ဓူဝံ စာအုပ်တိုက်

ဓူဝံ စာအုပ်တိုက် Books are Friends
(115)

စာဖတ်သူကို ဖုန်းတစ်ပွတ်စာ ၃၊၄ မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ခ့စားမှု့ပေးနိုင်တာ၊အတွေးလေးတွေရစေတာကတော့ အခုထုတ်ဝေလိုက်တဲ့ "လျ...
11/12/2024

စာဖတ်သူကို ဖုန်းတစ်ပွတ်စာ ၃၊၄ မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ခ့စားမှု့ပေးနိုင်တာ၊အတွေးလေးတွေရစေတာကတော့ အခုထုတ်ဝေလိုက်တဲ့
"လျှပ်တစ်ပြက်ဝတ္ထု "စာအုပ်တွေပါပဲ။
#ဂျိုဇော်
လျှပ်တစ်ပြက်ဝတ္ထု ၁၀၀

#ရဲသျှမ်း
စံကားပွင့်လေးတွေနှင့်အခြားလျှပ်တစ်ပြက်ဝတ္ထုများ

စာအုပ်မှာယူလိုပါက
Messenger (cb) နှင့် Viber တို့မှတဆင့်မှာယူနိုင်ပါတယ်။
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံဖော်ပြ၍မှာယူနိုင်ပါတယ်။
စာအုပ်မှာယူသူက ပို့ဆောင်ခ ကျခံရမှာဖြစ်ပါတယ်။
စာအုပ်ရောက်မှ ငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎018 385597, 09762779269
Viber 09774949342,09789603079

ဥဒါန်းသစ်စာအုပ်တိုက် စာအုပ်အမှတ် ၃ #တိမ်ပုခက်လွှဲတဲ့အိပ်မက်ကလေးတွေမောင်သာချိုမျက်နှာဖုန်းပန်းချီ ဝင်းတင့်တန်ဖိုး ၈၀၀၀ ကျ...
09/12/2024

ဥဒါန်းသစ်စာအုပ်တိုက် စာအုပ်အမှတ် ၃

#တိမ်ပုခက်လွှဲတဲ့အိပ်မက်ကလေးတွေ

မောင်သာချို

မျက်နှာဖုန်းပန်းချီ ဝင်းတင့်
တန်ဖိုး ၈၀၀၀ ကျပ်

အက်ဆေးရဲ့ရည်ရွယ်ချက်ကဘာလဲ။ဖျော်ဖြေဖို့လား၊သတင်းပေးဖို့လား၊ဖျောင်းဖျဖို့လား ဆိုတာပါ။
ရသစာတမ်းဖြစ်တဲ့အက်ဆေးဟာ အနုပညာသဏ္ဌန်တစ်ရပ်ပါပဲ။
ဥဒါန်းသစ်စာပေမဂ္ဂဇင်းတွင်ဖော်ပြခဲ့သောအက်ဆေး ၈ ပုဒ်နှင့် အသစ် ၇ ပုဒ်၊ စုစုပေါင်း ၁၅ပုဒ်ပါဝင်ပါတယ်။
အက်ဆေးက နယ်နမိတ်ကျယ်​ပြန့်လှပါတယ်။ဆရာမြသန်းတင့်ကတော့" နေမင်းကြီးအောက်တွင်ရှိသမျှအကြောင်းအရာများ " ဖြစ်၍နေတယ်လို့ပြောပါတယ်။နေမင်းကြီးအောက်မှာနေတဲ့ဆရာမောင်သာချိုကရော ဘာတွေပြောထားဆိုထားတယ်ဆိုတာ ဒီစာအုပ်မှာဖတ်ရမှာပါ။
ဒီစာအုပ်မှာ အက်ဆေးနဲ့သက်ဆိုင်တဲ့ အဆိုအမိန့်တချို့ကို အင်္ဂလိပ်၊မြန်မာနှစ်ဘာသာနဲ့ဖော်ပြထားပါတယ်။
စာအုပ်မှာယူလိုပါက
Messenger (cb) နှင့် Viber တို့မှတဆင့်မှာယူနိုင်ပါတယ်။
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံဖော်ပြ၍မှာယူနိုင်ပါတယ်။
စာအုပ်မှာယူသူက ပို့ဆောင်ခ ကျခံရမှာဖြစ်ပါတယ်။
စာအုပ်ရောက်မှ ငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎018 385597, 09762779269
Viber 09774949342,09789603079

 #စံကားပွင့်ကလေးတွေနှင့်အခြားလျှပ်တစ်ပြက်ဝတ္ထုတိုများရဲသျှမ်းတန်ဖိုး၈၀၀၀ကျပ်နိုင်ငံတကာမှာတော့ သည်လို တိုတို ကျစ်ကျစ် ဝတ္...
06/12/2024

