Heroes for Myanmar

Heroes for Myanmar A trustworthy pop culture website amongst teenagers
(707)

Sony ရဲ့ ပထမဆုံး R-rated Marvel ရုပ်ရှင် ဖြစ်လာတဲ့ Kraven: The Hunterမကြာခင်က ကျင်းပသွားတဲ့ CinemaCon မှာ Sony အနေနဲ့ သူ...
27/04/2023

Sony ရဲ့ ပထမဆုံး R-rated Marvel ရုပ်ရှင် ဖြစ်လာတဲ့ Kraven: The Hunter

မကြာခင်က ကျင်းပသွားတဲ့ CinemaCon မှာ Sony အနေနဲ့ သူတို့ရဲ့ နောက်လာမယ့် Spider-Man spinoff ရုပ်ရှင်ကားဖြစ်တဲ့ Kraven: The Hunter ရုပ်ရှင်ကားမှာ R-rated ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။ အခုဆို Kraven: The Hunter ကတော့ Sony ရဲ့ ပထမဆုံး R-rated စူပါဟီးရိုးရုပ်ရှင်ဆိုလည်း မမှားပါဘူး။

အခုထိတော့ ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲဆိုတာ မသိရသေးပေမယ့် မင်းသား Aaron Taylor-Johnson မှ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kraven: The Hunter အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Aaron အနေနဲ့ Marvel ရုပ်ရှင်တစ်ခုမှာ ပါဝင်တာ အခုမှ ပထမဆုံးမဟုတ်ဘဲ Avengers: Age of Ultron မှာလည်း Quick Silver အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ Spider-Man ရဲ့ အဓိကရန်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Kraven အနေနဲ့ Aaron ကို မြင်ရမှာ ဖြစ်ပါတယ်။ Kraven ဆိုတာကတော့ ၁၉၆၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Amazing Spider-Man #15 ရုပ်ပြမှာ ပထမဆုံး ပါဝင်ခဲ့တာ ဖြစ်ပြီး သူရဲ့ သူမတူတဲ့ လုပ်နိုင်စွမ်းတွေကြောင့် superhuman ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

Kraven: The Hunter ရုပ်ရှင်ကို လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဥ်ထားပါတယ်။

Gal Gadot အနေနဲ့ Wonder Woman အဖြစ် ခုလောလောဆယ်အထိ သရုပ်ဆောင်နေလျက်ရှိပြီး မကြာခင်ကပဲ ထွက်လာတဲ့ Shazam: The Fury of Gods...
27/04/2023

Gal Gadot အနေနဲ့ Wonder Woman အဖြစ် ခုလောလောဆယ်အထိ သရုပ်ဆောင်နေလျက်ရှိပြီး မကြာခင်ကပဲ ထွက်လာတဲ့ Shazam: The Fury of Gods နဲ့ နောက်ထွက်လာမယ့် The Flash ရုပ်ရှင်တို့မှာလည်း cameo အနေနဲ့ ပါဝင်ထားပါသေးတယ်။ ဒါပေမယ့် James Gunn ဦးဆောင်နေတဲ့ DCU အသစ်မှာ Gal Gadot ကို Wonder Woman အနေနဲ့ ဆက်မြင်ရမလားဆိုတာကတော့ မသေချာသေးပါဘူး။

ဒီအချိန်မှာ အချို့အချို့သော ပရိသတ်တွေက Ana de Armas ကို Wonder Woman အဖြစ် မြင်ချင်နေကြပုံ ပေါ်ပါတယ်။ "Wired" ရဲ့ အင်တာဗျူးကို ရောက်လာခဲ့တဲ့ Ana de Armas ကို Wonder Woman အနေနဲ့ သရုပ်ဆောင်ချင်လားလို့ မေးလာတဲ့အခါ

