One News Myanmar

One News Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from One News Myanmar, Media/News Company, No. 139A/171A, Gate No-1, May Yu Housing Compound, Corner of May Yu Street & Lower Pazundaung Road, Botahtaung Tsp, Yangon.

19/09/2025

ဂါဇာကိုအကူအညီပေးရေး ကုလအဆို ကန် ၆ ကြိမ်မြောက် ပယ်ချ

19/09/2025

ဗြိတိန်၏ MI6 သူလျှိအေဂျင်စီ Web Portal ဖွင့်ရန်စီစဉ်

Jimmy Kimmel အား ထုတ်ပယ်ခြင်းကို ထရမ့် ချီးကျူး  ---------------------ရုပ်သံထုတ်လွှင့်သူတွေဟာ အစိုးရကို အပျက်သဘောဆောင်တဲ...
19/09/2025

Jimmy Kimmel အား ထုတ်ပယ်ခြင်းကို ထရမ့် ချီးကျူး
---------------------
ရုပ်သံထုတ်လွှင့်သူတွေဟာ အစိုးရကို အပျက်သဘောဆောင်တဲ့ သတင်းတွေကို ထုတ်လွှင့်ရင် လိုင်စင်ရုပ်သိမ်း သင့်ကြောင်း ထရမ့်ရဲ့ပြောကြားမှုဟာ လွတ်လပ်စွာပြောဆိုခွင့်အတွက် နိုင်ငံအတွင်းအငြင်းပွားနေမှုကို မီးထိုးပေး သလို ဖြစ်စေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လေလှိုင်းကနေ talk-show အစီအစဉ်တင်ဆက်သူ Jimmy Kimmel ကို Walt Disney ပိုင် ရုပ်သံလိုင်း ABC က ထုတ်ပယ်လိုက်တာကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က စက်တင်ဘာ ၁၈ ရက်မှာ ချီးကျူးလိုက်ပြီး လိုင်စင်ရုပ်သိမ်းသင့်ကြောင်း ပြောဆိုခဲ့တာပါ။

ယူတားတက္ကသိုလ်မှာ စက်တင်ဘာ ၁၀ ရက်က လူထုကိုစကားပြောစဉ် ပစ်သတ်ခံခဲ့ရတဲ့ လက်ယာယိမ်း တက် ကြွလှုပ်ရှားသူ Charlie Kirk အပေါ် ဝေဖန်သူတွေကို အပြစ်ပေးအရေးယူဖို့ ထရမ့်နဲ့ ထောက်ခံသူတွေရဲ့ ကြိုးပမ်းမှု မှာ Kimmel က ပါဝင်ပတ်သက်လာတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး သဘောထားကွဲလွဲသူအတွက် မှန်မှန် ကန်ကန် ကြေကွဲကြဖို့ ဒါမှမဟုတ် အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ထရမ့်ရဲ့မဟာမိတ်တွေက အမေရိကန်တွေကို သတိပေးခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်က ထုတ်လွှင့်ခဲ့တဲ့"Jimmy Kimmel Live!" ကြောင့် ရှေးရိုးအယူအဆရှိသူတွေအကြား အငြင်းပွားစရာတွေ ရှိခဲ့ကြောင်း Walt Disney ပိုင် ရုပ်သံလိုင်း ABC က စက်တင်ဘာ ၁၇ ရက်မှာ ကြေညာခဲ့ ပါတယ်။ စာရေးဆရာတွေ၊ ဖျော်ဖြေတင်ဆက်သူတွေ၊ သမ္မတဟောင်း Barack Obama နဲ့ အခြားသူတွေကတော့ Kimmel ကို ထုတ်ပယ်တာကို ရှုတ်ချခဲ့ကြပါတယ်။

19/09/2025

Jimmy Kimmel အား ထုတ်ပယ်ခြင်းကို ထရမ့် ချီးကျူး

19/09/2025

နှောင့်ယှက်သည်ဟု BBC ၏စွပ်စွဲချက်ကို ထိုင်း ငြင်းဆို

ဂါဇာကိုအကူအညီပေးရေး ကုလအဆို ကန် ၆ ကြိမ်မြောက် ပယ်ချ------------------------ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်း၊ ခြွင်းချက်မရှ...
19/09/2025

