Myanmar PRO e-League

Myanmar PRO e-League Myanmar PRO e-League [MPeL] for both console and mobile eFootball-ers

CONNECT WITH PASSION ✓

"Are you ready to be the TOP-4 of Myanmar" 💥အားလုံးပဲ မင်္ဂလာပါ။ Solo ပွဲ စောင့်မျှော်နေသူတွေအတွက်၊ သတင်းကောင်းလေး လာပါပ...
10/03/2025

"Are you ready to be the TOP-4 of Myanmar" 💥

အားလုံးပဲ မင်္ဂလာပါ။

Solo ပွဲ စောင့်မျှော်နေသူတွေအတွက်၊ သတင်းကောင်းလေး လာပါပြီ‌။

💥💥💥💥💥💥💥💥💥💥

MPeL နှင့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုကနေ ထပ်မံဖိတ်ကြားလာတဲ့အတွက် Solo International ပြိုင်ပွဲ၊ လူရွေးပွဲလေး ထပ်မံကျင်းပပေးမှာ ဖြစ်ပါတယ်။

ရွေးချယ်မယ့် ပုံစံကတော့၊

မြန်မာလက်ရွေးစင် အသင်း အယောက် ၂၀
+
အလွတ်တန်း ၄၄ ယောက်၊

စုစုပေါင်း ၆၄ ယောက်ဟာ Knock-Out ပါဝင်ယှဉ်ပြိုင်ပြီး၊

အကောင်းဆုံး ၄ ယောက်ကိုပဲ ရွေးချယ်ပေးမှာပါ။

💥💥💥💥💥💥💥💥💥💥

ဆုကြေးအနေနဲ့ မြန်မာ‌ငွေ ၂၅၀,၀၀၀ ဝန်းကျင် ချီးမြှင့်ပေးမယ့် Beta Tournament အမျိုးအစားဖြစ်ပြီး စုစုပေါင်း နိုင်ငံတကာ ကစားသမား ၁၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာအနေနဲ့ Slot 4 ခု ရရှိယှဉ်ပြိုင်ရမှာဖြစ်လို့၊ ဘယ်သူတွေကများ မြန်မာကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ပြီး ဆုတွေပါ သိမ်းပိုက်သွားမလားဆိုတာ စောင့်ကြည့်အားပေးလိုက်ဖို့ တိုက်တွန်းရပါတယ်...

💥💥💥💥💥💥💥💥💥💥

ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်လိုပါကလည်း

ဒီညနေ ၆ နာရီတိတိတွင် ယခု ပို့စ်အောက်က comment မှာ တင်ပေးမည့် messenger link တွင် ဝင်ရောက်ကာ စာရင်းပေး ပါဝင်နိုင်ပါတယ်။ 👇👇👇👇

ညနေ ၆:၂၀ တွင် ရှိသမျှ ကစားသမားများနဲ့သာ စာရင်းပိတ်မှာ ဖြစ်လို့၊ စာရင်းမပြည့်ခင် မိမိဘာသာ အမြန်ဆုံး register ပေးကြပါဗျ။ ၆၄ ဦးပြည့်တာနဲ့ စာရင်းပိတ်ပါမယ်။

✴️ ယနေ့ ညနေ ၆ ခွဲ ကနေ စတင်ကစားကာ၊ ည ၈ ခွဲ အထိ ဖြစ်လို့လည်း၊ အချိန် အဆင်ပြေသူများသာ ဝင်ရောက်ယှဉ်ပြိုင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်နော ✴️

64 ယောက်ပြည့်လို့ စာရင်းပိတ်ပါပြီဗျ။ ကျေးဇူးပါဗျ။






SELEÇÃO WORLD CUP | Myanmar Representatives Qualifier ရဲ့ Round of 60 Round of 30ထိပ်တိုက်တွေ့ဆုံမှုဇယား ထွက်ပေါ်လာပါပြီ...
04/03/2025