#စံကားပွင့်ကလေးတွေနှင့်အခြားလျှပ်တစ်ပြက်ဝတ္ထုတိုများ

ရဲသျှမ်း
တန်ဖိုး၈၀၀၀ကျပ်

နိုင်ငံတကာမှာတော့ သည်လို တိုတို ကျစ်ကျစ် ဝတ္ထုလေးတွေကို Micro Fiction,Flesh Fiction,postcard Fiction ဆိုပြီးအမျိးမျိးခေါ်ကြပါတယ်။ကျွန်တော်တို့ကတော့
" လျှပ်တစ်ပြက်ဝတ္ထု"ဆိုပြီးကင်ပွန်းတပ်ထားပါတယ်။လျှပ်တစ်ပြက်ဝတ္ထုတွေဟာ အရင်က မဂ္ဂဇင်းစာမျက်နှာတွေမှာ ဖော်ပြခဲ့တဲ့ အတိုဆုံးဝတ္ထုတို့၊တစ်မျက်နှာဝတ္ထုတိုတို့နဲ့မတူပါဘူး။စာဖတ်သူကိုအတွေးစလေးတွေပေးတဲ့ဝတ္ထုအမျိုးအစားပါ။
ဒီစာအုပ်မှာ လျှပ်တစ်ပြက်ဝတ္ထု ၅၆ ပုဒ်ပါ ပါတယ်။
ဆရာရဲသျှမ်းက စာအုပ်ရဲ့အမှာစာမှာ" ကျွန်တော်ကတော့ ကျွန်တော့်အတွေး ကျွန်တော်ပေးချင်တဲ့ Message ထက် စာဖတ်သူတစယောက်ချင်းက ခံစားမှု့အမျိုးမျိုး ရသွားတယ်ဆိုရင်ဖြင့် mf လေးတွေ ရေးရတာကို နှစ်သက်ခုံမင်သူတစ်ယောက်အနေနဲ့ အလွန်ပဲကျေနပ်ပီတိဖြစ်ရပါတယ်။ခေတ်ကိုထင်ဟပ်နိုင်အောင်ရေးရတာဖြစ်လေတော့ လက်ကိုကြိုးချည်ထားတဲ့ အနေအထားမဖြစ်အောင်လည်း စိတ်နစ်ရပါတယ် " လို့ဖော်ပြထားပါတယ်။
စာဖတ်သူကို ၃၊၄ မိနစ်ဆိုတဲ့ အချိန်တိုအတွင်း ခံစားမှု့ပေးနိုင်တဲ့ ဝတ္ထုများ လို့ညွှန်းဆိုပါရစေ။

စာအုပ်မှာယူလိုပါက
Messenger(cb)နှင့် Viber တို့မှတစ်ဆင့် မှယူနိုင်ပါတယ်။အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံဖော်ပြ၍ မှာယူနိုင်ပါတယ်။
ဝယ်ယူသူကပို့ဆောင်ခ ကျခံရမှာဖြစ်ပါတယ်။စာအုပ်ရောက်မှငွေချေစနစ်ဖြစ်ပါတယ်။
☎☎☎018 385597, 09 762779269
Viber 09774949342,09789603079

English Idiom Drills #အင်္ဂလိပ်စကားပြောအီဒီယမ်(တတိယအကြိမ်)တန်ဖိုး ၃၀၀၀ကျပ်ဆန်းလင်းထွန်း  ဤစာအုပ်တွင်Unit ၆ ခုပါဝင်ပါတယ်။...
04/12/2024

English Idiom Drills
#အင်္ဂလိပ်စကားပြောအီဒီယမ်(တတိယအကြိမ်)
တန်ဖိုး ၃၀၀၀ကျပ်

ဆန်းလင်းထွန်း

ဤစာအုပ်တွင်
Unit ၆ ခုပါဝင်ပါတယ်။
အပြန်အလှန်စကားပြောကြပုံများ(Dialoges)
အဓိပ္ပါယ်ဖွင့်ဆိုချက်များ(Definitions)
အစားထိုးသွင်းနှတ်တိုက်လိုက်ဆိုစရာများ
(Substitution Drill)
နားလည်မှု့ကိုစစ်ဆေးသောဖတ်ရှုရန်ဝတ္ထုတိုများ
(Reading on Short Stories)
ဖတ်စရာအကြောင်းအရာနှင့် ပတ်သက်သောမေးခွန်းနှင့်အဖြေများ
အင်္ဂလိပ်စာလေ့လာလိုက်စားကြသောစာသင်သားများအတွက်လွန်စာအကျိုးများသောစာအုပ်

Essential Idioms In English
#အလိုအပ်ဆုံးအင်္ဂလိပ်အီဒီယမ်(စတုတ္ထအကြိမ်)

ဆန်းလင်းထွန်း

အင်္ဂလိပ်စာအီဒီယမ်ကိုတစ်ဆင့်ပြီးတစ်ဆင့်
လေ့လာလိုသူများအတွက်အခြေခံမှစ၍အဆင့်မြင့်အထိ တိကျခိုင်မာစွာရှင်းလင်းထားသောစာအုပ်

အင်္ဂလိပ်စာ အရေးအသားနှင့်ပြောစကားကို
ပီပီပြင်ပြင်နှင့်တန်ဆာဆင် ရေးနိုင်ပြောနိုင်ရန်အတွက် အကောင်းဆုံးဝေါဟာရလမ်းညွှန်စာအုပ်

စာအုပ်မှာယူလိုပါက
messenger,viber တို့မှတဆင့်
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံပို့ပေးရမှာဖြစ်ပြီး၊ ဝယ်ယူသူက ပို့ခကျခံမှာဖြစ်ပါတယ်။
ငွေကြိုရှင်းစရာမလိုပါ။
စာအုပ်ရောက်မှငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎ 018 385597, 09 762 779 629
viber 09 774 949 342, 09 789 603 079

စံကားပွင့်ကလေးတွေနှင့်အခြားလျှပ်တစ်ပြက်ဝတ္ထုများရဲသျှမ်း၈၀၀၀ကျပ် #မကြာမီထွက်ပါတော့မည်။ရသစာပေက အကုသိုလ်နဲ့ ယဥ်ပါးနေသူတွေ ...
03/12/2024

