Parenthood Myanmar

Parenthood Myanmar Parenting is hard but worth it.

သားသမီး ပဲ့ပြင်ထိန်းကျောင်းခြင်းဆိုတဲ့ အလုပ်ဟာ လူသားဘဝမှာ အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးအလုပ်တာဝန် တစ်ခုဖြစ်ပါတယ်။ကလေးတွေရဲ့ အနာဂတ်လှပအောင် တည်ဆောက်ပေးခြင်းဟာ အနာဂတ် နိုင်ငံတော်ကို လှပအောင် တည်ဆောက်ပေးခြင်းပါပဲ။ဒီ့အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မိခင်နဲ့ကလေး website ဖြစ်တဲ့ parenthood.com.mm ကလည်း အုတ်တစ်ချပ် သဲတစ်ပွငိ့အဖြစ်ပါဝင်ပါရေစေ။။

သားသမီးပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာဟာ ဘဝမှာ အခက်ခဲဆုံးနဲ့

အသိမ်မွေ့ဆုံးသော အနုပညာရပ်ဖြစ်ပါတယ်။လူသားပီသပြီးထူးချွန်ထက်မြက်သော ကလေးများနဲ့ တည်ဆောက်မယ့် အနာဂတ်ကမ္ဘာအတွက် parenthood.com.mm မှကြိုဆိုပါရစေ။

ကျွန်မနဲ့ ကျွန်မရည်းစားက ပြတ်သွားတာ ၁ နှစ်ကျော်ပါပြီ။ ဖောက်ပြန်လို့ မဟုတ်ပါဘူး။ သူက အင်မတန် ရိုင်းလို့ပါ။ စကားကိုရိုးရို...
12/08/2026

ကျွန်မနဲ့ ကျွန်မရည်းစားက ပြတ်သွားတာ ၁ နှစ်ကျော်ပါပြီ။ ဖောက်ပြန်လို့ မဟုတ်ပါဘူး။ သူက အင်မတန် ရိုင်းလို့ပါ။ စကားကိုရိုးရိုးတန်းတန်းပြောရင်တောင် အဆဲလေးနဲ့ပြောပါတယ်။ အစက ကျွန်မက ပြင်ပေးရင် သူက ဆောရီးဆိုပြီး သတိထားပါတယ်။ နောက်ရန်ဖြစ်ရင်လည်း ဆဲတာ တအားပါပဲ။ ပြန်အဆင်ပြေချိန်ကျရင် ကျွန်မက ဆဲတာကို မကြိုက်ကြောင်း၊ ကျွန်မတို့ မိဘတွေက အဲ့လို ဆဲတတ်ရင် လက်မခံကြောင်း သေချာ ရှင်းပြပါတယ်။
အစပိုင်းတော့ သူပြင်မယ် ဆိုပြီးပြောပေမယ့် နောက်ပိုင်းကြာလာတော့ ကျွန်မက ဒါက သူ့ဝသီ သူမပြင်နိုင်ဘူး မင်းမကြိုက်ရင် ဆက်မတွဲနဲ့ ဆိုပြီး ပြောရာကနေ စကားတွေ အကြီးအကျယ်များပြီး ပြတ်ကြစဲကြတဲ့ အဆင့်ရောက်တာပါ။
သူ့ကို ဆဲတာ တစ်ခုလက်မခံနိုင်ပေမယ့် ကျွန်မ ချစ်နေဆဲပါပဲ။ ခုပြဿနာက သူက ကျွန်မ ညီမနဲ့ ကြိုက်နေတာပါ။ သူနဲ့ ရည်းစားဖြစ်တာက ၆ လကျော်ကျော်လေးပဲ ကြာခဲ့တာပါ။ ညီမလေးကိုလည်း သူနဲ့ကျွန်မ ရည်းစားဖြစ်ကြောင်းမပြောပြထားဖူးပါဘူး။ သူကတော့ ဒါ ကျွန်မ ညီမမှန်းသိပါတယ်။
ကျွန်မ ညီမမှန်းသိလျက်နဲ့ လုပ်တာလား၊ တကယ်ပဲ သူချစ်လို့ လုပ်တာလား ဆိုတာ အဖြေကိုရှာမရ ပါဘူး။ ညီမလေးကိုပဲ ဖွင့်ပြောပြီးတားရမှာလား၊ သူ့ကိုပဲ သွားတားရမှာလားလည်း မသိတော့ပါဘူး။

ကျွန်မက အိမ်ထောင်ပြုခါနီးမှ ပျက်ခဲ့ရတဲ့ သူပါ။ ကောင်လေးနဲ့က နှစ်နှစ်လောက်ပဲ ချစ်ကြပြီး ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ထပ်ဖို့...
11/08/2026