SELEÇÃO WORLD CUP | Myanmar Representatives Qualifier ရဲ့

Round of 60
Round of 30

ထိပ်တိုက်တွေ့ဆုံမှုဇယား ထွက်ပေါ်လာပါပြီ။

အဆိုပါ နှစ်ဆင့်တွင် အနိုင်ရရှိသူများကတော့ Final Play-OFF အဖြစ်၊ လက်ရှိလက်ရွေးစင်များနဲ့ BO3 ကစားကာ Final လူစာရင်းမှာ ပါဝင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူတွေများ လက်ရွေးစင်ဖြစ်သွားမလဲ ဆိုတာကို ဒီည စောင့်ကြည့်အားပေးလိုက်ကြရအောင်ဗျို့








အားလုံးပဲ မင်္ဂလာပါ။ဆုကြေးငွေ 14 သိန်းဝန်းကျင် ချီးမြှင့်ပေးမယ့် "SELEÇÃO WORLD CUP" ပြိုင်ပွဲကနေ၊ မြန်မာ eFootball လက်ရ...
04/03/2025

အားလုံးပဲ မင်္ဂလာပါ။

ဆုကြေးငွေ 14 သိန်းဝန်းကျင် ချီးမြှင့်ပေးမယ့်

"SELEÇÃO WORLD CUP"

ပြိုင်ပွဲကနေ၊ မြန်မာ eFootball လက်ရွေးစင်အသင်းကို ထပ်မံဖိတ်ခေါ်လာတဲ့အတွက်၊ လက်ရွေးစင်ရွေးချယ်ပွဲစတင်ကျင်းပပေးတော့မှာ ဖြစ်ပါတယ်ဗျ။

မြန်မာ eFootball အသင်းအနေနဲ့ ပြီးခဲ့တဲ့ InterContinental 2025 ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိခဲ့သလို၊ မြန်မာကစားသမားတွေရဲ့ စည်းလုံးမှုအင်အားလည်း ပြသနိုင်ခဲ့တာမို့၊ အခု ဖိတ်ကြားတဲ့ ပြိုင်ပွဲကြီးမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်စေရန် ရည်ရွယ်ကာ လူရွေးချယ်ပုံ စနစ် အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပေးထားပါတယ်ဗျ။

👇👇👇👇👇

လက်ရှိ လက်ရွေးစင် 24 ယောက်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ် ပြုရမှာဖြစ်သလို၊ ကျန်ရှိနေ‌သောကစားသမားများထဲမှ လက်စွမ်း‌ထက်မြက်သူများ ထပ်မံပေါ်ထွက်လာ‌နိုင်‌စေရန်အတွက် ရည်ရွယ်ကာ၊

Myanmar eFootball လောကရဲ့ နာမည်ကြီး League တွေထဲက MEL x MPeL x EZ တို့ ပူးပေါင်းပြီး ကနဦးလူစာရင်းများ ပေးပို့ထားပါတယ်။

အဆိုပါ လူစာရင်းများထဲမှ

MEL 16 သင်း ( 32 ဦး )👈
EZ 12 သင်း ( 24 ဦး )👈
MPeL Invited 2 သင်း ( 4 ဦး )👈

စုစုပေါင်း 60 ဦးဟာ
Round of 60
Round of 30 ကစားကာ

အနိုင်ရရှိလာတဲ့ 15 ဦး နဲ့ လက်ရှိလက်ရွေးစင် 24+1

စုစုပေါင်း 40 ပြန်ကစားပြီး
အနိုင်ရရှိသူ 20 ကပဲ လက်ရွေးစင်ဖြစ်လာမှာပါ။

စတင် ကစားရမယ့် အချိန်တွေကတော့

4 Mar 2025
9PM - Round of 60 (BO1)
10PM - Round of 30 (BO1)
11PM - Final Play OFF (BO3)

တို့ဖြစ်တာမို့ ယနေ့ညမှာ အခြားပွဲစဉ်များနှင့်အချိန်မတိုက်အောင် မိမိ တို့ဘာသာ စီစဉ်ထားပေးကြပါရန် မေတ္တာရပ်ခံလိုက်ရပါတယ်။

( ည ၉ အတိတွင် တက်မလာပါက တဖက်ကစားသမားကို အနိုင်ပေးသွားမှာ ဖြစ်ပါတယ်ဗျ။ )

