29/10/2025
🛎 ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ (သို့မဟုတ်) လူ့ဘောင်လောကအတွက်အားထုတ်ကြိုးပမ်းသူ
🖌 ယခုနှစ်ထဲမှာဆရာဝင်းသိန်းဦးရဲ့ Secular Buddhism နဲ့ပတ်သက်တဲ့ စာအုပ်သုံးအုပ် ယွန်းဝဿန်စာပေက ထွက်ရှိထားပါတယ်။
▪️ မေလမှာ - ‘လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ’
▪️ ဩဂုတ်လမှာ - ‘ဗုဒ္ဓဝါဒီဘာသာမဲ့တစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်’
▪️ နိုဝင်ဘာလမှာ - ‘ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ’
ဆိုပြီး စာအုပ်သုံးအုပ်ထွက်ရှိခဲ့ပါတယ်။
သုံးအုပ်စလုံးရဲ့မူရင်းစာရေးဆရာက ဝိပဿနာဆရာကြီးဦးဂိုအင်ကာရဲ့တပည့်ဖြစ်ခဲ့ဖူးသူ ကမ္ဘာကျော်စာရေးဆရာ ကမ္မဋ္ဌာန်းနည်းပြဆရာ စတီဖင်ဘတ်ချ်လာဖြစ်ပါတယ်။
💥
စတီဖင်ဘတ်ချ်လာရဲ့ ‘Secular Buddhism’ ကို ဆရာဝင်းသိန်းဦးက လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒလို့ဘာသာပြန်ဆိုရာမှာ စာအုပ်ထွက်ရှိပြီးနောက်ပိုင်း စာဖတ်သူတချို့ကအမြင်မတူကြောင်း ဝေဖန်ရေးသားမှုတွေရှိခဲ့ပါတယ်။ သို့သော်လည်း ဆရာဝင်းသိန်းဦးရဲ့ အကျိုးသင့်၊ အကြောင်းသင့်ရှင်းပြချက်အတွက် တချို့တုံ့ပြန်မှုရပ်ဆိုင်းခဲ့သလို တချို့သဘောတူလက်ခံခဲ့ကြပါတယ်။
✒️ “Secular လောကီအရေးဆိုတာ Dictionary ကြည့်ရင်လူတိုင်းသိပါတယ်။ Secular Buddhism ကို လောကီဗုဒ္ဓဘာသာလို့အလွယ်ပြန်ရင်ရပါတယ်။ သို့ပေမယ့် ဒီ Secular Buddhism မှာပါတဲ့ Secular ရဲ့အဓိပ္ပာယ်က လောကုတ္တရာကိစ္စဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုကြောင်းကပါနေတယ်။ ပြီးတော့ နိဗ္ဗာန်ကိုမျက်မှောက်ပြုတာက Secular Buddhism ရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်မဟုတ်သေးဘူး။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်နဲ့အညီ မိမိအကျိုးနဲ့လူ့ဘောင်လောကအကျိုးကိုမသေမီအထိ ဆက်လက်သယ်ပိုး သွားရမှာဖြစ်တယ်။ ဒါ့ကြောင့်မိမိအပါအဝင် လူ့ဘောင်လောကကြီးတစ်ခုလုံးအတွက်အကျိုးပြုရေး သည်သာ Secular Buddhism ရဲ့အန္တိမရည်မှန်းချက်ဖြစ်တယ်။ ဒါ့ကြောင့် ‘လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ’ လို့ မြန်မာလိုပြန်ဆိုလိုက်တာပါ” လို့ ဆရာဝင်းသိန်းဦးကဆိုပါတယ်။
