Myanmar Telesis Education Journal

Myanmar Telesis Education Journal Education News

09/10/2018

This year Australia welcomed half a million international students from around the world. These students are our window on the world and help us build ties with…

09/12/2016

အမေရိကန် H1 ဗီဇာဆိုင်ရာ သတင်းကောင်း

ချီကာဂိုမြို့ ။ Trum အစိုးရလက်ထက်တွင်ရှိလာနိုင်မည့် H 1B ဗီဇာနှင့် ပတ်သက်၍ မရေရာမှုများရှိသော်လည်း မကြာမီ United States Citizenship and Immigration Services (USIS) အပြောင်းအလဲများမှ ယင်း ဗီဇာရှင်များအား ပိုမိုမျက်နှာသာပေးလာနိုင်သည်။

USIS သည် သက်တမ်းကုန်ဆုံးပြီးသော H 1B ဗီဇာကိုင်ဆောင်ထားသူများအား စာရွက်စာတမ်းပြန်လည်ပြင်ဆင်ရန်နှင့် ပြန်လည်ထွက်ခွါလိုသူများအတွက် ထွက်ခွါရန်ရက်ပေါင်း (၆၀) ကျေးဇူးတော်ကာလမှ စတင်ပေးသွားမည်ဖြစ်သည်။ လက်ရှိစည်းမျဉ်းများအရ ကုန်ဆုံးပြီး H 1B ဗီဇာကိုင်ဆောင်သူများအား နိုင်ငံတွင်းမှ ချက်ချင်းထွက်ခွါရန် မပြောထားသော်လည်း၊ ထိုကဲ့သို့သောသူအချို့ကို ချက်ချင်းနိုင်ငံမှ ထွက်ခွါစေခဲ့သော အခြေအနေများ ရှိခဲ့ဘူးသည်။ ယင်းအခြေအနေမျိုးတွင် လူဝင်မှုကြီးကြပ်ရေး ဦးစီးသူ၏ ဆုံးဖြတ်ချက်ပေါ်သာလျှင် မူတည်သည်။

“ယခင်က ယင်းကဲ့သို့ဖြစ်စဉ်များအား အဆုံးသတ်တော့မည်ဟု လူဝင်မှုကြီးကြပ်ရေး အကြီးအကဲများမှ ရှင်းလင်းသွားခဲ့သည်” ဟု Silicon Valley စာရင်းကိုင်ဌာနတစ်ခုမှ ဦးဆောင်သူနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Neeraj Bhatia က ပြောဆိုခဲ့ပါသည်။

ထိုစည်းမျဉ်းသစ်သည် ဇန်န၀ါရီလ (၁၇) ရက်၊ ၂၀၁၇ တွင် စတင်အကျုံးဝင်မည်ဖြစ်ပါသည်။ ထို့အပြင် I-140 ကို ရက်ပေါင်း (၁၈၀) ကျော် ကိုင်ဆောင်ပြီး ၎င်းတို့၏ ၀န်ဆောင်မှုကို ပယ်ဖျက်ခြင်းမရှိတော့သည့် ပြောင်းလဲမှုတစ်ခုကိုလည်း ထပ်မံသိရှိရသည်။ ဤအပြောင်းအလဲသည် Green Card သက်တမ်းတိုးကို နှောင့်နှေးစေခြင်းမှ ကာကွယ်သည်။

USIS ၏ နောက်ထပ်ထုတ်ပြန်သည့် ပြောင်းလဲမှုမှာ H 1B ဗီဇာကိုင်ဆောင်ထားသူများ၏ အိမ်ထောင်ဖက်များအားဖြင့် H 4 ဗီဇာကိုင်ဆောင်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် သက်ဆိုင်သည်။ ထိုပြောင်းလဲပြုပြင်မှုတွင် ယင်း H 4 ဗီဇာအားဖြင့် အလုပ်လုပ်နေသူများသည် အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းအတွက် အထူးအထွေခွင့်ပြုချက်မလိုအပ်ဘဲ ဆက်လက် အလုပ်လုပ်နိုင်သည်။
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ခြင်းများတွင် Donald Trump ၏ အဖွဲ့အစည်းမှ “ကျွန်ုပ်တို့နိုင်ငံတွင် STEM DEGREE နှင့် ဘွဲ့ရသူများ၏ ထက်ဝက်ခန့်သာ အလုပ်လုပ်ခွင့်ရရှိနိုင်မည် ဖြစ်သည်။ သို့သော် IT လုပ်ငန်းခွင်များတွင် H 1B အစီအစဉ်ဖြင့် လုပ်သားရရှိခဲ့သည်။ H 1B ဗီဇာ ရရှိသူများအနက် ၅၀% သည် အနိမ့်ဆုံးအဆင့်လစာများအတွက်ဖြစ်ပြီး ၈၀%သည် အနိမ့်ဆုံး (၂)ဆင့် အလုပ်များအတွက်ဖြစ်သည်။ H 1B ဗီဇာကိုင်ဆောင်ထားသူများအား လစာတိုးပြီး ရာထူးတိုးမြင့်ပါက အလုပ်လက်မဲ့ အမေရိကန်များနှင့် အခြားတိုင်းပြည်မှ ရွှေ့ပြောင်းလာရောက်နေထိုင်သူများကိုသာ အခြေခံလစာ အလုပ်များပေးသွားရမည်ဖြစ်သည်။ ဤသည်မှာ H 1B ကိုင်ဆောင်သူ အဖရိကန်လူမျိုးများနှင့်တောင် အမေရိကသားများအတွက် တိုးတက်ရန် H 1B ၏ အခွင့်အရေးပင်ဖြစ်သည်” ဟု ဆိုခဲ့ပါသည်။