စံကားပွင့်ကလေးတွေနှင့်
အခြားလျှပ်တစ်ပြက်ဝတ္ထုများ
ရဲသျှမ်း
၈၀၀၀ကျပ်
#မကြာမီထွက်ပါတော့မည်။

ရသစာပေက အကုသိုလ်နဲ့ ယဥ်ပါးနေသူတွေ
အထုတ်အပိုးတွေနဲ့ လေးလံနေတာကို ပြက်ရယ်ပြုရင်း ခေတ်ပြကြေးမုံအဖြစ် ထင်ဟပ်လျက် တ္တောတရားကို ဖြန့်ဝေတာဖြစ်ပါတယ်။
ရသစာပေထဲက လျှပ်တစ်ပြက်ဝတ္ထုလေးတွေဟာစံပယ်ပွင့်ကလေးလို့ဆိုရင် ဘယ်စံပယ်မှ လွယ်လွယ်မပွင့်ဘူးလေ။

ခင်ခင်ထူးပန်းကြာဝတ်မှုန်(အဌမအကြိမ်)မနက်ဖြန်( ၂-၁၂-၂၀၂၄).ဖြန်ချိပါမည်။၂၀၀၀၀ကျပ်စာအုပ်မှာယူလိုပါကmessenger,viber တို့မှတဆင...
01/12/2024

ခင်ခင်ထူး

ပန်းကြာဝတ်မှုန်(အဌမအကြိမ်)

မနက်ဖြန်( ၂-၁၂-၂၀၂၄).ဖြန်ချိပါမည်။
၂၀၀၀၀ကျပ်
စာအုပ်မှာယူလိုပါက
messenger,viber တို့မှတဆင့်
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံပို့ပေးရမှာဖြစ်ပြီး၊ ဝယ်ယူသူက ပို့ခကျခံမှာဖြစ်ပါတယ်။
ငွေကြိုရှင်းစရာမလိုပါ။
စာအုပ်ရောက်မှငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎ 018 385597, 09 762 779 629
viber 09 774 949 343, 09 789 603 079

01/12/2024

ဆရာမခင်ခင်ထူးနဲ့ ဆရာကြီးနေဝင်းမြင့်တို့ရဲ့
အမျိုးသားစာပေဆုရ စာအုပ်နှစ်အုပ်

၁။ စာအုပ်အမည် 📒 ဖက်စိမ်းကွမ်းတောင်
စာရေးဆရာမ 🖊 ခင်ခင်ထူး

ရွှေအမြုတေမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို စုစည်းထားတဲ့ ဆရာမ ခင်ခင်ထူးရဲ့ နာမည်ကျော် ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ စာအုပ်ပါ။ ဒီစာအုပ်လေးက (၂၀၀၃) ခုနှစ် အမျိုးသားစာပေဆု (ဝတ္ထုတိုဆု) အနေနဲ့ ဆရာမကို ဆုရစေခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

ဖက်စိမ်းကွမ်းတောင်ဆိုတဲ့ စာအုပ်အမည်ကလည်း ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတိုအားလုံးကို ခြုံငုံဆိုလိုခြင်းဖြစ်ကြောင်း ဆရာမက အမှာစာမှာဆိုထားပါတယ်။ ဖက်စိမ်းကွမ်းတောင်ဆိုတာက မြင်းခြံနယ်ဘက်က အလှူရှိတဲ့အခါမှာ ငှက်ပျောဖက်နဲ့ တန်ဆာဆင် ဖန်တီးပြီးပြုလုပ်ရတဲ့ ငှက်ပျောဖက်ကွမ်းတောင်ပဲ ဖြစ်ပါတယ်။

ဒီဖက်စိမ်းကွမ်းတောင်ကို အလှူမှာကိုင်ခွင့်ရဖို့ဆိုတာ တော်ရုံမိန်းကလေးအနေနဲ့ မဖြစ်နိုင်ပါဘူး။ ရုပ်ဆင်းအင်္ဂါ တင့်တယ်လှပရမှာ ဖြစ်သလို၊ မိဘရဲ့မျိုးရိုး၊ မိဘရဲ့ ငယ်ပေါင်းဖြစ်မှု၊ ဥစ္စာပစ္စည်း အသင့်အတင့်ရှိမှု၊ စတဲ့ လက္ခဏာရပ်တွေ ပြည့်စုံတဲ့ အမျိုးသမီးကသာ ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ခွင့်ရပါတယ်။ ကဲ … ဆရာမ ခင်ခင်ထူးရဲ့ နာမည်ကျော် ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများကို ခံစားဖတ်ရှုကြည့်ကြပါဦး။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK11612&type=sellbook&label=202426_16_1_BOK11612

၂။ စာအုပ်အမည် 📒 ရေကန်သာ ကြာတိုင်းအေး
စာရေးဆရာ 🖋 နေဝင်းမြင့်

ဆရာနေဝင်းမြင့်ရဲ့ ပရိသတ်တွေအတွက် စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မဖတ်ဖူးရင်တောင်မှ ဒီစာအုပ်နာမည်ကို ကြားဖူးကြပြီးသား ဖြစ်မှာပါ။ (၂၀၁၀)ခုနှစ်၊ အမျိုးသားစာပေဆု (ဘာသာပြန် - ရသ) ဆုကို ဆရာနေဝင်းမြင့်က ဒီစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ ဒီဝတ္ထုရဲ့ မူရင်းအမည်က The Glass Palace … ၊ မူရင်းစာရေးဆရာက အော့စ်ဖို့ဒ်တက္ကသိုလ်၊ ဒေလီတက္ကသိုလ်၊ အီဂျစ်တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့ပြီးနောက် အမေရိကန်တက္ကသိုလ်တွေမှာ ဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူ အိန္ဒိယနိုင်ငံသား အမီတာဗ်ဂို့ရှ် ဖြစ်ပါတယ်။