ကျွန်မက အိမ်ထောင်ပြုခါနီးမှ ပျက်ခဲ့ရတဲ့ သူပါ။ ကောင်လေးနဲ့က နှစ်နှစ်လောက်ပဲ ချစ်ကြပြီး ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ထပ်ဖို့ ငွေစ စုတာကတော့ သူပါ။ နောက်တော့ သူအလုပ်လုပ်တဲ့ ဆိုင်မှာ လျော် ဖို့ ကိစ္စ တစ်ခု ဖြစ်လာပြီး အဲဒီ စုထားတဲ့ငွေတွေ အားလုံးနီးပါး (သောင်းဂဏန်းလောက်ပဲကျန်) လျော် လိုက်ရပါတယ်။ မပေးရင် ထောင်ချမယ် ဆိုလို့ပါ။
ဖြစ်တာကတော့ တကယ်ဖြစ်တာပါ။ ကျွန်မကိုယ်တိုင် သူတို့ မန်နေဂျာနဲ့ လိုက်တွေ့ပြီး လျော်ခဲ့ရတာပါ။ ဒါနဲ့ နှစ်ယောက်သားအားမလျှော့ဘဲ ယူဖို့ ဒိတ်တွေလည်း သတ်မှတ်ပြီးတာ မို့ ကျွန်မ အစ်မဆီကနေ ငွေချေးပြီး မင်္ဂလာပွဲကို ဆက်ပြီး လုပ်ဖို့ ကြိုးစားပါတယ်။ အစ်မကလည်း သူစုထား သမျှ အကုန်ပေးခဲ့တာပါ။
ဟိုတယ်တွေလည်း ငွေချေ၊ ဖိတ်စာတွေလည်း ရိုက်၊ အဝတ်တွေလည်း ချုပ်ပြီးခါမှ သူ့ အဒေါ်နဲ့ ပြဿနာ ဖြစ်ပြီး ကွဲကြရတာပါ။ အမှန်တော့ ကျွန်မ တို့ နှစ်ယောက် ကတောက်ကဆ ဖြစ်တာမှာ သူ့ အဒေါ်က ကျွန်မကို ဖုန်းဆက်ပြီး ဆဲဆို တာကြောင့် ကျွန်မလည်း သည်းမခံနိုင်ဘဲ ပြတ်ကြစဲကြတဲ့ အဆင့်ထိ ဖြစ်ကုန်တာပါ။
အမေကတော့ ကျွန်မကို သည်းမခံလို့ ဆိုပြီး ဆူပေမယ့် ကျွန်မ ဘာဆုံးဖြတ် ဆုံးဖြတ် ကျွန်မ ဘက်က ရပ်တည်ပါတယ်။ ကျွန်မလည်း အရမ်းကို စိတ်တွေ ရှုပ်ထွေးလွန်းလို့ အားလုံးနဲ့ အဆက်အသွယ်ဖြတ် ပြီး တစ်ယောက်တည်း နေနေခဲ့ပါတယ်။
ခုမှ ခေါင်းအေးအေးနဲ့ အစ်မဆီကယူထားတဲ့အကြွေးကိစ္စ စဉ်းစားမိလို့ပါ။ သူ့ဆီကလည်း တစ်ဝက်ဖြစ်ဖြစ် ပြန်တောင်းသင့်ပေမယ့် ကျွန်မကလည်း မဆက်သွယ်ချင်ဘူးဖြစ်နေပါတယ်။ သူကလည်းပေးမယ်ဆိုပြီး ဆက်သွယ်မလာပါဘူး။ ကျွန်မ တစ်ယောက်တည်း အဲဒီအကြွေးတွေ ဆပ်ဖို့ကလည်း မတရားဘူးထင်လို့ နေရတာအဆင်မပြေနေပါဘူး။ ဆက်သွယ်ပြန်ရင်လည်း သူ့ကို မပြတ်လို့ အကြောင်းရှာတယ် ထင်နေမှာ စိုးပါတယ်။ သူ့အဒေါ်နဲ့လည်း ထပ်ပြီးမပတ်သက်ချင်ပါဘူး။ ဘာလုပ်ရမလဲရှင်။

ကျွန်မ ကောင်လေးနဲ့ကျွန်မကို အမေက သဘောမတူပါဘူး။ ကျွန်မတို့က ချမ်းသာတဲ့ မိသားစု မဟုတ်ပေမယ့် မရှိမရှားထဲကပါ။ ကောင်လေးလည်း အ...
07/08/2026

ကျွန်မ ကောင်လေးနဲ့ကျွန်မကို အမေက သဘောမတူပါဘူး။ ကျွန်မတို့က ချမ်းသာတဲ့ မိသားစု မဟုတ်ပေမယ့် မရှိမရှားထဲကပါ။ ကောင်လေးလည်း အဲ့လိုပါပဲ။ ကောင်လေးကြည့်ရတာ အဆင်ပြေမယ့်ကောင်မဟုတ်ဘူးဆိုပြီး အမေက မုန်းတာပါ။ ကျွန်မကိုလည်း သူနဲ့ဝေးအောင် တခြားမြို့တစ်ခုမှာ အလုပ်လုပ်ခိုင်းပါတယ်။
ကျွန်မက အမေကိုလည်းကြောက်ရ၊ ရည်းစားနဲ့လည်း မခွဲနိုင်ဆိုတော့တော်တော်ကို ငိုကြီးချက်မ ဖြစ်ခဲ့ ရသေးတာပါ။ ရည်းစားကလည်း အမေ့ကိုဆို မုန်းပါတယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မ ရည်းစား အမေ့ကို မုန်းတာ ဖြစ်သင့်တယ်လို့ တွေးခဲ့ပြီး အမေမုန်းတာကိုတော့ နားမလည်နိုင်ခဲ့ပါဘူး။
ကောင်လေးက ကျွန်မကို တအားချစ်ပြတာပါ။ ဒါပေမဲ့ သူချစ်ပြတာက တစ်မျိုးပါ။ ကျွန်မကို ရန်ကုန် ကို ခိုးပြီးပြန်လာခိုင်းတာတို့၊ သူချက်ချင်း ကျွန်မဆီ လိုက်လာမယ် လုပ်တာတို့၊ ကျွန်မမှာ သူတစ်ခုခု ပြောလိုက်ရင်ကို စိတ်ပူပြီး တကယ်လုပ်လေများ ပျာယာခတ်နေခဲ့ရတာပါ။
ကျွန်မ တခြားမှာ အလုပ်လုပ်နေတုန်း လပိုင်းပဲ ရှိသေးတယ် ကောင်လေးက နောက်တစ်ယောက် တွဲနေတဲ့ အကြောင်း သူ့သူငယ်ချင်းတွေကပဲ ပြောပြလာပါတယ်။ သူနဲ့ အတူတူအလုပ်လုပ်နေတဲ့ တစ်ရုံးတည်းသားချင်းပါ။
ကျွန်မ သူ့ကိုဆက်သွယ်တော့ သူက မင်းမရှိလို့ ခဏတွဲတာ ဆိုပြီး ပြောပါတယ်။ ကျွန်မမှာ ငိုလိုက်ရယ်လိုက်နဲ့ အတော်ကို ခက်ခဲ ခဲ့ပါတယ်။ လူလည်း အပူသည်ရုပ်ဖြစ်ခဲ့တာပါ။
အမေ့ကြောင့် ခုလို ဖြစ်ရတာဆိုပြီး အမေ့ကိုပါ အပြစ်တင်လိုက်သေးတာပါ။
ခုတော့လည်း ကောင်လေးက အဲဒီ ကောင်မလေးနဲ့ပဲယူဖို့ လုပ်နေပါပြီ။ ဘာမှလည်း အချိန်မကြာခင် ခုလို အဖြစ်အပျက်တွေ မြန်သွားတော့ ကျွန်မ လက်ခံရ အတော်ခက်ပါတယ်။
စိတ်နာချင်ပေမယ့်လည်း သံယောဇဉ်နဲ့ အခက်အခဲတွေကို အတူကျော်ဖြတ်ဖို့ စဉ်းစားခဲ့တာမို့ အတော် ဝမ်းနည်းရပါတယ်။ သူတို့ မင်္ဂလာဆောင်က ဒီတနင်္ဂနွေပါတဲ့။ ကျွန်မကတော့ တခြားမြို့မှာပါ။ အဲဒီနေ့ကို ဘယ်လိုကျော်ဖြတ်ရမလဲတောင် မသိပါဘူး။
ကျွန်မ သူငယ်ချင်းတွေကတော့ အမေ့ကျေးဇူးကြောင့် ခုလို ကောင်နဲ့ ဝေးရတာ ဆိုပြီး ဝမ်းသာပေးကြပါတယ်။