STEM အလုပ်များ လုပ်ကိုင်သူအများစုသည်လည်း အိန္ဒိယနှင့် အခြားနိုင်ငံများမှ ကျောင်းသားများဖြစ်သည်။ အမေရိကန်ကျောင်းသားများကမူ STEM Program များ နောက်လိုက်လေ့မရှိပါဟု Bhatia မှ ထောက်ပြ ပြောဆိုခဲ့သည်။
မှတ်ချက်။ ။ STEM Program ဆိုသည်မှာ သိပ္ပံပညာ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သချာင်္ပိုင်းဆိုင်ရာ ဘာသာရပ်များအတွက် ရရှိသည့် ဘွဲ့များကို ဆိုလိုသည်။

07/12/2016

Auckland’s Unitec Institute of Technology ၏ mobile site မှ Orientation အကြောင်း သိကောင်းစရာ

Auckland’s Unitec Institute of Technology မှ နိုင်ငံတကာ ကျောင်းသားများအတွက်၊ ကျောင်းတွင်းမရောက်မီ Orientation အချက်အလက်များပေးပို့ရန် mobile.website တစ်ခုကို ထည့်သွင်းခဲ့ပါသည်။ စီစဉ်သူများ ပြောဆိုချက်အရ ထိုနည်းလမ်းသည် ကျောင်းသားများအတွက်လွယ်ကူသော ဆက်သွယ်မှု ရရှိစေပြီး Orientation အချက်အလက်များဖြန့်ချီရေးကို များစွာ တိုးတက်စေပါသည်။ ဤ၀န်ဆောင်မှုသည် ကျောင်းသား၊ ကျောင်းသားဝန်ဆောင်မှုဝန်ထမ်းများကို လွယ်ကူသော မေးခွန်းငယ်များဖြေဆိုရာတွင် အချိန်မကုန်စေဘဲ ပိုမိုအရေးကြီးသော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

Satellite Media ကုမ္ပဏီပူးပေါင်းဖန်တီးထားသော (orientation) ကျောင်းမိတ်ဆက်ခြင်း အစီအစဉ်၊ အချက်အလက်များကို နိုင်ငံတကာကျောင်းသား/သူများအား ကျောင်းသို့ တက်ရောက်မည့်နေ့မတိုင်မီပေးပို့နေပြီး၊ ယက္ခုချိန်ထိ တက်ရောက်နေသော ကျောင်းသား/သူများ၊ အချက်အလက်များ ထိန်းသိမ်းနိုင်စွမ်းကို ပို၍မြင့်တင်ပေးနေပါသည်။

ထို့အပြင် mobile site သည် ကျောင်းသားကျောင်းသူများထံမှ ပေးပို့သော စိတ်ကျေနပ်မှုရှိသည့် တုံ့ပြန်ချက်များကို ရရှိပြီး Unitee’s International Student Net Promoter Score ဟုခေါ်သည့် သုံးစွဲသူများထံမှ ထောက်ခံကြေငြာပေးသော အခွင့်အလမ်းများကို ခံစားစေရပါသည်။

နိုင်ငံတကာ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အထွေထွေမန်နေဂျာ၊ James Burroughes ၏ ပြောဆိုချက်အရ ကျောင်းသားများ၏အမြင်ကို စဉ်းစားသုံးသပ်ပြီး ကျောင်းဝန်ဆောင်မှုကို digital နည်းပညာဖြင့် အသုံးပြုရန် စဉ်းစားခြင်းဖြင့် ၎င်းဝန်ဆောင်မှုအဖြေကို ရရှိခဲ့ခြင်းဖြစ်သည်။ James က ဆက်လက်၍ ကျွန်တော်အနေနဲ့ ကျောင်းသား/သူများဘက်မှနေပြီး မြင်ကြည့်ခဲ့သည်။ နေရာတနေရာရောက်တိုင်း ကျောင်းသားတစ်ယောက်အနေနှင့် မည်သည့်အချက်များ ရရှိခြင်းက အထောက်အကူပြုနိုင်မလဲဟု အမြဲလေ့လာခဲ့ပါသည်။ ကျောင်းသားတစ်ယောက်အနေနှင့် နေ့စဉ်မည်သည့်အချက်အလက်များ လိုအပ်မည်။ မည်သည့်အရာများအိတ်ကပ်ထဲအလွယ်တကူဝင်ရောက်ခွင့်ရှိမည့်အရာတို့ကို စဉ်းစားစုံစမ်းရမည်။ ထို့နောက် Uniteecမှ ကျောင်းသားများတွက် အသုံးပြုရန်လွယ်ကူသည့် ၀န်ဆောင်မှုမျိုးပေးနိုင်ရန် စဉ်းစားဖော်ထုတ်နိုင်ခဲ့သည်ဟု James က PIE NEWS အားပြောကြားခဲ့သည်။

James က mobile site နှင့် ၀န်ဆောင်မှုပြပွဲ အစီအစဉ် ပြုလုပ်ခဲ့၍ ကျောင်းသားများ မည်သည့်အချက်အလက် ထပ်မံလိုအပ်လျက်ရှိနေသည်ကို tag in ဖြင့်တင်ပြခွင့်ရခဲ့သည်ဟု ပြောကြားခဲ့သည်။