အားလုံးပဲ အကောင်းဆုံးစွမ်းဆောင်နိုင်ကြပါစေ 🤘








Thank you all Myanmar Representatives  2025 | 11x11 mobile ကျွန်တော်တို့ မြန်မာ eFootball လက်ရွေးစင်အသင်းဟာဆိုရင်ဖြင့် I...
27/02/2025

Thank you all Myanmar Representatives 2025 | 11x11 mobile

ကျွန်တော်တို့ မြန်မာ eFootball လက်ရွေးစင်အသင်းဟာဆိုရင်ဖြင့် InterContinental 2025 ရဲ့

Quarter Final တွင် Egypt အသင်းကို 4-0 ဖြင့် အနိုင်ရရှိကာ Semi Final တက်ရောက်သွားနိုင်ခဲ့သော်လည်း၊

Semi Final မှာတော့ Algeria အသင်းကို 2-5 ဖြင့် ရှုံးနိမ့်ခဲ့တဲ့အတွက် Top 4 စာရင်းဝင် အသင်းအဖြစ်သာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အချိန်ကွာဟမှုတွေကြားက‌နေ၊ ညနက်တွေအထိ သေချာဆော့ကစားပေးခဲ့ကြတဲ့ လက်ရွေးစင်အသင်းသားတွေကို MPeL မှ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

မြန်မာအသင်းသားတွေ မညံ့ဘူးဆိုတာ ပြသနိုင်ခဲ့သလို၊ ချန်ပီယံအထိ ဆွတ်ခူးနိုင်ဖို့ လုပ်ပြနိုင်စေရန် မကြာမီ ပြန်လာခဲ့ပါမယ်။

[ နောက်ထပ် ပြိုင်ပွဲတစ်ပွဲကလည်း ထပ်မံ ဖိတ်ကြားထားလို့ အဆိုပါ ပြိုင်ပွဲသတင်းနဲ့အတူ ဘာတွေများပါဝင်လာမလဲဆိုတာ ရင်ခုန်စောင့်စားပေးကြပါဦးလို့ ပြောကြားရင်း ]

Stay Tuned eFootball-ers 🇲🇲

Soon 🔥

eFootball Region ပြောင်းတာနဲ့ ပတ်သက်ပြီး အရေးကြီးပါတယ်။ [ Console ✓ Mobile ✓ ] 🚨🚨🚨အထူးသဖြင့် Pro level ( World Finals, C...
20/02/2025

eFootball Region ပြောင်းတာနဲ့ ပတ်သက်ပြီး အရေးကြီးပါတယ်။ [ Console ✓ Mobile ✓ ] 🚨🚨🚨

အထူးသဖြင့် Pro level ( World Finals, Club Finals and Esports Clubs etc ) ဆော့မယ်လို့ ရည်ရွယ်ထားသူတွေအတွက်ပါ။

ဒါကြောင့်လည်း Indonesian Football e-League | IFeL ရဲ့ CEO ဖြစ်သူ Mr. Putra နဲ့ ဆက်သွယ်မေးမြန်းကာ အင်တာဗျူးအတိုလေး ပြုလုပ်ဖြစ်ခဲ့ပါတယ်ဗျ။

Mr. Putra အကြံပြုတာကတော့...

" အကယ်၍ သာမန်အပျော်တမ်းကစားနေတဲ့ ကစားသမားဆိုရင်၊ လက်ဆောင် (coins) လိုမျိုးတွေပဲ ရချင်တယ်ဆိုရင်၊ သင့်အနေနဲ့ ဂျပန် Region ချိန်းနိုင်ပါတယ်...

