အောင်စကြာ Aung Sett Kyar

အောင်စကြာ Aung Sett Kyar Psychic Tarot
Fee 3000kyat
For Work 09756158230📲📞

15/02/2024
☘️ တစ်ယောက်ယောက်ကို ပိုက်ဆံပေးတဲ့အခါငွေစက္ကူဆိုရင် ညီညီညာညာ စီပြီး ပေးရပါတယ်။စျေးသည် နေ့ပြန်တိုးပေးသလိုဖင်ပြန်ခေါင်းပြန်...
06/01/2024

☘️ တစ်ယောက်ယောက်ကို ပိုက်ဆံပေးတဲ့အခါ
ငွေစက္ကူဆိုရင် ညီညီညာညာ စီပြီး ပေးရပါတယ်။
စျေးသည် နေ့ပြန်တိုးပေးသလို
ဖင်ပြန်ခေါင်းပြန် မညီမညာနဲ့
ဖြစ်သလို ပေးတာမျိုး မလုပ်ရပါဘူး။
ငွေကြေးကို တန်ဖိုးထားပါ။

☘️ ကေပေးနံပါတ် ပေးတဲ့အခါ
ဂဏန်းကို အင်္ဂလိပ်လို တစ်ဆက်တည်း ရေးပါ။
အောက်မှာ အမည်ကို တစ်ကြောင်းရေးပါ။
မြန်မာလို ရေးခြင်း၊ ဂဏန်းတွေကို
space ခြားခြင်းက ကော်ပီယူရ မလွယ်စေပါဘူး။
အသေးအဖွဲလေးပေမယ့် ငွေနဲ့ပတ်သက်ပြီး
တစ်ဦး အပေါ်ထားတဲ့ စေတနာပေါ့။

☘️ ပိုက်ဆံချေးပြီးရင် ပြန်ဆပ်ရပါတယ်။
အခု မဆပ်နိုင်သေးရင်
ဆပ်နိုင်ဖို့ ရည်ရွယ်ထားရပါတယ်။
အကြွေးမဆပ်တဲ့သူဆီမှာ သူတပါးရဲ့အပူတွေ
ပိတ်မိနေတတ်ပြီး ဘာလုပ်လုပ် ခက်ခဲတတ်တယ်။
အထူးသဖြင့် စေတနာနဲ့ ချေးပေးထားသူတွေကို
အလိုက်တသိလေး ပြန်ဆပ်ပါ။

☘️ ဆပ်နိုင်ရဲ့သားနဲ့ နှမျောပြီး
မဆပ်တာမျိုး မလုပ်ပါနဲ့။
ချေးပေးတုန်းက သူတပါးကလည်း
သူ့ဝင်ငွေထဲကနေ ဖဲ့ပေးခဲ့ရတာကို သတိရပါ။
ရှာထားသမျှ ဥစ္စာ အလဟဿ
တတိတိနဲ့ ကုန်သွားတတ်ပါတယ်။

☘️ ငွေကြေးကို အတိုးပေးတဲ့အခါလည်း
မတရား အမြတ်ကြီး မစားပါနဲ့။
လတ်တလော အဆင်ပြေပမယ့်
ကျန်းမာရေး ချူချာလာတတ်ပါတယ်။

☘️အကြွေးတောင်းတဲ့အခါ
မနက်စောစော မတောင်းပေးပါနဲ့။
သူတပါးမှာလည်း တနေ့တာ အတွက်
ကျက်သရေမင်္ဂလာ ရှိပါတယ်။
သူ့အပူက ကိုယ့်ဆီ ကူးလာတတ်ပါတယ်။

☘️ ပိုက်ဆံအိတ်ကို ကြမ်းပြင်ပေါ် မချထားပါနဲ့။
အမှိုက်တွေ ဘောက်ချာတွေ မထည့်ပါနဲ့။
အနံ့အသက် မကောင်းအောင် မထားပါနဲ့။
လာဘ်တိတ်တတ်ပါတယ်။

☘️ ရလာသမျှ ပိုက်ဆံထဲက ဦးဦးဖျားဖျားကို
မြတ်စွာဘုရားကပ်လှူဖို့ ပန်းလေးဖြစ်ဖြစ်
ဖယောင်းတိုင် ဖြစ်ဖြစ် ဝယ်ပါ။
မိဘတွေ သက်ရှိထင်ရှားရှိသေးရင်
စားစရာ ဝယ်ကျွေးပါ။
မရှိဆင်းရဲသားကို စေတနာလေးနဲ့ လှူပါ။
ခွေးလေး ကြောင်လေး ငှက်လေးတွေ အစာကျွေးပါ။
လက်ထဲ ငွေဘယ်တော့မှ မပြတ်ပါဘူး။