အထက်ပါဆိုခဲ့တဲ့ စာအုပ်သုံးအုပ်လုံးက တစ်အုပ်နဲ့တစ်အုပ်ချိတ်ဆက်နေပါတယ်။ ပထမဆုံးထွက်ရှိခဲ့တဲ့ ‘လူ့ဘောင်အကျိုးပြုဗုဒ္ဓဝါဒ’ စာအုပ်ကိုကနဦးဖတ်ရှုပြီးမှသာ နောက်ပိုင်းထွက်ရှိတဲ့စာအုပ်နှစ်အုပ်ကို ဖတ်ရှုရပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။
ယခုတစ်ပတ်ထဲ မြန်မာတပြည်လုံးဖြန့်ချိတော့မယ့် စတီဖင်ဘတ်ချ်လာရဲ့ After Buddhism (Rethinking the Dhama for a Secular Age) ကို ဆရာဝင်းသိန်းဦးက ‘ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ’ လို့အမည်ပေးပြီး လူ့ဘောင်လောကအတွက် အားထုတ်ကြိုးပမ်းဘာသာပြန်ဆိုထားပါတယ်။
စာတစ်အုပ်လုံးရဲ့သမိုင်းကြောင်းကိုအနှစ်ချုပ်ပြောပါဆိုရင် စတီဖင်ဘတ်ချ်လာ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်ကတည်းက ဗုဒ္ဓဝါဒဆိုင်ရာလေ့လာဆည်းပူးနားလည်သိရှိလာခဲ့သမျှကို စုစည်းပေါင်းစပ်ဖန်တီး ရေးသားထားခြင်းဖြစ်တယ်လို့ပြောရမှာပါ။
သို့သော်လည်း စာဖတ်ပရိသတ်တွေကို အပြည့်အဝနားလည်သိရှိစေချင်တဲ့ ယွန်းဝဿန်ရဲ့ဆန္ဒအတိုင်း ဘာသာပြန်ဆိုသူဆရာဝင်းသိန်းဦးရဲ့အမှာစာထဲက ကောက်နုတ်ချက်တချို့ကို ဖော်ပြလိုပါတယ်။ ဖတ်ရှုကြည့်ပါ။
“ယခုစာအုပ်ဟာ ဗုဒ္ဓဘာသာရဲ့ ‘မူလအစ’၊ ‘ဂုဏ်သိက္ခာ' နဲ့ ‘ခေတ်သစ်ကမ္ဘာအတွက် လက်တွေ့အသုံးဝင်မှု” တို့ကို ပြန်လည်ရှာဖွေတဲ့ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ မူလစာရေးသူစတီဖင်ဘတ်ခ်ျလာရဲ့ ‘After Buddhism' စာအုပ်ဟာ ရှေးဟောင်းပိဋကတ်ကျမ်းဂန်တွေကို ယခုခေတ်ကာလရဲ့ဉာဏ်အလင်းနဲ့ ပြန်လည်ဆန်းစစ်ပြီး ဓလေ့ထုံးတမ်းယဉ်ကျေးမှုဆိုင်ရာ ဖုံးအုပ်ခံထားရမှုတွေကိုခွာချကာ ဂေါတမဗုဒ္ဓဟောကြားခဲ့တဲ့မူလအဆုံးအမတွေရဲ့ အနှစ်သာရဆီသို့နက်နက်ရှိုင်းရှိုင်းချဉ်းကပ်တင်ပြထားပါတယ်။
ယခုမြန်မာပြန်ဆိုချက်မှာဘတ်ခ်ျလာရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့‘ဗုဒ္ဓဘာသာကို ဘာသာရေးအယူဝါဒတစ်ခုအဖြစ်မှ လက်တွေ့ဘဝကျင့်စဉ်တစ်ရပ်အဖြစ်ဆီသို့ ပြန်လည်ပို့ဆောင်ရန်' ဆိုတဲ့အတွေးအခေါ်ကို အလေးထားဆောင်ကျဉ်းဖို့ အားထုတ်ထားပါတယ်။
