Nyein Chan Khit Publishing House

Nyein Chan Khit Publishing House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyein Chan Khit Publishing House, Book & Magazine Distributor, No(B/8), Room 501, Bo Min Yaung Housing, 42 ward, North Dagon, Yangon.

ငြိမ်းချမ်းခေတ်စာအုပ်တိုက် (North Dagon Online Book Store),
ဒဂုံမြို့သစ်(မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း) မြို့နယ်များမှ မှာယူပါက *(အခမဲ့) ပို့ဆောင်ပေးသည်။ Viber - 09261778607, Ph - 09760607302

🛎 ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ (သို့မဟုတ်) လူ့ဘောင်လောကအတွက်အားထုတ်ကြိုးပမ်းသူ🖌 ယခုနှစ်ထဲမှာဆရာဝင်းသိန်းဦးရဲ့ Secular Bu...
29/10/2025

🛎 ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ (သို့မဟုတ်) လူ့ဘောင်လောကအတွက်အားထုတ်ကြိုးပမ်းသူ

🖌 ယခုနှစ်ထဲမှာဆရာဝင်းသိန်းဦးရဲ့ Secular Buddhism နဲ့ပတ်သက်တဲ့ စာအုပ်သုံးအုပ် ယွန်းဝဿန်စာပေက ထွက်ရှိထားပါတယ်။

▪️ မေလမှာ - ‘လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ’
▪️ ဩဂုတ်လမှာ - ‘ဗုဒ္ဓဝါဒီဘာသာမဲ့တစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်’
▪️ နိုဝင်ဘာလမှာ - ‘ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ’
ဆိုပြီး စာအုပ်သုံးအုပ်ထွက်ရှိခဲ့ပါတယ်။

သုံးအုပ်စလုံးရဲ့မူရင်းစာရေးဆရာက ဝိပဿနာဆရာကြီးဦးဂိုအင်ကာရဲ့တပည့်ဖြစ်ခဲ့ဖူးသူ ကမ္ဘာကျော်စာရေးဆရာ ကမ္မဋ္ဌာန်းနည်းပြဆရာ စတီဖင်ဘတ်ချ်လာဖြစ်ပါတယ်။
💥
စတီဖင်ဘတ်ချ်လာရဲ့ ‘Secular Buddhism’ ကို ဆရာဝင်းသိန်းဦးက လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒလို့ဘာသာပြန်ဆိုရာမှာ စာအုပ်ထွက်ရှိပြီးနောက်ပိုင်း စာဖတ်သူတချို့ကအမြင်မတူကြောင်း ဝေဖန်ရေးသားမှုတွေရှိခဲ့ပါတယ်။ သို့သော်လည်း ဆရာဝင်းသိန်းဦးရဲ့ အကျိုးသင့်၊ အကြောင်းသင့်ရှင်းပြချက်အတွက် တချို့တုံ့ပြန်မှုရပ်ဆိုင်းခဲ့သလို တချို့သဘောတူလက်ခံခဲ့ကြပါတယ်။

✒️ “Secular လောကီအရေးဆိုတာ Dictionary ကြည့်ရင်လူတိုင်းသိပါတယ်။ Secular Buddhism ကို လောကီဗုဒ္ဓဘာသာလို့အလွယ်ပြန်ရင်ရပါတယ်။ သို့ပေမယ့် ဒီ Secular Buddhism မှာပါတဲ့ Secular ရဲ့အဓိပ္ပာယ်က လောကုတ္တရာကိစ္စဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုကြောင်းကပါနေတယ်။ ပြီးတော့ နိဗ္ဗာန်ကိုမျက်မှောက်ပြုတာက Secular Buddhism ရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်မဟုတ်သေးဘူး။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်နဲ့အညီ မိမိအကျိုးနဲ့လူ့ဘောင်လောကအကျိုးကိုမသေမီအထိ ဆက်လက်သယ်ပိုး သွားရမှာဖြစ်တယ်။ ဒါ့ကြောင့်မိမိအပါအဝင် လူ့ဘောင်လောကကြီးတစ်ခုလုံးအတွက်အကျိုးပြုရေး သည်သာ Secular Buddhism ရဲ့အန္တိမရည်မှန်းချက်ဖြစ်တယ်။ ဒါ့ကြောင့် ‘လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ’ လို့ မြန်မာလိုပြန်ဆိုလိုက်တာပါ” လို့ ဆရာဝင်းသိန်းဦးကဆိုပါတယ်။

အထက်ပါဆိုခဲ့တဲ့ စာအုပ်သုံးအုပ်လုံးက တစ်အုပ်နဲ့တစ်အုပ်ချိတ်ဆက်နေပါတယ်။ ပထမဆုံးထွက်ရှိခဲ့တဲ့ ‘လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ’ စာအုပ်ကိုကနဦးဖတ်ရှုပြီးမှသာ နောက်ပိုင်းထွက်ရှိတဲ့စာအုပ်နှစ်အုပ်ကို ဖတ်ရှုရပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

ယခုတစ်ပတ်ထဲ မြန်မာတပြည်လုံးဖြန့်ချိတော့မယ့် စတီဖင်ဘတ်ချ်လာရဲ့ After Buddhism (Rethinking the Dhama for a Secular Age) ကို ဆရာဝင်းသိန်းဦးက ‘ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ’ လို့အမည်ပေးပြီး လူ့ဘောင်လောကအတွက် အားထုတ်ကြိုးပမ်းဘာသာပြန်ဆိုထားပါတယ်။

စာတစ်အုပ်လုံးရဲ့သမိုင်းကြောင်းကိုအနှစ်ချုပ်ပြောပါဆိုရင် စတီဖင်ဘတ်ချ်လာ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်ကတည်းက ဗုဒ္ဓဝါဒဆိုင်ရာလေ့လာဆည်းပူးနားလည်သိရှိလာခဲ့သမျှကို စုစည်းပေါင်းစပ်ဖန်တီး ရေးသားထားခြင်းဖြစ်တယ်လို့ပြောရမှာပါ။

သို့သော်လည်း စာဖတ်ပရိသတ်တွေကို အပြည့်အဝနားလည်သိရှိစေချင်တဲ့ ယွန်းဝဿန်ရဲ့ဆန္ဒအတိုင်း ဘာသာပြန်ဆိုသူဆရာဝင်းသိန်းဦးရဲ့အမှာစာထဲက ကောက်နုတ်ချက်တချို့ကို ဖော်ပြလိုပါတယ်။ ဖတ်ရှုကြည့်ပါ။

“ယခုစာအုပ်ဟာ ဗုဒ္ဓဘာသာရဲ့ ‘မူလအစ’၊ ‘ဂုဏ်သိက္ခာ' နဲ့ ‘ခေတ်သစ်ကမ္ဘာအတွက် လက်တွေ့အသုံးဝင်မှု” တို့ကို ပြန်လည်ရှာဖွေတဲ့ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ မူလစာရေးသူစတီဖင်ဘတ်ခ်ျလာရဲ့ ‘After Buddhism' စာအုပ်ဟာ ရှေးဟောင်းပိဋကတ်ကျမ်းဂန်တွေကို ယခုခေတ်ကာလရဲ့ဉာဏ်အလင်းနဲ့ ပြန်လည်ဆန်းစစ်ပြီး ဓလေ့ထုံးတမ်းယဉ်ကျေးမှုဆိုင်ရာ ဖုံးအုပ်ခံထားရမှုတွေကိုခွာချကာ ဂေါတမဗုဒ္ဓဟောကြားခဲ့တဲ့မူလအဆုံးအမတွေရဲ့ အနှစ်သာရဆီသို့နက်နက်ရှိုင်းရှိုင်းချဉ်းကပ်တင်ပြထားပါတယ်။

ယခုမြန်မာပြန်ဆိုချက်မှာဘတ်ခ်ျလာရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့‘ဗုဒ္ဓဘာသာကို ဘာသာရေးအယူဝါဒတစ်ခုအဖြစ်မှ လက်တွေ့ဘဝကျင့်စဉ်တစ်ရပ်အဖြစ်ဆီသို့ ပြန်လည်ပို့ဆောင်ရန်' ဆိုတဲ့အတွေးအခေါ်ကို အလေးထားဆောင်ကျဉ်းဖို့ အားထုတ်ထားပါတယ်။

ဒါ့အပြင် ဒီစာအုပ်ကဗုဒ္ဓရဲ့တရားတော်တွေကို သီအိုရီပိုင်းဆိုင်ရာ ဝိရောဓိတွေ၊ ဒဿနဆန်တဲ့မေးခွန်းတွေအဖြစ်မဟုတ်ဘဲ လူသားတိုင်းလက်တွေ့ လုပ်ဆောင်နိုင်တဲ့လုပ်ငန်းဆောင်တာတွေ (Tasks) အဖြစ်တင်ပြထားတာကို ရှင်းလင်းစွာဖတ်ရှုရမှာ ဖြစ်ပါတယ်။