☘️ ပံ့သကူ ပစ်ပေးပါ။
နည်းသည် များသည် မရှိပါဘူး။
ပံ့သကူ ကောက်ရတဲ့အခါ ပျော်ရွှင်သွားမယ့်
လူတစ်ယောက်ရဲ့စိတ်ထဲ ရည်မှန်းပြီး
သေချာ မိုးစိုခံအောင် ပလတ်စတစ်လေးနဲ့
ထုပ်ပေးထားပါ။
ဘာလုပ်လုပ် စေတနာလေးကို အခြေခံပါ။
လိုအပ်သူတွေ များတဲ့ နေရာမှာ ပစ်ပါ။
ပိုက်ဆံတွေ့သွားရင် ဘယ်လောက်ပျော်မလဲ။

☘️ငွေကြေးနဲ့ ပတ်သက်ရင် ကတိတည်ပါ။
ငွေနဲ့ပတ်သက်ပြီး ကတိမတည်သူဆီမှာ
ငွေတွေက ကြာကြာ မနေပါဘူး။
ဆီလိုအပေါက်ရှာပြီး ထွက်သွားမှာပါ။

☘️ ငွေကြေးကို ချစ်မြတ်နိုးပါ။
လိုအပ်တာလေးကို သုံးစွဲခွင့်ပေးတဲ့အတွက်
ပိုက်ဆံလေးကို ကျေးဇူးတင်ကြောင်း
ပြောပေးပါ။
ငွေကို ချစ်ရင် ငွေက ကိုယ့်ကို ပြန်ချစ်ပါတယ်။

☘️ ကံ ကံ၏အကျိုးကို ယုံကြည်ပါ။
စေတနာမှန်ရင် ရောင်ပြန်ပါတယ်။
စေတနာဆိုးရင် တန်ပြန်ပါတယ်။
ဘာလုပ်လုပ် စေတနာလေး အခြေခံလုပ်ပါ။

☘️ ယနေ့မှစ၍ ငွေကြေးကံ
အထူးတိုးတက် မြင့်မားကြပါစေ။ 🙏

crd to Shoon Mi Mi Htet
ောင်စကြာ

05/01/2024

You're better than that

Send a message to learn more

စာရွက်ကပ်သူနဲ့ အကပ်ခံရသူ။============နောက်ပြောင်မှုတစ်ခုတွင် ကျောင်းသားတစ်ဦးသည် "' " - ကျွန်တော်အရူးပါ.. ဟု အတန်းဖော်၏နေ...
03/01/2024

စာရွက်ကပ်သူနဲ့ အကပ်ခံရသူ။
============
နောက်ပြောင်မှုတစ်ခုတွင် ကျောင်းသားတစ်ဦးသည် "' " - ကျွန်တော်အရူးပါ.. ဟု အတန်းဖော်၏နောက်ကျောတွင် စာရွက်တစ်ရွက်ကပ်ထားကာ ကျန်အတန်းဖော်များကို ကောင်လေးအား မပြောရန် တောင်းဆိုခဲ့သည်။

ဒီလိုနဲ့ ကျောင်းသားတွေ ရယ်မောကြတာပေါ့..။

နေ့ခင်းပိုင်း သင်္ချာအတန်းစပြီး ဆရာမက ခက်ခက်ခဲခဲ မေးခွန်းတစ်ခု ရေးတယ်။

စတစ်ကာအကပ်ခံရတဲ့ ကောင်လေးကလွဲရင် ဒီပုဒ်စာကို ဖြေမယ်လို့ ဘယ်သူမှ လက်ညိုးမထောင်ကြဘူး။

နောက်ကြောစာသားကြောင့် ရယ်မောသံများကြားတွင် သူသည် သင်ပုန်းဆီသို့ လျှောက်သွားပြီး ပြဿနာကို ဖြေရှင်းလိုက်သည်။

ဆရာမက ဂုဏ်ပြု လက်ခုပ်တီးပြီး သူ့နောက်ကျောပေါ်က စာရွက်ကို ဖယ်ပေးလိုက်တယ်။

သူမက "မင်းရဲ့ အတန်းဖော်တစ်ယောက်က မင်းရဲ့နောက်ကျောမှာ စာရွက်ကပ်လိုက်တာ မင်းမသိဘူးထင်တယ်။"

ထို့နောက် ဆရာမက ကျန်အတန်းသားတွေကိုကြည့်ကာ ပြောသည် ။

"မင်းတို့ကို ပြစ်ဒဏ်မပေးခင်မှာ မင်းတို့ကို ၂ ချက်ပြောစရာရှိတယ်...

