30/09/2023
ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"
==================
အလုပ်တစ်ခုကို
ငါ.မလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....
ကိုယ့်ကိုစွန့်ခွာသွားသူတစ်ယောက်ကို
ငါ.မမေ့နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....
သူများအလုပ် လုပ်ကိုင်နေရတော့
ငါ.လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....
ကိုယ့်မှာတီးတိုးဖော်မရှိတော့လို့
ငါ.တစ်ယောက်တည်း မနေနိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....
ကိုယ်တန်ဖိုးထားရသူတွေဆုံးရှုံးသွားလို့
ငါ့ဘဝက အဓိပ်ပါယျမဲ့သှားပွီလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....
ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....
ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့..
ရောဂါဝေဒနာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....
အဲဒီလို တွေးလိုက်မိပြီဆိုတာနဲ့
သင့်ဘဝက တစ်ဝက်သေသွားတာ
သေချာသွားပြီလေ.....
ပိုးစုန်းကြူးလို
အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့
လောကကြီးကို အလင်းရောင်ပေးစွမ်းနေကြတယ်...
အဆင်မပြေမှုတွေ
နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း
ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက
မင်းကို ကောင်းကြီးပေးလာမှာမဟုတ်ဘူးလေ..
သူငယ်ချင်း...
မင်း..ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ
တန်ဖိုးမဲ့တဲ့လူသားတစ်ယောက်
ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့
မင့်မိဘမျက်နှာကို
အိုးမဲ သုတ်သလိုပဲ.
ငါမလုပ်နိုင်ဘူး
မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့
မင်း..သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်..
ခံစားချက်တွေများလွန်းလို့
မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ..
ပြီးရင်တော့
ပြုံးနိုင်အောင် ကြိုးစားပါနော်..