"ပြောရရင် ကျွန်မအထင်တော့ Gal Gadot က အခု(Wonder Woman အနေနဲ့) ကောင်းကောင်းလေး သရုပ်ဆောင်နေပါတယ်။ အဲ့တော့ သိတဲ့အတိုင်းပဲ သူအနေနဲ့ ဒါကို ဆက်လုပ်သင့်ပါတယ်။" လို့ ဖြေပေးလာပါတယ်။

Gal Gadot ရဲ့ DCU အနာဂတ်ကတော့ အခုထိ ဘာမှမသိရသေးတာကြောင့် James Gunn အနေနဲ့ ပရိသတ် အချစ်တော် Gal Gadot ကို DCU ကနေ ထုတ်ပစ်ရင်လည်း ထုတ်ပစ်နိုင်ပါတယ်။ ဒါကလည်း သေချာတယ်လို့ ပြောလို့မရပြန်ပါဘူး။ Gal Gadot ကို Wonder Woman အနေနဲ့ ထပ်မြင်ရမလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ကြရဦးမှာပါ။

ထူးခြားချက်အနေနဲ့ ပရိသတ်တွေအကြား နာမည်ကြီးလာနေတဲ့ Ana de Armas အနေနဲ့ MCU ရော၊ DCU ရောမှာပါ အခုထိ သရုပ်ဆောင်ထားတာမျိုး မရှိသေးပါဘူး။ အရင်က သတင်းတွေအရတော့ Marvel Studios ကနေ Mutants တွေဘက်ကို သွားတဲ့အခါ Ana de Armas ကို Mutant တစ်ယောက်အနေနဲ့မြင်ရဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလမျိုးလည်း ထွက်ရှိခဲ့ဖူးပါတယ်။

26/04/2023

The Flash ရုပ်ရှင်ရဲ့ ဒုတိယမြောက် ထရေလာ ထွက်လာပါပြီဗျာ💥

ကြိုက်တာ မကြိုက်တာ ဝေဖန်လေကန်သွားကြပါဦး

ဆုတစ်ဆု စပြီး ရရှိနေပြီဖြစ်တဲ့ The Flashအပြေးမြန်တဲ့ Superhero ဖြစ်တဲ့ The Flash တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင် Superhero ရု...
25/04/2023

ဆုတစ်ဆု စပြီး ရရှိနေပြီဖြစ်တဲ့ The Flash

အပြေးမြန်တဲ့ Superhero ဖြစ်တဲ့ The Flash တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင် Superhero ရုပ်ရှင်ထွက်ဖို့ကတော့ အချိန် အတော်ကြာခဲ့ပါတယ်။ Zack Snyder ရဲ့ လက်ထက်ကတည်းက ထွက်ဖို့ ရှိခဲ့တဲ့ The Flash ဟာ Zack Snyder ရဲ့ DCEU နှုတ်ထွက်မှုအပြီး (၆)နှစ် အကြာမှ ထွက်လာနိုင်ခဲ့ပါတယ်။ ဇာတ်ညွှန်းအပြောင်းအလဲ၊ ဒါရိုက်တာ အပြောင်းအလဲ များစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး တကယ်ရိုက်မယ့် ဒါရိုက်တာ ရောက်လာတာတောင် ရုံတင်ရက် အပြောင်းအရွှေ့များစွာနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ကြာရတဲ့ အချိန်နဲ့ ထပ်တူညီတဲ့ ရလဒ်တစ်ခု ပြန်ရလိမ့်မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ လအတန်ကြာကတည်းက သတင်းတွေ ထွက်နေခဲ့တာပါ။

The Flash ရုပ်ရှင်ကို ပဲ့ကိုင်သူကတော့ IT Chapter 1 နဲ့ 2 ရဲ့ ဒါရိုက်တာကြီး Andy Muschietti ဖြစ်ပြီး ထုတ်လုပ်သူကတော့ Andy ရဲ့ အမဖြစ်သူ Barbara Muschietti ပဲဖြစ်တယ်။ သူတို့နှစ်ဦးရဲ့ The Flash ရုပ်ရှင်မှ ကြိုးစားမှုတွေကို Cinema Con က အသိအမှတ်ပြုခဲ့ပြီး International Filmmakers of the Year ဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ The Flash ရုပ်ရှင်ဟာ ဆုတစ်ဆု ရပြီလို့ ဆိုလို့ရပါပြီ။