ပထမ၊ မင်းတို့ဘဝတစ်လျှောက်လုံး၊ လူတွေက မင်းတိုးတက်မှုကို ရပ်တန့်ဖို့ အဖျက်စကားလုံးတွေ စိတ်ညစ်စရာ များစွာနဲ့ မင်းတို့အပေါ် တံဆိပ်ကပ်ပေးပါလိမ့်မယ်။

မင်းတို့ရဲ့အတန်းဖော်က ကျောပေါ်က စာရွက်အကြောင်းသိရင် သူမေးခွန်းကိုဖြေဖို့ ထလာမှာမဟုတ်ဘူး။

မင်းတို့ဘဝမှာ လူတွေကပ်တဲ့ တံစိပ်မျိုးစုံကို လျစ်လျူရှုပြီး....အခွင့်အလမ်းအားလုံးကို ဆုပ်ကိုင်နိူင်ဘို့သင်ယူရမယ်.. တိုးတတ်အောင်လုပ်ရမယ်...''

"ဒုတိယအနေနဲ့၊ သူ့ကို စတစ်ကာအကြောင်း ပြောပြဖို့ မင်းတို့အားလုံးထဲမှာ သစ္စာရှိတဲ့ သူငယ်ချင်း တစ်ယောက်မှ မရှိဘူးဆိုတာ ရှင်းပါတယ်။''

"မင်းတို့မှာ သူငယ်ချင်းဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးပါဘူး - သူငယ်ချင်း အခြင်းခြင်း မျှဝေရမယ့်သစ္စာစောင့်သိမှုက အရေးကြီးပါတယ်။''

" သူငယ်ချင်းတွေ အများကြီးရှိပေမယ့် မင်းတို့မှာ မိတ်ဆွေစစ်မရှိဘူးဆိုရင်တော့ တစ်ယောက်ထဲနေတာ ပိုကောင်းပါတယ်..''
Credit

Saya U Khin Zaw ( ဘာသာပြန် )
----
မျှဝေခြင်း
စာပေဂရု
ောင်စကြာ

နှစ်သစ်မှာ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းစီးပွားဥစ္စာတိုးတက်ခြင်းများ ရရှိဖို့ ကျနော်တို့အောင်စကြာ Aung Sett Kyar မှ...
31/12/2023

နှစ်သစ်မှာ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်း
စီးပွားဥစ္စာတိုးတက်ခြင်းများ ရရှိဖို့ ကျနော်တို့
အောင်စကြာ Aung Sett Kyar မှ ဆုမွန်ကောင်း​
တောင်းလိုက်ပါတယ်
အားလုံးပဲ Happy New Yearပါ

Christmas လက်ဆောင် ..အိမ်မှာ မစိုက်ရမယ့် အပင်။==================အိမ်သား အချင်းချင်း ဖြစ်စေမိမိနဲ့ သူများ နဲ့ ဖြစ်စေ.ရန်ဖ...
30/12/2023

Christmas လက်ဆောင် ..
အိမ်မှာ မစိုက်ရမယ့် အပင်။
==================
အိမ်သား အချင်းချင်း ဖြစ်စေ
မိမိနဲ့ သူများ နဲ့ ဖြစ်စေ.
ရန်ဖြစ် စကားများ တာတွေ မဖြစ်ချင် ဘူး ဆိုယင်၊
ဆူးပါတဲ့ အပင်တွေ အိမ်မှာ မစိုက်ကြပါနဲ့။
ဝါစတုသျှတ္တရ အရ တားမြစ် ထားပါတယ်။

နောက်တခုက..
ညောင်ပင်၊ ဗောဓိပင်
ကျောင်းကန် ဘုရား၊ အများပိုင် နေရာတွေ စတာတွေ မှာ အရပ်မျက်နှာ မှန်ကန် စွာ စိုက်ယင် မင်္ဂလာ ရှိစေပေမယ့်၊
လူနေအိမ်မှာ စိုက်ဘို့ မသင့်တော် ပါဘူး။
သူတို့ ရဲ့ စွမ်းအားက ကြီးမားလို့ပါ။