🔸 အခန်း(၁) မှာ ဗုဒ္ဓရဲ့လက်တွေ့ကျတဲ့ချဉ်းကပ်မှုကို ‘မျက်မမြင်တွေဆင်စမ်းပုံ' ဥပမာနဲ့စတင်ပြီး ဘဝကိုရှုမြင်သုံးသပ်ရာမှာသီအိုရီထက်တိုက်ရိုက်အတွေ့ အကြုံကို အလေးပေးတာကိုဖော်ထုတ်တင်ပြထားပါတယ်။ နောက်အခန်းတွေဖြစ်တဲ့ မဟာနာမ်ရဲ့ လူသားသဘာဝဆန်ပုံ
🔸 (အခန်း ၂)၊ သိ၊ ပယ်၊ ဆိုက်၊ ပွားဆိုတဲ့ လုပ်ငန်းဆောင်တာလေးရပ်
🔸 (အခန်း ၃)၊ ကောသ လပြည့်ရှင် ပသေနဒီမင်းရဲ့ အာဏာနဲ့ ဘာသာတရားကြား ဒွိဟဖြစ်မှုအခြေအနေ
🔸 (အခန်း ၅)၊ သုနက္ခတ္တရဲ့ ဖောက်ပြန်မှုကတစ်ဆင့် တန်ခိုးပြာဋိဟာထက်ဆုံးမခြင်း ပြာဋိဟာရဲ့ အကျိုးကျေးဇူးကို ထောက်ပြချက်
🔸(အခန်း ၆) နဲ့ အရှင်အာနန္ဒာရဲ့စွန့်လွှတ်အနစ်နာခံမှုများ
🔸 (အခန်း ၁၀) တို့က ဗုဒ္ဓဒေသနာဟာ လူသားတိုင်းရဲ့ရုန်းကန်မှု၊ အားနည်းချက်နဲ့ စွမ်းရည်များထဲမှာ အသက်ဝင်နေဖို့လိုအပ်တယ်ဆိုတာကိုပေါ်လွင်အောင် သရုပ်ဖော်တင်ပြထားတဲ့ပုံရိပ်တွေနဲ့ အခန်းပေါင်း (၁၁) ခန်းပါဝင်ပါတယ်။

စာဖတ်ပရိသတ်များအနေနဲ့ အခန်းတစ်ခန်း ဖတ်လို့ပြီးဆုံးသွားတိုင်း ပြန်လည်ဆင်ခြင်သုံးသပ်ရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေဖို့ရည်ရွယ်ပြီး မြန်မာပြန်ဆိုသူ ဆရာဝင်းသိန်းဦးက အနှစ်ချုပ်တင်ပြ ချက်တစ်ခုစီကိုလည်း အခန်းအသီးသီး ပြီးဆုံးတိုင်း ရေးသားဖော်ပြပေးထားပါသေးတယ်။

💥 စာမျက်နှာ ၄၈၆ မျက်နှာပါရှိပြီး ယွန်းဝဿန်ရဲ့မူအတိုင်း စာအုပ် Quality ပိုင်းကိုဂရုစိုက်စီစဉ်ထားပါတယ်။

💥 တန်ဖိုး ၃၀,၀၀၀ ကျပ်နဲ့ ယွန်းဝဿန်စာပေ(095041161) မှထုတ်ဝေပြီး ဂျာနယ်လစ်စာပေ(09-261778607) ကဖြန့်ချိပါတယ်။

💥 စာကြည့်တိုက်များအတွက် ၂၀ ရာခိုင်နှုန်းလျှော့ချပေးမှာဖြစ်ပြီး ဒီကနေ့အောက်တိုဘာ ၂၈ ကစပြီး အောက်တိုဘာ ၃၁ ရက်အထိကြိုတင်မှာယူသူများကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့ချပေးမှာဖြစ်ပါတယ်။

💥 မှာယူလိုသူများအနေနဲ့ လိပ်စာအပြည့်အစုံနဲ့ဖုန်းနံပါတ်ကို CB မှာပေးပို့မှာယူနိုင်ပါပြီ . . .

လှသန်းနှင့်အင်တာဗျူး (အပိုင်း-၁) / လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း______________________________________________________...
14/10/2025

လှသန်းနှင့်အင်တာဗျူး (အပိုင်း-၁) / လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း
_________________________________________________________________
ဆရာကောက်နွယ်ကနောင်ရဲ့ "လူငယ်ကဗျာဆရာများနှင့်တွေ့ဆုံခြင်း" ကဏ္ဍတစ်ခုကို ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလကစပြီး စတိုင်သစ်မဂ္ဂဇင်းမှာစတင်ဖော်ပြခဲ့တယ်။ အဲဒီအချိန်က လူငယ်လက်စောင်းထက် ကဗျာဆရာတွေဖြစ်ကြတဲ့ ခရမ်းပြာထက်လူ၊ စည်သူငြိမ်း၊ စန်းဦး စသဖြင့် သူတို့တွေနဲ့ ဆွေးနွေးပြောဆိုထားတာတွေဟာ လစဉ်ဆက်တိုက်ဖော်ပြပါရှိခဲ့ပေမယ့် ကဗျာဆရာ လှသန်းနဲ့တွေ့ဆုံဆွေးနွေးမှုကမဖော်ပြခံခဲ့ရဘူး။ ၁၀ စုနှစ်တစ်ခုကြာလွန်ပြီးတဲ့အခါ ဖော်ပြခွင့် ရလာပြန်တာကြောင့် စာမျက်နှာထက်ရောက်ခဲ့ပါတယ်။
_______________________________

မသိတသိကုန်ဆုံးသွားတဲ့ အချိန်ကာလတွေ ရင့်ရော်နွမ်းသွေ့လာတာနဲ့အမျှ သက်ရှိတိုင်း အခြေခံ အကျဆုံးဖြစ်တဲ့ရုပ်အဖွဲ့အစည်း (ကလာပ်စည်း) တွေဟာ ယိုယွင်းပျက်စီးစပြုလာပါတယ်။ ရတောင့်ရခဲ လူ့ဘဝ၊ ဘုရားပွင့်တဲ့ကာလရခဲခြင်း၊ လူ့အဖြစ်ကိုလည်းရခဲခြင်း၊ သဒ္ဓါပြည့်စုံမှုကို ရခဲခြင်း၊ ရဟန်းအဖြစ်ကိုရခဲခြင်း၊ သူတော်ကောင်းတရားနာရမှုကိုရခဲခြင်းဆိုတဲ့ ဒုလ္လဘတရားငါးပါး၊ ကဗျာဆရာဖြစ်လာဖို့ဆိုတာကလည်း ရတောင့်ရခဲဖြစ်တဲ့ ဒုလ္လဘတစ်ပါးပါပဲ။ ဒီအထဲမှာ ကဗျာ ဖြူနီကြောင်ကြားတွေ၊ ကဗျာအနီပျက်ဂမ္ဘီရတွေ၊ တပည့်မွေးအုပ်စုဖွဲ့ဂိုဏ်းထောင်တဲ့ကဗျာသိုင်း သမားတွေ၊ တူညီဝတ်စုံဝတ်ထားတဲ့ ကဗျာယိမ်းတွေကိုတော့ ဘယ်လိုမှ ဆက်နွှယ်ပတ်သက်မှာ မဟုတ်ပါဘူး။

မာနတရား အကြီးမားဆုံး ဒါမှမဟုတ် ပကာသန အကင်းမဲ့ဆုံးဟာ ကဗျာဆရာ၊ ကြမ်းတမ်း ခက်ထန်ဆုံးနဲ့ နူးညံ့သိမ်မွေ့ဆုံးဟာ ကဗျာဆရာ၊ မုန်တိုင်းကိုဖြစ်စေသူ၊ ပန်းများကိုပွင့်စေသူ၊ ကဗျာကြောင့်ဖြစ်လာရတဲ့ ခွန်အား၊ မာနတရားလမ်းပြခဲ့တဲ့ သစ္စာအလှနဲ့ ကျွန်တော်တို့လူဖြစ်ရ ကျိုးနပ်အောင်နေသွားချင်တယ်။ ဒါကြောင့်လည်း ကဗျာစစ်စစ်ဖန်တီးသူတွေရဲ့ရင်ထဲကို ဝင်ကြည့် မိလိုက်သလို အဲဒီလိုလူတွေရဲ့ ရုပ်အဖွဲ့အစည်းယိုယွင်းလာမှု ရောဂါသည်းချိန်ဒီရေတွေကိုကြည့်ပြီး ကျွန်တော်တို့ စိုးရိမ်နေခဲ့ရပါတယ်။

အမဲဖျက် ခံလိုက်ရပြန်ပေါ့
ရွှေသားအတိ အိပ်မက်တွေ
အထည်ကြီးပျက် ကဗျာတစ်ပုဒ်
အဲဒီရုပ်တု ရေညှိတက်နေပြီ . . .
တစ်ယောက်က သေချင်ယောင်ဆောင်နေသူ
တစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူ
ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ
ဒီတောင်ကို ကျော်နိုင်ပါ့မလား . . . "

