08/09/2026
PIEC 2026 ပြိုင်ပွဲတွင် မြန်မာ e-Football အဖွဲ့ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြား
--------------------------
မလေးရှားနိုင်ငံက ဦးဆောင်ကျင်းပမယ့် PIEC 2026 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက e-Football Mobile PIEC အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။
PIEC 2026 နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်မယ့် အားကစားသမား ရွေးချယ်ဖို့အတွက် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်က အမျိုးသား အဆင့်ခြေစစ်ပွဲကို လာမယ့် စက်တင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် e-Football ကို ဝါသနာပါတဲ့ လူငယ်တွေအနေနဲ့ အမျိုးသားအဆင့် ခြေစစ်ပွဲမှာ စာရင်းပေးသွင်းကာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး Resgistation Form ဖြည့်သွင်း စာရင်းပေးနိုင်တယ်လို့ သိရပါတယ်။
ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ ကစားသမားတွေကို စက်တင်ဘာလ ၁၁ ရက်မှာ ရွေးချယ်ကြေညာပေးသွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမား ၁၂၈ ဦး အထိသာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီပြိုင်ပွဲကိုတော့ မလေးရှား အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်က ကြီးမှူးပြီး လာမယ့် စက်တင်ဘာလ ၁၈ ရက် ကနေ ၂၀ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် ဆုချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။