ကျောင်းသားတစ်ယောက်က tag in မလုပ်ခဲ့လျှင် ကျောင်းသားမှ ရရှိမည့် အကျိုးများ နစ်နာစေနိုင်သည်ကို နားလည်၍ ထိုကဲ့သို့သော ကျောင်းသားများအား text message သို့မဟုတ် ကိုယ်တိုင်တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခြင်းဖြင့် ကျောင်းသားတွက် စဉ်းစားစီစဉ်ပေးနိုင်ပါကြောင်း James က ပြောဆိုခဲ့ပါသည်။
ယင်း Mobile ၀န်ဆောင်မှု နှောင့်နှေးစေမှု ရှောင်ကျဉ်စေနိုင်ပြီး တိကျပြည့်စုံသော အချက်အလက်များကို ၀န်ဆောင်မှုလုပ်အားများစွာ မလိုအပ်ပဲ ဆောင်ရွက်နိုင်သည်ဟု James ကပြောပါသည်။ ဤ mobile ၀န်ဆောင်မှုကို ၂၀၁၇ ကျောင်းဝင်ခွင့်ကာလတွက် ရည်ညွှန်းပြီး ကျောင်းမိတ်ဆက်အစီအစဉ်များကို နိုင်ငံတွင်း ကျောင်းသားများတွက်လည်း အသုံးပြုနိုင်သည်။

27/11/2016

နိုင်ငံရပ်ခြားမှ အမေရိကန်ကောလိပ်ကျောင်းများသို့ ၀င်ခွင့်လျှောက်လွှာတင်ခြင်း စံချိန်မြင့်လာ

နိုင်ငံခြားသားကျောင်းသား/သူများ အမေရိကန်ကောလိပ်ကျောင်းများတွင် စာရင်းတင်သွင်းသည့်ဦးရေသည် ပညာသင်နှစ် ၂၀၁၅-၂၀၁၆ တွင် ပထမဆုံးအကြိမ်အနေဖြင့် ကျောင်းသားဦးရေ (၁)သန်းကျော်ထိမြင့်တက်လာပြီး ယခင်နှစ်ထက် ၂% တိုးမြင့်လာကာ လွန်ခဲ့သော (၁၀) နှစ်တာအတွင်း (၂)ဆ တိုးမြင့်လာခြင်းဖြစ်သည်။

သို့သော် အချို့ကောလိပ်များတွင်မူ၊ သမ္မတသစ် Donald Trump ၏ အမေရိကန်နယ်စပ်ဒေသဆိုင်ရာ တင်းကျပ်မှုများကြောင့်လည်းကောင်း၊ အမေရိကန်နှင့်တရုတ်အစိုးရ၏ ပညာရေးဈေးကွက်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုသည်လည်းကောင်း၊ မကြာခဏ လူမျိုးခွဲခြားရေးဝါဒီတို့၏ ထိပါးမှုများလည်းကောင်း နိုင်ငံခြားသားကျောင်းသူ/သားများအား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့သည်။

University at Albany – SUNY မှ ပညာရေးအကြီးအကဲတစ်ဦးဖြစ်သူ Jason Lane က “နိုင်ငံရပ်ခြားကျောင်းသားများ၏ အမေရိကန်ကောလိပ်တက်ရောက်မှုနှုန်းမှာ အခိုက်အတန့် စိတ်လှုပ်ရှားစရာ ဖြစ်နိုင်ချေရှိသည်” ဟု သူ၏ ထင်မြင်ချက်ကို ဖော်ပြခဲ့ပါသည်။ “နိုင်ငံရပ်ခြားကျောင်းသား/သူများအနေနှင့်လည်း အမေရိကန်နိုင်ငံရေးအခြေအနေကို ထည့်သွင်းစဉ်းစားလာပါလိမ့်မည်”ဟု ထပ်မံပြောဆိုခဲ့ပါသည်။

အမေရိကန်နိုင်ငံရှိ Institute of International Education ၏ “Open Doors” မှ ထုတ်ပြန်ချက်အရ အမေရိကန်ကောလိပ်ကျောင်းများတွင် တရုတ်ကျောင်းသားဦးရေ ၃၂၈, ၅၄၇ နှင့် အများဆုံးဖြစ်သည်။ ပညာသင်နှစ် ၂၀၁၄-၂၀၁၅ ဦးရေထက် ၈.၁% တိုးမြင့်လာသည်။ ဒုတိယအများဆုံးမှာ ကျောင်းသားဦးရေ ၁၆၅, ၉၁၈ နှင့် အိန္ဒိယနိုင်ငံဖြစ်ပါသည်။ ယခင်ပညာသင်နှစ်ထက် ၂၅% တိုးမြင့်လာကြောင်းတွေ့ရသည်။

အမေရိကန်နိုင်ငံသည် နိုင်ငံတကာကျောင်းသူ/သားများအတွက် အကြီးမားဆုံးသော ပညာရေးပန်းတိုင်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ မြင့်မားသော ပညာရေးမြှင့်တင်မှုတွက် ရင်နှီးမြှပ်နှံမှုသည်လည်း ကမ္ဘာ့ပညာရေးဈေးကွက်ကို ပြုပြင်ပြောင်းလဲစေနိုင်သည်။

၂၀၁၅ ခုနှစ် တရုတ်နိုင်ငံရှိ ပညာသင်ကြားနေသော ကျောင်းသား၏ ၆၀%သည် အာရှနိုင်ငံများမှလာရောက်ခြင်းဖြစ်ပြီး တောင်ကိုးရီးယားကျောင်းသားဦးရေ ၆၆,၆၇၂ ခန့်ရှိခဲ့သည်။ ပြီးယခင်နှစ်ထက် ၄%လျော့နည်းသွားကြောင်း သိရှိခဲ့ရသည်။

၂၀၂၀ ခုနှစ်လောက်တွင် တရုတ်ပြည်ရှိ နိုင်ငံခြားသားကျောင်းသူ/သားဦးရေသည် UK နိုင်ငံထက်ပိုမိုလာနိုင်ကြောင်း ခန့်မှန်းကြပါသည်။ UK နိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံခြားသားကျောင်းသားဦးရေသည် ပညာရေးဈေးကွက်တွင် US ပြီးလျှင် ဒုတိယနေရာတွင်ရှိနေသည်ဟု စစ်တမ်းများအရ သိရှိရသည်။ UK ၏ EU မှ နှုတ်ထွက်ခြင်းသည် UK တွင် လာရောက် ပညာသင်ကြားသည့် ကျောင်းသားအရေအတွက်ကို ထိခိုက်စေနိုင်သည်ဟု စီစစ်သူတချို့က ပြောဆိုလာသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် အမေရိကန်နိုင်ငံရှိ နိုင်ငံခြားသားကျောင်းသူ/သားများ ဒေါ်လာသန်းပေါင်း ၃၀၀ ကျော် အသုံးပြုခဲ့သည်ဟု IIE ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အမေရိကန်ကောလိပ်ကျောင်းများသည် အခွန်ဘဏ္ဍအပေါ်သာ မှီခိုလာရပါသည်။