သို့ပေမယ့် သင်ဟာ Professional ကစားသမားတစ်
ယောက်ဆိုလျှင် (Pro ဆော့မယ်ရည်ရွယ်ထားရင်)၊ သင့်ရဲ့ လက်ရှိ နေရပ်ကို ပြောင်းထားလျှင် ပိုမိုကောင်းမွန်ပါတယ်။ "

-----------------------------------------------------------------------------------

"If you're like a regular player just want to have fun and just want to get the free stuff, you can change the Japan Region

But if you're a professional player, it will be better if you change the region to your current location right now"

-----------------------------------------------------------------------------------

ဆိုတော့ကာ၊ မြန်မာကစားသမားတွေအနေနဲ့ နောင်တချိန်မှာ အခက်အခဲမတွေ့နိုင်အောင်၊ PRO အဆင့်ပွဲတွေ ဝင်ခွင့်ရတဲ့အခါ အဆင်ပြေပြေဖြစ်အောင်ဆိုရင်တော့ " Current Location" ကိုပဲ ပြောင်းထားကြဖို့ MPeL ကနေ ထပ်မံတိုက်တွန်းလိုက်ရပါတယ်ဗျ။

🔶🔶🔶 မြန်မာကစားသမားတွေကို International PRO level အထိ ရောက်စေချင်တာမို့၊ ဒီကိစ္စက အရေးကြီးလာပြီဖြစ်တဲ့အတွက်၊ Sharing လုပ်ပြီး အချင်းချင်း ပြောပြပေးလိုက်ကြပါဦးနော။ 🔶🔶🔶

Sharing is caring and showing our love upon eFootball-ers!

Thank you all








Good Morning ပါ eFootball-ers တို့ရေ၊ဒီနေ့မှာတော့ မြန်မာ MPeL အသင်းအတွက် ကိုယ်စားပြုပြီး၊  ကစားသမား ၄ ဦး ဝင်ရောက်ယှဉ်ပြိ...
20/02/2025

Good Morning ပါ eFootball-ers တို့ရေ၊

ဒီနေ့မှာတော့ မြန်မာ MPeL အသင်းအတွက် ကိုယ်စားပြုပြီး၊ ကစားသမား ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ Solo International | mobile ပွဲရဲ့ prize လေးကို ကြေညာလိုက်ပြီ ဖြစ်လို့ Sharing လုပ်လိုက်ရပါတယ်ဗျ။

အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ တစ်နိုင်ငံလျှင် ၄ ဦးစီ ပါဝင်ယှဉ်ပြိုင်နေပြီး ဆုအနေနဲ့ eFootball Coin 30,000 ( မြန်မာငွေ ၉ သိန်း ဝန်းကျင် ) ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဆိုတော့ကာ MPeL ကနေ ရွေးချယ်စေလွှတ်လိုက်တဲ့ ချန်ပီယံ ကစားသမား ၄ ဦးဖြစ်တဲ့

Zenixx
Zayar Linn
AofxTy
Daro Ko

တို့က အဆိုပါ eFootball coin တွေကို သိမ်းပိုက်ပြနိုင်မလားဆိုတာ အတူတူရင်ခုန်အားပေးလိုက်ကြရအောင်ပါ။

[ မပြိုင်လိုက်ရသူတွေအတွက် နောက်ထပ် ပွဲတွေလည်း ထပ်မံချိတ်ဆက်ပေး‌နေသလို၊ eFootball ပြိုင်ပွဲသတင်းတွေ၊ ကစားသမားအတွေ့အကြုံတွေ၊ နည်းစနစ်အကြောင်းတွေ နဲ့ အခြားသော eFootball သက်ဆိုင်ရာအကြောင်းတွေကို သိရှိနိုင်ဖို့ MPeL Page ကို အမြဲမပြတ်စောင့်ကြည့်လေ့လာရင်း Train ထားကြပါစို့ ]




မနက်ဖြန် Server Maintenance အပြီးမှာတော့ Leverkusen အသင်းဟာ eFootball ထဲမှာ official club အနေနဲ့ ပါဝင်လာတော့မှာပဲ ဖြစ်ပါ...
19/02/2025

မနက်ဖြန် Server Maintenance အပြီးမှာတော့ Leverkusen အသင်းဟာ eFootball ထဲမှာ official club အနေနဲ့ ပါဝင်လာတော့မှာပဲ ဖြစ်ပါတယ်။