မန္တလေးမြို့မှာ အစပြုခဲ့တဲ့ မျိုးဆက်သုံးဆက်ရဲ့ အံ့ချီးဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ စွဲမက်ဖွယ် ဝတ္ထုရှည်ကြီး တစ်ပုဒ်။ မင်းတုန်းမင်း၊ သီပေါမင်းလက်ထက် မန္တလေးခေတ်ကနေ အစတည် အခြေပြုတဲ့ ဒီဝတ္ထုကြီးကို မူရင်းစာရေးသူဟာ အင်္ဂလိပ်စစ်တပ်နှင့်အတူ မန္တလေးရောက်ခဲ့တဲ့ သူ့ခဖင်ရဲ့ အတွေ့အကြုံတွေကို အဓိကထား မှီငြမ်းရေးသားခဲ့တယ်လို့ ဆိုထားပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက် လပေါင်းများစွာ ရေးသားခဲ့ပြီးမှ စာအုပ်အဖြစ် ထုတ်ဝေခဲ့သလို ၂၀၁၀ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် - ရသ) ကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒီလို နာမည်ကျော်လက်ရာကို ခံစားကြည့်ကြပါဦး။

စာအုပ်ဖတ်ရန်လင့်ခ်👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK7611&type=sellbook&label=202427_11_26_BOK7611

📚 စာအုပ်ကောင်းတွေဖတ်ဖို့
Wun Zinn app download link
https://bit.ly/3L8uHQG

📚 Telegram နဲ့ Viber သုံးတယ်ဆိုရင်
Wun Zinn Channel ကိုလည်း join ထားနော်!
http://bit.ly/3JlQ39J

💛 Hotline - 09880894610

🩷 Viber No - +959880894124

💙 Tele Username - @‌Wun_Zinn

#နေဝင်းမြင့်
#ခင်ခင်ထူး #ဝန်ဇင်း

#ဝန်ဇင်းမှာတစ်နေ့ဆယ့်ငါးမိနစ်စာဖတ်ပါ
#အင်တာနက်မရှိလည်းစာဖတ်နိုင်တဲ့ဝန်ဇင်း

သူ ပြောတာ ရိုးရိုးရှင်းရှင်းလေးပဲ။ဒါပေမယ့် နားထောင်လို့ကောင်းတယ်။စိတ်ဝင်စားစရာကောင်းတယ်။သူပြောပြနေတာတွေကို မြင်ယောင်လာတယ...
30/11/2024

သူ ပြောတာ ရိုးရိုးရှင်းရှင်းလေးပဲ။ဒါပေမယ့် နားထောင်လို့ကောင်းတယ်။စိတ်ဝင်စားစရာကောင်းတယ်။သူပြောပြနေတာတွေကို မြင်ယောင်လာတယ်။ကြားယောင်လာတယ်။ပြီးတော့ရင်ထဲမှာ တစ်ခုခု ခံစားလိုက်ရတယ်။
ဆရာနတ်နွယ်

"ကိုယ့်ပါတ်ဝန်းကျင်၌ နေ့စဥ်နေ့တိုင်း လှုပ်ရှားသွားလာရင်း မြင်မိကြားမိ သတိရမိ တွေးမိသမျှတို့ကို ပရိတ်သတ်၌ ​မြင်ယောင်ယောင်၊ကြားယောင်ယောင်ဖြစ်​ပေါ်လာအောင် ခံစားမှုအသိဖြင့်လည်းကောင်း၊စိတ်ကူးဉာဏ်စွက်၍လည်းကောင်း ရေးသားသော ရသစာပေဟန်တစ်မျိုး"
ဆရာဇော်ဂျီ
ရသအက်ဆေးကောင်းများဖတ်မယ်ဆိုရင် ဓူဝံစာအုပ်တိုက်က ထုတ်ဝေဖြန့်ချိတဲ့
ဆရာနေဝင်းမြင့်ရဲ့အက်ဆေးစာအုပ်များဖတ်ကြည့်ပါ။

ဓူဝံစာအုပ်တိုက်ကထုတ်ဖြန်ချိနေသောဆရာမခင်ခင်ထူးစာအုပ်များ #ဝတ္ထုတိုများ၁။ဖက်စိမ်းကွမ်းထောင်ရွှေဝတ္ထုတိုများ၅၀၀၀ကျပ်၂။လှည်း...
27/11/2024