Las Vegas မှာ လက်ရှိကျင်းပနေတဲ့ CinemaCon ရုပ်ရှင်ပွဲတော်မှာ Warner Bros. က The Flash ရုပ်ရှင်ရဲ့ Trailer သစ် ထုတ်ပေးသွားမှာ ဖြစ်သလို The Flash ရုပ်ရှင်ရဲ့ VFX အချောမသတ်ရသေးတဲ့ Version ကိုလည်း ပြသသွားဖို့ရှ်ိပါတယ်။ ဒီ့အပြင် Warner Bros. ဘက်က ဒီရုပ်ရှင်အပေါ် ကောင်း၏... ဆိုး၏... စတဲ့ reaction တွေကို CinemaCon တက်ရောက်သူတွေကို ၎င်းတို့ရဲ့ Social Media မှာ ပြန်လည်မျှဝေခွင့် ပေးထားပါတယ်။

ဒါကြောင့် မနက်ဖြန်မှာ The Flash ရုပ်ရှင်ရဲ့ Trailer သစ် ကြည့်ရတော့မှာ ဖြစ်သလို ဒီရုပ်ရှင်ဟာ ဘယ်လောက်ထိ မျှော်လင့်ထားလို့ရတဲ့ ရုပ်ရှင်လဲဆိုတာ မနက်ဖြန်ဆို သိရဖို့ရှိပါတယ်ဗျာ။

၂၀၂၂ က ထွက်ရှိပြီး အလွန်အောင်မြင်ခဲ့တဲ့ Shrek ရဲ့ spinoff "Puss in Boots: The Last Wish"   နဲ့ ပတ်သက်ပြီး Eddie Murphy က...
24/04/2023

၂၀၂၂ က ထွက်ရှိပြီး အလွန်အောင်မြင်ခဲ့တဲ့ Shrek ရဲ့ spinoff "Puss in Boots: The Last Wish"
နဲ့ ပတ်သက်ပြီး Eddie Murphy က လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက "အကယ်လို့ (Dreamworks) က နောက်ထပ် Shrek ရုပ်ရှင်တစ်ခု ထပ်ရိုက်မယ်ဆို ကျွန်တော် နှစ်စက္ကန့်တောင် မကြာပဲ သဘောတူမှာပါ။ ကျွန်တော် Donkey (Murphy သရုပ်ဆောင်ရသော ဇာတ်ကောင်) ကို ချစ်တယ်။ သူတို့ Puss in Boots ရုပ်ရှင်တွေ လုပ်ကြတယ်။ အဲ့တော့ ကျွန်တော်လည်း 'သူတို့ Donkey ရုပ်ရှင်လည်း ရိုက်သင့်တယ်' လို့ မြင်မိတယ်။ Donkey က Puss in Boots ထက် ပိုရယ်ရတယ်။ ပြောရရင် ကျွန်တော် Puss in Boots ကို သဘောကျပါတယ်။ ဒါပေမယ့် သူက Donkey လောက် မရယ်ရတာ အမှန်ပဲ။" လို့ ပြောလာခဲ့ပါတယ်။
ဒီစကားနဲ့ ပတ်သက်ပြီး Dreamworks ရဲ့ creative partner ဖြစ်တဲ့ Meledandri ကလည်း "Murphy အနေနဲ့ သူပြောင်မြောက်အောင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်အပေါ်မှာ တော်တော်လေး စိတ်အားထက်သန်နေပုံရတယ်။ သူပြောခဲ့တဲ့ အကြောင်းအရာက စိတ်လှုပ်ရှားစရာကောင်းတယ်လို့ မြင်မိတယ်။" လို့ ဖြေလာခဲ့ပါတယ်။
Puss in Boots လိုပဲ Donkey အတွက် spinoff လာနိုင်ချေရှိလားလို့ Meledandri ကိုမေးတဲ့အခါ "မေးစရာကို မလိုပါဘူး။ (သေချာတယ်)" လို့​ ဖြေသွားခဲ့ပါတယ်။ သေချာတာကတော့ Dreamworks အနေနဲ့ Donkey spinoff လုပ်လာမယ်ဆိုရင် Eddie Murphy ကိုပဲ အသံသရုပ်ဆောင်ခိုင်းမယ် ဆိုတာပါ။
ဒီတော့ Shrek ထဲက Puss in Boots တင်မဟုတ်ပဲ Donkey ဆိုတဲ့ ဇာတ်ကောင်နောက်တစ်ခုရဲ့ spinoff ရုပ်ရှင်အဖြစ် မကြာခင်မှာ တွေ့ရနိုင်ပါတယ်။