အမေရိကန်နိုင်ငံသားကျောင်းသူ/သားများသည် နိုင်ငံ၏ ထောက်ပံ့မှုကို ရရှိနိုင်သကဲ့သို့ ကျောင်းလခမှာလည်း နိုင်ငံခြားသား ကျောင်းသူ/သားများထက်လျော့နည်းပါသည်။

အမေရိကန်သမ္မတသစ် Donald Trump၏ အမျိုးသားရေးဝါဒကြောင့် အမေရိကန်ကျောင်းများတွင် တက်ရောက်နေသော အစ္စလမ်ကျောင်းသားများ ထိခိုက်နစ်နာလာရသကဲ့သို့ တောင်အမေရိကမှ ကျောင်းသားများ လှောင်ပြောင်ခံခဲ့ကြရ၏။ အရှေ့အလယ်ပိုင်းဒေသမှ ကျောင်းသားများသည် ဆောင်းရာသီကျောင်းပိတ်ရက်အပြီး အမေရိကသို့ ပြန်လာရန်စိုးရိမ်ပူပန်မှုများသောကြောင့် ပြန်မလာကြရန်ဆုံးဖြတ်ကြသကဲ့သို့ လူမည်းကျောင်းသားများသည်လည်း လူမျိုးရေးခွဲခြားသည့် အဆိုများအဆက်မပြတ်ရရှိနေခဲ့သည်။

အမေရိကန်ကောလိပ်ကျောင်းများမှ အကြီးအကဲများက ဖြစ်ရပ်များအပေါ် ရှုံ့ချမှုများရှိသကဲ့သို့၊ ပညာရေးအဖွဲ့အစည်းတစ်ခု၏ ဥက္ကဌဖြစ်သူ Leo M Lambert က နိုင်ငံခြားသားကျောင်းသားများရင်ဆိုင်နေရသော ဖြစ်ရပ်များကြောင့် ယခုအခါ အမေရိကန်များအနေဖြင့် နိုင်ငံခြားသားများအား နားလည်မှု၊ လေးစားမှုများနှင့် အားပေးသင့်ကြောင့် ရေးသားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်ရှိ အပြည်ပြည်ဆိုင်ရာ ကျောင်းသား ၆၀၀ ကျော်အား၊ ၎င်းတက္ကသိုလ်၏ ဒါရိုက်တာမှ တစ်ဦးချင်းဆီသို့ email ပို့၍ အားပေးခဲ့ပါသည်။ ၎င်း၏ email တွင် “ရွေးကောက်ပွဲကိုယ်စားလှယ် တစုံတစ်ဦး၏ ပြောဆိုချက်များကြောင့် ဤနိုင်ငံမှာ နိုင်ငံအသီးသီးမှ ကျောင်းသူ/သားများအား မလိုလားဟု ခံစားနေရသူများအားလုံးကို Berkeley International Office မှ လိုလားတန်ဖိုးထားကြောင်း ဖော်ပြခဲ့ပါသည်။

Mr. Trump အနိုင်ရရှိပြီးနောက် အမေရိကန်နိုင်ငံ၏ ပညာရေးနှင့် ပါတ်သက်၍ မသေချာမှုများ ရှိလာနိုင်သည်။ မကြာခင်ကမှ ကနေဒါနိုင်ငံက ပြည်တွင်းနေထိုင်ခွင့်အခွင့်အရေးများ ပိုမိုလွယ်ကူလွတ်လပ်စေခြင်းဖြင့် နိုင်ငံတကာကျောင်းသားများကို ဆက်လက်နေထိုင်နိုင်ရန် အားပေးခဲ့သည်။ တရုတ်နိုင်ငံမှလည်း များပြားလှသည့် ပညာသင်ဆုများဖြင့် ကျောင်းသားများအား ဆွဲဆောင်နေပြီး သန်းပေါင်းများစွာ အကုန်အကျခံ၍ မိမိတို့နိုင်ငံရှိကျောင်းများကို တိုးချဲ့ပြုပြင်နေသည်။
Institute of International Education (IIE)၏ ဥက္ကဌဖြစ်သူ Allan Good ယုံကြည်သည်မှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ကျောင်းများ၏ ပတ်ဝန်းကျင်၊ အကျယ်အ၀န်းနှင့် ရေ၊ မြေအနေအထားသည်လည်းကောင်း၊ ရရှိသည့် ဘွဲ့၏ ဂုဏ်အရည်အသွေးသည် လည်းကောင်း နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်ကျောင်းများသို့ ၀င်ရောက်နှုန်းမြင့်တက်လာမည်သာဖြစ်သည်။ ကျွန်ုပ်ကတော့ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများဟာ သူတို့ရဲ့ နိုင်ငံမှာ လုံလောက်ကောင်းမွန်တဲ့ ပညာရေးရနိုင်မှာ မဟုတ်ပါဘူး။ သူတို့ဟာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကလိုပင် အမေရိကန်ကို လိုအပ်နေဦးမှာပါ။ လူတိုင်းဟာ “Made in the USA” ကို ယုံကြည်စိတ်ချမှုရှိနေဦးမှာဘဲဟု Allan Good က ထပ်မံပြောဆိုခဲ့ပါတယ်။