ဓူဝံစာအုပ်တိုက်ကထုတ်ဖြန်ချိနေသော
ဆရာမခင်ခင်ထူးစာအုပ်များ
#ဝတ္ထုတိုများ
၁။ဖက်စိမ်းကွမ်းထောင်ရွှေဝတ္ထုတိုများ
၅၀၀၀ကျပ်
၂။လှည်းယဥ်ကြော့ဝတ္ထုတိုများ
၆၀၀၀ကျပ်
၃။ရက်ကန်းလွန်းဝတ္ထုတိုများ
၆၀၀၀ကျပ်
၄။ဆံရစ်ဝိုင်းဝတ္ထုတိုများ
၄၀၀၀ကျပ်
၅။ပါးကွက်ကျားဝတ္ထုတိုများ
၄၀၀၀ကျပ်
၆။​စျေးခြင်းတောင်းဝတ္ထုတိုများ
၇။​သျှောင်ပေစူးဝတ္ထုတိုများ
၇။၇၀၀၀ကျပ်
#မဂ္ဂဇင်းဝတ္ထုရှည်များ
၈။ကြာဆစ်ကြိုးမဂ္ဂဇင်းဝတ္ထုရှည်များ
၇၀၀၀ကျပ်
၉။ပန်းစည်းကြိုးမဂ္ဂဇင်းဝတ္ထုရှည်များ
၆၀၀၀ကျပ်
၁၀။စည်းကုံးကြိုးမဂ္ဂဇင်းဝတ္ထုရှည်များ
၅၀၀၀ကျပ်
#ဝတ္ထုလတ်သုံးပုဒ်စုစည်းမှု့
၁၁။သုံးလွန်းတင်ဝတ္ထုလတ်သုံးပုဒ်စုစည်းမှု့
၅၀၀၀ကျပ်
၁၂။သုံးဖန်လှဝတ္ထုလတ်သုံးပုဒ်စုစည်းမှု့
၆၀၀၀ကျပ်
၁၃။သုံးချက်စည်းဝတ္ထုလတ်သုံးပုဒ်စုစည်းမှု့
၈၀၀၀ကျပ်
#ရသစာစု(အက်ဆေး)
၁၄။ပဲသင်းကောက်
(အညာဓလေ့၊ရွာဓလေ့)
၄၀၀၀ကျပ်
၁၅။မောင်ရှင်ဆိုင်းထမ်းရသစာစုများ
၇၀၀၀ကျပ်
၁၆။​ကျေးတရာရသစာစုများ
၃၅၀၀ကျပ်
#ဝတ္ထုရှည်စဆုံး(လုံးချင်း)
၁၇။ဝတ်လဲတော် ရွှေပုဆိုးတန်းထိုးလို့ကြိုပါ့မယ်
၆၀၀၀ကျပ်
၁၈။အညာသူအညာသားကျွန်မ​ဆွေမျိုးများ
၁၂၀၀၀ကျပ်
၁၉။ပန်းကြာဝတ်မှုန်
၂၀၀၀၀ကျပ်
၂၀။မအိမျကံ
၃၀၀၀၀ကျပ်
၂၁။တောမင်းသမီး
၃၀၀၀၀ကျပ်
၂၂။ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်
နားတောင်ဆင်
၁၅၀၀၀ကျပ်
၂၃။ခမည်းကြိုး
၁၅၀၀၀ကျပ်

ခင်ခင်ထူးတောမင်းသမီး(သတ္တမအကြိမ်) စာမျက်နှာ ၆၆၀တန်ဖိုး ၃၀၀၀၀ကျပ်၂၆-၁၁-၂၂၄တွင်ဖြန်ချိပါမည်
25/11/2024

ခင်ခင်ထူး
တောမင်းသမီး(သတ္တမအကြိမ်)
စာမျက်နှာ ၆၆၀
တန်ဖိုး ၃၀၀၀၀ကျပ်
၂၆-၁၁-၂၂၄တွင်ဖြန်ချိပါမည်

နေဝင်းမြင့်ခရာနှင့်အခြားဝတ္ထုတိုများ၄၅၀၀ ကျပ်Frank Brenna ၏ "The Fruit Cake Special and ther Stories" ကိုပြန်ဆိုထားသည်။ဝ...
24/11/2024

နေဝင်းမြင့်
ခရာနှင့်အခြားဝတ္ထုတိုများ
၄၅၀၀ ကျပ်

Frank Brenna ၏ "The Fruit Cake Special and ther Stories" ကိုပြန်ဆိုထားသည်။ဝတ္ထုတို ငါးပုဒ်ပါဝင်သည်။ဥနှောက်များ (Brains)၊သစ်သီးကိတ်မုန့်
(The Fruit Cake Special) ၊အတွေးစာအုပ်(The book of Thoughts)၊နှစ်ကိုယ်ကွဲ(The Real Aunt Molly)၊ခရာ(Finders Keepers)တို့ပါဝင်သည်။
ဝတ္ထုတိုများအားလုံးသည် မှော်ဆန်ဆန်၊ပဥ္စလက်ဆန်ဆန််ဝတ္ထုများဖြစ်သည်။တစ်ပုဒ်မျှကျော်သွား၍မရအောင် စာဖတ်သူကိုဆွဲဆောင်သွားပါလိမ့်မည်။
တစ်ပုဒ်တစ်မျိုးစီတွေးစရာလေးတွေကျန်ရစ်နေပါလိမ့်မည်။
ဝူဖီးစက္ကူအချော​ဖြင့်ရိုက်နိပ်ထားပြီးစာမျက်နှာ၁၂၃မျက်နှာပါဝင်သည်။

မအိမ်ကံ (ဒသမအကြိမ်)နိုဝင်ဘာ ၁၄ ရက်နေ့ဖြန့်ချိပါမည်။၃၀၀၀၀ကျပ်
10/11/2024

မအိမ်ကံ (ဒသမအကြိမ်)
နိုဝင်ဘာ ၁၄ ရက်နေ့ဖြန့်ချိပါမည်။
၃၀၀၀၀ကျပ်

ရွှေဥဒေါင်း၏ ရောင်းရအကောင်းဆုံးစာအုပ်များမူရင်းဝတ္ထုအမည်၊မူကွဲရှိရင်မူကွဲဝတ္ထုအမည်စတင်ဖော်ပြခဲသော သတင်းစာ၊ဂျာနယ်မဂ္ဂဇင်း...
24/09/2024