ဂါဇာကိုအကူအညီပေးရေး ကုလအဆို ကန် ၆ ကြိမ်မြောက် ပယ်ချ
------------------------
ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနဲ့ ပိတ်ဆိုခံပါလက်စတိုင်း နယ်မြေကို အကူအညီတွေ ပေးအပ်တာကို ပိတ်ပင်ထားတဲ့ အစ္စရေးရဲ့ ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးရေး တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တောင်းဆိုချက်မူကြမ်းကို အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ ၁၈ ရက်မှာ ဗီတိုအာဏာနဲ့ ပယ်ချခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အဖွဲ့ဝင် ၁၅ ယောက်ပါ ကောင်စီက ရွေးကောက်ခံအဖွဲ့ဝင် ၁၀ ယောက်က ရေးဆွဲထားတဲ့ စာသားမှာ ဟားမတ်စ်နဲ့ အခြားအဖွဲ့တွေက ချုပ်နှောင်ထားတဲ့ ဓားစာခံအားလုံးကို ဂုဏ်သိက္ခာရှိရှိ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လည်း တောင်းဆိုသင့်တယ်လို့ ဆိုပါတယ်။ မူကြမ်းအတွက် ထောက်ခံမဲ ၁၄ မဲ ရရှိခဲ့ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တို့ ဖြစ်ပွားနေ တဲ့ နှစ်နှစ်နီးပါးကြာ စစ်ပွဲအတွင်း လုံခြုံရေးကောင်စီမှာ အမေရိကန်က ဗီတိုအာဏာသုံးတာ အခုတစ်ကြိမ်က ခြောက်ကြိမ်မြောက် ဖြစ်ပါတယ်။

ဂါဇာနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာ အငတ်ဘေးဒဏ် ခံစားနေရတာကို တရားဝင်ထုတ်ပြန်ထားပြီး ဆက်လက် ပျံ့နှံသွားဖွယ်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုစောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပါတယ်။

19/09/2025

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းတွင်းကျင်းပသည့် ကျွန်းတောလမ်းပွဲဈေးမြင်ကွင်း တိုက်ရိုက်ထုတ်လွှင့်မှု (၁၉-၉-၂၀၂၅)

ဗြိတိန်၏ MI6 သူလျှိုအေဂျင်စီ Web Portal ဖွင့်ရန်စီစဉ်--------------------------ဗြိတိန်သူလျှိုအေဂျင်စီက သတင်းပေးသူတွေကို ...
19/09/2025

ဗြိတိန်၏ MI6 သူလျှိုအေဂျင်စီ Web Portal ဖွင့်ရန်စီစဉ်
--------------------------
ဗြိတိန်သူလျှိုအေဂျင်စီက သတင်းပေးသူတွေကို စုဆောင်းဖို့နဲ့ ရုရှားနဲ့ကမ္ဘာတစ်ဝန်းရှိ အေးဂျင့်တွေဆီက လျှို့ဝှက် သတင်းအချက်အလက်တွေ ရယူဖို့အတွက် Dark Web မှာ လျှို့ဝှက် Portal ကို ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ဗြိတိန် ရဲ့ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရုံးက ပြောကြောင်း Al Jerzeera သတင်းမှာ ဖော်ပြပါတယ်။

MI6 လို့ လူသိများတဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ(SIS)က "Silent Courier"လို့ခေါ်တဲ့ မက်ဆေ့ပို့ပလက်ဖောင်း ကို စက်တင်ဘာ ၁၉ ရက်မှာ တရားဝင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အင်တာနက်ရဲ့အစိတ်အပိုင်း အချို့ကို ဖုံးကွယ်ထားပြီး ပြစ်မှုကျူးလွန်သူတွေက မကြာခဏအသုံးပြုတဲ့ Dark Web ရဲ့ အမည်မဖော်ဘဲ ဆောင် ရွက်မှုကို ထိန်းချုပ်ဖို့ဖြစ်ပြီး ကမ္ဘာ့နေရာ တစ်နေရာရာက ဘယ်သူကမဆို ဗြိတိန်စပိုင်အေဂျင်စီနဲ့ဘေးကင်းကင်း ဆက်သွယ်နိုင်ဖို့ ဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို ဆောင်ရွက်နေတဲ့ တရားမ၀င် လုပ်ဆောင်မှုတွေအကြောင်း အသေးစိတ် အချက် အလက်တွေကို လုံခြုံစွာ ပေးပို့နိုင်ဖို့ ဒါမှမဟုတ် ကိုယ်ပိုင်ဝန်ဆောင်မှုတွေကို ပေးဆောင်နိုင်ဖို့ Portal အသုံးပြု သူတွေက ဆောင်ရွက်နိုင်တယ်လို့ နိုင်ငံခြားရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရာထူးကအနားယူ တော့မယ့် MI6 ရဲ့အကြီးအကဲ Sir Richard Moore က Web Portal ကို အစ္စတန်ဘူမှာ စက်တင်ဘာ ၁၉ ရက်မှာ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