ကောက်နွယ်ကနောင် - " အဝိဇ္ဇာ အရောင်းပြခန်း " ဆိုတဲ့ ကိုလှသန်းရဲ့ ကဗျာအစပိုဒ်မှာပဲ ကိုယ်တွေးမိတဲ့စကားလုံးလေး . . . အခုချိန်မှာ ကိုယ်အသိချင်ဆုံးဖြစ်တဲ့စကားကလည်း" ဒီတောင်ကိုကျော်နိုင်ပါ့မလား'။ ကိုလှသန်းဆေးရုံတက်နေရတဲ့အချိန်တွေမှာ ကိုယ်တွေးနေမိတယ်။ နောက်နယ်ကရောက်လာတတ်တဲ့ ကဗျာဆရာတွေနဲ့စကားပြောဖြစ်ရင်လည်း ကိုလှသန်းရဲ့ ကျန်းမာရေးသတင်းကိုပဲမေးကြတယ်။ နားစွင့်ထားကြတယ်။ ဒါကလည်းကိုယ်တို့ ကဗျာရေးဖွဲ့သူ အချင်းချင်း ဘယ်လူတန်းစားနဲ့မှမတူတဲ့ သံယောဇဉ်တွေနဲ့ပါ။ အခုကိုလှသန်းရဲ့ ကျန်းမာရေးအနေ အထားတွေကရော တော်တော်လေးပြန်ကောင်းလာပြီလား။

လှသန်း - ကျန်းမာရေးကသိပ်ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ ဆိုးဆိုးဝါးဝါးဖြစ်တယ်ပြောလို့လည်း ရပါတယ်။ အခုတော့ဆိုးဆိုးဝါးဝါးကာလတွေကိုကျော်ခဲ့ပြီလို့ပြောလို့ရပါတယ်။ ဒီတောင်က ကျော်နိုင်ခဲ့ပြီပေါ့။ ဒီကဗျာနဲ့ပတ်သက်လို့ပြောရရင် . . . ကျော်ခဲ့ပြီလို့ပဲပြောရမှာပဲ။ ဒီကဗျာရေး တုန်းက ၉၇၊ မလေးရှားမှာရေးခဲ့တာပါ။ ဒီပြန်ရောက်မှနည်းနည်းပါးပါးအချောပြန်ကိုင်ခဲ့တာ။

ကောက်နွယ် - လွန်ခဲ့တဲ့သုံးနှစ်လောက်က မြောက်ဥက္ကလာနဲ့သင်္ဃန်းကျွန်းဆေးရုံမှာ ကျောက်ကပ် မကောင်းလို့ ကိုလှသန်းဆေးရုံတက်ရတယ်ကြားတယ်။ အဲဒီကျောက်ကပ်က ဘယ်လိုဖြစ်တာလဲ။

လှသန်း - ဆရာဝန်တွေကစမ်းသပ်ပြီးပြောတာကတော့ ဘယ်ဖက်ကျောက်ကပ်က ညာဘက် ကျောက်ကပ်ထက် ပိုပြီးကျုံ့ဝင်လာတယ်။ ကျုံ့လာတာနဲ့အထဲကတစ်သျှူးတွေမှာ သွေးကြောတချို့ ပျက်စီးလာတယ်။ သွေးကအရမ်းတိုးတယ်။ သွေးလည်ပတ်မှုကပုံမှန်မဟုတ်တော့ဘူး။ အချိန်မရွေး သေသွားနိုင်တယ်ပေါ့ဗျာ။ သွေးတိုးတာကလည်း အပေါ်သွေး ၂၅၀၊ အောက်သွေး ၁၈၀ လောက် တိုးတယ်။ ဆရာဝန်ပြောတာက အဲဒီလောက်နဲ့လူတစ်ယောက်ဟာ အသက်ရှင်မနေနိုင်ဘူး။ အခုအချိန်ထိ အသက်ရှင်နေတာကတော့အံ့သြစရာပဲ။ ကံအားလျော်စွာအသက်ရှင်သွားတယ်။ ပထမတော့ဘာမှန်းမသိဘူး။ အဆင့်ဆင့်ဓာတ်မှန်ရိုက်၊ အာလ်ထရာဆောင်း (ultra sound) ရိုက်၊ ခါးကဖောက်ပြီး ကျောက်ကပ်ကတစ်သျှူးစကိုထုတ်၊ ဓာတ်ခွဲကြည့်၊ ထိုးဆေးစားဆေးညွှန်းပေါ့။ လောလောဆယ်သွေးတိုးတတ်တာကို စားဆေးနဲ့ထိန်းထားတယ်။

ကောက်နွယ် - ၈၅၊ ၈၆ လောက်ကထင်တယ်။ အဲဒီတုန်းကလည်း ကိုလှသန်းဆေးရုံတက်ခဲ့ရ သေးတယ်။
လှသန်း - ဟုတ်တယ်။ ဒီကျောက်ကပ်ပဲ။ နှစ်ဖက်စလုံးရောင်တာ။ အဲဒီတုန်းကဆီးမသွားဘူး။ တစ်ကိုယ်လုံးဖောရောင်နေတာ။ ဆီးနဲ့ကျောက်ကပ်ဆေးရုံကြီးမှာ သုံးလလောက်တက်ကုရတယ်။ ကိုယ့်ကိုယ်ကိုယ်သေပြီလို့ထင်ခဲ့တာ။

ကောက်နွယ် - ဆေးရုံတက်ရတဲ့အချိန်တွေမှာ ကိုလှသန်းဘာတွေစဉ်းစားမိလဲ။
လှသန်း - ကိုယ်ကမကျန်းမာတော့နာတာပေါ့ဗျာ။ ဗုဒ္ဓဘာသာအလိုအရ ဟိုတုန်းကမနာဘူးပေါ့။ နောက်ကျန်းမာရေးကလည်းကောင်းတယ်။ ဖြစ်ခဲတယ်။ ဖြစ်ပြီဆိုတော့လည်း အကြီးအကျယ်။ ဒါ ဖြစ်တတ်ပါတယ်။ ဟိုတုန်းကဒေါင်ဒေါင်မြည်နေခဲ့ပြီး ဝုန်းခနဲဒိုင်းခနဲပြိုလဲကျသွားတော့ စိတ်ထိခိုက် ရတာပေါ့။ ဟိုတုန်းကမစဉ်းစားမိတာတွေ၊ မတွေးမိတာတွေ အဲဒီကျမှစဉ်းစားစရာ၊ တွေးစရာတွေ ဖြစ်လာရော။

"အဲဒီခန္ဓာကိုယ်ကြီးဟာ
ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမှာလဲ
အဲဒီခန္ဓာကိုယ်ကြီးက စိတ်ကူးယဉ်တယ်
သူဟာ . . . မီးခံသေတ္တာတစ်လုံးဖြစ်ခဲ့ရင် . . . တဲ့
ချက်လက်မှတ် တစ်စောင်ဖြစ်ခဲ့ရင် . . . တဲ့
အထိမ်းအမှတ် ကျောက်တိုင်ကြီးတစ်ခုဖြစ်ခဲ့ရင် . . . တဲ့
မဟုတ်ဘူး
အဲဒီခန္ဓာကိုယ်ကြီးဟာ
ရင်ကွဲနာကျနေတဲ့ လေမှုတ်ကိရိယာတစ်ခုပဲ ဖြစ်နိုင်ရဲ့
တခါတလေ
အဲဒီခန္ဓာကိုယ်ကြီးက စဉ်းစားတယ်
သူဟာ ဝန်ချီစက်တစ်လုံးလား . . .
နိုင်ငံသားကတ်ပြားတစ်ခုလား . . .
အဖတ်ဆယ်နေတဲ့ ဇွန်းတစ်ချောင်းလား . . . "
ကိုလှသန်း ၂၉ နှစ်မြောက်မွေးနေ့အတွက် ရည်ညွှန်းရေးခဲ့တဲ့ကဗျာ (ဟန်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၉၃)

ကောက်နွယ် - အဲဒီအချိန်တုန်းက ကိုလှသန်းဘယ်မှာရှိနေသလဲ။ ဒီကဗျာရဖို့ နောက်ခံကားတွေ ကိုယ့်စိတ်ထဲ အတွေးတွေစီးလာဖို့ ဝန်းကျင်ရဲ့စေ့ဆော်မှုတွေပြောပြပါဦး။

လှသန်း - အမှန်ပြောရရင်တော့ အသက်(၂၉) ကို ဘဝရွာတစ်ခုမှာရေးခဲ့တာပါ။ ၂၉ နှစ်မပြည့်ခင် နှစ်ရက်၊ သုံးရက်လောက်အလိုမှာ မွေးနေ့အတွက်ကဗျာတစ်ပုဒ်တော့ရေးမယ်။ ကျဉ်းမြောင်း လှောင်ပိတ်နေတဲ့ ကမ္ဘာတစ်ခုရဲ့စိတ်ခံစားမှု . . . အရင်တုန်းက ကိုယ်ဖြတ်သန်းခဲ့တာတွေ ပြန်စဉ်းစားမိတယ်။ အဲဒီတုန်းက Dictionary ထဲက အင်္ဂလိပ်စာလုံးတွေကြည့်နေရင်းနဲ့ minus ဆိုတဲ့ စကားလုံးကိုသွားတွေ့တယ်။ မြန်မာလိုအနုတ်ပေါ့။ ငါတို့ခန္ဓာကိုယ်ကြီးဟာ အနုတ်လက္ခဏာပဲ။ အသက်ကြီးလာတာနဲ့ အိုသွားတယ်၊ လျော့သွားတယ်၊ minus သဘောပေါ့။ အဲဒီမှာ ခေါင်းစဉ်ရပြီး ကဗျာရေးဖြစ်သွားတယ်။ နည်းနည်းတော့သံဝေဂရသွားတယ်ထင်တာပဲ။

"၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့
အဲဒီနေ့မှာ
အဲဒီခန္ဓာကိုယ်ကြီးဟာ
နာမည်တစ်ခုရှေ့ တည့်တည့်ကိုပြိုလဲကျ
အသက်တစ်ခုရှေ့ တည့်တည့်ကိုပြိုလဲကျ
သေချာပေါက် ပြောပြနိုင်ပြီ . . .
ဟောဒီခန္ဓာကိုယ်ကြီးဟာ
ဘာမှမဟုတ်ပါဘူး
ဘဝရဲ့အနုတ်လက္ခဏာတစ်ခုမျှသာ ဖြစ်နေရဲ့ "
(ခေါင်းစီး အရင်ရပြီး ကိုယ်ထည်ကို နောက်မှ ရေးချလိုက်တဲ့ကဗျာ)

ကောက်နွယ် - ကိုလှသန်းရဲ့ကဗျာတွေဟာ နိမိတ်ပုံတွေနဲ့ဝှက်ထားတာမျိုးတွေမရှိဘူး။ စာဖတ်သူ ရင်ထဲရောက်အောင်ပို့ပေးနိုင်တယ်။ ရိုးရှင်းတယ်။ ဖတ်ကြည့်တာနဲ့သိတယ်။ တချို့ခေတ်ပေါ် ကဗျာတွေကရှုပ်ထွေးတယ်။ မျက်လှည့်ဆန်တယ်။ စကားလုံးတွေက ဟိုတစ၊ ဒီတစ ဆက်စပ်မှုတွေ ပြတ်တောက် . . . အတတ်ပညာကိုလည်း လိုတာထက်ပိုပြီး ထဘီခြုံပြတတ်လွန်းတော့ အရှက်ပေါ် သွားတဲ့ ကဗျာမျိုးတွေအများကြီး။ ကဗျာဆိုတာက ကိုယ်ခံစားရသလိုရေးဖွဲ့ပြီး ဖတ်တဲ့သူဘက်က ဘာမှခံစားလို့မရရင် အားထုတ်ကြိုးပမ်းရကျိုး ဘယ်နပ်တော့မှာလဲ။

လှသန်း - ကိုကောက်ပြောတာ ဟုတ်တယ်။ တချို့မော်ဒန်ကဗျာတွေမှာ အဲဒီကိစ္စတွေကို ကျွန်တော် ဘာမှဝင်မပြောချင်ပေမယ့် ကဗျာဖတ်တဲ့သူတွေနားလည်စေချင်တယ်။ နားလည်မှလည်း ကဗျာဆရာဘာကိုဆိုလိုတာသိရမယ်။ နားမလည်နိုင်အောင်လုပ်တယ်ဆိုတာ ခက်တော့ မခက်ပါဘူး။ ကျွန်တော်တို့လည်းရေးခဲ့ဖူးတာပဲ။ ပုံနှိပ်စာလုံးသာဖြစ်မလာခဲ့တာ။ စမ်းသပ်ပြီး ရေးခဲ့တာတွေအများကြီးရှိတယ်။ ထင်းရှူးပင်ရိပ်ဩဇာပဲဖြစ်ဖြစ်၊ နိုင်ငံခြားကဗျာဩဇာပဲဖြစ်ဖြစ် Surrealism ရေးခဲ့တာတွေ။ ဒါကစမ်းသပ်မှုပဲဖြစ်တယ်။ ပုံနှိပ်ဖို့ဖြစ်မလာဘူး။ ပုံနှိပ်စရာလည်း မလိုအပ်ပါဘူး။ ကျွန်တော်ရေးခဲ့တာတွေက သရုပ်မှန်ခြင်းနဲ့သရုပ်မှန်လွန်ခြင်းပဲ။ သရုပ်မှန်နဲ့ သရုပ်မှန်လွန်ကြားမှာသွားနေမှာပဲ။ တစ်ချက်တစ်ချက် သရုပ်မှန်လွန်သွားမယ်။ ဒါပေမဲ့ ရှုပ်ထွေးကွေ့ကောက်တဲ့ စကားလုံးလော်လီမှုတွေသိပ်မထူထောင်ချင်တော့ဘူး။ ဒါတွေ မလိုအပ်တော့ဘူး။ တချို့တွေမှာ နိမိတ်ပုံတွေချန်ထားခဲ့တယ်။ ဒဲ့ ( တဲ့ ) ပဲရေးတာပဲ။ ပိုပြီးတော့ ထိရောက်ပါတယ်။ နောက်လူတွေသုံးနေတဲ့ ဘာသာစကားတွေထဲကမကျော်ပါဘူး။ အမှန်က ဘာသာစကားအသစ်ထွင်နိုင်ရင် ကောင်းပါတယ်။ ထွင်ပြီးတော့ လူတွေဆီ ရောက်ရင် ပိုကောင်း တာပေါ့။ မရောက်ရင်တော့ ဘာမှအကျိုးမရှိဘူးပေါ့။

ဆက်လက်ဖော်ပြပါမည်။

 #လူအများစိတ်ဝင်စားလို့အရောင်းရဆုံးစာအုပ်တွေထဲမှာ သည်စာအုပ်လေးပါပါတယ်။📙 စာအုပ်အမည် -  #ဗုဒ္ဓဝါဒီဘာသာမဲ့တစ်ဦးရဲ့ ဖွင့်ဟဝန...
14/10/2025

#လူအများစိတ်ဝင်စားလို့အရောင်းရဆုံးစာအုပ်တွေထဲမှာ သည်စာအုပ်လေးပါပါတယ်။

📙 စာအုပ်အမည် - #ဗုဒ္ဓဝါဒီဘာသာမဲ့တစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်
🖌 ဘာသာပြန် - #ဝင်းသိန်းဦး

စာမျက်နှာ ၄၁၃၊ Woodfree စက္ကူအဖြူအချော (၇၀ ဂရမ်)
တန်ဖိုး - ၃၀၀၀၀ ကျပ်၊ (ပထမအကြိမ်)

ဓနရှင်စနစ်ကြီးစိုးရာ ဘူဇွာလူ့အဖွဲ့အစည်းကို နာကျည်းစိတ်နဲ့ ကျောခိုင်းခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အနောက်တိုင်းသား ဟစ်ပီလူငယ်လေးတစ်ဦးဟာ ဒလိုင်းလားမားနေထိုင်ရာ ဒါရမ်ဆာလာမြို့ဆီသို့ စွန့်စွန့်စားစားထွက်ခွာလာပြီး သစ္စာတရားကိုရှာဖွေခဲ့တယ်။

နောက်ဆုံးမှာ လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒီ (Secular Buddhist) တစ်ဦးအဖြစ် ခံယူလာခဲ့ပုံကို တစ်ခန်းချင်းရင်သပ်ရှုမောဖွယ် ဒဿနဝတ္ထု ရှည်တစ်ပုဒ်ကို စာဖတ်ပရိသတ်များ အလွယ်တကူဖတ်ရှုတွေးခေါ် ဆင်ခြင်သုံးသပ်နိုင်ဖို့၊ အတွေးသစ်၊ အမြင်သစ်တွေရရှိစေလိုတဲ့စေတနာနဲ့ ဆရာဝင်းသိန်းဦးက မြန်မာပြန်ဆိုထားတာပဲဖြစ်ပါတယ်။

☎️ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံကို messenger (သို့မဟုတ်) VIBER : 09-261778607 သို့ ဆက်သွယ်မှာယူနိုင်သလို စာအုပ်ဆိုင်တိုင်းမှာလည်း ဝယ်ယူရရှိနိုင်ပါပြီ . . .

14/10/2025

နိုင်ငံ့အရေးကိုစိတ်ဝင်စားသူတိုင်း
မဖြစ်မနေဖတ်ရှုသင့်တဲ့စာအုပ်

**ဂါဇာရဲ့ နောက်ဆုံးအခြေအနေ**ဟားမတ်စ်က အစ္စရေးသုံ့ပန်းအချို့ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ စတင်လွှတ်ပေးလိုက်ပါတယ်။ အ...
13/10/2025

**ဂါဇာရဲ့ နောက်ဆုံးအခြေအနေ**

ဟားမတ်စ်က အစ္စရေးသုံ့ပန်းအချို့ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ စတင်လွှတ်ပေးလိုက်ပါတယ်။ အစ္စရေးသုံ့ပန်း ၂၀ စလုံးကို ဂါဇာပိုင်နက်ထဲ ရောက်ပြီလို့ အတည်ပြုတာနဲ့ တစ်ပြိုင်နက်တည်းမှာ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် အလွန်မျှော်လင့်နေကြတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ပထမအဆင့်အရ အစ္စရေးသုံ့ပန်း ၇ ဦး ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။

မွန်ဒီနေ့မှာ သုံ့ပန်းတွေ လွှဲပြောင်းပေးအပ်တာကို လူထုရှေ့မှာ ပြသတဲ့ရုပ်သံတွေကို ကြည့်ရှုဖို့ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြတဲ့ အစ္စရေးမှာ၊ သူတို့ဟာ ကြက်ခြေနီလက်ထဲကို ရောက်ပြီလို့ ရုပ်သံလိုင်းတွေက ကြေညာလိုက်ချိန်မှာ ဝမ်းသာအားရ ကြွေးကြော်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
________________________________________
**သုံ့ပန်းလဲလှယ်ရေး လုပ်ငန်းစဉ် အသေးစိတ်**