Sandman season 2 စနေပြီ။Neil Gaiman စာအုပ်တွေကို အခြေခံပြီး ထွက်လာခဲ့တဲ့ Netflix ရဲ့ Sandman season 1  ကတော့ မနှစ်က သြဂု...
23/04/2023

Sandman season 2 စနေပြီ။

Neil Gaiman စာအုပ်တွေကို အခြေခံပြီး ထွက်လာခဲ့တဲ့ Netflix ရဲ့ Sandman season 1 ကတော့ မနှစ်က သြဂုတ်လမှာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမူကို ရရှိခဲ့ပါတယ်။ အခုလည်း season 2 အတွက် ဇာတ်ညွှန်း ရေးသားတာ ပြီးသွားခဲ့ပါပြီ။ အခုလို သတင်းကို အတည်ပြုပေးခဲ့တာကတော့ Gaiman ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

Tumblr မှာ ပရိသတ်တစ်ယောက်ကို Gaiman ကိုယ်တိုင်ကနေ "ဇာတ်ညွှန်းတွေတော့ ပြီးသွားပြီ။ ပထမဆုံးအပိုင်းအတွက်လည်း သရုပ်ဆောင်ရွေးချယ်မူတွေ စနေပြီ။ ရိုက်ကွင်းကိုလည်း စပြီး ပြင်ဆင်နေပါပြီ။" လို့ ဖြေပေးသွားခဲ့တာ ဖြစ်ပါတယ်။

Sandman ရဲ့ season 2 ကို အတည်ပြုပေးခဲ့တာကတော့ နည်းနည်းကြာသွားပေမယ့် ဖြစ်တော့ဖြစ်လာခဲ့ပါတယ်။ ဒီလိုကြာသွားတာကြောင့် Netflix ကနေ Sandman ကို ပယ်ဖျက်လိုက်တော့မှာလားလို့ ပရိသတ်တွေ စိုးရိမ်နေခဲ့ပေမယ့် ကြာသွားတာရဲ့ အကြောင်းရင်းကတော့ Netflix နဲ့ Sandman ရဲ့ creative team တို့ သေသေချာချာ ဆွေးနွေးနေတာကြောင့်လို့ သိရပါတယ်။

Sandman ရဲ့ season 2 ထွက်ရှိလာမယ့်ရက်ကတော့ လောလောဆယ်အထိ မသိရသေးပါဘူး။

အဖမ်းအဆီးခံရဖူးတဲ့ Superhero သရုပ်ဆောင်များပြီးခဲ့တဲ့ Marchက Jonathan Majors တစ်ယောက် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက...
21/04/2023

အဖမ်းအဆီးခံရဖူးတဲ့ Superhero သရုပ်ဆောင်များ

ပြီးခဲ့တဲ့ Marchက Jonathan Majors တစ်ယောက် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အဖမ်းခံရပြီး လက်ရှိတရားရင်ဆိုင်နေရတယ်ဆိုတာ တော်တော်များများသိကြမှာပါ။ သူ့အပြင်ယခင်က Superhero ရုပ်ရှင်ထဲက သရုပ်ဆောင်တော်တော်များများ ပြစ်မှုကျူးလွန်ပြီး အဖမ်းဆီးခံခဲ့ရဖူးတာတွေအများကြီးရှိပါတယ်။ ထိုထဲမှာ ကြားမကောင်းတဲ့ပြစ်မှုတွေနဲ့ အဖမ်းခံခဲ့ရတဲ့သရုပ်ဆောင်အချို့ကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။