နှောင့်ယှက်သည်ဟု BBC ၏စွပ်စွဲချက်ကို ထိုင်း ငြင်းဆို  ------------------------ဘန်ကောက်မှာ တာဝန်ရှိသူတွေရဲ့ နှောင့်ယှက်ဟန...
19/09/2025

နှောင့်ယှက်သည်ဟု BBC ၏စွပ်စွဲချက်ကို ထိုင်း ငြင်းဆို
------------------------
ဘန်ကောက်မှာ တာဝန်ရှိသူတွေရဲ့ နှောင့်ယှက်ဟန့်တားတာကို ခံရတယ်လို့ BBC သတင်းတင်ဆက်သူရဲ့စွပ်စွဲ ချက်ထွက်လာပြီးနောက် အစိုးရက စုံစမ်းစစ်ဆေးမှုကို ချက်ချင်းဆောင်ရွက်ခဲ့ကြောင်း Khaosod သတင်းမှာ ဖော် ပြပါတယ်။

ဘန်ကောက်မြို့မှာ ဘီဘီစီ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး ဆောင်ရွက်တာကို အစိုးရတာဝန်ရှိသူတွေ ဝင်ရောက်စွက် ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ငြင်းဆို ထားပြီး ဒီသတင်းထွက်ပေါ်မှုကြောင့် နိုင်ငံရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

မလုံ့တလုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေ ပြည့်နှက်နေတဲ့ Cowboy Soi ရုပ်ရှင်ကို ရိုက်ကူးနေစဉ်အတွင်း သူမရဲ့ အဖွဲ့သားတွေက ဘန်ကောက်ကို ရောက်ပြီး ၂၄ နာရီ မပြည့်ခင်မှာ “ရဲတွေရဲ့ဖမ်းဆီးတာကို ခံရမလောက်နီးပါး” ဖြစ်ခဲ့တယ်လို McDermott က ပြောပါတယ်။ ရဲတပ်ဖွဲ့ဆီက ရုပ်ရှင်ရိုက်ကူးခွင့် ရရှိခဲ့ပေမဲ့ ရိုက်ထားပြီးတဲ့ ဗီဒီယို ဖိုင်ကို ဖျက်ဖို့ ဒါမှမဟုတ် ဖမ်းဆီးခံဖို့ အာဏာပိုင်တွေက ရိုက်ကူးရေးအဖွဲ့သားတွေကို အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားပါတယ်။

သူတို့ရဲ့ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်မှုကို ထိုင်းအာဏာပိုင်တွေက တားဆီးပိတ်ပင်ခဲ့တယ်လို့ နိုင်ငံတကာ ရုပ်သံ လွှင့်ဌာနကြီးက စွပ်စွဲပြီးနောက် အစိုးရက စုံစမ်းစစ်ဆေးမှု ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Natriya Thaweewong က ပြောကြားခဲ့ပါတယ်။

တိုတိုဝုဖ် ဝေဖန်မှုကို အန်တိုနယ်လီ အကောင်းမြင်---------------------မာစီးဒ်ိးစ်အသင်း အုပ်ချုပ်သူ တိုတိုဝုဖ်ရဲ့ ဝေဖန်ပြောက...
19/09/2025

တိုတိုဝုဖ် ဝေဖန်မှုကို အန်တိုနယ်လီ အကောင်းမြင်
---------------------
မာစီးဒ်ိးစ်အသင်း အုပ်ချုပ်သူ တိုတိုဝုဖ်ရဲ့ ဝေဖန်ပြောကြားမှုကို လာမယ့် ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းရဖို့ ခွန်အား အဖြစ် ပြောင်းလဲသွားမယ်လို့ မာစီးဒီးစ်အသင်း ဒရိုင်ဗာ အန်တိုနယ်လီက ပြောလိုက်ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင် ခဲ့တဲ အီတလီဂရင်းပရီ ပွဲစဉ်က အသက် ၁၉ နှစ်အရွယ် အန်တိုနယ်လီရဲ့ စွမ်းဆောင်ရည်အပေါ် တိုတိုဝုဖ်က ပြင်းထန်စွာ ဝေဖန်လိုက်တာဖြစ်ပါတယ်။

