02/10/2023
🇺🇸 DV အကြောင်းသိကောင်းစရာ 🇺🇸
DV ထိုးတယ် DV ပေါက်လို့ အမေရိကားရောက်သွားတယ်ဆိုတာ ကြားဖူးနေပေမယ့် ဘာမှန်းသေချာမသိသေးသူများအတွက် ဒီပိုစ့်လေးကိုဖတ်ပေးပါခင်ဗျာ။
DV (အရှည်ကောက် Diversity Visa) ဆိုတာ အမေရိကန်အစိုးရကိုယ်တိုင် အမေရိကားမှာအခြေချနေထိုင်ချင်သောနိုင်ငံတကာမှပြည်သူများအတွက် green card ကို ကွန်ပြူတာစနစ်နဲ့ မဲဖောက်ပေးနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ online ကနေ ကံစမ်းလို့ရပီး electronically submitted လုပ်ရတာမို့ Electronic Diversity Visa (E-DV) လို့လည်းခေါ်ပါတယ်။
တစ်နှစ်ကို လူပေါင်း 55000 လောက်ကိုခေါ်ပေးနေတဲ့ 1994ကစလို့ ယနေ့အချိန်ထိ နှစ်စဉ်ပြုလုပ်ပေးနေကြ တစ်နှစ်မှတစ်ကြိမ်သာကံစမ်းနိုင်တဲ့ မဟာအခွင့်အရေးကြီးပေါ့ဗျာ။ အမေရိကားကိုရွှေ့ပြောင်းနေထိုင်တာနည်းတဲ့နိုင်ငံမှပြည်သူများကို ပိုမဲဖောက်ပေးတာဖြစ်ပီး လျှောက်ခွင့်မရှိတဲ့ နိုင်ငံထဲမှာ မြန်မာမပါသေးတာမို့ မြန်မာပြည်သူများ တတ်နိုင်သမျှ ဝင်ရောက်ကံစမ်းကြဖို့တိုက်တွန်းလိုက်ရပါတယ်ဗျ။
Green Card Lottery လို့လည်းခေါ်တဲ့ E-DV Lottery Program က မဲပေါက်သူတွေကို ကျပန်းစနစ်နဲ့ရွေးချယ်တာဖြစ်လို့ Lottery ထီစနစ်လို့လည်းသုံးပါတယ်။ မဲပေါက်ရင်ပေးမှာကလည်း student visa, refugee နေထိုင်ခွင့်တို့လိုမဟုတ်ပဲ မက်လောက်စရာ Green Card (အမေရိကန်နိုင်ငံမှာ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်)ကိုရမှာမို့ အကျိုးခံစားခွင့်တွေပိုရမယ့်အပြင် ငါးနှစ်ပြည့်တဲ့အခါမှာလည်း နိုင်ငံသားဖြစ်ခွင့်ကိုလျှောက်ထားနိုင်တာမို့ မိမိသာမက မိမိမိသားစု၊ မျိုးဆက်အတွက်ပါ နောင်ရေးစိတ်အေးရပါမှာ။
🇺🇸DV Timeline🇺🇸
ယခုအောက်တိုဘာမှာဖွင့်မယ့် DV က DV-2024 ပါ။ တပ်ထားတဲ့ ခုနှစ်က DV ပေါက်ရင် သွားရမယ့် ခုနှစ်ပါ။ အောက်တိုဘာ 2022 မှာဖွင့်မယ့် DV က မေလ ၂၀၂၃ မှာ ကံထူးရှင်စာရင်းကို ကွန်ပြူတာစနစ်နဲ့ ကျဘန်းရွေးချယ်မှာဖြစ်ပီး ကံထူးခဲ့ရင် ၂၀၂၃ ဇွန်လမှ စက်တင်ဘာလအတွင်း ဗီဇာအတွက် အင်တာဗျူးဝင်ရန် ပြင်ဆင်ရမှာဖြစ်ပါတယ်။
ဗီဇာရပြီးရင်တော့ ခန့်မှန်းခြေ ၃ လမှ ၆ လအတွင်း (2024 နှစ်ဆန်းပိုင်းမှာ) အမေရိကန်နိုင်ငံကိုထွက်ခွာရမှာပါခင်ဗျ
မထွက်ဖြစ်ခဲ့ရင် Visa expired ဖြစ်ပြီး နောက်တစ်နှစ်မှာ ထပ်မံလျောက်ထားရမှာဖြစ်ပါတယ်။
🇺🇸ဘယ်သူတွေ DV လျောက်လို့ရလဲ🇺🇸
အသက် 18 နှစ်ပြည့်ပီး အထက်တန်းအောင်မြင်ပီးသူတိုင်း လျှောက်လို့ရပါတယ်။
အထက်တန်းမအောင်လည်း US အစိုးရက ခွင့်ပြုထားတဲ့ လုပ်သက်အတွေ့အကြုံ နှစ်နှစ်နှင့်အထက်ရှိရင် လျှောက်ခွင့်ရှိပါတယ်။
လက်ရှိအခြေအနေအရ Migrant တွေကိုအများကြီးကြည့်ပေးတာမို့ ဒီနှစ် DV ကပိုမျှော်လင့်လို့ရပါတယ် 🤩
မြန်မာနိုင်ငံမှပြည်သူများကို ယခုအချိန်ထိ DV လျောက်ခွင့်ပေးနေပီး ထိုးသူစုစုပေါင်းရဲ့ 7% က DV ပေါက်လေ့ရှိတာမို့ တစ်နှစ်မှတစ်ခါလာတဲ့ မဟာအခွင့်အရေးကို လက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။