ကျွန်တော်က LGBT တစ်ယောက်ပါ။ ကျွန်တော့်မှာ နှစ်ရှည်တွဲခဲ့တဲ့ ကောင်မလေးရှိပါတယ်။ ကျွန်တော့်ထက် အသက် ၂ နှစ်ကြီးပါတယ်။ သူက သ...
05/08/2026

ကျွန်တော်က LGBT တစ်ယောက်ပါ။ ကျွန်တော့်မှာ နှစ်ရှည်တွဲခဲ့တဲ့ ကောင်မလေးရှိပါတယ်။ ကျွန်တော့်ထက် အသက် ၂ နှစ်ကြီးပါတယ်။ သူက သူ့မိသားစု အသိုင်းအဝိုင်းမှာ မိန်းကလေးချင်း ချစ်တာကို ပြောပြဖို့ ရှက်တယ်ဆိုလို့ ၈ နှစ်ကြာလာတဲ့ အထိ ကျွန်တော်က သူ့ရဲ့ မိန်းကလေး သူငယ်ချင်းလိုပဲ နေပြလာရတာပါ။
Official ချ တွဲခွင့် လုံးဝမရှိခဲ့သလို သူစိတ်ဆင်းရဲမှာစိုးလို့ ကျွန်တော် Official ထုတ်တွဲဖို့ မတောင်းဆို ခဲ့ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကို ပြုပြင်လို့ မရခဲ့တာက လွဲလို့ ကျွန်တော့်ရဲ့ စိတ်တွေအားလုံးဟာ ယောကျ်ားလေးတစ်ယောက်အတိုင်းပါပဲ။
ကျွန်တော်ကတော့ အလုပ်ကိုကြိုးစားပါတယ်။ သူနဲ့ တစ်ချိန်ချိန်မှာ အတူနေရဖို့လည်းမျှော် လင့်တာ ပါပါတယ်။ သူဖြစ်စေချင်တဲ့ အတိုင်း၊ သူလိုချင်တဲ့ ဘဝ စိတ်ကူးအတိုင်းကျွန်တော် အကောင်အထည် ဖော်နေပါတယ်။ အထိုက်အလျောက်လည်း အောင်မြင်ပါတယ်။
သူက ပြီးခဲ့တဲ့ နှစ်က ပြည်ပကို ပညာသင် အနေနဲ့ သွားပါတယ်။ ကျွန်တော်က ဒီက အလုပ်တွေကို သူ ရှိတဲ့ တိုင်းပြည်အထိ ရွှေ့ပြီး လိုက်နေဖို့ စဉ်းစားထားတာပါ။ သူ့ကိုလည်း ပြောပြထားပါတယ်။
ဘာပဲဖြစ်ဖြစ် သူ့မိသားစုနဲ့ ဝေးတဲ့နေရာမှာတော့ ကျွန်တော်က သူ့ချစ်သူအဖြစ်ထုတ်ဖော် ခွင့်လေး များ ရမလား ဆိုတဲ့ မျှော်လင့် ချက်လည်း ပါပါတယ်။
ခုတော့ သူက ရည်းစားအသစ် ရသွားပါပြီ။ ကောင်လေးတစ်ယောက်နဲ့ပါ။ ကျွန်တော် မယုံကြည်နိုင်ပါဘူး။ အစကတော့ သူက ငြင်းပါတယ်။ ခုတော့ ငြင်းမရအောင်ကို လက်ပူး လက်ကြပ်မိတာပါ။ ကျွန်တော်က ခု သူရှိတဲ့ နိုင်ငံကို ရောက်နေပါပြီ။ သူမသိအောင် တိတ်တိတ်လေး သွားပြီး သူအံ့သြဝမ်းသာ သွားအောင် လုပ်မလို့ပါ။
ကျွန်တော် သူ့လိပ်စာအတိုင်း သူ့ဆီရောက်တော့ သူက ကောင်လေးတစ်ယောက်နဲ့ အတူနေနေတာပါ။ ကျွန်တော့် ကို‌တွေ့တော့ သူအံ့သြသလိုဖြစ်ပေမယ့် ပုံမှန်ပါပဲ။ ကျွန်တော့်ကိ သူ့ မိန်းကလေး သူငယ်ချင်း တစ်ယောက်အနေနဲ့ ပဲ ကောင်လေးနဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်တော် တည်းဖို့ တခြား မိန်းကလေးတွေ အိမ်မှာ ပြောပေးပါတယ်။
သူနဲ့ တစ်ခါပဲ အပြင်မှာ ထပ်တွေ့ရပါသေးတယ်။ ကျွန်တော့်ကို ပြန်ဖို့နဲ့ သူမသိဘဲ လိုက်လာလို့ တအားဒေါသထွက်ကြောင်းပြောပါတယ်။ ကျွန်တော် အရမ်းခံစားရပါတယ်။ သိမ်ငယ်တာလည်း အရမ်းကိုပါပဲ။ ဒီလို ခံစားချက်က သူနဲ့ အမြဲ ခံစားရတာပါ။ ခုကတော့ ထိန်းမရသိမ်းမရကို ခံစားနေရတာပါ။ အတူနေ ကောင်မလေးတွေကလည်း ကျွန်တော် တစ်ခုခု ဖြစ်နေတာ သိမှာပါ။
ကျွန်တော် ဘာလုပ်ရမလဲ။ ပြန်ရမလား၊ ဒီမှာနေပြီး သူနဲ့ ဇာတ်လမ်းရှင်းရမလား။ ကျွန်တော် တော်တော်လေးပြိုလဲနေလို့ပါ။