Leverkusen အသင်းဟာ နည်းပြ အလွန်ဆို ရဲ့ အကောင်းဆုံးဦးဆောင်မှု၊ ကစားသမား‌‌တွေရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူ ဥရောပအသင်းတွေကြား ထင်ပေါ်လာခဲ့သလိုပဲ၊

eFootball-ers တွေအကြားမှာလည်း နည်းပြအလွန်ဆို ရဲ့ သက်ရောက်မှုက အလွန်ကြီးမားခဲ့ပါတယ်။

အခုလို eFootball နဲ့ တရားဝင်လက်တွဲလိုက်ပြီဆိုတော့ကာ၊ eFootball-ers တွေအတွက် AT (Authentic/Uniform) ပြိုင်ပွဲတွေမှာ ကိုင်တွယ်နိုင်မယ့် အသင်းတစ်သင်း တိုးလာခြင်းနှင့်အတူ ဘာတွေများထူးခြားလာနိုင်မလဲဆိုတာကို၊ မနက်ဖြန်မှာ အတူတူ ဆော့ကစားရင်း သုံးသပ်ကြည့်ရအောင်ပါ။






Egypt 🇪🇬 အသင်းနှင့် ယှဉ်ပြိုင်ရန်အတွက် Line Up ရွေးချယ်ပွဲတွင် အချင်းချင်း Knock-Out ပြန်လည် ယှဉ်ပြိုင်ကာ အနိုင်ရရှိပြီး...
18/02/2025

Egypt 🇪🇬 အသင်းနှင့် ယှဉ်ပြိုင်ရန်အတွက်

Line Up ရွေးချယ်ပွဲတွင် အချင်းချင်း Knock-Out ပြန်လည် ယှဉ်ပြိုင်ကာ အနိုင်ရရှိပြီးနောက်

1- Wai Yan Phyo
2- Wai Phyo
3- Phyo Thu Htet
4- Ye Htet Aung
5- Zabu Lin Tun
6- Alexander Zeke
7- Charlie
8- Nay Oakkar
9- Thu Ta Zaw
10- Z1atan
11- Nay Myo Aung

တို့က မြန်မာလက်ရွေးစင် ပွဲထွက် 1st Line Up ကစားသမားတွေအဖြစ် ရွေးချယ်ခြင်းခံလိုက်ရပြီလည်း ဖြစ်ပါတယ်ဗျ။

ဒါကြောင့် ဒီ Line Up နဲ့ ပွဲထွက်လာတဲ့ မြန်မာ eFootball အသင်းအနေနဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်မယ်လို့
ယူဆမိပါသလား ?

ဒါမှမဟုတ် ဘယ်လိုထင်မြင်မိသလဲ ဆိုတာကို ?

သုံးသပ်ကြည့်ရင်း 🇲🇲 တွေကို အတူတကွ အားပေးလိုက်ကြရအောင်ပါ။ 🤘





InterContinental 2025 | 11x11 Mobile eFootball ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် မဲခွဲအပြီးမှာတော့၊ မြန်မာ 🇲🇲 အသင်းက..... Mohd...
18/02/2025

InterContinental 2025 | 11x11 Mobile eFootball ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် မဲခွဲအပြီးမှာတော့၊ မြန်မာ 🇲🇲 အသင်းက..... Mohd Salad ရဲ့ နိုင်ငံအသင်းဖြစ်တဲ့ Egypt 🇪🇬 အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး၊ အကောင်းဆုံးလက်စွမ်းပြကာ ထပ်မံအနိုင်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရ‌တော့မှာပဲ ဖြစ်ပါတယ်ဗျ။

မြန်မာအသင်းရဲ့ ပွဲထွက်ကစားသမား ဘယ်သူတွေ ဖြစ်လာမလဲကိုတော့ ည 10 မှာ လက်‌ရည်စစ်‌ ရွေးချယ်မှာ ဖြစ်ပြီး၊ အီဂျစ်နဲ့ပွဲကို ည 11 မှာ တဆက်တည်း ကန်ကြရမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မနက်ဖြန် ည 11 မှာ ကစားကြမယ့် 🇲🇲vs🇪🇬 ပွဲစဉ်ရဲ့ ရလဒ်တွေကို စောင့်မျှော်ရင်း အတူတူ အားပေးလိုက်ကြရအောင်ဗျို့။