ဘွန်ဆိုင်း အပင်ပု ဆိုတာလည်း၊
သဘာဝ စွမ်းအင်ကို ပြုပြင်ထားတာ ဖြစ်တော့.
မိသားစု နဲ့ နေတဲ့ လူနေအိမ် အတွက် မသင့်ပြန်ပါဘူးတဲ့။

ဒါလေးတွေ သတိပြု နိုင်ကြခြင်း ဖြင့် ကျန်းမာ ပျော်ရွင်ချမ်းမြေ့ ကြပါစေ။

crd to နျူမာန် (MOTAA)
၂၅ ဒီဇင်ဘာ ၂၀၁၉

ခင်ဗျားက ဝေဒနာခံစားရသောသူဖြစ်တယ်ဆိုရင် အဲ့ဒါက ခင်ဗျားကြောင့်ပါပဲ။ခင်ဗျားက ချမ်းသာသုခနဲ့ ပြည့်စုံသောသူလို့ ခံစားရတယ်ဆိုရင...
30/12/2023

ခင်ဗျားက ဝေဒနာခံစားရသောသူဖြစ်တယ်ဆိုရင် အဲ့ဒါက ခင်ဗျားကြောင့်ပါပဲ။

ခင်ဗျားက ချမ်းသာသုခနဲ့ ပြည့်စုံသောသူလို့ ခံစားရတယ်ဆိုရင် အဲ့ဒါက ခင်ဗျားကြောင့်ပါပဲ။

ဘယ်သူကမှ တာဝန်ရှိသောသူ မဟုတ်ဘဲ ခင်ဗျားနဲ့ ခင်ဗျားတစ်ဦးတည်းကသာ တာဝန်ရှိသောသူဖြစ်ပါတယ်။

ခင်ဗျားက ခင်ဗျားရဲ့ငရဲဘုံဖြစ်သလို ခင်ဗျားရဲ့ကောင်းကင်ဘုံလည်း ဖြစ်တယ်။

ောင်စကြာ
crd to OSHO

ခရစ်စမတ် လက်​ဆောင်ပါ။ # # # # # # # # # # # # #$$=/=ကံနိမ့်​နေတယ်လို့ ခံစားရယင် ဖြစ်​စေ၊မိမိအိမ်၊ ရုံးမှာ အခိုက်ဓါတ်​တွေ...
30/12/2023

ခရစ်စမတ် လက်​ဆောင်ပါ။
# # # # # # # # # # # # #$$=/=
ကံနိမ့်​နေတယ်လို့ ခံစားရယင် ဖြစ်​စေ၊
မိမိအိမ်၊ ရုံးမှာ အခိုက်ဓါတ်​တွေများ​နေသူဖြစ်​စေ
Negative Energy များကြုံ​တွေ့နေရသူများ အတွက်
≈==================
​ရှေး​ဟောင်း ဝါစတုသျှတ္တရ ပညာအရ၊
သံပုရာသီး တလုံးကို
​​ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲထည့်ပြီး
မိမိအိမ်၊ မိမိရုံးရဲ့ အဝင်ဝနားမှာ ထားလိုက်ပါ။
​စ​နေ့​​နေ့တိုင်း ​​ရေလဲ​ပေးပါ။

သံပုရာသီးက ​ရေ​ပေါ်တက်​နေယင်
သင့်အိမ်မှာ ​ကောင်းမြတ်တဲ့ မင်္ဂလာ Positive Energy ​တွေရှိ​နေပါ​တယ်။
တကယ်လို့များ သံပုရာသီးဟာ ​အောက်​ခြေဘက်ဆင်း​​နေယင် Negative Energy အမင်္ဂလာဓါတ်​တွေ များလို့ သတိထားဘို့ ရှိ​နေပါတယ်တဲ့။

သံပုရာသီး ထည့်ထားပြီ​နောက်၊ ​ရေက အမြုပ်နှစ်​​တွေထွက်၊၊ ​မကြည်ပဲ နောက်လာယင် မ​ကောင်းတဲ့ စွမ်းအင်​တွေကို စတင်စုပ်ယူ​ပေး​နေပြီတဲ့။

လူဝင်လူထွက်များတဲ့ အိမ်​တွေအတွက် အ​ရေးကြီးတဲ့ အချက်တချက်ပါပဲ။

အထူးသဖြင့် အပူသည်​တွေ စုစည်းတဲ့ ​နေရာဟာ
မိမိအလုပ်ခန်း ဖြစ်​နေတတ်တဲ့..