ကျွန်မလို အဖြစ်မျိုးမဖြစ်စေချင်လို့ ပြောပြတာပါရှင်။ ကျွန်မက သမီးနှစ်ယောက်အမေပါ။ အိမ်ထောင်မကျခင်က အလုပ်လုပ်ပါတယ်။ အိမ်ထော...
03/08/2026

ကျွန်မလို အဖြစ်မျိုးမဖြစ်စေချင်လို့ ပြောပြတာပါရှင်။
ကျွန်မက သမီးနှစ်ယောက်အမေပါ။ အိမ်ထောင်မကျခင်က အလုပ်လုပ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းအမျိုးသားဝင်ငွေက အဆင်ပြေတာတစ်ကြောင်း၊ အမျိုးသားက ကျွန်မကို အလုပ်မလုပ်နဲ့ အိမ်မှာနေပြီး ကလေးတွေကို စောင့်ရှောက်ပါလို့ ဆိုလာတာ တစ်ကြောင်းမို့ ကျွန်မ အလုပ်ထွက်ခဲ့ပါတယ်။
သမီးတွေ တစ်ယောက်ပြီး တစ်ယောက်မွေးပါတယ်။ ကျွန်မ အမျိုးသားက သားယောကျ်ားလေး လိုချင်တာပါ။ အစကတော့ သူက ဘာမှမပြောပေမယ့် ကြာလာတော့ သူက ဒီကိစ္စကိုပဲ အပြစ်ကြီးတစ်ခုလိုပြောလာပါတယ်။ သူ့အမေ ကျွန်မ ယောက္ခမကလည်း ထိုနည်း၎င်းပါပဲ။
သူက သားချည်းပဲ သုံးယောက်မွေးတာပါ။ အရင်ခေတ်ကဆိုရင် သားမွေးမှ အဲဒီအမျိုးသမီးက မြင့်မြတ်တာ ဖြစ်ကြောင်းကိုလည်း ခဏခဏ ပြောပါတယ်။ ကျွန်မက ကိစ္စမရှိပေမယ့် သမီးလေး တွေကိုတော့ အဲဒီ စကားတွေ မကြားစေချင်တာ အမှန်ပါ။
တော်နေကြာ သူတို့ကို မွေးထားရတာ မမွေးချင်ဘဲ မွေးရတာလို့ ထင်သွားမှာ စိုးပါတယ်။ ဒါကြောင့် ကျွန်မ ဒီစကားတွေ မပြောစေချင်ကြောင်း အမျိုးသားကိုပြောပါတယ်။ မရပါဘူး။
ခုတော့ ကလေးတွေလည်းအရွယ်မရောက်တရောက်လေးတွေပါ။ မိဘ လက်အောက်က မလွတ်ကြသေး ပါဘူး။ အမျိုးသားက ဖောက်ပြန်လာပါပြီ။ အစက တိုးတိုးတိတ်တိတ် ကနေ ခုက အဲ့မိန်းမကိုပဲ ယူပြီး သားယောကျ်ားလေး ထပ်ယူတော့မှာ လိုလိုတွေပါ ပြောလာတာပါ။ ကျွန်မ သည်းခံနေခဲ့ပါတယ်။
ကျွန်မ မှာ ကိုယ်ပိုင်စီးပွား၊ ကိုယ်ပိုင်ဝင်ငွေ ဘာတစ်ခုမှ မရှိတာကို နောင်တ ရပါတယ်။ သမီးတွေ ပညာ ဆုံးခန်းတိုင်လို့ အလုပ်တွေ ရကြရင်တော့ ကျွန်မ တာဝန် ပြီးပါပြီ။ အဲ့ခါကျရင် တစ်ဝမ်းတစ်ခါး ကျွန်မ နယ်ကိုပြန်ပြီး လုပ်ကိုင်စားပါမယ်။
အရင် အလုပ်ကသာ မထွက်ခဲ့ဘဲ ဆက်လုပ်နေခဲ့ရင် ခုဆို ကျွန်မ တော်တော် ကိုနေရာတစ်ခုရောက်နေပါ ပြီ။ ဒါကြောင့် မိခင်တွေအနေနဲ့ ကိုယ်ပိုင်ဝင်ငွေလေး ရှိအောင်တော့ လုပ် ထားကြပါ။ ဘဝက ဘာမှ ပြောလို့မရပါဘူး။ ကျွန်မကတော့ အလုပ်ထွက်ခဲ့တာကိုပဲ နောင်တ ရမဆုံးတော့ပါဘူး။

ကျွန်မတို့အိမ်မှာ အမေနဲ့ အဖွားက နတ်ရိုးရာကို ယုံကြည်မှု လွန်ကဲကြပါတယ်။ အောက်လမ်း၊ စုန်းတိုက် နည်းပညာတွေကိုလည်း ယုံကြည်ကြ...
01/08/2026