• သုံ့ပန်းလဲလှယ်ရေးမှာ ပါဝင်တဲ့ အရာရှိတွေက အစ္စရေးသုံ့ပန်း ၇ ဦးဟာ ကြက်ခြေနီရဲ့ ထိန်းသိမ်းမှုအောက် ရောက်ရှိသွားပြီလို့ အတည်ပြုခဲ့ပြီး သူတို့ရဲ့ အခြေအနေကိုတော့ ချက်ချင်းမသိရသေးပါဘူး။
• သုံ့ပန်းတွေကို Re’im (ရီအင်မ်) စစ်အခြေစိုက်စခန်း ကို ပို့ဆောင်ပြီး ဆေးစစ်တာ၊ ရေချိုးတာနဲ့ အဝတ်လဲတာတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
• သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံဆည်းပြီးနောက် ဆက်လက်ကုသမှုတွေအတွက် ဆေးရုံတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
________________________________________
**သဘောတူညီချက်ရဲ့ အချက်အလက်များ**

• ဒီသဘောတူညီချက်အရ ဟားမတ်စ်ဟာ အစ္စရေးလူမျိုး သုံ့ပန်း ၂၀ ဦး ကို လွှတ်ပေးရမှာဖြစ်ပြီး အလဲအလှယ်အနေနဲ့ အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ နီးပါး ကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။
• လွှတ်ပေးမယ့် ပါလက်စတိုင်း အကျဉ်းသားအားလုံးဟာ အစ္စရေးအကျဉ်းထောင်တွေကနေ ဘတ်စ်ကားတွေနဲ့ တင်ဆောင်ပြီးပြီလို့ အလဲအလှယ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
• ကျန်ရှိတဲ့ သုံ့ပန်း ၁၃ ဦး ကိုတော့ ဂါဇာအလယ်ပိုင်းကနေ GMT နံနက် ၇:၀၀ နာရီ မှာ လွှတ်ပေးမယ်လို့ အစ္စရေး Channel 12 က ပြောပါတယ်။
• အစ္စရေးဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ ပါလက်စတိုင်း ၂၅၀ ကိုလည်း လွှတ်ပေးဖို့ရှိပေမယ့်၊ ပါလက်စတိုင်း ခေါင်းဆောင် Marwan Barghouti (မာဝမ် ဘာဂူတီ) ကိုတော့ လွှတ်ပေးမှာ မဟုတ်ဘူးလို့ အစ္စရေးက ဆိုထားပါတယ်။
• အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ၊ အစ္စရေးက ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း အတည်ပြုထားတဲ့ သုံ့ပန်း ၂၈ ဦးရဲ့ ရုပ်အလောင်း တွေကိုပါ ပြန်လည်လက်ခံရယူဖို့ ပြင်ဆင်နေပါတယ်။
________________________________________
**နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အခြေအနေများ**

• အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ဘင်ဂျမင် နက်တန်ယာဟု) က သုံ့ပန်းတွေ ပြန်လည်လွတ်မြောက်တာဟာ နိုင်ငံအတွက် စည်းလုံးမှုရဲ့ အချိန်ဖြစ်စေဖို့ မျှော်လင့်ကြောင်း တနင်္ဂနွေနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
• တချို့သုံ့ပန်းမိသားစုတွေက ဝန်ကြီးချုပ် နက်တန်ယာဟုဟာ စစ်ရေးအောင်ပွဲကို ဦးစားပေးပြီး သုံ့ပန်းလွှတ်ပေးရေးကို နောက်ချန်ခဲ့တယ်ဆိုပြီး ဝေဖန်မှုများ ရှိခဲ့ပါတယ်။
• အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သဘောတူညီချက်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ သူဟာ အစ္စရေးကို လာရောက်လည်ပတ်ကာ အီဂျစ်နိုင်ငံ၊ ရှမ်အယ်လ်ရှေးခ် (Sharm el-Sheikh) မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတစ်ခု မတိုင်ခင် သုံ့ပန်းမိသားစုတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
• ထရမ့် ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးအရ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာရဲ့ တချို့ဒေသတွေကနေ ဆုတ်ခွာခဲ့ပေမယ့် နယ်မြေတစ်ဝက်ကျော်ကိုတော့ ဆက်လက်ထိန်းချုပ်ထားဆဲပါ။
• အပစ်အခတ်ရပ်စဲပြီးနောက် ဂါဇာကို ပြန်ရောက်လာတဲ့ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ ရပ်ကွက်တွေနေရာမှာ ပျက်စီးယိုယွင်းမှုတွေ ပဲ တွေ့ခဲ့ရပါတယ်။
• လူသားချင်းစာနာမှု အကူအညီတွေ စတင်ဝင်ရောက်လာပေမယ့်၊ လပေါင်းများစွာ ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် ဖြန့်ဝေမှုက နှေးကွေး နေဆဲဖြစ်ပါတယ်။ လူတွေဟာ စားနပ်ရိက္ခာအပြင်၊ တဲတွေ၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကိုပါ အရေးပေါ် လိုအပ်နေကြပါတယ်။

ALJEERAZA သတင်းပါ။

ဗန်းမော်သိန်းဖေ
၁၃-၁၀-၂၀၂၅

👉 Social Democracy  #နိဒါန်း💎 သည်စာအုပ်ရေးဖြစ်ပုံလေးစပြောချင်ပါတယ်။ တကယ်တော့ Konrad Adenauer Stiftung ကထုတ်ပြီး Christia...
13/10/2025

👉 Social Democracy #နိဒါန်း
💎 သည်စာအုပ်ရေးဖြစ်ပုံလေးစပြောချင်ပါတယ်။ တကယ်တော့ Konrad Adenauer Stiftung ကထုတ်ပြီး Christian L.Glossner နဲ့ David Gregosz တို့ရေးတဲ့ THE FORMATION AND THE IMPLEMENTATION OF THE SOCIAL MARKET ECONOMY BY ALFRED MULLER-ARMACK AND LUDWIG ERHARD ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့ပါတယ်။

စာအုပ်ပါအကြောင်းအရာတွေကို ဆရာထက်မြက်နဲ့တွေ့တိုင်းဆွေးနွေးတော့ ဆရာက "လောလောဆယ်အနေအထားမှာတော့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ Social Democracy စနစ်သာလျင်အသင့်တော် ဆုံးပဲ။ ဖြစ်နိုင်ရင်ခင်ဗျား အဲဒီအကြောင်းတွေရေးဗျာ။ ကျုပ်ကတော့ အသက်ကြီးပြီ သိပ်မရေးနိုင်တော့ဘူး" ဆိုပြီးကျနော့်ကိုတိုက်တွန်းပါတယ်။

ဒါပေမဲ့ စာအုပ်တစ်အုပ်ထဲကို တိုက်ရိုက်ဘာသာပြန်တာထက်စာရင် Social Democracy အကြောင်းကို လူအများ နားလည်လွယ်အောင် စကားလုံးကြီးကြီးကျယ်ကျယ်တွေမပါဘဲ သူငယ်ချင်း အချင်းချင်းလက်ဘက်ရည်ဆိုင်မှာ ရှင်းပြပုံနဲ့ဆို အများနားလည်လွယ်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် Social Democracy အကြောင်းကို လူအများနားလည်အောင် ပြောပြဖို့ စာအုပ်တွေအများကြီးထပ်ဖတ် အင်တာနက်ကနေ အများကြီးထပ်ပြီးလေ့လာပြီးရေးဖြစ်ပါတယ်။

ကျနော့်အနေနဲ့တစ်ခုကြိုပြီးဝန်ခံလိုတာရှိပါတယ်။ ကျနော်ကလေ့လာအား ကောင်း၊ စာဖတ်အားကောင်းတာ သက်သက်ပဲရှိပါတယ်။ စီးပွားရေးပညာရှင်မဟုတ်ပါဘူး။ စီးပွားရေး၊ နိုင်ငံရေးတို့နဲ့ပတ်သက်ပြီးလည်း ဘာဘွဲ့မှ မရထားပါဘူး။ သာမန်စာဖတ်အားသန်တဲ့ အလယ်အလတ်တန်းစီးပွားရေးသမားဆရာဝန်တစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ရေးနေတဲ့ အကြောင်းအရာက အရမ်းကိုကြီးကျယ်လေးနက်တဲ့ စနစ်တစ်ခုအကြောင်း ဖြစ်တာရယ်၊ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ စီးပွားရေးပညာရပ် (Political economy) ဖြစ်နေတာကြောင့် တစ်ခုခုလွဲမှားသွားခဲ့ရင် ကျနော့်ရဲ့ပညာမပြည့်ဝမှု ညံ့ဖျင်းမှုသက်သက်သာလျင်ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အတတ်နိုင်ဆုံးပညာရပ်ဆိုင်ရာစကားလုံးတွေ လုံးဝ(လုံးဝ) မသုံးဘဲ လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်ကိုပြောပြတဲ့ပုံမျိုးနဲ့ရေးသားထားပါတယ်။ Social Democracy ကိုတီးမိခေါက်မိ သိလာ တဲ့အချိန် ဪ.. သူများနိုင်ငံတွေက ဒီလိုတွေကြောင့်ဒီလိုတိုးတက်နေကြတာပါလား။ တို့တိုင်းပြည်ကရော ရာစုနှစ်တဝက်ကျော်လောက် ဘာတွေဘယ်လောက်တောင်လွဲခဲ့ကြလို့ ဒီလောက်တောင် နောက်ကျကျန်နေခဲ့ရ တာလဲဆိုပြီး စိတ်မကောင်းကြီးစွာနဲ့ နှိုင်းယှဉ်တဲ့ပုံစံမျိုးနဲ့ပဲတင်ပြထားတာဖြစ်ပါတယ်။