ရွှေဥဒေါင်း၏ ရောင်းရအကောင်းဆုံးစာအုပ်များ
မူရင်းဝတ္ထုအမည်၊မူကွဲရှိရင်မူကွဲဝတ္ထုအမည်
စတင်ဖော်ပြခဲသော သတင်းစာ၊ဂျာနယ်မဂ္ဂဇင်းအမည်
နှင့်ခုနှစ်များကိုပါစာအုပ်တိုင်းတွင်အောက်ခြေမှတ်စု
များ​ဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။

#စုံထောက်မောင်စံရှားမူကွဲဝတ္ထုများ
စာမျက်နှာ ၆၈၄
၉၀၀၀ကျပ်
#ဇော်ဟိတ်ဝတ္ထုတိုများ
စာမျက်နှာ၅၅၂
၁၂၀၀၀ကျပ်
#ဂျာမဒါကိုကိုကြီးဝတ္ထုတိုများ
စာမျက်နှာ၃၁၁
၇၀၀၀ကျပ်
#ပင်တိုင်ဇာတ်ကောင်ဝတ္ထုများ
(ဓားပြကြီးဗိုလ်မိုးသီး၊သူတော်စိန်၊ဒေါက်တာသောင်းထိုက်၊ဒဂုံတင့်)
စာမျက်နှာ၃၇၀
၈၀၀၀ကျပ်
#ကြမ်းလိုက်တဲ့တောနှင့်အခြားတစ္ဆေပုံဝတ္ထုများ
စာမျက်နှာ၃၁၇
၆၀၀၀ကျပ်
#စုံထောက်ဝတ္ထုတိုများ
စာမျက်နှာ၄၁၄
၇၀၀၀ကျပ်
စာအုပ်မှာယူလိုပါက
messenger,viber တို့မှတဆင့်
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံပို့ပေးရမှာဖြစ်ပြီး၊ ဝယ်ယူသူက ပို့ခကျခံမှာဖြစ်ပါတယ်။
ငွေကြိုရှင်းစရာမလိုပါ။
စာအုပ်ရောက်မှငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎ 018 385597, 09 762 779 629
viber 09 774 949 343, 09 789 603 079

ဆရာစိုးဘားဒိုင်၏အကောင့်မှကူးယူဖော်ပြပါသည်။နေမျိုး... ပန်းချီဆရာနှင့်သူ၏သမီး=========================         နေမျိုးစာမျ...
17/09/2024

ဆရာစိုးဘားဒိုင်၏အကောင့်မှကူးယူဖော်ပြပါသည်။

နေမျိုး... ပန်းချီဆရာနှင့်သူ၏သမီး
=========================

နေမျိုးစာမျိုးကို နေမျိုးပဲရေးနိုင်တယ်လို့ဆိုရမှာပါ။စာရေးဆရာ၏ဘဝတွင် အသစ်တစ်ဖန် ပျော်
ရွှင်မှုကိုပေးသော စာအုပ်လို့ ဆရာနေမျိုးကဆိုထား
ပါတယ်။၂၅ ပုဒ်ပါတယ်။
အက်ဆေးများဆိုပေမယ့်လည်း ဝတ္ထုတိုရသ
ကိုခံစားရတဲ့ အပုဒ်တွေလည်းပါတယ်လို့ ဆိုချင်တယ်။
ပန်းချီဆရာနှင့်သူ၏သမီး
ကိုသောင်းဌေးတို့အိမ်၌အိပ်စက်ခြင်း
ပြေးနေသောဆိတ်တစ်ကောင်
ရေသူမ
အမေနက်ထယ်
အမှတ်ရချက်များ၊ရသဒိုင်ယာရီများလို့လည်းဆိုနိုင်တဲ့ ဒီစာအုပ်မှာ ကြီးကျယ်ခန်းနားလွန်းတဲ့အကြောင်းအရာတွေ များများစားစားမပါဘူး။များများစားစားမပါပေမယ့် နေမျိုးရေးလိုက်တော့ ကြီးကျယ်ခန်းနားသွားတယ်လို့ခံစားရတယ်။ဟိုရောက်ဒီရောက် စိတ်တူရူအတိုင်းရေးသားထားတာ
တွေများလို့ အကွက်သဘောတွေကို အများဆုံးတွေ့ရတယ်။အက်ပစထရက်အိပ်ပရက်ရှင်ပန်းချီဖန်တီးမှုပုံစံမျိုးလိို့ဆိုရမယ်ထင်တယ်။
ဆရာနေမျိုးက သူ့ကိုအသစ်တစ်ဖန် ပျော်ရွှင်ရမှုကိုပေးသော စာအုပ်ဖြစ်သလို စာရှူသူများကိုလည်း ရွှင်မြူးစေနိုင်လိမ့်မည်ဟု သတင်းစကားပါး
လိုက်ရပါသည်လို့ဆိုတယ်။သူ့ပါးတဲ့သတင်းအတိုင်းပဲ ရွှင်မြူးနှစ်သက်မှုပေးတဲ့စာတွေအဖြစ်ဖတ်ရတယ်။ကျွန်တော့်အာသာအရဆိုရင်တော့ ရွှင်မြူးနှစ်သက်အရသာရှိသောစာများလို့ ခံစားရပါတယ်။
တစ်ပုဒ်မှ ကျော်ပြီးဖတ်ရတာမရှိဘူး။ပြေးနေ
သောဆိတ်တကောင်ကတော့ ကျွန်တော့်ကိုကောင်း
ကောင်းကြီးဖမ်းစားလိုက်နိုင်တယ်။စာရေးတဲ့အခါ စာထဲအရောက်ဝင်သွားတတ်တဲ့ ဆရာနေမျိုးရဲ့အာရုံကျက်စားမှုနဲ့ အာရုံခံမှုကလည်း နှစ်သက်စရာပါ။ပန်းချီဆရာအိုကြီးနဲ့သူ့သမီးအကြောင်းကို စကက်ကလေးလိုရေးထားပြီးမှ ပန်းချီကားဝယ်သွားတဲ့ မိန်းမကြီးနဲ့သူ့နှလုံးသားကို ဖျတ်ခနဲဖော်ပြလိုက်
ပြီး၊ပန်းချီဆရာရဲ့သမီးနှလုံးသားကိုပါ ဆုပ်ကိုင်ယူသွားတာ အရသာရှိပါပေရဲ့။
ဆရာနေမျိုးရဲ့ပရိသတ်တွေအတွက်ကတော့
တစိမ့်စိမ့်အရသာတွေ့မယ့်စာအုပ်ပါ။နေမျိုးလက်ရာမြည်းစမ်းကြည့်လိုသူတွေအတွက်ဆိုရင်
တော့ နေမျိုးလက်ရာတွေကိုရှာဖွေဖတ်ရှုချင်စိတ်
ဖြစ်ပေါ်သွားစေနိုင်ပါတယ်။တကယ်တော့ နေမျိုး
ကိုသိပ်ပြီး မိတ်ဆက်မျှဝေပေးစရာမလိုပါဘူး။ဖတ်ရတာအရသာရှိမယ့်စာအုပ်လို့သာ ညွှန်းပေးစရာရှိပါတယ်။
ချစ်သောကိုနေမျိုးကြီး ကျန်းမာရွှင်လန်းစွာနဲ့
စာ၊ပန်းချီခြယ်မှုန်းနိုင်ပါစေ။