ကျွန်မတို့အိမ်မှာ အမေနဲ့ အဖွားက နတ်ရိုးရာကို ယုံကြည်မှု လွန်ကဲကြပါတယ်။ အောက်လမ်း၊ စုန်းတိုက် နည်းပညာတွေကိုလည်း ယုံကြည်ကြောက်ရွံ့ကြပါတယ်။ အဖေကတော့ အဲဒါတွေ ကို လုံးဝမယုံတော့ သူတို့က အမြဲ တကျက်ကျက်ပါ။ ကျွန်မတို့ မောင်နှမကတော့ယုံတယ်လည်း မဟုတ်၊ မယုံဘူးလည်း မဟုတ်ပါဘူး။ ဒီတိုင်းပဲ ရေလိုက်ငါးလိုက်နေပါတယ်။ ဒါပေမဲ့ သူတို့ပြဿနာကတော့မသေးဘူးပေါ့။
ခုက မောင်လေး နေမကောင်းဖြစ်ရာက စတာပါ။ မောင်လေးက ညနေဆိုရင် ဖျားပါတယ်။ အနာတွေလည်းပေါက်ပါတယ်။ မနက်ဆို အကောင်းပါ။ ညနေ ၆ နာရီနောက်ပိုင်းဆို ကိုယ်ပူပါတယ်။ စ ဖြစ်ဖြစ်ချင်းတော့ ရပ်ကွက်ဆေးခန်းသွား၊ ဆေးသောက်ပြီး ပျောက်သလိုရှိပေမယ့် နောက်ရက်ကျ ဆေးသောက်လည်း မသက်သာပါဘူး။ ဖျားပါတယ်။ ခုဆို တစ်ပတ်လောက်ဖျားလိုက်၊ နောက်တစ်ပတ်လောက်နေရင် ကောင်းလိုက် ဖြစ်နေတာပါ။
မောင်လေးဖြစ်နေတုန်းမှာပဲ အဖွားလည်း အဲ့လိုနီးပါး လိုက်ဖြစ်ပါတယ်။ သူကကျတော့ လူကြီးဆိုတော့ ပိုခံရပုံပေါက်တယ်။ ငြီးလည်း ငြီးပါတယ်။
ပြီးခဲ့တဲ့ တစ်ညကဆိုရင် မည်းမည်းကြီး ဆိုပြီး အော်နေတာပါ။ အိမ်အပြင်ကို လက်ညှိုးထိုးပြီး။
အမေကတော့ ဒါ အောက်လမ်းနဲ့ တစ်ယောက်ယောက်က လုပ်တာဆိုပြီး ပယောဂဆရာတွေ ပင့်ဖို့ လုပ်ပါတယ်။ အဖေကတော့ နေမကောင်းတာကို ဆေးခန်းသေချာမပြဘဲ ခုလိုလုပ်ရကောင်းလား ဆိုပြီး တဆူဆူ တပူပူပါ။ အမေက အဲ့လို အဖေနဲ့ ရန်ဖြစ်ပြီး အိမ်ပူနေရတာကိုက အောက်လမ်းနည်း ဆိုပြီး တိုင်ပတ်နေကြတာပါ။
ကျွန်မက လူမမာတွေကို ပြုစုရ၊ အမေနဲ့ အဖေကို ညှိနှိုင်းရနဲ့ လူလည်း လုံးပါးပါးသလောက် ဖြစ်နေပါပြီ။ ဘယ်သူ့နည်းနဲ့ ဘယ်လိုလုပ်ရမယ်ကို မသိတော့ပါဘူး။

ကျွန်မက လက်ရှိနိုင်ငံခြားမှာရောက်နေတာပါ။ ရန်ကုန်မှာ ကျွန်မ အမျိုးသားကျန်ရစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကျော်က တိုင်းပြည် ကမ...
30/07/2026

ကျွန်မက လက်ရှိနိုင်ငံခြားမှာရောက်နေတာပါ။ ရန်ကုန်မှာ ကျွန်မ အမျိုးသားကျန်ရစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကျော်က တိုင်းပြည် ကမောက်ကမ စဖြစ်တာနဲ့ ကျွန်မတို့ ဒီဘက်ကို ထွက်ဖို့ အတူ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်မက အရင်ကတည်းက နိုင်ငံခြားမှာ ကျောင်းတက် အလုပ်လုပ်ခဲ့ဖူးပြီး နောက်မှ ရန်ကုန်ကိုပြန်ပြီး အိမ်ထောင်ပြုခဲ့တာပါ။
အမျိုးသားကတော့ ရန်ကုန်မှာပဲ အစကတည်းက နေထိုင်ကြီးပြင်းတာပါ။ ဒီတော့ ကျွန်မက အရင် ထွက်ပြီး အလုပ်ရှာ၊ နေစရာရှာမယ်၊ ပြီးတာနဲ့သူလိုက်လာမယ်ပေါ့။ သူက ရန်ကုန်မှာလည်း လက်ရှိ အလုပ်လုပ်နေတာမို့ပါ။
ဒါနဲ့ကျွန်မ ဒုတိယနိုင်ငံကနေ တတိယနိုင်ငံကို ရောက်အောင် ပြောင်းပါတယ်။ ၂ နှစ်လောက်ရှိတော့ ဒီမှာ အခြေကျပြီး အမျိုးသားကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်မ အမျိုးသားက အမျိုးမျိုး အကြောင်းတွေ ပြပြီး ရက်တွေ ရွှေ့ပါတယ်။
ကျွန်မက သူ့အလုပ်၊ မိသားစုနဲ့ ဝေးရမှာမို့ ထင်တယ် ။သူအချိန်ယူပါစေဆိုပြီး နားလည်ပြီး အလုပ်ပဲကြိုးစားခဲ့ပါတယ်။ သူလာရင်လည်း အတူပြည့်စုံတဲ့ ဘဝလေး တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။ ကလေးလည်း ယူပြီး ဒီမှာပဲ အခြေချဖို့ပါ။
သိပ်မကြာခင်ပဲသူ့သူငယ်ချင်းတွေ ဆီကနေ တစ်ဆင့်သိရတာက သူက မိန်းမတစ်ယောက်နဲ့ ရှုပ်နေတာ နှစ်ကြာနေပြီး ခု ကိုယ်ဝန်ပါ ရနေတာပါတဲ့။ သူ့ကို မေးတော့လည်း သူက ဝန်ခံပါတယ်။ ကွာရှင်းပေးပါလို့တောင် တောင်းဆိုလိုက်ပါသေးတယ်။ ကျွန်မ ဘယ်လိုမှ ဖြေမဆည်နိုင်ပါဘူး။ တစ်ယောက်တည်း နေရတဲ့ ကျွန်မ ဘဝမှာ အရက်တွေပဲ လှိမ့်သောက်ပြီး နေ့တွေ ညတွေကို ကျော် ဖြတ်နေခဲ့ရပါတယ်။
စိတ်တွေကျပြီး ဘဝက ရုတ်တရက် အနာဂါတ်ပျောက်သွားသလိုပါပဲ။
ဘာဆက်လုပ်ရမှန်းကိုမသိတာပါ။ ကွာလည်း မကွာချင်ပါဘူး။ ကျွန်မ ချစ်လို့ နှစ်ရှည်လများ ရည်းစားအဖြစ် တွဲခဲ့ပြီး ယူခဲ့ရတာပါ။ သူနဲ့ သက်ဆုံးတိုင်ပေါင်းဖို့လည်း ရည်ရွယ်ပြီး ကြိုးစား တည်ဆောက်ခဲ့ရတာပါ။ ဒါကို ခုမှ မိန်းမတစ်ယောက်နဲ့ တွေ့ပြီး ကလေးပါ ယူနေကြတဲ့ သူတို့ ကို ကျွန်မ နားမလည်နိုင်ပါဘူး။
မိသားစုကလည်း ဘာမှကို ဝင်မပါကြပါဘူး။ တစ်ယောက်တည်း နိုင်ငံရပ်ခြားမှာ အရမ်းလည်း အားငယ်ပါတယ်။ မျှော်လင့်ချက်တွေလည်း ပျက်ကုန်ပါပြီ။ ဘာဆက်လုပ်ရပါ့မလဲရှင်။