#စိုင်းသီဟ(ဆေး-၁)
ဆက်လက်ဖော်ပြပါမည်။
Social Democracy 💎 (ဒုတိယအကြိမ်) ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ
🚩စာမျက်နှာ - ၃၈၈ (ဝူဖီးစက္ကူအဖြူ)
🚩တန်ဖိုး - ၂၅၀၀၀ ကျပ် (စာကြည့်တိုက်များ 20 % Discount)


No: 09261778607 ကိုဆက်သွယ်မှာယူနိုင်သလို၊
အိမ်အရောက်မှာယူလိုပါက အမည်၊ အိမ်အမှတ်၊ လမ်းနာမည်၊ ရပ်ကွက်၊ မြို့နယ်အမည်နဲ့ ဖုန်းနံပါတ်တို့ကို messenger ကနေပေးပို့မှာယူနိုင်ပါပြီ။

 #ဆရာကြီးဒေါက်တာသော်ကောင်း၏  #တက္ကသိုလ်ပညာရေးအမြင် မေး- ဒီနေ့ခေတ် တက္ကသိုလ်တွေအပေါ် ဆရာ့အမြင်လေး သိပါရေစ။ ဖြေ- အားလုံးသိ...
09/10/2025

#ဆရာကြီးဒေါက်တာသော်ကောင်း၏ #တက္ကသိုလ်ပညာရေးအမြင်

မေး- ဒီနေ့ခေတ် တက္ကသိုလ်တွေအပေါ် ဆရာ့အမြင်လေး သိပါရေစ။

ဖြေ- အားလုံးသိတဲ့အတိုင်းပါပဲ။ ၁၉၆၂ နောက်ပိုင်း ကစပြီး တက္ကသိုလ်ပညာရေးက တဖြည်းဖြည်းကျဆင်းလာတယ်။ နောက်ပိုင်း အကြောင်းမျိုးစုံကြောင့် ပိုပြီးကျလာတယ်။ လက်ရှိ ပညာရေးအခြေအနေက အတော် ကျနေတဲ့ အခြေအနေပါ။ အခု ပြန်ပြုပြင်ဖို့ စနေပြီ။ ဒါပေမဲ့ တော်တော်လုပ်ယူရဦးမယ်။ ပညာရေး ဆိုတာ ချက်ချင်းပြောင်းဆိုပြီး ပါးစပ်နဲ့ ပြောင်းလို့ရတဲ့ အရာ မဟုတ်ဘူး။ ဉာဏ်အရာ ဖြစ်တယ်။ အဖက်ဖက်ကအားထုတ်ရမယ်။ အဆင့်ဆင့်က အားပေးရမယ်။ တက္ကသိုလ်ပညာရေးဆိုတာ ဉာဏ်ပ ညာအရာ။ ဉာဏ်ပညာအရာနဲ့ ပတ်သက်တဲ့နေရာဟာ လွတ်လပ်မှု ရှိရမယ်။ အခုတက္ကသိုလ်၀င်းတွေက ၀င်ပေါက်တစ်ခုပဲ ထားတယ်။ ပုဂံလမ်းမှာ ဆရာမိသားစု ၂၈ နှစ် နေသွားပါတယ်။ အခုထိ တံခါး ပိတ်ထားတယ်၊ မဖွင့်သေးဘူး။ တက္ကသိုလ်နဲ့မှ မတူတာ။ နိုင်ငံခြားမှာ တက္ကသိုလ်၀င်းတွေက မြို့နဲ့ တစ်ဆက်တည်း ရှိတဲ့နေရာ အများကြီး ရှိတယ်။
လန်ဒန် တက္ကသိုလ်ဆိုရင် ၀င်းထဲရောက်သွား မှန်းတောင် မသိရဘူး။

နောက်ပြီး နိုင်ငံခြားဧည့်သည်ကိစ္စ။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်၀င်းထဲကို နိုင်ငံခြားသား လာလည်ခွင့် သိပ်ကျပ်တယ်။ ဆရာ့အတွေ့အကြုံပြောရရင် ဆရာက နိုင်ငံခြားသားပညာရှင် မိတ်ဆွေများတယ်။ ခင်မင်လို့ ပညာဖလှယ်ဖို့ လာကြတာ။ တခြား ဘာကိစ္စမှ မပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားတွေနဲ့ ပေါင်းရင် မသင်္ကာဘူး။ နောက်ပိုင်း ဆရာ့ကို တွေ့ချင်တဲ့ နိုင်ငံခြားသားတွေက ကြိုတင် ခွင့်ပြုချက် ရယူရတယ်။ ဆရာ နိုင်ငံခြား သွားတဲ့အခါ ကျတော့ နိုင်ငံခြား တက္ကသိုလ်တွေက ဘာမှ စစ်ဆေးမေးမြန်းခြင်းမရှိ ၀မ်းသာအားရ ဧည့်ပါမောက္ခအဖြစ် ကြိုဆိုကြတယ်၊ ဟောပြောကြတယ်၊ ပညာရပ်တွေ ဆွေးနွေးကြတယ်။ နေ့လည်စာအတူတူ စားကြတယ်။ လေဆိပ်မှာ လာကြိုကြ၊ ပြန်ပို့ကြတယ်။ ပညာကို လွတ်လွတ်လပ်လပ် ဖလှယ်ခွင့်၊ ဆွေးနွေးခွင့် ရကြတယ်။ ဒီတော့ ဆရာတို့ဆီက ပိတ်ပင်တားဆီးမှုတွေက ဘယ်လောက်တောင် ပညာရေး တိုးတက်မှုအတွက် အဟန့်အတား ဖြစ်မယ် ဆိုတာ သိသာပါတယ်။ လူလူချင်း တန်းတူ ရည်တူ မဆက်ဆံရဲဘဲ သိမ်ငယ်စိတ်၀င်နေတဲ့ လူမျိုးဖြစ်သွားတယ်။
အခုတော့ ပြောင်းနေပါပြီ။ လာလိုက်တဲ့ နိုင်ငံခြား ဧည့်သည်တွေလည်း မနည်းဘူး။