အပိုင်း ( ၄ )• ဆေးလိပ်သောက်ခြင်းUS တွင် ဆေးလိပ်သောက်ခြင်းကကျန်းမာရေးထိခိုက်စေသည့် အကြောင်းကြောင့် ပိုပို၍ လက်မခံကြတော့ပေ...
10/06/2016

အပိုင်း ( ၄ )
• ဆေးလိပ်သောက်ခြင်း

US တွင် ဆေးလိပ်သောက်ခြင်းကကျန်းမာရေးထိခိုက်စေသည့် အကြောင်းကြောင့် ပိုပို၍ လက်မခံကြတော့ပေ။ အစိုးရရုံးများနှင့် အများပြည်သူဆိုင်ရာအဆောက်အဦးကြီးများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦးများ အထူး သဖြင့် စားသောက်ဆိုင်ကြီးများတွင် ဆေးလိပ်သောက်ခြင်းကိုတားမြစ်သည်။
ဆေးလိပ်သောက်ခွင့်ပြုသော စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်တတ်သော Customers များအတွက် သီးသန့် အခန်းပြင်ဆင်ထား လေ့ရှိသည်။ ကျောင်းများတွင် Campus buildings များနှင့် Building အနီးတဝိုက်နှင့် ဝင်ပေါက်များတွင် ဆေးလိပ်သောက်ခြင်း ကို တားမြစ်ထားပါသည်။
ဆေးရွက်ကြီးနှင့် ပြုလုပ်ထားသောအရာများကို ၁၈ နှစ်အောက်ကလေးများအား ရောင်းချခြင်းကို တားမြစ်ပါ သည်။ ထို့ပြင် ၂၇ နှစ်အောက် လူငယ်များကိုလည်း ကုန်စုံဆိုင်များတွင်သူတို့၏ ID များကို စစ်ဆေးရန် ဥပဒေ ပြဌာန်းထားပါသည်။
တစ်စုံတစ်ယောက်၏အိမ်သို့ အလည်သွားခဲ့ပါက မီးခြစ်မခြစ်မီ ဆေးလိပ်သောက်လျှင် အဆင်ပြေမပြေကို ဦးစွာ မေးမြန်းရမည်ဖြစ်သည်။ အကယ်၍ထိုအိမ်တွင် ပြာခွက်များမထားရှိပါက ဆေးလိပ်သောက်ခြင်းကို ခွင့်မပြု ကြောင်းပေါ်လွင်ပါသည်။
US တွင် လေယာဉ်ပေါ်၌ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပါသည်။ လေယာဉ်ပေါ်တွင် သို့မဟုတ် လေယာဉ်ပေါ်ရှိအိမ်သာခန်းတွင် ဆေးလိပ်သောက်ပါက ပြင်းထန်သည့်ပြစ်ဒဏ်ပေးနိုင်ပါသည်။ ရထားများနှင့် ဘက်စ်ကားများပေါ်တွင်လည်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပါသည်။
ကလေးငယ်များအနီးအနားတွင် ဆေးလိပ်သောက်ခြင်းသည် မသင့်တော်ပါ။ ကလေးတစ်ဦးအတွက် ဆေးလိပ် ဝယ်ပေးခြင်း သို့မဟုတ် ဆေးလိပ်ပေးခြင်းတို့သည် တရားမဝင်ပါပေ။
လူတစ်ဦးဦး၏ မျက်နှာပေါ်တွင် ဆေးလိပ်ခိုးများ မှုတ်ထုတ်ခြင်းသည် အလွန်ရိုင်းစိုင်းသည့် အပြုအမူပင် ဖြစ်သည်။
အကယ်၍ သင်ဆေးလိပ်သောက်နေစဉ် တစ်စုံတစ်ဦးမှချောင်းဟန့်သည်ဆိုလျှင် ဆက်၍မသောက်တော့ရန် ယဉ်ယဉ်ကျေးကျေးဖြင့် ပြောဆိုသည့်သဘောဖြစ်သည်။

• ကိုယ်ဟန်အနေအထားများ
တစ်စုံတစ်ယောက်အား “goodbye” သို့မဟုတ် “hello” ဟု နှုတ်ဆက်လိုလျှင် လက်ကိုမြှောက်၍ ဘေးတစ် ဖက်မှ တစ်ဖက်သို့ ဝှေ့ယမ်းရမည်ဖြစ်သည်။ အရှေ့မှ အနောက်သို့ ဝှေ့ယမ်းခြင်းမပြုပါနှင့်။ လက်ချောင်းများသာ မက လက်ဖဝါးတစ်ခုလုံးကို ဝှေ့ယမ်းရမည်ဖြစ်သည်။ လက်အားအရှေ့မှ အနောက်သို့ဝှေ့ယမ်းခြင်းနှင့် လက်ချောင်းများအား အပေါ်အောက်လှုပ်ရှားခြင်းသည် “no”, “stop” သို့မဟုတ် “go away” ဟူ၍ အဓိပ္ပာယ်ရ သည်။ လက်ဖဝါးအား အရှေ့ဘက်သို့ထားကာ မလှုပ်အရမ်းဘဲ မြှောက်ထားခြင်းသည် “stop” ဟု အဓိပ္ပာယ်ရ သည်။ လက်ဖဝါးအား သင်၏ ခန္ဓာကိုယ်ဘက်သို့ထားကာ မလှုပ်မရမ်းဘဲမြှောက်ထားခြင်းသည် “come here” ဟု အဓိပ္ပာယ်ရသည်။ လက်အားမြှောက်ထားပြီး လက်ညှိုးမှအပအခြားလက်ချောင်းများ ခေါက်ထားကာ လက်ညှိုးအား ခေါက်လိုက် ပြန်မတ်လိုက်လုပ်ခြင်းသည် “come here” ဟု အဓိပ္ပာယ်ရသည်။
အရာဝတ္ထုတစ်ခုခုအား ညွှန်ပြလိုလျှင် လက်ညှိုးထိုး၍ ညွှန်ပြနိုင်သည်။ လူကို လက်ညှိုးထိုးခြင်းသည် ရိုင်းစိုင်းသည့် အပြုအမူဖြစ်သည်။