- ​ဗေဒင်​ဟောခန်း။
- ​ဆေးခန်း။
- စတဲ့ ​နေရာ​တွေက​တော့ အထူးလိုအပ်ပါလိမ့်မယ်။

အ​ရေးကြီးတာက​တော့
ဖန်ခွက် အကြည်
​ရေအကြည် ဖြစ်ပြီး
စ​နေ​နေ့တိုင်းမှာ ​ရေလဲ​ပေးဘို့ပါပဲ။

သံပုရာသီး ပုပ်လာယင်လည်း လဲပစ်​ပေးပါ။
ပလပ်စတစ်ခွက်နဲ့ မသုံးပဲ ဖန်ခွက်နဲ့ပဲ အသုံးပြု​ပေးပါ။
ဖန်ခွက်က မ​ကောင်းတဲ့ စွမ်းအင်ကို ပြန်ကန်ထုတ်​ပေးပါတယ်။

အလိုရှိသူများကို မျှ​ဝေ​ပေးပါ

crd to နျူမာန် (MOTAA)

The Hill of Heart's Desire by Irish Poet Raffertyရဲ့ ကဗျာကို ဖတ်မိပြီးတဲ့နောက်မှာတော့ Pamela Colman Smithက1903နှစ်မှာ စတ...
26/12/2023

The Hill of Heart's Desire by Irish Poet Raffertyရဲ့ ကဗျာကို ဖတ်မိပြီးတဲ့နောက်မှာတော့ Pamela Colman Smithက1903နှစ်မှာ စတင်ရေးဆွဲခဲ့ပါသည်

1909ခုနှစ်မှာတော့ Rider Company ကနေပြီး စတင်ထုတ်ဝေခဲ့ပြီး အခုကျနော်တို့ သိတဲ့ Rider Tarot or Waite Smith Tarotတွေက လူထုဆီကိုရောက်ရှိလာခဲ့ပါတယ်


#အောင်စကြာ
Dec26/2023

16/12/2023

ပင်လယ်ကူးဆိုတာ အားကို အထူးစုစည်း ယူရ၏။

ဒီပင်လယ်ကို ဘာနဲ့ကူးတယ်။
ဒီပင်လယ်ကို ဘာကြောင့်ကူးတယ်ဆိုတဲ့ ဉာဏ်စိုက်မှုက သံသရာဇာတ်ကို သိမ်းဆည်းခြင်းပဲ။
ဘဝပါရမီအားကို စုစည်းခြင်းပဲ။

ပုတီးစိပ်ရာကြရာမှာ ပင်လယ်ကူးဆိုသည့် နေရာကို ပြန်ရောက်သည့်အခါ ပုတီးနောက်တစ်ပါတ်စတင်ဘို့ မူလအစနေရာကို ပြန်လည်စတင်ဘို့ ရောက်ရှိနေခြင်းပါ။

ဘဝသံသရာဆိုတာ စက်ဝန်းကြီးပါ။
အပ်ကြောင်းထပ်နေသည့် ကမ္မဖလများဖြင့် လည်ပတ်နေခြင်း၌ ဘဝဆိုသည်မှာ ကံအစွမ်းမျှ၌သာတည်နေခြင်းဖြစ်၏။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများ ပုတီးစိပ်မှုများကြ၏။
ပုတီးသည် ၁၀၈ လုံးသော အသီးကလေးများဖြင့် သီကုံးထားခြင်းဖြင့် စက်ဝန်းသဏ္ဍာန်ဖြစ်၏။
ဘဝသံသရာဟူသည်လည်း စက်ဝန်း။
ပုတီးဟူသည်လည်း စက်ဝန်း။

လည်ပတ်နေကြသည်သာ။
စက်ဝန်းတစ်ခုကို အစသတ်မှတ်လိုက်သည့်အခါ တစ်ပါတ်လည်ခြင်း၌ အစကို ပြန်စရ၏။

ဘဝဟူသည်လည်း အာရုံ ဘုံတည်ရာမှာ အစ အစ ပေါင်းများစွာဖြင့် လည်ပတ်လျက်ရှိ၏။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများသည် ပုတီးစိပ်ရာ၌ ပင်လယ်ကူးကို ဖြတ်ကျော် စိပ်ကြကုန်၏။