၂၀၂၄၊စက်တင်ဘာလမှာ ဓူဝံစာအုပ်တိုက်ကထုတ်
ဝေဖြန့်ချိပါတယ်။စာမျက်နှာ ၁၆၀။
တန်ဖိုး ၉၀၀၀ကျပ်။

အစ္စရေး-ပါလက်စတိုင်း ပြဿနာရဲ့အဖြေဟာ အစ္စရေးတစ်နိုင်ငံ၊ပါလက်စတိုင်းတစ်နိုင်ငံဆိုတဲ့ နှစ်နိုင်ငံမူဝါဒလား၊အစ္စရေးနဲ့ပါလက်စတ...
17/09/2024

အစ္စရေး-ပါလက်စတိုင်း ပြဿနာရဲ့
အဖြေဟာ အစ္စရေးတစ်နိုင်ငံ၊ပါလက်စတိုင်းတစ်နိုင်ငံ
ဆိုတဲ့ နှစ်နိုင်ငံမူဝါဒလား၊အစ္စရေးနဲ့ပါလက်စတိုင်း ယှဥ်တွဲနေထိုင်ကြမယ့် ကွန်ဖရက်ဒရှင်းနိုင်ငံလား
အဲဒီ့မေးခွန်းရဲ့ အဖြေတွေကို
ဒီစာအုပ်မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

ဥဒါန်းသစ်စာအုပ်တိုက် စာအုပ်အမှတ် ၂
အစ္စရေး ပါလက်စတိုင်း စစ်ပွဲ
သို့မဟုတ်
မုန်းကျော့သံသရာ
တန်ဖ်ိုး ၁၇၀၀၀ ကျပ်
စာမျက်နှာ ၄၄၁
စာအုပ်မှာယူလိုပါက
Messenger, viber တို့မှတဆင့်
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံပို့ပေးရမှာဖြစ်ပြီး ဝယ်ယူသူက ပို့ခကျခံရမှာဖြစ်ပါတယ်။
ငွေကြိုရှင်းစရာမလိုပါ။
စာအုပ်ရောက်မှငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎ 018 385597, 09 762 779 269
viber 09 774 949 342, 09 789 603 079

ကလေးတွေဟာ အလွန်တက်ကြွပြီး စပ်စုချင်တဲ့စိတ် ရှိကြပါတယ်။မွေးကတည်းက ကလေးတွေဟာ သင်ယူဖို့ ကြိုးစားကြတာဟာ အတောမသတ်နိုင်အောင်ပါ...
14/09/2024

ကလေးတွေဟာ အလွန်တက်ကြွပြီး စပ်စုချင်တဲ့စိတ် ရှိကြပါတယ်။မွေးကတည်းက ကလေးတွေဟာ သင်ယူဖို့ ကြိုးစားကြတာဟာ အတောမသတ်နိုင်အောင်ပါပဲ။ဒီလိုသင်ယူချင်တဲ့ စိတ်ကလေးကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးမယ်ဆိုရင် သူတို့ဘဝမှာ ပိုကောင်းတဲ့ အလားအလာကောင်းတွေ ရလာနိုင်မှာဖြစ်ပါတယ်။
#သင်္ချာအတွေးစွမ်းရည်လေ့ကျင့်ခန်းများ စာအုပ်ရဲ့ ရည်ရွယ်ချက်ကတော့ ပျော်ပျော်ရွှင်ရွှင် သင်ယူပြီး စိတ်လှုပ်ရှားစရာလေးတွေ ခံစားစေဖို့ပါပဲ။
ပျော်ရွှင်စရာ လေ့ကျင့်ခန်းအမျိုးမျိုးက သူတို့လေးတွေရဲ့ အတွေးတွေကို စိန်ခေါ်ထားပါတယ်။