ကျွန်မနဲ့ ၆ နှစ်လောက် ခင်မင်လာတဲ့ သူငယ်ချင်းကအိမ်ထောင်ရှိတဲ့ လူတစ်ယောက်နဲ့ ဖောက်ပြန်နေလို့ပါ။ အဲဒီလူက ကျွန်မတို့နဲ့တစ်ရု...
29/07/2026

ကျွန်မနဲ့ ၆ နှစ်လောက် ခင်မင်လာတဲ့ သူငယ်ချင်းကအိမ်ထောင်ရှိတဲ့ လူတစ်ယောက်နဲ့ ဖောက်ပြန်နေလို့ပါ။ အဲဒီလူက ကျွန်မတို့နဲ့တစ်ရုံးတည်းပါပဲ။
သူတို့တွေ စကားပြောတာ၊ ကြည့်တာ မရိုးသားဘူးလို့ စိတ်ထဲ အစက ထင်မိပေမယ့် ဒီတိုင်းပဲ ခင်ကြတာ နေမှာပါလို့ ကျွန်မ တွေးပါသေးတယ်။ နောက်တော့သူတို့ နှစ်ယောက် ဈေးဝယ်စင်တာ တစ်ခုက ကော်ဖီဆိုင်မှာ မျက်နှာချင်းဆိုင်ထိုင်ရင်း ရယ်မောနေကြတာကို မြင်မှ သူတို့ ဖောက်ပြန်နေတာကို သိတာပါ။ အဲ့ဆိုင်က အထွက် လက်ချင်းတောင် ချိတ်လိုက်သေးတာပါ။
အဲဒါကို မြင်လိုက်တာ ကျွန်မ ကောင်လေးလည်း ပါပါတယ်။ ကောင်လေးက ကျွန်မကို ကိုယ့်သူငယ်ချင်း ကိုယ် တားသင့်ကြောင်းပြောတာရော၊ သူငယ်ချင်းကို ခုလို ပုံမျိုးနဲ့ မမြင်ချင်တာ ရောကြောင့် ကျွန်မ နောက်နေ့မှာပဲ သူ့ကို ရုံးမှာ ပြောပါတယ်။
သူက ငိုပါတယ်။ နောက်ဆုတ်ဖို့ ကြိုးစားပါမယ်လည်း ကတိပေးပါတယ်။ ကျွန်မလည်း သူစိတ်ပြေ လက်ပျောက်ဖြစ်အောင် ခရီးတိုလေး တစ်ခုတောင် သူနဲ့ အတူတူ ထွက်ပါတယ်။ အဲဒီ ခရီးတိုကိုပဲ အဲ့လူက နောက် ကားနဲ့ လိုက်လာတာရှင်။
ဟိုကျတော့ညဘက် ကျွန်မ အိမ်သာဝင်နေတုန်း သူငယ်ချင်းက လမ်းလျှောက်ခဏ ဆိုပြီး သွားလိုက်တာ ပြန်မလာလို့ စိတ်ပူလို့ လိုက်ကြည့်မှ သူတို့ နှစ်ယောက်က ရယ်မော စကားပြောနေတာပါ။ ကျွန်မကိုတောင် အဲ့လူက နှုတ်ဆက်နေပါသေးတယ်။
အဲ့ညက သူငယ်ချင်းက ကျွန်မနဲ့ လာအိပ်ပေမယ့် ကျွန်မ စိတ်တိုလွန်းလို့ သူ့ကို စကားမပြောတော့ပါဘူး။ ရုံးပြန်အလုပ်လုပ်ကြတော့လည်း ကျွန်မ သူ့ကို စကားမပြောပါဘူး။ ဒီလောက်တောင်ဖြစ်နေတာ နေဆိုပြီးထားလိုက်ပါတယ်။
အဲ့လိုနဲ့ သိပ်မကြာဘူး အဲ့လူရဲ့ မိန်းမက သိပြီး ရုံးလာ ပြဿနာရှာပါတယ်။ သူငယ်ချင်းလည်း အတော်ကို အရှက်ကွဲပါတယ်။ ကျွန်မလည်း သူ့အတွက် စိတ်မကောင်းလို့ ငိုမိပါတယ်။ ကျွန်မ ခုထိလည်း သူ့ကို စကားမပြောပါဘူး။ ရင်ထဲလည်း‌ေ နလို့ မကောင်းပါဘူး။
တာဝန်မကင်းသလို၊ အပြစ်ရှိသလို ကျွန်မပါ ခံစားနေရပါတယ်။ သူငယ်ချင်းကို မထိန်းသိမ်းနိုင်ခဲ့တာ ကျွန်မ အပြစ်ပါ။

အလုပ်ခွင်မှာ စိတ်ရှုပ်ရတာတစ်ခုကို ရင်ဖွင့်ချင်လို့ပါ။ ကျွန်မတို့အလုပ်မှာက အမျိုးသားများပါတယ်။ အိုင်တီ ကုမ္ပဏီဆိုတော့ အမျ...
26/07/2026