စားပွဲထိုးအား ကျသင့်ငွေရှင်းရန် ယူဆောင်လာစေလိုလျှင် လက်တစ်ဖက်ဖြင့်စာရွက်ကိုင်၍ လက်တစ်ဖက်ဖြင့် ရေးသည့်ပုံစံလုပ်ပြပါ။ စားပွဲထိုးအား သင့်ဆီသို့လာစေလိုလျှင် လက်ကိုမြှောက်၍ Eye contact ပြုလုပ်ပါ။

ခေါင်းအား ဘေးတစ်ဖက်ဆီသို့ ရမ်းခါခြင်းသည် ငြင်းသည့်သဘောဖြစ်သည်။ ခေါင်းငုံ့ပြလျှင် လက်ခံသည့် သဘောဖြစ်သည်။
လက်ခလယ်ထောင်ပြခြင်းမည်သည့်အခါမျှ မပြုပါနှင့်။ ဤသည်မှာ စော်ကားခြင်းဖြစ်သည်။ လက်သီးဆုပ်ကာ လှုပ်ပြခြင်းသည်လည်း ရိုင်းစိုင်းသည့် အပြုအမူဖြစ်သည်။ အထူးသဖြင့် လူတစ်ဦး၏မျက်နှာရှေ့တွင် လက်သီးဆုပ်ပြခြင်းသည် ဒေါသထွက်ကြောင်းပြခြင်းဖြစ်သည်။

လက်မတောင်ပြခြင်း သို့မဟုတ် လက်မနှင့်လက်ညှိုးအား “O” ပုံသဏ္ဍန်ဖော်ပြခြင်းသည် “ok” ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ အမေရိကန်နိုင်ငံသားများက ဤဖော်ပြချက်ကို နားလည်ကြသည်။ သို့သော် ဤသည်မှာ ရုပ်ရှင်ဇာတ်လမ်းများထဲတွင် မင်းသားများအသုံးပြုလေ့ရှိသည့် ကိုယ်ဟန်သာဖြစ်ပြီး အပြင်လောကတွင် အသုံးပြုခြင်းမရှိပါ။

လူကြားထဲတွင် နှာခေါင်းနှိုက်ခြင်းနှင့် လက်သည်းများအား ကိုက်ခြင်းမပြုသင့်ပါ။ ထိုနည်းတူ လူကြားထဲတွင် သွားကြားထိုးတံဖြင့်လည်းကောင်း လက်ဖြင့်လည်းကောင်း သွားအားသန့်ရှင်းရန်မသင့်တော်ပါ။
မိန်းကလေးတစ်ဦး၏ တင်ပါးကို ပုတ်ခြင်းသည် လုံးဝမသင့်တော်ပါ။ ပါးရိုက်ခြင်းဖြင့်ပင် တုန့်ပြန်လာနိုင်သည်။

မိန်းကလေးတစ်ဦးအား မျက်စပစ်ခြင်းသည်လည်း မသင့်တော်ပါ။ အချို့အခြေအနေများတွင် မျက်စိမှိတ်ပြခြင်း သည် စကားပြောသူမှ စနောက်နေကြောင်းဖော်ပြသည့် ဟာသ သဘောဖြစ်နိုင်သည်။ ထိုကဲ့သို့ အမျိုးမျိုး အဓိပ္ပာယ်သတ်မှတ်နိုင်သည့်အတွက် မျက်စိမှတ်ပြခြင်းကို ရှောင်သင့်ပါသည်။
ပြုံးပြသည့်အချိန်တွင် သွားပေါ်အောင်ပြုံးပြခြင်းသည် ပုံမှန်ဖြစ်ပါသည်။ မဲ့ပြုံးဟုမထင်ရဘဲ အပြုံးဟု ပေါ်လွင် နေသရွေ့ အဆင်ပြေပါသည်။

• ဆူညံသံများ
လူကြားထဲတွင် ကြို့ထိုးခြင်း သို့မဟုတ် စွတ်ပြုတ်ဟင်းရည်များသောက်ရာတွင် အသံမြည်ခြင်းသည် မသင့် တော်ပါ။
ညအချိန်တွင် ကျယ်လောင်စွာ သီချင်းဖွင့်ခြင်း သို့မဟုတ် အများကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဆူညံသံ များ မပြုသင့်ပါ။ သင့်အိမ်နီးချင်းမှ သင့်သီချင်းသံကို ကြားရသည်ဆိုလျှင် အသံအလွန်ကျယ်သောကြောင့် ဖြစ်သည်။

• နံပါတ်များ
US တွင် နံပါတ် ၁၃ ကို ကံမကောင်းသည့် နံပါတ်ဟု မှတ်ယူကြသည်။ အဆောက်အဦး အကြီးအကြီးများတွင် အထပ်များကို အမည်ပေးရာ၌ နံပါတ် ၁၃ ကို ချန်ထားလေ့ရှိသည်။
နံပါတ် ၇ သည် ကံကောင်းစေသည့် နံပါတ် ဖြစ်သည်။
Trillion ဆိုသည်မှာ ၁ နောက်တွင် သုည ၁၂ လုံးပါဝင်ပြီး ယင်းသည် British အသုံးတွင် Billion ဖြစ်သည်။ Billion ဆိုသည်မှာ ၁ နောက်တွင် သုည ၉ လုံး ပါဝင်ပြီး British အသုံးတွင် million ဖြစ်သည်။
“Period” ဆိုသည်မှာ ဆယ်လီစိတ်ဖြစ်သော အမှတ်ကို ဖော်ပြရန်အတွက် သုံးလေ့ရှိသည်။ “Comma” သည် ဂဏန်းများအား သုံးခုစီကို အစုလိုက်ထားရှိရန် ခွဲခြားပေးသည့်အမှတ်အသားဖြစ်သည်။ ဥပမာ “1,232.52”