အချို့ အချို့ ပုတီးစိပ်နည်းစနစ်များ၌ ပင်လယ်ကူး ကို မကျော်ရဟု စည်းကမ်းရှိ၏။

ဘာ​​​ကြောင့် ကျော်သည် ဘာကြောင့် မကျော်သည် ၌ အဓိပ္ပာယ် ါကျိုးသွားများ ရှိကြပါ၏။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများသည် သံသရာတစ်ဘက်ကမ်း နိဗ္ဗာန်နန်းသို့ ကူးရန်အလို့ငှာ ဘာသာတရားကို အားထုတ်ကြ၏။
ဤမှာသော ဩဃလေးဖြာ သံသရာ၏ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် အတွင်း မျေားလည်လည်နေသည့် သံသရာပင်လယ်ဒုက္ခကြောမှ ကူခတ်လွတ်မြောက်ဘို့ သာသနာါအကျင့်ကို ကျင့်ကြ၏။
ထို့ကြောင့် လူတိုင်း၏ ဆုတောင်း၌ နိဗ္ဗာန်သံမပါမပြီး ဆုတောင်းကြကုန်၏။

ထို့ကြောင့် ပုတီးစိပ်ရာ၌လည်း ပုတီး၏ ပင်လည်ကူးကို ကျော်ကို ကျော်ကြ၏။

ဒီတော့ ပုတီးပင်လယ်ကူးကို ကျော်သည့်အခါ ငါသည် မည်သည့်မှ ထွက်​မြောက်ရန် ကူး​ခတ်နေသည် ဆိုသည်ကို နှလုံးသွင်းရမည်။

ကူးပြီးသည် နှင့် မူလ အစ မှ စတင်စိပ်ပွားပြန်၏။
ဘဝသည်လည်း ထို့အတူ အစမှလည်။လည်ရာမှ အစြပန်ရောက်။

ဒီလို ဘဝ ဘဝ တို့၏ လည်ရာ၌ ငါဘာဖြင့်လည်မည်ဟူသော သတ်မှတ်ချက်သည် ထုံရာစိပ်ပွားရာ ဂါထာ မန္တာန်၏ ပရမတ္ထအဘိဓမ္မာဉာဏ်ဖြစ်၏။

ပင်လယ်ကူးသည့် ယောကျားသည် ဟိုမှာဘက်ကမ်းသို့ ရောက်နိုင်ဘို့ ကူးနည်း တတ်ကျွမ်း ရသလို ကူးနိုင်သည့် အားလည်းပြည့်စုံမည်။

တရစပ်ကူးလာသာ့်အခါ ခန္ဓာရုပ်ကြီး ပင်ပန်း မားကုန်လာမယ် မှာ သိကြ၏။
ခန္ဓာအားကုန်လျှင် ခန္ဓာအားဖြည့်ကျင့်ရမည်။

ထို့အတူ သံသရာကူးမြောက်နေသူ၏ ဉာဏ်စိတ်တို့သည်လည် ဟိုမှာဘက်နှင့် ဒီမှာဘက် အသိဉာဏ်ပြောင်းလဲလာခြင်း ခံစားမှုစိတ်အားများပြောင်းလဲလာခြင်း အသစ်အသစ်သော စိတ်၏ အတွေ့အကြုံများကြောင့် နုနယ်သော စိတ်အစဉ်သည်ဖြစ်ကြကုန်၏။

မွေးမိခင်၏ သွေးနု သားနု အချိန်သည် ရုပ်နာမ်နှစ်ပါးစလုံးကို အထူးသတိစောင့်ရှောက်ရ၏။

သို့မဟုတ်လျှင် သွေးလန် ့၍ တစ်ဘဝလုံး ပြင်မရ ကုသတော့သည့် ရောဂါတစ်ခုသည် တည်သွားစေတော့၏။

ထို့အတူ နိဗ္ဗာန်လမ်းသို့ပင် ကျင့်ကျင့်
လောကီမယသိဒ္ဓိတန်ခိုးလမ်းသို့ပဲကျင့်ကျင့် ကျင့်ကြံအားထုတ်နေသည်၌ အကူးအစပ်တို့၌ မွေးဖွားတည်ဆောက်နေစဉ်အခါ၌ ဟိုမှာဘက်သို့ ကူးမြောက်ရန် အရေးကြီးဆုံးသော အခြေအနေဖြစ်၏။
ထိုထိုအကူးအသန်းတို့၏ ရင်ဆိုင်ဖြတ်ကျော်ရသော အချင်းအရာတို့ကြောင့် အကူးအမြောက် ဘဝသည် သည်းထိတ်ရင်ဖို အခိုက်အတန့်ဖြစ်၏။