ဒါဟာ မာစီးဒီးစ်အသင်းရဲ့ လူသစ်ဒရိုင်ဗာ အန်တိုနယ်လီအပေါ် တိုတိုဝုဖ်ရဲ့ ပထမဆုံးဝေဖန်မှုဖြစ်ပေမယ့် အန်တို နယ်လီကတော့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေဖြစ်တယ် လို့ ရှုမြင်ထားကြောင်း ပြောလိုက်ပါတယ်။ တိုတိုဝုဖ်ရဲ့ မှတ်ချက်ပြောကြားမှုကို နားလည်လက်ခံသလို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုလေ့ ရှိပါတယ်လို့ အန်တိုနယ်လီက ရှင်းပြသွားပါတယ်။

အခုနှစ်မှ ဖော်မြူလာဝမ်း ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့တဲ့ အန်တိုနယ်လီဟာ ဂရင်းပရီပွဲစဉ် ၁၆ ခုယှဉ်ပြိုင်အပြီး ရမှတ် ၆၆ မှတ်နဲ့ ချန်ပီယံဆု အတွက်ရပ်တည်မှု အဆင့် ၈ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ကနေဒါ ဂရင်းပရီမှာ တတိယနေရာရခဲ့တာက အန်တိုနယ်လီအတွက် ဒီရာသီ အမြင့်ဆုံးရပ်တည်နိုင်မှုလည်း ဖြစ်ပါတယ်။ အီတလီ ဂရင်းပရီမှာ အန်တိုနယ်လီ ဟာ အဆင့် ၉ နေရာသာရခဲ့တာဖြစ်ပြီး ဒီစွမ်းဆောင်ရည်အပေါ် တိုတိုဝုဖ်က ဝေဖန်သွားတာဖြစ်ပါတယ်။

ဗစ်တာပါရဲယားကို ဝုဗ်အသင်း စာချုပ်သစ်ချုပ်ဆို--------------------ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းဟာ နည်းပြ ဗစ်တာပါရဲယားကို ၃ ...
19/09/2025

ဗစ်တာပါရဲယားကို ဝုဗ်အသင်း စာချုပ်သစ်ချုပ်ဆို
--------------------
ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းဟာ နည်းပြ ဗစ်တာပါရဲယားကို ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆို လိုက်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ ပါရဲယားဟာ ဒီဇင်ဘာမှာ အသင်းကို ရောက်လာ ခဲ့တာဖြစ်ပြီး အဆင့် ၁၉ နေရာမှာရပ်တည်နေတဲ့ အသင်းကို ရာသီအကုန်မှာ အဆင့် ၁၆ နေရာရအောင် ဦးဆောင် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ် ပါရဲယားရဲ့ လက်ရှိစာချုပ်က ၂၀၂၆ နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဝုဗ်အသင်းက အခုလိုမျိုး စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ အခုရာသီ အစပိုင်းမှာတော့ ရုန်းကန်နေရ ပြီး ရာသီအဖွင့် ၄ ပွဲဆက်ရှုံးထားသလို အဆင့် ၂၀ နေရာမှာရပ်တည်နေတာဖြစ် ပါတယ်။ ဒီလို ရုန်းကန်နေရချိန်မှာ နည်းပြပါရဲယားကို အခုလိုစာချုပ်လိုက်မှုက နည်းပြအပေါ် သူတို့ရဲ့ ယုံကြည်မှု ကို ပြသရာရောက်ပြီး အလှည့် အပြောင်းတွေ ဖြစ်စေမယ်လို့ ဝုဗ်အသင်းတာဝန်ရှိသူတွေ ယုံကြည်နေပါ တယ်။

ဝုဗ်အသင်းဟာ အခုနွေရာသီမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ကူညာ၊ ဘယ်နောက်ခံလူ အိန့်နော်ရီနဲ့ ညာနောက်ခံလူ ဆီမီဒိုတို့ကို လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေကို ကွင်းထဲမှာ ဂုဏ် ယူစေချင်တဲ့ စိတ်နဲ့ အကောင်းဆုံးကြိုးစားပေးသွားမှာဖြစ်တယ်လို့ နည်းပြပါရဲယားက ပြောသွား ပါတယ်။

Address

No. 139A/171A, Gate No-1, May Yu Housing Compound, Corner Of May Yu Street & Lower Pazundaung Road, Botahtaung Tsp
Yangon

Alerts

Be the first to know and let us send you an email when One News Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to One News Myanmar:

Share