အလုပ်ခွင်မှာ စိတ်ရှုပ်ရတာတစ်ခုကို ရင်ဖွင့်ချင်လို့ပါ။
ကျွန်မတို့အလုပ်မှာက အမျိုးသားများပါတယ်။ အိုင်တီ ကုမ္ပဏီဆိုတော့ အမျိုးသားဝန်ထမ်းများတာပါ။ ရှိတဲ့ မိန်းကလေးဝန်ထမ်းတွေကလည်း အနေအေးကြပါတယ်။ အနေအေးတာမှ စကားလည်း သိပ်မပြောကြပါဘူး။ လိုအပ်လာရင်တော့ ရင်းရင်းနှီးနှီးရှိကြပါတယ်။ အပေါ်ယံဟန်ဆောင်ချိုတာတွေ မရှိကြတဲ့ ဝန်းကျင်ပါ။ ဒါကြောင့် ကျွန်မ အဲဒီအလုပ်မှာ ၇ နှစ်ကြာနေပါပြီ။
ကျွန်မတို့အလုပ်က အမျိုးသားဝန်ထမ်းများတဲ့အားလျော်စွာ ဖိုဝါဒလည်း များကြပါတယ်။ တစ်ခုခု ဆိုရင် သူတို့တွေ လုပ်မှ အလုပ်က ပြီးမြောက်တယ်၊ သူတို့ပါဝင်မှ အလုပ်က ပုံပေါ်တယ် ဆိုပြီး ထင်နေကြတာပါ။ တကယ်က နောက်ကွယ်ကနေ ကျွန်မတို့ လုပ်နေရတာ သေမတတ်ပါပဲ။
ဘယ်လိုပဲ ခေါင်းဆောင်အဖွဲ့မှာ ယောကျ်ားလေး မိန်းကလေး မျှအောင် ရှိရှိ ယောကျ်ားလေးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မိန်းကလေးတစ်ယောက်က ဝင်ပြောရင် သူတို့မှာ ဆွေ့ဆွေ့ခုန်မတတ် စိတ်ဆိုးတာပါ။ အရမ်းလည်း အံ့သြစရာကောင်းပါတယ်။
ပြီးရင် စသလို နောက်သလိုနဲ့ နင် ငါ့ကို ကြိုက်နေတာလားတို့၊ နင့်ရုပ်လေးက ချောတယ် ငါနဲ့ တွဲမလား ဆိုပြီး Abuse လုပ်တာမျိုးလည်း ကြုံရပါတယ်။ ကျွန်မက ကက်ကက်လန်မို့ ရန်တွေ့ရင် စတာလေးကို ဖြစ်နေတယ် ဆိုပြီး တစ်ပြန်စိတ်ဆိုးခံရပါတယ်။
ကျွန်မလို ကက်ကက်မလန်တဲ့ ညီမလေးတွေ အစ်မတွေဆို ခံရပေါင်းများပါပြီ။ အရင်ခေတ်ကောင်းစဉ်ကတော့ ဒီကိစ္စတွေက တိုင်လို့ တောလို့ ရပေမယ့် ခုက ဘယ်ကို တိုင်လို့ ဘာလုပ်ရမယ်တောင် မသိပါဘူး။
တစ်ခါက ကျွန်မ ပရောဂျက်ပလန်တစ်ခု ဆွဲပြီးပေးတော့ လူကြီးတွေက သဘောကျ ကြပါတယ်။ ဒါကိုတောင် နင့်နေရာမှာ ယောကျ်ားလေးသာဆိုရင် ပိုပြီးကောင်းတဲ့ပလန် ထွက်လာမှာ ဆိုပြီး အထင်သေးစကား၊ ကျားမ ခွဲခြားတဲ့ စကား ပြောပါတယ်။ ကျွန်မ စိတ်ဆိုးလွန်းလို့ အသံတောင် မထွက်နိုင်ပါဘူး။
ခံလည်းမခံချင်ပါဘူး။ ယောကျ်ားလေးတိုင်းတော့မ ဟုတ်ပေမယ့် တော်တော်များများသော ယောကျ်ားများဟာဒီလို အတွေး တွေ ရှိကြပါတယ်။ ဒါကြောင့်လည်း အိမ်ထောင်ရေးတွေမှာ ငါတို့ လုပ်ရင် ရတယ် ဆိုတာမျိုးနဲ့ ဖြစ်နေကြတာလို့ ထင်ပါတယ်။
လုပ်ငန်းခွင် ကျားမ ခွဲခြားတာတွေ၊ ပါးစပ်သရမ်းတာတွေ လျှော့ပေးကြရင် ကောင်းမှာပါ။ ခုက အလုပ်က အဆင်ပြေပေမယ့် အတူ အလုပ်လုပ်ရတဲ့ ယောကျ်ားတွေကို အဆင်ပြေမနေပါဘူး။

ကျွန်မက ယောက္ခမကြောင့် အိမ်ထောင်ကွဲရမလိုဖြစ်နေတာပါ။ ကျွန်မက မိဘမရှိတော့ပါဘူး။ ဒါကြောင့် ယောကျ်ားရဲ့ အမေကို ကိုယ့်ရဲ့ အမေ...
25/07/2026