ထိုကြောင့် ပုတီးပင်လယ်ကူးသည် ဘဝပင်လယ်ကူး ကဲ့သို့ နှလုံးသွင်းရမည်။

မည်သည့် စရဏ မဆို မည်သည့် လောကသို့ ထိုးဖောက်ဝင်ရောက်သည်ဖြစ်စေ အတန်းတစ်တန်းတက်မည်ဆိုလျှင် စာမေးပွဲတော့ ဖြေကြရတာချည်းပါပဲ။

အရည်အချင်းမပြည့်လျှင် ပြည့်မှီသော ကံဉာဏ်ဝိရိယမစုံသေးလျှင် ဝန်ကြီးကြီးထမ်းနေရသလိုပါပဲ။
ရုပ်ခန္ဓာကြီးကတော့ တဖြည်းဖြည်း အိုမင်း အားကုန်ခမ်းလာမှာပါ။ဘာနဲ့မျှတားဆီးမရပါဘူး။
ဒါပေမဲ့ စိတ်(နာမ်)ခန္ဓာကဖြင့် အချိန်တရွေ့ရွေ့တိုင်း သန်မာအင်အားပြည့်လာအောင် ပြု၍ ရပါ၏။

ထို့ကြောင့် ပုတီးတစ်ပါတ်ဆုံး ပင်လယ်ကူး၌ ပုတီးတစ်ပါတ်အစ နာမ်ခန္ဓာသည် အင်အားတစ်ဆင့်တိုးတိုးလာဘို့သည် ဘဝ၏ ဖြစ်ပျက် ဖြစ်ပျက် ခန္ဓာအစဉ်နှင့်အမျှ တိုးတိုးလာဘို့ပါ။

ပုတီးစိပ်ရင်း စိပ်ရင်းက ရုပ်သည် အိုလာ၏။
ရုပ်တရားကြီးအိုလာလေ နာမ်တရားကြီးက ပျိုမြစ်လာ စွမ်းအင်ပြည့်ဝလာလေဖြစ်ရ၏။

ပျက်အစဉ် ပြင်ခဏ။
ဤဒဿန အဆိုအမိန် ့ စိတ်နှင့် တိုက်ရိုက်အချိုးတူကျ၏။

ပုထုဇဉ်လူသားများဖြစ်သည့်အတွက် ထပ်ကာ ထပ်ကာပြင်နေရသည်မှာ မဆန်းပါ။
ပြင်လေ ပြင်လေ ကောင်းမွန်လေဆိုသည်မှာလည်း စိတ်ပါ။

ပြင်လွန်းက ချွန်းဆိုသည်မှာ ဘာကိုပြင်မှန်းမသိပြင်နေခြင်းကြောင့်မျှသာ။

crd toဘိုးတော်ကြီး😁

" နဝင်းအကြောင်း သိမှကောင်း "==========================" နဝင်း '' သည် '' နဝ '' ပါဠိမှဆင်းသက်လာပြီးန = မရှိခြင်း / ဝင်း = ...
13/12/2023

" နဝင်းအကြောင်း သိမှကောင်း "
==========================

" နဝင်း '' သည် '' နဝ '' ပါဠိမှဆင်းသက်လာပြီး

န = မရှိခြင်း / ဝင်း = ဖွဲ့စည်းခြင်း

အဓိပ္ပါယ်ပြန်ရလျှင် မျက်စိဖြင့် မမြင်နိုင်သော
မရှိသောအရာများကို ဖွဲ့စည်းထားသည့်
ဓာတ်ကြီးလေးပါး စွမ်းအင်များဖြစ်ပေသည် ။

နဝင်းအမျိုးမျိုးရှိကြပြီး ၎င်းနဝင်းပိုင်းဆိုင်ရာများကို
ဓာတ်ရိုက်ဓာတ်ဆင် ၊ ယတြာ ၊ ကျင့်စဉ် ၊ အဓိဌာန် ၊
အစီအရင် စသဖြင့် အမျိုးမျိုးအသုံးပြုကြပြီး
၎င်း နဝင်း အသုံးပြုပုံအား အကျဉ်းဖော်ပြရသော်

၉ = မူလနဝင်း
****************
၉ ဂဏန်းအားအခြေခံထားသဖြင့်
မူလနဝင်းဖြစ်ပြီး သာမာန်ပုတီးစိတ်
အဓိဌာန် ၊ ဓာတ်ရိုက် ၊ နဝင်းထိုင် အသုံးပြုကြသည် ။

၁၈ = အောင်နဝင်း
********************
ဘုန်း ၊ ကံ ၊ သိဒ္ဓိ ၊ အစီအရင် လုပ်ငန်း
စသည်ဖြင့် အောင်မြင်စေရန်အသုံးပြုကြသည် ။