• Calendar Dates များ
US တွင် ရက်စွဲများကို လ/ရက်/ခုနှစ် ဟူ၍ ရေးသားလေ့ရှိသည်။ ဤသည် British အသုံးနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ British အသုံးတွင် ရက်/လ/ခုနှစ် ဟူ၍ ရေးသားကြသည်။ ထို့ကြောင့် 4/3/67 သည် Europe တွင် March 4, 1967 ဖြစ်ပြီး US တွင် April 3, 1967 ဖြစ်သည်။ ယင်းကဲ့သို့ ဇဝေဇဝါမဖြစ်အောင် လအမည်ကို ရေးသားဖော်ပြခြင်းသည် အကောင်းဆုံးဖြစ်သည်။

• အချိန်နှင့် အပူချိန်များ
အပူချိန်ကို တိုင်းတာဖော်ပြရာတွင် Fahrenheit ကို အသုံးပြုလေ့ရှိပြီး ရံဖန်ရံခါတွင် Celsius ဖြင့် ဖော်ပြလေ့ရှိ သည်။ Fehrenheit မှ Celsius သို့ ပြောင်းလိုလျှင် 32 ကို နှုတ်၍ ရရှိသည့်အဖြေကို 5/9 ဖြင့် မြှောက်ရမည်ဖြစ် သည်။ အောက်ပါဇယားတွင် ယေဘုယျအားဖြင့်ဖြစ်ပေါ်လေ့ရှိသည့် အပူချိန်များကို ဖော်ပြထားသည်။

̊ F ̊ C Description
212 100 Boiling point of water
98.6 37 Normal body temperature
86 30 Very hot summer day
72 22 Room temperature
68 20 Mild spring day
50 10 Warm winter day
32 0 Freezing point of water
20 -7 Very cold winter day

United States အနှံ့တွင် ရာသီဥတုကွဲပြားပါသည်။ Las Vegas သို့မဟုတ် Los Angeles တွင် ထီးဆောင်းရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။ မြောက်ပိုင်းရှိ မြို့များဖြစ်သည့် Boston, Chicago, Pittsburg, New York, Seattle, Washington, Denver နှင့် Minneapolis မြို့များတွင် အေးသောရာသီဥတုရှိပြီး နှင်းများကြားသွား လာရန် သို့မဟုတ် ဆော့ကစားရန် ကိရိယာတန်ဆာပလာများကို အလိုရှိမည်ဖြစ်သည်။ California နှင့် Florida စသည့် တောင်ပိုင်းမြို့များတွင် နွေရာသီတွင် အလွန်ပူလေ့ရှိပြီး ဆောင်းရာသီတွင် အနေတော်ဖြစ်သည်။ နိုင်ငံ ၏ တည်ရှိရာအစိတ်အပိုင်းအပေါ်မူတည်၍ နွေရာသီအပူချိန်သည် 70s မှ 90s ကြား ပြောင်းလဲဖြစ်ပေါ်နေမည် ဖြစ်သည်။

US ၏ မည်သည့်အစိတ်အပိုင်းတွင် ရှိစေကာမူ နှစ်တစ်နှစ်၏အချိန်အတိုင်းအတာတစ်ခုအတွက် အနွေးထည် ကို လိုအပ်မည်ဖြစ်သည်။ နှင်းကျလေ့ရှိသည့်ဒေသတွင် နေထိုင်မည်ဆိုလျှင် အနွေးထည်ထူထူ၊ ဘွတ် ဖိနပ်နှင့် ခြေအိတ် လက်အိတ်များကို လိုအပ်မည်ဖြစ်သည်။ အနွေးထည်တွင် ခေါင်းစွပ်မပါခဲ့လျှင် သင်၏နားရွက်နှစ်ဖက် ကို ဖုံးအုပ်ပေးနိုင်မည့် ဦးထုပ်လည်း လိုအပ်မည်ဖြစ်သည်။ သို့သော် ဤအရာများကို US သို့ ရောက်ရှိပြီးမှ ပြင်ဆင်လျှင်လည်းအဆင်ပြေပါသည်။ US တွင် အဝတ်အစားသည် အတော်လေးဈေးသက်သာပြီး သင်အလိုရှိ သည့် အင်္ကျီအမျိုးအစားကိုလည်း အလွယ်တကူရှာတွေ့နိုင်မည်ဖြစ်သည်။ US သို့ရောက်ပြီးမှ ဒေသခံများက မည်သို့ဝတ်ဆင်ကြသည်ကို အရင်လေ့လာပါ။

United States တွင် အဓိက Time zone ၄ ခုရှိသည်။ Pacific Standard Time (PST), Mountain Standard Time (MST), Central Standard Time (CST) နှင့် Eastern Standard Time (EST) တို့ ဖြစ်ပါသည်။ California (PST) တွင် 9:00 am ဖြစ်နေချိန်တွင် Denver (MST) တွင် 10:00 am ၊ Chicago (CST) တွင် 11:00 am ၊ New York (EST) တွင် 12:00 noon ဖြစ်ပါသည်။ Alaska သည် California ထက် ၁ နာရီ ပိုစော ၍ Hawaii သည် ၂ နာရီ ပိုစောပါသည်။ Puterto သည် Atlantic Standard Time zone တွင် ပါဝင်ပြီ New York ထက် ၁ နာရီ နောက်ကျပါသည်။

