှုတွေထက်စာရင် အချိန်တစ်ခုရင်းနှီးပြီးမှ ရနိုင်တဲ့ ပျော်ရွှင်ကျေနပ်မှုတွေကိုပိုပြီး တန်ဖိုးထားတတ်လာအောင် စတင်သင်းကြားပေးခြင်းဖြစ်စေပါတယ်။

၃) မဟာဗျူဟာကျကျ စဉ်းစားတွေးခေါ်ပြီး အလုပ်လုပ်တတ်ခြင်း strategic thinking ကို စတင်မိတ်ဆက်ပေးသင်ကြားပေးတယ်၊ ရှေ့တစ်ကွက်လောက်ပဲ ကြည့်ပြီး ကစားရင်ရှုံးတဲ့ ကစားနည်းဖြစ်လို့ chess ကစားခြင်းဟာ ကလေးတွေကို မဟာဗျူဟာကျကျ စဥ်းစားတွေးခေါ်တတ်ဖို့ သင်ကြားပေးပါတယ်။ ဘဝအတွက်အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာအမျိုးအစားတွေဖြစ်တယ်။

၄) အရှုံးနဲ့ ဖိအားတွေကြားမှာ စဥ်ဆက်မပြတ်လေ့ကျင့်သင်ကြားရင်း တိုးတက်နိုင်တယ်ဆိုတဲ့ growth mindset ကိုလည်း တည်ဆောက်ပေးတယ်၊ chess စ ကစားပြီဆိုကတည်းက အရှုံးတွေကို ရင်ဆိုင်တတ်အောင် ကိုယ့်စိတ်ကိုကိုယ်လေ့ကျင့်ရပါတယ်။ ရှုံးရင်း လေ့လာရင်းနဲ့ တိုးတက်မှုရရှိလာတိုင်း ပျော်ရွှင်ရပါတယ်။ Growth mindset ဆိုတာက သဘာဝကပေးထားတဲ့ ကိုယ်ပိုင်အရည်အချင်းတွေထက် မိမိရဲ့ ကြိုးစားလေ့ကျင့်သင်ယူနိုင်ခြင်းကို ပိုမိုယုံကြည်အားကိုးတတ်တဲ့ စိတ်ကိုခေါ်ပါတယ်။ ဥာဏ်ကောင်းလို့အနိုင်ရတယ်ဆိုတာထက် ကြိုးစားလို့အနိုင်ရတယ်ဆိုတာကို ပိုမိုယုံကြည်လာတာပါ။ Growth mindset ရှိခြင်းဟာ လူတစ်ယောက်ကို စဥ်ဆက်မပြတ်လေ့လာသင်ယူလိုတဲ့ စိတ်ကို ဖြစ်စေပါတယ်။

၅) ဒီဖက်ခေတ်ကလေးတွေရဲ့ တိုတောင်းလာတဲ့ အာရုံးစူးစိုက်နိုင်စွမ်း attention span ကိုပါ ပိုပြီးရှည်လျားအားကောင်းလာစေပါတယ်၊ ဒါကတော့ မိဘတွသိထားပြီးသား အချက်တစ်ခုဖြစ်တဲ့ ကလေးတွေရဲ့ တိုတောင်းလာတဲ့ attention span ပြဿနာဖြစ်ပါတယ်။ စာပိုဒ်တစ်ပိုဒ်ကို စဖတ်ပြီး ၃ ကြောင်းလောက်အရောက်မှာ အပေါ်ကဘာပြောထားလဲ လုံးဝမမှတ်မိလို့ အစကနေပြန်ပြန်ဖတ်နေရပါတယ်ဆိုတဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကလေးတွေရှိနေပါတယ်။ သူတို့အတွက် ပညာရေးဟာ မခက်ခဲသင့်ဘဲ အလွန်တရာ ခက်ခဲလာနေပါတယ်။ Attention span ဆိုသည်မှာလည်း ကြွက်သားတစ်ခုကဲ့သို့ လေ့ကျင့်ပေးရင် အားပိုကောင်းလာတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်ပိုင်အတွေ့အကြုံတွေအရရော လေ့လာမှုတွေကနေ တဆင့် သိထားပါတယ်။ အာရုံစူးစိုက်ပြီးအချိန်တစ်ခုကြာအောင်လုပ်ရပြီဆိုတဲ့ activity တိုင်းဟာ ကလေးတွေရဲ့ attention span ကို လေ့ကျင့်အားကောင်းစေပါတယ်။ Chess ကစားခြင်းဟာ အင်မတန်စိတ်အာရုံစူးစိုက်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ကလေးတွေရဲ့ attention span ကို လေ့ကျင့်ပေးဖို့ကောင်းမွန်တဲ့ activity တစ်ခုဖြစ်ပါတယ်။

နောက်ဆုံးမှာချင်တာကတော့ ဖြည်းဖြည်းချင်းစပါ၊ ပျော်စရာကောင်းအောင်ဖန်တီးပေးပါ၊ အစပိုင်းမှာ အတင်းကြီးကစားခိုင်းတာထက် ကလေးကိုယ်တိုင်က တဖြည်းဖြည်းကစားချင်စိတ်ပေါ်လာအောင် ဆွဲခေါ်ပေးပါ။ တော်တော်ကစားတတ်လာတဲ့ အရွယ်ရောက်ပြီဆိုရင် Chess.com မှာ account လေးဖွင့်ပေးပြီး Computer bot တွေ တခြား ကစားသမားတွေနဲ့ challenge ခေါ်ပြီး ကစားခိုင်းပါ။ Technology ရဲ့ အားသာချက်က ကိုယ့်ရမှတ် (Chess Rating (or) Elo Rating) ကို အလွယ်တကူမြင်နိုင်ပြီဖြစ်လို့ ကိုယ်က ဘယ်အဆင့်ကို ရောက်တဲ့ ကစားသမားဖြစ်နေပြီလဲဆိုတာကို အလွယ်တကူသိနိုင်နေပြီဖြစ်ပါတယ်။ Beginner တစ်ယောက်ဟာ Rating ၁၀၀၀ အောက်ကနေ စရပါတယ်၊ ၁၂၀၀ အရောက်မှာ beginner ဘဝကို အဆုံးသတ်ပြီး hobby player တစ်ယောက်ဖြစ်လာပါတယ်၊ ၁၈၀၀ အကျော်မှာ ပြိုင်ပွဲတွေဝင်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။ ၂၀၀၀ ဆိုရင်တော့ chess ကို အတိုင်းအတာတစ်ခုအထိ mastery ရရှိပြီးပြီလို့ပြောလို့ရပါတယ်။ Grandmaster တစ်ယောက်ဖြစ်ဖို့ကတော့ ၂၅၀၀ ကျော်မှ ရပါတယ်။ ကမ္ဘာ့ rating အမြင့်ဆုံးကစားသမားကတော့ လက်ရှိမှာ Magnus Carlsen ဖြစ်ပြီး Rating ၂၈၃၁ ရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားအနေနဲ့ကတော့ တစ်ချိန်က Rating ၂၈၉၃ အထိရရှိခဲ့တဲ့ Bobby Fischer ကို လူအများအမှတ်တရပြောဆိုကြပါတယ်။

“That’s what chess is all about. One day you give your opponent a lesson. The next day he gives you one.”
~ Bobby Fisher, US Chess Grandmaster and the 11th World Champion

Address

Yangon

Website

Alerts

Be the first to know and let us send you an email when နီကိုလတ် Insights in Action posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နီကိုလတ် Insights in Action:

Share

Category