11/05/2025
Social media ကနေဝင်ငွေဖြောင့်နေတဲ့သူတွေကြားမှာ
Facebook/ Tiktok ကနေ ဒေါ်လာရှာကြရအောင်။
ကျွန်မ page က ဝါနေတာကြာပါပြီ။ ဒါပေမယ့် ပိုက်ဆံရနေပါတယ်။
Facebook ကနေ ငွေဝင်ဖို့ အဓိက ဘာတွေလိုလဲ ?
follower တသောင်း အနည်းဆုံးရှိရပါမယ်။
Live လွှင့်ရင် စောင့်ကြည့်သူ ၂၄ နာရီမှာ ၁၇ နာရီ စာရှိရပါမယ်။ ကြည့်သူများလေ ကောင်းလေပါ။
တင်သမျှ ရေးတဲ့စာ၊ ဓာတ်ပုံအားလုံးကိုယ်ပိုင် မူရင်း ဖြစ်ရပါမယ်။ သူများရေးထားတာ credit တင်ရင်မရပါ။
monetization လျှောက်လို့ရတဲ့ region မှာရှိရပါမယ်။ ဥပမာ-
- Canada.
* New Zealand.
* Denmark.
* United Kingdom.
* Switzerland.
* Norway.
* Australia.
* United States.
Egypt, Nigeria, Ghana, Morocco, and South Africa. Bangladesh, Hong Kong, India, Indonesia, Iraq, Israel, Japan, Jordan, Malaysia, Philippines, Saudi Arabia, Singapore, South Korea, Taiwan, Thailand, and the United Arab Emirates.
Facebook ရဲ့ ပေါ်လစီတွေနဲ့ ငြိလို့မရပါဘူး။ စကားလုံးအရေးအသားတွေ အထူးသတိပြုရပါမယ်။
အသက်က ၁၈ အထက်ဖြစ်ရပါမယ်
Facebook က professional dashboard ကို အသုံးပြုရပါမယ်။
သက်ဆိုင်ရာ region က ဘဏ်အကောင့် ၊ tax account တွေ ရှိထားပြီး လျှောက်တဲ့အခါ ဖြည့်စွက်ရပါတယ်။
Meta for Creators page or the Meta Business Help page က အသေးစိပ်ဝင်ကြည့်နိုင်ပါတယ်။ နားမလည်တဲ့ အရေးအသားတွေကို google tranlateက မြန်မာဘာသာပြန်ပြီးဖတ်နိုင်ပါတယ်
ကျွန်မ Tiktok မသုံးပေမယ့် ဝေငှထားတဲ့ တနေရာကကူးပေးထားပါတယ်။
Tiktok ကနေ ငွေဝင်ဖို့ အဓိက ဘာတွေလိုလဲ ?
ဖွင့်မဲ့ account က monetization လျှောက်လို့ရတဲ့ region ဖြစ်ရမယ်
( USA,UK, Germany, Brazil,France,Korea,Japan )
ငွေထုတ်အလွယ်ဆုံးနဲ့လူကြိုက်အများဆုံးကတော့ japan ပါ
18 နှစ်ပြည့်ရမယ်
Follower 1k ပြည့်ရမယ်
Views 100k ကျော်တဲ့ video တစ်ပုဒ်ရှိရမယ်
ဒါတွေပြည့်ပြီဆိုရင်တော့ monetization လျှောက်လို့ရပြီး ၁ မိနစ် video တွေကနေ dollar စဝင်ပါပြီ
မလွယ်လောက်ဘူးထင်ရပေမဲ့ အသုံးချတတ်ရင် ငွေအတော်ဝင်တဲ့ platform တွေမို့ ကြိုးစားကြည့်သင့်ပါတယ်။
မပြည့်စုံတဲ့ လိုအပ်ချက်များကိုလည်း comment ကဖြည့်စွက်ပေးကြပါရှင်။