08/07/2026
“Transformer ရုပ်ရှင်ကားထဲက ဧရာမ Monster Building ကြီးအကြောင်း”
ဟောင်ကောင်ကျွန်းရဲ့ Quarry Bay (ကွာရီဘေး) မှာရှိတဲ့ ဒီအဆောက်အအုံကြီးဟာ တကယ်တော့ နာမည်တစ်ခုတည်း မဟုတ်ဘဲ အချင်းချင်း ချိတ်ဆက်နေတဲ့ အိမ်ရာ Complex (၅) ခု စုစည်းထားတာဖြစ်ပြီး အဝေးကကြည့်ရင် သိပ်သည်းလွန်းတဲ့ "ဧရာမ သတ္တဝါကြီး" တစ်ကောင်လို ဖြစ်နေလို့ "Monster Building" လို့ ကမ္ဘာက သိကြပါတယ် …
📸 ဘာကြောင့် ဒီလောက်တောင် ကမ္ဘာကျော်သွားရတာလဲ?
Transformers မင်းသားကြီးတွေ လာသွားတဲ့နေရာ: ဟောလိဝုဒ်ရုပ်ရှင် Transformers: Age of Extinction (၄) ကားထဲက အဓိက တိုက်ပွဲခန်းတွေကို ဒီတိုက်ကြီးတွေရဲ့ အလယ်ကွင်းပြင်မှာ လာရောက်ရိုက်ကူးခဲ့တာကြောင့် ကမ္ဘာတစ်ဝန်း ပိုပြီး ပေါက်သွားခဲ့တာပါ။
Cyberpunk / Dystopian Visual ခံစားချက်: တိုက်တွေက အပေါ်ကို မိုးမျှော်နေပြီး တစ်ခုနဲ့တစ်ခု အရမ်းကပ်နေပါတယ်။ အလယ်ကွင်းပြင်ကနေ ကောင်းကင်ကြီးကို မော့ကြည့်ရင် တိုက်တံတိုင်းကြီးတွေ ဝိုင်းရံထားပြီး ကောင်းကင်က "E" ပုံသဏ္ဌာန် (သို့) လေးထောင့်ကွက်လေးပဲ မြင်ရတဲ့ ထူးခြားဆန်းပြားတဲ့ မြင်ကွင်း (Symmetrical View) ကို ရရှိစေပါတယ်။
🔍 Monster Building ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်များ
သက်တမ်းနှင့် တည်ဆောက်ပုံ: ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဝင်ငွေနည်းတဲ့ မိသားစုတွေ သက်သာတဲ့စျေးနဲ့ နေထိုင်နိုင်အောင် အစိုးရက စီစဉ်ပေးခဲ့တဲ့ အိမ်ရာပုံစံဖြစ်ပါတယ်။
လူဦးရေ ဘယ်လောက် နေလဲ?: တိုက်ခန်းပေါင်း ၂,၂၀၀ ကျော် ရှိပြီး လူဦးရေ ၁၀,၀၀၀) တစ်သောင်းကျော်အထိ နေထိုင်ကြပါတယ်။ တချို့နိုင်ငံတွေက မြို့နယ်တစ်ခုစာ လူဦးရေဟာ ဒီတိုက်ကြီးတွေထဲမှာတင် စုပြုံနေထိုင်နေကြတာမို့ ဟောင်ကောင်ရဲ့ မြေနေရာရှားပါးမှုနဲ့ လူဦးရေသိပ်သည်းမှုကို အထင်ရှားဆုံး ပြသနေတဲ့ ပြယုဂ်တစ်ခုပါ။
မြေညီထပ်တွေမှာ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင် စတဲ့ အခြေခံ လူနေမှုဘဝအတွက် လိုအပ်တဲ့ ဆိုင်တွေအကုန်ရှိလို့ တိုက်ကြီးထဲကနေ အပြင်မထွက်ဘဲ အကုန်ဖြေရှင်းလို့ရတဲ့ self-contained အသိုက်အဝန်းလေး ဖြစ်ပါတယ်။
⚠️ Travel Guide အနေနဲ့ကတော့
၁။ နေထိုင်သူတွေကို အနှောင့်အယှက်မပေးဖို့: ဒါက ကမ္ဘာလှည့်ခရီးသွားနေရာ သီးသန့်မဟုတ်ဘဲ လူတွေ တကယ်နေထိုင်တဲ့ အိမ်ရာဖြစ်တာကြောင့် ဆူညံသံမလုပ်ဖို့နဲ့ privacy ကို လေးစားဖို့ လိုပါတယ်။ (တစ်ခါတုန်းက ဓာတ်ပုံရိုက်တာတွေ အရမ်းများလို့ ပိတ်ပင်ဖို့အထိ ကြိုးစားခဲ့ဖူးပါတယ်)။
၂။ သွားရလွယ်ကူခြင်း: MTR ရထားစီးပြီး Tai Koo Station (Exit B) ကနေ ထွက်ရင် ၅ မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်နိုင်ပါတယ်။
ခရီးသွားအကြောင်းအရာလေးတွေနဲ့ နေ့စဉ်လှုပ်ရှားမှူတွေ အမြဲတင်ပေးနေမှာမလို့ ချစ်တဲ့သူတွေက Page လေးကို Like & Follow လုပ်ခဲ့ပေးပါဦးရှင် 😍
-building