ကလေးတို့အတွက်
သင်္ချာအတွေးစွမ်းရည်လေ့ကျင့်ခန်းများ

ပထမအုပ် ၅၀၀၀ ကျပ်
ဒုတိယအုပ် ၅၀၀၀ ကျပ်

မူလတန်းအောက်ဆင့်ကလေးငယ်များ(Grade 2 & 3)

စာအုပ်မှာယူလိုပါက
Messenger(CB) နှင့် Viber တို့မှတဆင့်
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာ အပြည့်အစုံ ဖော်ပြ၍မှာယူနိုင်ပါတယ်။
မှာယူသူက ပို့ခ ကျခံရမှာဖြစ်ပြီး ငွေကြိုရှင်းစရာမလိုပါ။
စာအုပ်ရောက်မှ ငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎ 018 385597, 0976 27 79 269
viber 0977 49 49 342, 09 78 96 03 079

တစ်ချိန်က ကျွန်တော်၏ ချစ်မေတ္တာသည်ယခုအခါ အလွမ်းများအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။     တစ်ချိန်က ကျွန်တော်၏ မိုက်မဲမှုမျ...
11/09/2024

တစ်ချိန်က ကျွန်တော်၏ ချစ်မေတ္တာသည်
ယခုအခါ အလွမ်းများအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။
တစ်ချိန်က ကျွန်တော်၏ မိုက်မဲမှုများက
ရယ်ရွှင်ဖွယ်လိုလို ဖြစ်နေပါပြီ။
စာရေးဆရာတစ်ယောက်၏ ဘဝတွင်
အသစ်တစ်ဖန် ပျော်ရွှင်ရမှုကိုပေးသော စာအုပ်ဖြစ်သလို
စာရှုသူများကိုလည်း ရွှင်မြူးစေနိုင်လိမ့်မည်ဟု
သတင်းစကားပါးလိုက်ပါရစေ။

စာအုပ်မှာယူလိုပါက
Messenger , viber တို့မှတဆင့်
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံဖော်ပြ၍ မှာယူနိုင်ပါသည်။
ငွေကြိုရှင်းစရာမလိုပါ။
စာအုပ်ရောက်မှငွေရှင်းစနစ်ဖြစ်ပါတယ်။
☎☎☎ 018 385597, 09 76 27 79 269
viber 09 77 49 49342, 09 78 96 03 079

ပီမိုးနင်းသည် မြန်မာစကားပြေ အရေးအသား၌ရှေ့ဆောင်သူဖြစ်သည်။အဟောင်းမှလမ်းခွဲထွက်သူဖြစ်သည်။ကျွန်တော်တို့၏ လမ်းပြဖြစ်သည်။ခေတ်သ...
05/09/2024

ပီမိုးနင်းသည် မြန်မာစကားပြေ အရေးအသား၌
ရှေ့ဆောင်သူဖြစ်သည်။အဟောင်းမှလမ်းခွဲထွက်သူ
ဖြစ်သည်။ကျွန်တော်တို့၏ လမ်းပြဖြစ်သည်။ခေတ်သစ်
ဝတ္ထုတို ရေးနည်းကို ပီမိိုးနင်းက စခဲ့သည်ဟု
ဆိုနိုင်သည်။
မြသန်းတင့်
ဆရာကြီးသည် မြန်မာစာပေအရေးအသားကို ဆန်းသစ်ခဲ့ရုံမျှသာမဟုတ်သေးပါ။မြန်မာ့အတွေးအခေါ်များကိုလည်း ခေတ်မီရင့်သန်စေခဲ့သည်။
ဗန်းမော်တင်အောင်
ပီမိုးနင်းဝတ္ထုတို၁၀၀နှင့်ပီမိုးနင်းဝတ္ထုတိုများပေါင်းချုပ်သည်ပီမိုးနင်းဝတ္ထုတိုများတွင်အစောဆုံးတွေရသော
ဆိုးပေ ဝတ္ထုတိုမှလွှဲ၍ မတူပါ။
စတင်ဖော်ပြခဲသောခုနှစ်၊သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း
တို့၏အမည်များနှင့်မှတ်ချက်များကိုပြည့်ပြည့် စုံစုံ
ဖော်ပြထားပါသည်။

စာအုပ်မှာယူလိုပါက
Messenger(C B) နှင့် Viber တို့မှတဆင့်
အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်သာ အပြည့်အစုံ ဖော်ပြ၍
မှာယူနိုင်ပါပြီ။
ဝယ်ယူသူကပို့ဆောင်ခကျခံရမှာဖြစ်ပါတယ်။
စာအုပ်ရောက်မှ ငွေချေစနစ်ဖြစ်ပါတယ်။

ရန်ကုန်မန္တလေး စာအုပ်ဆိုင်ကြီးများနှင့်Citymart,
Ocean Suppermarket များတွင်လည်း ဝယ်ယူနိုင်ပါတယ်။
☎☎☎ 018 385597, 09762779269
Viber 09774949342, 09789603079

Address

အမှတ်-၂၁၂ ၊ ၃၁လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ်။
Yangon

Telephone

01385597

Website

Alerts

Be the first to know and let us send you an email when ဓူဝံ စာအုပ်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဓူဝံ စာအုပ်တိုက်:

Share