၂၇ = ငွေနဝင်း
*****************
ငွေကြေးပေါများ အဆင်ပြေစေရန်အသုံးပြုသည် ။
နာတာရှည်ကျန်းမာရေး ချို့တဲ့သူများအတွက်
ကျန်းမာရေးနဝင်းအဖြစ်လည်း အသုံးပြုကြသည် ။

၃၆ = စိတ်နဝင်း
*******************
စိတ်တန်ခိုးကျင့်စဉ်ဝင်ခြင်း အသုံးပြုကြသည် ။

၄၅ = လာဒ်လာဘနဝင်း/လူနဝင်း
*********************************
လာဒ်ပိတ်နေသူများ လာဒ်ပွင့်စေရန်
ထွက်သွားသူပြန်လာအောင်ခေါ်ယူသော
လူနဝင်း စသည်ဖြင့် အသုံးပြုသည် ။

၅၄ = ပညာနဝင်း
********************
ကျင့်စဉ်ထူးများ ပညာထူးများ
ဂမ္ဘီရပညာရပ်များ၌ အသုံးပြုကြသည် ။
၅ = ပြန်
၄ = လာ
ဆုံးရူံးသွားသောပစ္စည်း ထွက်သွားသောပစ္စည်း
လူ စသည်ဖြင့် ပြန်လာစေရန်လည်း အသုံးပြုသည် ။

၆၃ = ပီယနဝင်း
*****************
သောကြာဂြိုဟ်သည် သွေးသား ကာမ ဂြိုဟ်ဖြစ်သဖြင့်
ရှေးဆရာကြီးများက ' ၆၃ 'ဂဏန်းကို ပီယနဝင်းအဖြစ်
လူချစ်လူခင်ပေါများချစ်ခင်စေရန် အသုံးပြုကြသည် ။

၇၂ = ဓာတ်နဝင်း
********************
ဓာတ်အစီအရင်များတွင် အသုံးပြုကြသည် ။
၇ = ဒုက်
၂ = ခ
ဒုက္ခအမျိုးမျိုးကြုံတွေ့နေသူများအနေနဲ့
ဒုက္ခငြိမ်းအေးစေရန်အသုံးပြုသည် ။

၈၁ = ရှာဖွေနဝင်း/ထွက်နဝင်း
******************************
သိုက်တူးခြင်း ၊ သိုက်ကျောရှာခြင်း ၊
ဓာတ်သတ္တု ရှာဖွေခြင်း ၊ ရွေတူးခြင်း စသဖြင့်
ဟောင်းနွမ်းပစ္စည်းများ ကိန်းအောင်းပစ္စည်းများ
ရှာဖွေရာတွင်အသုံးပြုကြသည် ။

၉၀ = ဓာတ်သိမ်းနဝင်း/လောကုတ္တရာနဝင်း
******************************************
ကျင့်စဉ်ထူးများ ဂမ္ဘီရပိုင်း
ဆိုင်ရာများတွင်သာ အသုံးပြုကြသည် ။

၉၉ = ဓာတ်ဝင်နဝင်း
***********************
အတိုက်အခိုက် ပယောဂ မိစ္ဆာအပေါင်းတို့၏
ရန်ကိုနိမ်နင်းခြင်း တန်ပြန်အစီအရင်များ
ပြုလုပ်ရာတွင် အသုံးပြုကြသည် ။

၁၀၈ = ထိန်းနဝင်း
*******************
လောကီ လောကုတ္တရာ အစီအရင်များ
ပြီးမြောက် အောင်မြင်စေပြီး ထိန်းနဝင်းအဖြစ်
ရှေးဆရာကြီးများက အသုံးပြုခဲ့ကြပါသည် ။

#ဥပမာ

ပုဂ္ဂိုလ်ထူးများ ၊ ပညာထူးများ ရရှိ တွေ့ရှိစေရန်
ဂါထာ မန္တန် ပုတီး ကျင့်စဉ် တခုခုအား
"၅၄'' ပညာနဝင်း ၅၄ ခေါက် ၊ ၅၄ ပါတ် ၊ ၅၄ ရက် ။

crd to ဆရာဘုန်းတေဇ
ဂမ္ဘီရမျက်ရှင်

Address

Bahan
Yangon

Telephone

+959697259185

Website

Alerts

Be the first to know and let us send you an email when အောင်စကြာ Aung Sett Kyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အောင်စကြာ Aung Sett Kyar:

Share