မြန်မာလက်ရွေးစင် eFootball အသင်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ InterContinental 2025 | 11x11 Mobile ပြိုင်ပွဲမှာတော့ 🇲🇲မြန်မာအ...
17/02/2025

မြန်မာလက်ရွေးစင် eFootball အသင်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ InterContinental 2025 | 11x11 Mobile ပြိုင်ပွဲမှာတော့

🇲🇲မြန်မာအသင်းဟာ ၃ ပွဲ နိုင်၊ ရမှတ် ၉ မှတ် ရရှိကာ အုပ်စုဗိုလ်အဖြစ်နဲ့ ‌ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်ဗျ။🔥🔥🔥

မြန်မာအသင်း လက်ရွေးစင်ကစားသမားများအနေနဲ့ ပါဝင်ယှဥ်ပြိုင်ကစား‌ပေးနေသူ‌တွေကတော့

1- Maverick
2- Khant Khant
3- Z1atan
4- Zenixx
5- Nay Oakkar
6- Ye Htet Aung
7- Kyaw Zay Khant
8- Swan Swan
9- Hein Sitt Naing
10- Zaw Khant
11- Charlie
12- Wai Yan Phyo
13- MinPone Nya
14- Min Thiha Kyaw
15- NayMyo Aung
16- Zabu Lin Tun
17- ThuTa Zaw
18- Wai Phyoe
19- Moe Kyaw Kyaw
20- Soe Wai
21- Alexander Zeke
22- John Swan Pyae
23- Phyo Thu Htet
24- Wai Linn Htut Aung

တို့ ဖြစ်ကြပြီး၊

အသင်းအုပ်ချုပ်အဖွဲ့ဝင်‌‌တွေအနေနဲ့

" Z1atan | KaungSi Thu | Zwe Khant Kyaw " တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်ဗျ။
........

ဆိုတော့ကာ၊

နောက်တဆင့်မှာလည်း ရလဒ်ကောင်းတွေ ထပ်မံဖော်ဆောင်ပြီး မြန်မာအသင်းကို ချန်ပီယံဖြစ်တဲ့အထိ အတူတကွ ဖန်တီးသွားနိုင်ကြမလား ? ဆိုတာရယ်

မြန်မာ eFootball Mobile ကစားသမားတွေ မညံ့ဘူးဆိုတာကို အားလုံးသိအောင် ထပ်မံလုပ်ပြဦးမလား ? ဆိုတာရယ်ကို အတူတူ စောင့်ကြည့်အားပေးလိုက်ကြရအောင်ပါနော။

*မပါဝင်လိုက်ရတဲ့ ကစားသမားတွေအတွက်လည်း ပွဲ‌ တွေ ထပ်မံလာတော့မှာမို့ နေ့စဉ်သတင်းတွေကို စောင့်ဖတ်ပေးကြပါလို့ တိုက်တွန်းရင်း






Solo International ပွဲအတွက် လေးယောက်မြောက် ချန်ပီယံကတော့  Zenixx ပဲ ဖြစ်ပြီး၊ရှူံးနိမ့်သွားသူတွေကို sorry ပါဆိုကာ လိုက်လ...
16/02/2025

Solo International ပွဲအတွက် လေးယောက်မြောက် ချန်ပီယံကတော့ Zenixx ပဲ ဖြစ်ပြီး၊

ရှူံးနိမ့်သွားသူတွေကို sorry ပါဆိုကာ လိုက်လိုက်တီးနေသူမို့၊

နိုင်ငံတကာ ကစားသမားတွေကိုပါ ထပ်မံတီးနိုင်မလား? တဖန်ပြန်တီးခြင်းပဲ ခံရမလား?

ဘာလား ညာလား ??

မေးမနေတော့ဘဲ ချစ်ခြင်းများနဲ့အတူတကွ အားပေးလိုက်ကြရအောင်ပါဗျို့။





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar PRO e-League posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share