ကြီးငယ်မရွေး ပါဆယ်တွေကို ရန်ကုန်မြို့တွင်းစိတ်တိုင်းကျ ပို့ဆောင်ဖို့ဆို Lwal Dal Express - လွယ်တယ် အိတ်စ်ပရတ်စ် နဲ့ ချိတ်ဆက်ထားဖို့လိုမယ်နော်။ B2B, B2C သီးသန့်နှုန်းထားတွေလည်းရှိတာမို့ အသေးစိတ်သိရှိလိုပါက ဖော်ပြပါ ဖုန်းနံပါတ်နဲ့လိပ်စာတွေကနေ ဆက်သွယ်နိုင်ပါတယ်။

📞 (+95) 09 79 777 1563
🌐 Fb.com/lwaldalexpress

Shazam 2 ကို ကြည့်လို့မကောင်းဘူးလို့ ဝေဖန်ခဲ့တဲ့ Shazam 2 ဒါရိုက်တာမကြာသေးခင်ကမှ ထွက်ခဲ့တဲ့ Shazam! Fury of the Gods ကတေ...
21/04/2023

Shazam 2 ကို ကြည့်လို့မကောင်းဘူးလို့ ဝေဖန်ခဲ့တဲ့ Shazam 2 ဒါရိုက်တာ

မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ Shazam! Fury of the Gods ကတော့ DC ရဲ့ အဆိုးဝါးဆုံးရုပ်ရှင်တစ်ကား ဖြစ်သွားခဲ့ပါတယ်။ Shazam 1 တုန်းကတောင် ကမ္ဘာတစ်ဝန်း ရုံဝင်ငွေ ၃၆၅ မီလီယံဒေါ်လာလောက် ရရှိခဲ့ပေမယ့် Shazam 2 ရဲ့ ရုံဝင်ငွေစုစုပေါင်းကတော့ ဒေါ်လာ ၁၃၁ မီလီယံသာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မူကိုလည်း ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။ ရုံဝင်ငွေနည်းရတာရဲ့ အကြောင်းရင်းတစ်ခုကလည်း အခုလို ဝေဖန်မူတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလည်း Shazam 2 ဝေဖန်ခံနေရပြန်ပါပြီ။ ဒီတစ်ခါ ဝေဖန်သူကတော့ ရုပ်ရှင်ဝေဖန်ရေးသမားလည်းမဟုတ်၊ ပရိသတ်လည်း မဟုတ်ဘဲ Shazam 2 ရဲ့ ဒါရိုက်တာဖြစ်တဲ့ David F. Sandberg ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

Letterboxd မှာ Sandberg တစ်ယောက်ကတော့ Shazam 2 နဲ့ ပတ်သက်ပြီး အခုလိုပဲ ရေးလာခဲ့ပါတယ်။

