03/10/2025
ကလေးငယ်များနဲ့ ခရီးရှည် ကားမောင်းရတဲ့အခါ...
ကလေးငယ်များနဲ့ ခရီးရှည် ကားမောင်းတဲ့အခါ အမှတ်ရစရာ ၊ ပျော်စရာကောင်းနိုင်ပေမယ့် ကလေးငယ်တို့ရဲ့ ဘေးအန္တရာယ်ကင်းဝေးပြီး လုံခြုံစိတ်ချရဖို့က အရေးကြီးဆုံးပါ။
ကလေးငယ်တွေအနေနဲ့ သဘာဝအတိုင်း စူးစမ်းချင်စိတ်၊ ငြီးငွေ့လွယ်တဲ့စိတ်တွေဖြစ်တတ်တာမို့ ခရီးရှည်သွားတဲ့အခါ ပုံမှန်ထက်ပိုပြီး အစီအစဥ်တွေ ဆွဲထားသင့်ပါတယ်။
ဒီတော့ ကလေး တွေ နဲ့ ခရီးရှည်ကြာ ကားမောင်းတဲ့အခါ ဘေးအန္တရာယ်မဖြစ်အောင်သတိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်...
1. အာရုံထွေပြားမှုမဖြစ်အောင်ဂရုစိုက်ပါ...
ကလေးတွေနဲ့ ကားမောင်းနေစဥ်မှာ အာရုံထွေပြားမှုမဖြစ်ဖို့အရေးကြီးပါတယ်။ ကလေးတွေအနေနဲ့ ကိုယ့်ကို အာရုံထွေပြားမှုဖြစ်အောင်မလုပ်ဆောင်နိုင်စေဖို့ ကလေးတွေကို စိတ်တည်ငြိမ်စေဖို့ မုန့်၊ ကစားစရာ၊ ကာတွန်း ၊ ရုပ်ရှင် စတာတွေကို ကြိုတင်ပြင်ဆင်ထားပါ။
2. ခါးပတ်ပတ်ခိုင်းပါ....
ကလေးငယ်တွေကို အလွယ်တကူ ခါးပတ်ပတ်ဖို့ပြောလို့ရနိုင်ပေမယ့် ဆယ်ကျော်သက်အရွယ်ကလေးများကတော့ ခါးပတ်ပတ်ဖို့ပြောရခက်ပါတယ်။ ကားစီးတဲ့အခါ ခါးပတ်ပါတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်အောင်ရှင်းပြပါ။ ကားပေါ်ပါတဲ့ ကလေးတိုင်းကို ခါးပတ်ပတ်ပေးပါ။
3. ကားထဲမှာ ကလေးတယောက်တည်းမထားခဲ့ပါနဲ့...
ဘာအကြောင်းကြောင့်ပဲ ကားရဲ့အပြင်သွားသွား ကလေးကို ကားထဲ တယောက်တည်းမထားခဲ့ပါနဲ့။ အချိန်တိုလေးအတွင်းမှာ မမျှော်လင့်ထားတဲ့ အန္တာရာယ်တွေ ဖြစ်နိုင်တာမို့ ခနလေးကားအပြင်ထွက်ရင်တောင် ကလေးပါခေါ်သွားပေးပါ။
4. ခေတ္တခန အနားယူမယ့်နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။
ခရီးရှည်သွားတဲ့အခါ လူကြီးတွေတောင်လမ်းမှာ ခေတ္တခန အနားယူကြတာမို့ ကလေးတွေအနေနဲ့ သေချာပေါက် အနားယူဖို့လိုအပ်ပါတယ်။ ဘယ်နေရာမှာနားမယ်၊ ဘယ်ဆိုင်မှာစားမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ပါ။
5. လမ်းအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ကလေးများကို အသိပညာပေးပါ။
ကလေးငယ်များကို ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ဖြစ်နိုင်သော ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်များကို ကြိုတင်သင်ကြားပြောပြပေးပါ။
ဘေးအန္တရာယ်ကင်းဝေးပြီး ပျော်ရွှင်ရတဲ့ခရီးလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။