မေး- မြန်မာနိုင်ငံရဲ့ ပညာရေး တိုးတက်ဖို့ အတွက် ဘာတွေလိုအပ်မလဲ ဆရာ။

ဖြေ- ပညာဆိုတာ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်ရှိပြီး၊ ပြည်ပမှာလည်း လွတ်လွတ်လပ်လပ်ရှိတဲ့ ပညာရှင်တွေနဲ့ ဆက်သွယ်နိုင်မှ တိုးတက်မယ်။ ဆရာတို့က ပြည်ပမှာ လွတ်လပ်မှု အပြည့်အ၀နဲ့ ပညာရပ်ဆိုင်ရာ ရေးသားပြောဆို သုတေသန ပြုချက်တွေကို လုပ်နိုင်သလို ပြည်တွင်း မှာလည်း လွတ်လွတ်လပ်လပ် အပြည့်အ၀နဲ့ ဆက်သွယ်အသုံးပြုသင့်တယ်။ အခုတော့ ပြန်ပြင်ဖို့ စနေပါပြီ။ ဒါပေမဲ့ အမျိုးသား ပညာရေးက ရုပ်ပိုင်းရော စိတ်ပိုင်းပါ အများကြီး ဆုံးရှုံးခဲ့တာ သတိချပ်ကြရမယ်။ ဥပမာ၊ ထိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတစ်ခုခုဖြစ်ရင် သူတို့ဆီက တက္ကသိုလ် ပါမောက္ခတွေက ၀င်ပြောတာပဲ။ ဒီမှာလည်း ပါမောက္ခတွေက နိုင်ငံတိုးတက်ဖို့ ကိစ္စအ၀၀မှာ ပါ၀င်အကြံပြုခွင့် ရသင့်တယ်။ အောက်မှ အထက်သို့ အကြံပြုနိုင်ခွင့်၊ အထက်မှလည်း အောက်ကတင်ပြတာ နားထောင်ဖို့ အစီအစဉ်များ လုပ်ထား သင့်ပါတယ်။ တစ်ချိန်က ရန်ကုန် တက္ကသိုလ်ဟာ သင်ကြားမှာရော၊ သုတေသန မှာပါ ထိပ်တန်းအဆင့် ရှိခဲ့တယ်။ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေက ပညာရပ်ပေါင်းစုံ တိုးတက်အောင် ဆောက်ရွက်ခွင့်ရခဲ့ပါတယ်။ စာအုပ်စာတမ်း စုံလင်တဲ့ စာကြည့်တိုက်လည်း ရှိခဲ့တယ်။ ၁၉၆၂ နောက်ပိုင်းမှာတော့ နိုင်ငံခြားထုတ် ပညာရပ် စာအုပ်တွေကို ကုန်သွယ်ရေး-၉ ကတစ်ဆင့် မှာလို့ရသေးတယ်။ ၁၉၇၉ နောက်ပိုင်းမှာတော့ နိုင်ငံခြားငွေ (FE) မရှိလို့ မှာလို့ မရတော့ဘူး။ ရန်ကုန်တက္ကသိုလ်မှာ ၁၉၇၁ ခုနှစ်က စဖွင့်ခဲ့တဲ့ စာကြည့်တိုက် ပညာဌာနမှာ လာရောက်ပို့ချကြတဲ့ ဆရာ/ဆရာမအားလုံး နိုင်ငံခြားက စာကြည့်တိုက် ပညာ ဘွဲ့လွန်ဒီပလိုမာ ရသူတွေ၊ မဟာ ၀ိဇ္ဇာဘွဲ့ ရသူတွေချည်းပဲ။ အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ စတဲ့နိုင်ငံတွေက ဘွဲ့လွန် ရထားသူတွေက ပြန်သင်ပေးခဲ့တာ။ ဒီလို နိုင်ငံခြားပြန်ပညာရှင်တွေက စာကြည့်တိုက်ပညာရပ်မှာသာမကဘူး ပညာရပ်တိုင်းမှာ ရှိတယ်။ ဒီလိုဖြစ်တာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမြော်အမြင် ကြီးမှုကြောင့်လည်း ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီး တစ်နှစ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရပြီးရင် မြန်မာနိုင်ငံက ထွက်သွားမယ့် နိုင်ငံခြားသား ပညာရှင်တွေ နေရာမှာ မြန်မာပညာရှင်တွေနဲ့ အစားထိုးရမယ် ဆိုတာ သိတယ်။ မြန််မာပညာတတ်တွေ မွေးထုတ်ဖို့ စီစဉ်တယ်။ လွတ်လပ်ရေးမရခင်ကတည်းက မြန်မာ ပညာတော်သင်တွေကို အင်္ဂလန်ကို လွှတ်တယ်။ ဆရာ့အဖေ ဦးကောင်းက အဲဒီတုန်းက လက်ထောက် ပညာမင်းကြီးပါ။ အဖေ့ကို ဗိုလ််ချုပ်အောင်ဆန်းရဲ့ ကြားဖြတ် အစိုးအရက တာ၀န်ပေးတယ်။ အဖေ့ကို အကြီးတန်း ပညာရေး အရာရှိအဖြစ် အင်္ဂလန်မှာ ၁၉၄၇ ခုနှစ် ဦးပိုင်းမှ စ သွားနေရပြီး မြန်မာပညာတော်သင်တွေရဲ့ ကိစ္စအ၀၀ကို ဆောင်ရွက်ရတယ်။ ပညာတော်သင်တွေကလည်း ပညာ သင်ပြီးရင် ကိုယ့်တိုင်းပြည် ပြန်လာကြတယ်။ ဆရာ့အဖေ ဒီတာ၀န်ယူရတဲ့ အချိန်တုန်းက အင်္ဂလန်မှာ မြန်မာသံရုံးတောင် မရှိသေးလို့ သံရုံးဖွင့်ဖို့တာ၀န်လည်း အဖေက ယူရတယ်။ ငွေစက္ကူထုတ်တဲ့တာ၀န်လည်း ပေးလို့ မောင်ကောင်း ဆိုပြီး ပထမဆုံး ငွေစက္ကူတွေမှာ အာမခံအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ၁၉၅၀ ပြည့်နှစ် ကုန်မှ ပြန်လာရတယ်။

၁၉၄၇ ခုနှစ်က တိုင်းပြည်က လွတ်လပ်ရေး မရသေးဘူး။ ရတော့မယ်ဆိုတာတော့ သိနေပြီ။ ဗိုလ်ချုပ်က အင်္ဂလိပ်ဟာ ငါတို့ကို ကျွန်ပြုခဲ့တဲ့ ရန်သူဆိုတာလောက်သာ နှလုံးပိုက်တတ်တဲ့ အမြင်ကျဉ်းမြောင်းသူ ဆိုရင်၊ ၁၉၄၈ နောက်ပိုင်း ပညာတတ်တွေ မြန်မာပြည်မှာ အတော်နည်းသွားမယ်။

ဗိုလ်ချုပ်က အမြင်ကျယ်တယ်။ ရှေးတုန်းက ရန်သူ ဆီက ပညာကို ယူရမှာကတစ်ပိုင်း ပိုင်းခြားတတ်တယ်။ ဆရာတို့ ကျောင်းသား ဖြစ်ခဲ့တဲ့ ၁၉၅၄-၁၉၅၉ ၀န်းကျင်အထိ ရန်ကုန်တက္ကသိုလ် လူရာ၀င်ခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ကျေးဇူးတွေ အများကြီးပါတယ်။ ဆေးပညာလောက၊ အင်ဂျင်နီယာလောကမှာလည်း မြန်မာ ပညာတတ်တွေနဲ့ အစားထိုးပြီး ဆက် လည်ပတ် နိုင်ခဲ့တယ်။ ရောင်စုံ သောင်းကျန်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်တာက တစ်ပိုင်း၊ ပြည်တွင်းမှာ ကိုယ့် ဆရာ၀န်နဲ့ကိုယ် ဆေးကုရဲကြတယ်။ ကိုယ့်အင်ဂျင်နီယာကို ကိုယ် ယုံကြည်လို့ ရတယ်။ ဦးနု အစိုးရ လက်ထက်မှာ မဆောက်သင့်တဲ့ အဆောက်အအုံကို ဆောက်မယ်ဆိုရင် အင်ဂျင်နီယာတွေက ထောက်ပြပြီး မဆောက်ရဘူး။ ပညာပိုင်းအရ သစ္စာရှိကြတယ်။ ငွေရပြီးရော မလုပ်ဘူး။ ဒါ တိုင်းပြည်နဲ့ လူမျိုးအတွက် သိပ် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ငွေကို မကြည့်ဘဲ မိမိပညာကို မိမိ သစ္စာစောင့်သိ ခဲ့ကြတယ်။ အခု တက္ကသိုလ်ပညာရေး အဆင့် ပြန်မြှင့်တင်ဖို့လုပ်တာ ၁၉၆၀ ၀န်းကျင်က တက္ကသိုလ်အခြေအနေ ပြန်ရောက်ရင်တောင် ပထမ အဆင့်အနေနဲ့ ကျေနပ်စရာပါပဲ။ ပြီးမှ အခု တိုးတက်နေတဲ့ ပညာရပ်အလိုက် အဆင့်များ၊ သင်ကြားရေး၊ သုတေသနလုပ်ငန်းများ၊ ကျောင်းသား အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ သုတေသန အသင်းကဲ့သို့ ရန်ကုန်တက္ကသိုလ်မှာ အဓိက အခြေစိုက်ခဲ့တဲ့ အသင်းမျိုး ပြန်ထောင်ခွင့် ရရင် များစွာ၀မ်းမြောက်၀မ်းသာ ဖြစ်ရပါမယ်။ တိုင်းပြည်နဲ့ လူမျိုး အတွက်လည်း အများကြီး အကျိုး ဖြစ်ထွန်းမယ်လို့ ယူဆရပါတယ်။

The Nation ဂျာနယ်-
၁၀၊ ၇၊ ၂၀၁၂

🖊 ‘ဆိုရှယ်ဒီမိုကရေစီ’ စာအုပ်ဟာ ဒီကနေ့မျက်မှောက်ခေတ်နဲ့အညီ နိုင်ငံရေးအတွေးအမြင်တွေကို ပြည့်ပြည့်စုံစုံရေးသားပြုစုထားတဲ့ စ...
08/10/2025

🖊 ‘ဆိုရှယ်ဒီမိုကရေစီ’ စာအုပ်ဟာ ဒီကနေ့မျက်မှောက်ခေတ်နဲ့အညီ နိုင်ငံရေးအတွေးအမြင်တွေကို ပြည့်ပြည့်စုံစုံရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်းနဲ့ဆုံခဲ့ချိန်က ဆုံးမခဲ့တာလေးတစ်ခု ပြန်ပြောချင်ပါတယ်။

📙 "မအအောင်သမိုင်းကိုလေ့လာပါ။ ဒါပေမယ့် သမိုင်းဆိုတိုင်းလည်း မယုံတတ်အောင်လေ့လာပါ" တဲ့။ ဒါကြောင့် အခုနောက်ပိုင်း ဘယ်လိုမူဝါဒရေးရာစာအုပ်ပဲဖတ်ဖတ်၊ တစ်ဖက်ကအတွေးအခေါ်တွေ ပွင့်လင်းလာအောင်လေ့လာသလို တစ်ဖက်ကလည်း ဝါဒတစ်ခုရဲ့သားကောင်မဖြစ်ရအောင် သတိထားပါတော့တယ်။

🚩 စိုင်းသီဟ(ဆေး-၁)