"Billy နဲ့ Shazam နှစ်ယောက်လုံးရဲ့ (ဇာတ်ကောင်)စရိုက်က ကွဲပြားနေတယ်။ ဒါကို ဒါရိုက်တာဆီမှာ တစ်ယောက်ယောက် ထောက်ပြဖို့ လိုတယ်လို့ ငါထင်တယ်။ (ဒီရုပ်ရှင်က)ကြည့်ဖို့မသင့်ဘူး။" လို့ စနောက်ပြီး ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုရေးလာရတဲ့ အကြောင်းရင်းကလည်း Shazam 2 နဲ့ ပတ်သက်ပြီး အဓိကဝေဖန်ခံရနေရတာကတော့ Billy Batson က ပုံစံတစ်မျိုး၊ Shazam က ပုံစံတစ်မျိုး၊ ဇာတ်ကောင်တစ်ခုထဲပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေက လုံးဝကိုမတူဘူး ဆိုတာကြောင့် ဖြစ်ပါတယ်။ Zachary Levi သရုပ်ဆောင်တဲ့ Shazam ဇာတ်ကောင်ဆိုရင် ပျော်ပျော်ပါးပါး နေတတ်တဲ့ ပုံပေါက်ပြီး Asher Angel သရုပ်ဆောင်တဲ့ Billy Batson ဇာတ်ကောင်ကတော့ နည်းနည်းလေးပြီး သိပ်မပျော်မပါးဖြစ်တဲ့ ပုံပေါက်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တော်တော်များများအတွက်လည်း အခုလို ဇာတ်ကောင်နှစ်ခုလုံး ဆန့်ကျင်ဖက်ဖြစ်နေတာကို ရုပ်ရှင်ရဲ့ နေရာအတော်များများမှာ သတိထားမိလာကြတာ ဖြစ်ပါတယ်။ Sandberg အနေနဲ့လည်း ဒီဝေဖန်ချက်ကို သတိထားမိပြီး ဒါရိုက်တာကို သွားပြောသင့်တယ်လို့တောင် ပြန်ပြီး နောက်လိုက်သေးတာ ဖြစ်ပါတယ်။ Sandberg အနေနဲ့ သူရဲ့ ရုပ်ရှင်ကို ဝေဖန်တာ အခုမှ ပထမဆုံး မဟုတ်ဘဲ သူရဲ့ အရင်ရုပ်ရှင်တွေဖြစ်တဲ့ Shazam 1, Annabelle: Creation, Light Out စတဲ့ ရုပ်ရှင်တွေကိုလည်း ဝေဖန်ခဲ့ဖူးပါသေးတယ်။

“မီးစတစ်ခုမှ အစပြုခြင်း”Walter White | Breaking Bad (2008-2013)
20/04/2023

“မီးစတစ်ခုမှ အစပြုခြင်း”

Walter White | Breaking Bad (2008-2013)

20/04/2023

အက်ရှင်အမိုက်စားတွေနဲ့ FastX ရဲ့ Trailer သစ်

May 19 ရက်နေ့မှာ ရုံတင်ပြသသွားတော့မှာဖြစ်ပါတယ်။

Fast & Furious 10 (FX) ရုပ်ရှင်အား ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးခဲ့တဲ့ Louis Leterrier ဟာ လာမယ့် F11 ရုပ်ရှင်အတွက်လည်း ဒါ...
20/04/2023

Fast & Furious 10 (FX) ရုပ်ရှင်အား ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးခဲ့တဲ့ Louis Leterrier ဟာ လာမယ့် F11 ရုပ်ရှင်အတွက်လည်း ဒါရိုက်တာအဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
FX ရုပ်ရှင်ဟာ လာမယ့် May 19 ရက်နေ့မှာ ရုံတင်ပြသသွားဖို့ရှိနေပြီး Fast and the Furious 11 ဟာလည်း မကြာခင်မှာ post-production စတင်လာဖို့ရှိနေပါတယ်။

Disney ရဲ့ Live-Action remake ရိုက်ကူးမယ့် Lilo & Stitch ရုပ်ရှင်မှာ မမNini အဖြစ် မင်းသမီးSydney Agudong ကိုရွေးချယ်လိုက...
14/04/2023

Disney ရဲ့ Live-Action remake ရိုက်ကူးမယ့် Lilo & Stitch ရုပ်ရှင်မှာ မမNini အဖြစ် မင်းသမီးSydney Agudong ကိုရွေးချယ်လိုက်ပြီလို့ THR ရဲ့အဆိုအရသိရပါတယ်။ ညီမလေးLilo အဖြစ်ကိုတော့ 5နှစ်အရွယ်ကလေးမလေး Maia Kealoha ကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မကြာခင် ဟာဝိုင်အီမှာ ရိုက်ကူးရေးစတင်တော့မှာဖြစ်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Heroes for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share