ကျွန်မက ယောက္ခမကြောင့် အိမ်ထောင်ကွဲရမလိုဖြစ်နေတာပါ။ ကျွန်မက မိဘမရှိတော့ပါဘူး။ ဒါကြောင့် ယောကျ်ားရဲ့ အမေကို ကိုယ့်ရဲ့ အမေလို စပြီး ညားကတည်းက လိုလေးသေးမရှိအောင် ထားပါတယ်။
သူ့အမေက ရွာမှာ သူ့သမီးနဲ့သားမတ်နဲ့ အတူနေပါတယ်။ ၂ လပိုင်းတုန်းက လေဖြန်းသလိုဖြစ်သွားလို့ ကျွန်မက ကျွန်မတို့နဲ့အတူ ခေါ်ထားတာပါ။ မြို့မှာဆေးရုံဆေးခန်းလည်း လွယ်တာကြောင့်ပါ။ သူတို့က ရွာမှာ ဆေးမြီးတိုနဲ့ပဲ ကုနေတော့ ပိုဆိုးလာမှာကိုလည်း ယောကျ်ားက စိတ်ပူနေတာပါ။
ခေါ် ပြီး ဒီမှာဆေးကုရင်း သူ အတော် သက်သာလာပါတယ်။ အရင်လို ကျန်းကျန်းမာမာဖြစ်လာပြီး ကျွန်မတို့နဲ့နေရတာ အဆင်ပြေတယ် ပြောတော့ ကျွန်မလည်း ဝမ်းသာရပါတယ်။ ကျွန်မ သမီးက ခုဆို လေးနှစ်ပါ။ ကျွန်မက ဈေးထဲမှာ ဆိုင်ကြီး တစ်ဆိုင်ဖွင့်ထားတာပါ။ အမျိုးသားက ကားပွဲစားအလုပ်ကို လုပ်ပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ သူက အဆင်ပြေသလိုရှိသလို မပြေတာတွေလည်း ရှိပါတယ်။
သမီးလေးကိုက တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး ကျွန်မတို့က အစစ အလိုလိုက်ပေမယ့် မရိုင်းအောင်တော့ သွန်သင်နိုင်ပါတယ်။ ကျွန်မက မိမဲ့ဖမဲ့နေခဲ့ရတော့ ကျွန်မ သမီးလေးကို မိဘရဲ့ ကြင်နာနွေးထွေးမှုနဲ့ အုပ်ထိန်းမှုကို ကျွန်မ မလစ်ဟင်းအောင် ဂရုစိုက်ပါတယ်။
ကျွန်မယောက္ခမက ရွာက သူ့သမီးနဲ့ ဖုန်းပြောတဲ့အခါတိုင်း ကျွန်မ သမီးက အင်မတန်ဆိုးကြောင်း၊ တစ်နေ့တစ်နေ့ စားတာကလည်း ကလေးစားသလိုမစားဘဲ ရွာက ဝက်လို စားကြောင်း၊ သူနားမလည်တဲ့ စကားတွေနဲ့ သူ့ကိုရိုင်းကြောင်း (တကယ်က အင်္ဂလိပ်စကားမတောက်တခေါက် လေးတွေ လျှောက်ပြေ‌ာနေတာပါ။ ကလေးကလည်း အဲ့လိုဆဲတာတေွ မတတ်ပါဘူး) မိဘကလည်း သွန်သင်မှု မရှိကြောင်းတွေ ကျွန်မ ရှိနေလျက်နဲ့ကိုပြောနေတာပါ။
သူ့သမီး ကျွန်မယောင်းမကလည်း ဝါးခြမ်းပြားနဲ့ ဆော်ပေါ့ အမေကလည်း ဆိုပြီး ပြန်ပြောပါတယ်။ ကျွန်မက သူတို့ ဖုန်းပြောပြီးတော့ အမေ့ကို အေးဆေးမေးပါတယ်။ သမီးက ဘယ်တုန်းက ဘာတွေ ရိုင်းလဲ ဆိုတာကိုပါ။ ဒီတော့ သူ့ကို ကျွန်မက ပုလိပ်စစ် စစ်နေပါတယ်။ တင်ကျွေးထားရလို့ ခုဆို ငြိုငြင် နေပြီဆိုပြီး ငိုပြီးတော့ နောက်ကျမှ ပြန်လာတဲ့ယောကျ်ားကို တိုင်တာပါ။
ယောကျ်ားကလည်း ပြဿနာ အစအဆုံးမသိဘဲ ကျွန်မကိုချည်း နင်းပြောပါတယ်။
ကျွန်မက သမီးရှေ့ စကားတွေ မများချင်တာနဲ့ မျိုသိပ်နေတာပါ။ နောက်ရက်တော့ သမီးက ကျွန်မ ‌ေဈးသွားရင် လိုက်ချင်တယ် လိုက်ချင်တယ် ဖြစ်နေတော့။ ကလေးထိန်း (သူ့မွေးစကတည်းက အတူထားတဲ့ ဆရာမ) နဲ့လည်း မနေခဲ့ဘူးဖြစ်ရော။ ဈေးကိုခေါ်ပြီး ချော့မေးမှ သမီးရော ကလေးထိန်း ဆရာမလေးကရော ပြောပါတယ်။ ဘွားဘွားကြီးက ရေထဲ နှစ်သတ်မယ်တို့၊ ပြေးရင်ခြေသလုံးကို လိမ်ချိုးမယ်တို့၊ အသံကျယ်ရင် အာဖဲ့မယ်တို့၊ ငေါက်တယ်လို့ ဆိုပါတယ်။ ဆရာမ‌လေးကလည်း အဘွားဆိုတော့ ကြောက်တော့ ဘာမှ ပြန်မပြောပါဘူး။ ခုတောင် ကျွန်မ မေးလို့ သူဖြေတာပါ။
အမျိုးသားကိုပြောပြတော့ သူ့အမေက အဲ့လိုမဟုတ်ပါဘူးတဲ့။ ဒီတော့ ကျွန်မ သမီးနဲ့ ဆရာမလေးက ပေါင်းလိမ်နေသလိုဖြစ်တာပေါ့ရှင်။
ပြီးခဲ့တဲ့တစ်ပတ်က သမီးလေးကိုရေချိုးတော့ ပေါင်မှာ အညိုကွက်ကြီးတွေ့တာကနေ မေးတော့မှ ဘွားဘွားကြီး လိမ်ဆွဲထားတာတဲ့။ ဆရာမလေးက အဲဒီရက်တွေက ခွင့်ယူထားတာပါ။ ဆေးရုံတက်နေရလို့ပါ။
ယောက္ခမကိုမေးတော့ နင့်သမီးက မုန့်ခိုးစားလို့ အကျင့်ဆိုးပျောက်အောင်တဲ့။ ကျွန်မ သမီးက ခိုးစားစရာကိုမလိုအောင် အိမ်မှာသူ့အတွက် တစ်နေ့တာ စားရမယ့်မုန့်တွေ ထုတ်ပေးခဲ့ပြီးသားပါ။ ခိုးစားလည်း ဒီလိုဆုံးမစရာမလိုဘူး ဆိုပြီး ကျွန်မလည်း ငိုပြီးပြောရင်းက လင်မယားပါ ရန်ထ ဖြစ်ရပါတယ်။
ခု သူ့ကြည့်ရတာ ရွာပြန်မယ့် ပုံလည်းမရှိပါဘူး။ ကျွန်မ သမီးကိုခေါ်ပြီး တစ်နေရာထွက်သွားရကောင်း မလား စဉ်းစားနေပါပြီ။ ခုလောက် အချိန်ကြာကြာ အတူမနေဖူးတော့ သူ့အကြောင်းကို ခုမှ သိရတာပါ။

ที่อยู่

Bangkok
10150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Parenthood Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์