[စာမျက်နှာ ၇၉ ]
👉 နိုင်ငံတနိုင်ငံရဲ့ ပညာရေးတိုးတက်ဖွံ့ဖြိုးဖို့၊ ကျန်းမာရေးခံစားခွင့်အပြည့်အဝရဖို့၊ စီးပွားရေးကောင်းမွန်ဖို့ နိုင်ငံရေးစနစ်ကအရေးကြီးပါတယ်။
👉 တိုးတက်တဲ့ကမ္ဘာ့နိုင်ငံတွေမှာ ဘယ်လိုနိုင်ငံရေးစနစ်ကျင့်သုံးနေလဲဆိုတာ “ဆိုရှယ်ဒီမိုကရေစီ” စာအုပ်ထဲမှာ ဖတ်ရှုလေ့လာရမှာပါ။
👉 “ဆိုရှယ်ဒီမိုကရေစီ” ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သဘောတရားရေးရာများ (Ideologies)
👉 “ဆိုရှယ်ဒီမိုကရေစီ” နိုင်ငံတွေမှာကျင့်သုံးနေတဲ့ လူမှုအခြေပြုဈေးကွက်စီးပွားရေး (Social Market Economy)
👉 ပြည်သူအားလုံးကိုလွှမ်းခြုံပေးနိုင်တဲ့ ကောင်းမွန်ပြည့်စုံတဲ့ လူမှုဖူလုံရေးစနစ်( Welfare State) စတဲ့အခြေခံသဘောတရားရေးရာတွေကို ရှင်းလင်းတင်ပြပေးထားပါတယ်။ နိုင်ငံရေးနဲ့လူ့အခွင့်အရေး အခြေခံသဘောတရားတွေအပြင် ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စလန်နဲ့ ဖင်လန် အစရှိတဲ့ ဥရောပမြောက်ပိုင်း (Nordic) နိုင်ငံတွေမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်တမျိုး ဖြစ်တဲ့ "ဆိုရှယ်ဒီမိုကရေစီ" အကြောင်းတွေလည်းပါဝင်ပါတယ်။

#ဆိုရှယ်ဒီမိုကရေစီဆိုတာ ...
💎 လွတ်လပ်ပြီးတရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေနဲ့လှုပ်ရှားသက်ဝင်နေတဲ့ ဈေးကွက်စီးပွားရေး (Free and Fair Market Economy) ရယ်
💎 နိုင်ငံသားတစ်ယောက်မွေးဖွားသည်မှ သေဆုံးသည့်တိုင်အောင် လူ့ဂုဏ်သိက္ခာနဲ့ အညီနေထိုင်နိုင်အောင်အစိုးရကစီစဉ်ပေးထားတဲ့ လူမှုဖူလုံရေးစနစ် (Welfare State) ရယ်
💎 ငွေကြေးချမ်းသာတဲ့လူတစ်စုက တိုင်းပြည်ကိုစိတ်တိုင်းကျခြယ်လှယ်ချုပ်ကိုင်နိုင်ခွင့်မရှိဘဲ ပြည်သူအများစုရဲ့ဆန္ဒကို အနီးစပ်ဆုံးထင်ဟင်စေတဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ရယ်သုံးခု ပေါင်းစပ်ထားတာပါပဲ။"ဆိုရှယ်ဒီမိုကရေစီစနစ်" ဟာ မြန်မာပြည်နဲ့သင့်တော်မယ်လို့ယူဆမိတဲ့ အကြောင်းတရားတွေကကော ဘာတွေဖြစ်မလဲ။ စာဖတ်ပရိသတ်များ ဝယ်ယူဖတ်ရှုလေ့လာနိုင်ပါပြီ . . .

Social Democracy 💎 (ဒုတိယအကြိမ်) ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ
🚩စာမျက်နှာ - ၃၈၈ (ဝူဖီးစက္ကူအဖြူ)
🚩တန်ဖိုး - ၂၅၀၀၀ ကျပ်

♥   #အထူးလျှော့ဈေး ယွန်းဝဿန်စာပေမှအသစ်ထွက်စာအုပ်များ____________________📙 ဝင်းသိန်းဦး - လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (၉၀၀၀...
22/07/2025


#အထူးလျှော့ဈေး

ယွန်းဝဿန်စာပေမှအသစ်ထွက်စာအုပ်များ
____________________

📙 ဝင်းသိန်းဦး - လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (၉၀၀၀ ကျပ်)
📘 မျိုးလွင်(MBA) - ခေါင်းဆောင်စိတ် (၁၈၀၀၀ ကျပ်)
📔 ​ကောင်းလွန်း - မြင့်မြတ်ခေါင်းဆောင် (၁၅၀၀၀ ကျပ်)

ဖော်ပြပါသုံးမျိုးစလုံးမှာယူပါက ၁၀ % လျှော့ချပေးမည်ဖြစ်ပြီး အနည်းဆုံး ၂ မျိုးမှာယူပါက Yangon, Mandalay ပို့ခ (အခမဲ့) ပို့ဆောင်ပေးနေပါပြီ။

( 31 ရက်အထိမှာယူနိုင်ပါပြီ)

Viber & Phone - 09261778607 သို့ဆက်သွယ်မှာယူနိုင်ပါပြီ။

✨🧘‍♂️ လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (Secular Buddhism) ✍️ ရေးသားသူ - ဝင်းသိန်းဦး◾◼ ဒီစာအုပ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ ကျော်က...
24/05/2025

✨🧘‍♂️ လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (Secular Buddhism)
✍️ ရေးသားသူ - ဝင်းသိန်းဦး

◾◼ ဒီစာအုပ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ ကျော်ကတည်းက အနောက်တိုင်းမှာ ရေပန်းစားပြီး လက်တွေ့ ကျင့်ကြံပွားများနေကြတဲ့ လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (Secular Buddhism) အကြောင်းကို စာဖတ်သူတွေအချိန်တိုအတွင်းမှာနားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးလိုကလည်း လိုက်နာကျင့်သုံးနိုင်အောင် လိုရင်းတိုရှင်းရေးသားဖော်ပြထားချက်ဖြစ်ပါတယ်။ စတီဖင်ဘတ်ချ်လာ (Stephen Batchelor) ရဲ့ ကမ္ဘာ့အရောင်းရဆုံး ဘက်ဆဲလားစာအုပ်တွေကို ဖတ်ရှုမှီငြမ်းကိုးကား အနှစ်ထုတ်တင်ပြထားတာဖြစ်ပါတယ်။

စတီဖင်ဘတ်ချ်လာဟာ လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (Secular Buddhism) ကို အနောက်နိုင်ငံသားများအကြား ရေပန်းစားလေ့လာလိုက်နာကျင့်သုံးချင်လာအောင် ဆွဲဆောင်မှုကောင်းလှတဲ့ ကမ္ဘာ့အရောင်းရဆုံးစာအုပ်များစွာကိုရေးသားခဲ့သူဖြစ်ပြီး သတိပဋ္ဌာန် ကမ္မဋ္ဌာန်းနည်းပြ ဆရာတစ်ဦးလည်းဖြစ်ပါတယ်။

လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (Secular Buddhism) ဆိုတာဘာလဲလို့မေးရင် စတီဖင်ဘတ်ချ်လာက “နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ထက် မဂ္ဂင်ရှစ်ပါးဆိုတဲ့ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဘောင်နဲ့အညီ လောကကြီးသာယာတိုးတက်ဖွံ့ဖြိုးအောင် အချိန်နှင့်အမျှအားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဟာ လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ (Secular Buddhism) ရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ်” လို့ ရှုမြင် သုံးသပ်ပါတယ်။

စာမျက်နှာ ၁၁၃၊ ဓာတ်ပုံများကို ကြွေစက္ကူဖြင့်ရောင်စုံကာလာပုံနှိပ်ထားသည်။
တန်ဖိုး - ၉၀၀၀ ကျပ် (ပထမအကြိမ်)
✨ ယွန်းဝဿန်စာပေ(095041161) မှထုတ်ဝေပြီး
✨ ဂျာနယ်လစ်စာပေ(09-261778607) ကဖြန့်ချိသည်။

🚚🚚🚚
Delivery service
ရန်ကုန် - ၂၀၀၀ ကျပ်
နေပြည်တော် - ၂၅၀၀ ကျပ်
မန္တလေး - ၃၀၀၀ ကျပ်
👇👇👇
အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံကို messenger (သို့မဟုတ်) 09-261778607 သို့ ဆက်သွယ်မှာယူနိုင်ပါပြီ။
👇👇👇
ဝယ်ယူရရှိနိုင်မည့်စာအုပ်ဆိုင်များ
City Mart ရှိစာအုပ်ဆိုင်များ
ရန်ကုန် - စောဦး၊ ကိုလတ်၊ ရာပြည့်၊ အင်းဝ၊ စာပေလောက၊ ပန်းဆက်လမ်းစာပေ၊ Book Street , Book Tree ,Tab Book, Yangon book plaza
မန္တလေး - စိတ်ကူးချိုချို၊ နဂါး

Address

No(B/8), Room 501, Bo Min Yaung Housing, 42 Ward, North Dagon
Yangon

Telephone

09261778607

Website

Alerts

Be the first to know and let us send you an email when Nyein Chan Khit Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nyein Chan Khit Publishing House:

Share