ဒါ့အပြင် ဒီစာအုပ်ကဗုဒ္ဓရဲ့တရားတော်တွေကို သီအိုရီပိုင်းဆိုင်ရာ ဝိရောဓိတွေ၊ ဒဿနဆန်တဲ့မေးခွန်းတွေအဖြစ်မဟုတ်ဘဲ လူသားတိုင်းလက်တွေ့ လုပ်ဆောင်နိုင်တဲ့လုပ်ငန်းဆောင်တာတွေ (Tasks) အဖြစ်တင်ပြထားတာကို ရှင်းလင်းစွာဖတ်ရှုရမှာ ဖြစ်ပါတယ်။
🔸 အခန်း(၁) မှာ ဗုဒ္ဓရဲ့လက်တွေ့ကျတဲ့ချဉ်းကပ်မှုကို ‘မျက်မမြင်တွေဆင်စမ်းပုံ' ဥပမာနဲ့စတင်ပြီး ဘဝကိုရှုမြင်သုံးသပ်ရာမှာသီအိုရီထက်တိုက်ရိုက်အတွေ့ အကြုံကို အလေးပေးတာကိုဖော်ထုတ်တင်ပြထားပါတယ်။ နောက်အခန်းတွေဖြစ်တဲ့ မဟာနာမ်ရဲ့ လူသားသဘာဝဆန်ပုံ
🔸 (အခန်း ၂)၊ သိ၊ ပယ်၊ ဆိုက်၊ ပွားဆိုတဲ့ လုပ်ငန်းဆောင်တာလေးရပ်
🔸 (အခန်း ၃)၊ ကောသ လပြည့်ရှင် ပသေနဒီမင်းရဲ့ အာဏာနဲ့ ဘာသာတရားကြား ဒွိဟဖြစ်မှုအခြေအနေ
🔸 (အခန်း ၅)၊ သုနက္ခတ္တရဲ့ ဖောက်ပြန်မှုကတစ်ဆင့် တန်ခိုးပြာဋိဟာထက်ဆုံးမခြင်း ပြာဋိဟာရဲ့ အကျိုးကျေးဇူးကို ထောက်ပြချက်
🔸(အခန်း ၆) နဲ့ အရှင်အာနန္ဒာရဲ့စွန့်လွှတ်အနစ်နာခံမှုများ
🔸 (အခန်း ၁၀) တို့က ဗုဒ္ဓဒေသနာဟာ လူသားတိုင်းရဲ့ရုန်းကန်မှု၊ အားနည်းချက်နဲ့ စွမ်းရည်များထဲမှာ အသက်ဝင်နေဖို့လိုအပ်တယ်ဆိုတာကိုပေါ်လွင်အောင် သရုပ်ဖော်တင်ပြထားတဲ့ပုံရိပ်တွေနဲ့ အခန်းပေါင်း (၁၁) ခန်းပါဝင်ပါတယ်။
စာဖတ်ပရိသတ်များအနေနဲ့ အခန်းတစ်ခန်း ဖတ်လို့ပြီးဆုံးသွားတိုင်း ပြန်လည်ဆင်ခြင်သုံးသပ်ရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေဖို့ရည်ရွယ်ပြီး မြန်မာပြန်ဆိုသူ ဆရာဝင်းသိန်းဦးက အနှစ်ချုပ်တင်ပြ ချက်တစ်ခုစီကိုလည်း အခန်းအသီးသီး ပြီးဆုံးတိုင်း ရေးသားဖော်ပြပေးထားပါသေးတယ်။
💥 စာမျက်နှာ ၄၈၆ မျက်နှာပါရှိပြီး ယွန်းဝဿန်ရဲ့မူအတိုင်း စာအုပ် Quality ပိုင်းကိုဂရုစိုက်စီစဉ်ထားပါတယ်။
💥 တန်ဖိုး ၃၀,၀၀၀ ကျပ်နဲ့ ယွန်းဝဿန်စာပေ(095041161) မှထုတ်ဝေပြီး ဂျာနယ်လစ်စာပေ(09-261778607) ကဖြန့်ချိပါတယ်။
💥 စာကြည့်တိုက်များအတွက် ၂၀ ရာခိုင်နှုန်းလျှော့ချပေးမှာဖြစ်ပြီး ဒီကနေ့အောက်တိုဘာ ၂၈ ကစပြီး အောက်တိုဘာ ၃၁ ရက်အထိကြိုတင်မှာယူသူများကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့ချပေးမှာဖြစ်ပါတယ်။
💥 မှာယူလိုသူများအနေနဲ့ လိပ်စာအပြည့်အစုံနဲ့ဖုန်းနံပါတ်ကို CB မှာပေးပို့မှာယူနိုင်ပါပြီ . . .