Guam သည် New York မြို့ထက် ၁၄ နာရီ နောက်ကျပါသည်။ အကယ်၍သင်သည် US ၏ အရှေ့ပိုင်းဒေသတွင် ရှိပါက အနောက်ပိုင်းဒေသတွင်ရှိသူများထံ ဖုန်းခေါ်မည်ဆို လျှင် သင်တို့ဆီ၌ မနက် ၉ နာရီအချိန်တွင် အနောက်ပိုင်းတွင်နေထိုင်သူများသည် အိပ်မောကျနေဆဲဖြစ်နိုင် သည်။ အကယ်၍သင်သည် အနောက်ပိုင်းဒေသတွင်ရှိပါက အရှေ့ပိုင်းဒေသတွင်နေထိုင်သူအားဖုန်းခေါ် လိုပါက သင်တို့ဆီ၌ညနေ ၄ နာရီသည် အရှေ့ပိုင်းတွင်နေထိုင်သူများ ညစာစားနေချိန်ဖြစ်နိုင်ပါသည်။

နွေရာသီကဲ့သို့ နေ့တာရှည်သည့်ရာသီများတွင် Daylight savings Time ဟုခေါ်သော အစီအစဉ်အရ နာရီကို ၁ နာရီရှေ့တိုးထားကြသည်။ April လ ၏ ပထမဆုံး Sunday တွင် စတင်လေ့ရှိပြီး October လ နောက်ဆုံး Sunday တွင် ပြန်လည်ပယ်ဖျက်ကြသည်။ အချို့မြို့များတွင် ယင်း Daylight Savings Time စနစ်ကို မကျင့်သုံးကြပေ။ ဥပမာ- Indiana နှင့် Guam မြို့တို့သည် သူတို့၏နာရီကို ရှေ့တိုးနောက်ဆုတ်ခြင်းလုံးဝ အပြု ကြပေ။

အပိုင်း (၃)• လုပ်ငန်းအရ အလည်အပတ်သွားခြင်း လုပ်ငန်းအရအလည်အပတ်သွားရာတွင် အချိန်အလွန်တိကျရန် လိုအပ်ပါသည်။ အကယ်၍ သင်သည်နောက်...
06/06/2016

အပိုင်း (၃)

• လုပ်ငန်းအရ အလည်အပတ်သွားခြင်း

လုပ်ငန်းအရအလည်အပတ်သွားရာတွင် အချိန်အလွန်တိကျရန် လိုအပ်ပါသည်။ အကယ်၍ သင်သည်နောက် ကျခဲ့လျှင် သင့်အတွက် ကောင်းကျိုးရှိမည်မဟုတ်ပါ။ ထို့ကြောင့် အချိန်မှီ သို့မဟုတ် အနည်းငယ်စော၍ ရောက်အောင်ကြိုးစားပါ။ သင်သည် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့မည်ဆိုလျှင်လည်း အကြောင်း တစ်ခုခုကြောင့်နောက်ကျမည် ဖြစ်ကြောင်း ကြိုတင်အသိပေးပါ။

အကယ်၍ လုပ်ငန်းအရတွေ့ဆုံပွဲသည် ထမင်းလက်ဆုံစားရင်း တွေ့ဆုံခြင်းဖြစ်ခဲ့လျှင် ပါဝင်သူအားလုံး ထမင်း ဟင်း မှာယူပြီးမှသာလျှင် လုပ်ငန်းအကြောင်းစတင်ဆွေးနွေးလေ့ရှိပါသည်။ တစ်ခါတစ်ရံတွင် အားလုံးနေရာယူ ပြီးကြသည်နှင့် ဆွေးနွေးခြင်းကို စတင်ပါသည်။ အခြားအကြောင်းအရာများကို လုပ်ငန်းအကြောင်းဆွေးနွေးပြီးမှ ဆက်လက်ဆွေးနွေးကြသည်။

ဤသည်မှာ အခြားသောနိုင်ငံအများစုနှင့် ပြောင်းပြန်ဖြစ်သည်။ အခြားနိုင်ငံများ တွင် လုပ်ငန်းအကြောင်းမဆွေးနွေးမီ ထမင်းအတူတူစားရင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးစေရန် ပြုလုပ်လိုသော ရည်ရွယ်ချက်ဖြစ်သည်။

အမေရိကန် ကုမ္ပဏီအများစုတွင် Management positions များတွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်လေ့ရှိ ကြသည်။ ထို့ကြောင့် သင်နှင့်လာတွေ့သူသည် ယောင်္ကျားလေးမဟုတ်ဘဲ မိန်းကလေးတစ်ဦးဖြစ်နေလျှင် အံ့အားသင့် မနေပါနှင့်။ သူတို့သည် ယောင်္ကျားလေးလုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင် အရည်အချင်းရှိကြသည်။ မိန်းကလေးဖြစ်နေသည့်အချက်ကြောင့် သင်စိတ်မနှောင့်အယှက်ဖြစ်ခဲ့သည်ဆိုလျှင် လက်ရှိဆွေးနွေးရမည် လုပ်ငန်းအကြောင်းကိုသာ အာရုံစူးစိုက်ပြီး သူမသည် မိန်းကလေးဖြစ်နေသည် ဟူသည့်အချက်အား လျစ်လျူရှု ထားရမည်ဖြစ်သည်။ ယောင်္ကျားလေးလုပ်ဖော်ကိုင်ဖက်များနှင့် မေးမြန်းဆွေးနွေးနိုင်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စများကို မမေးမြန်းမိပါစေနှင့်။

သူမသည် အိမ်ထောင်သည် သို့မဟုတ် အပျိုဖြစ်ကြောင်းကိုပင် မမေးမြန်းပါ နှင့်။ သူမအား ချိန်းဆိုရန်လည်း မပြောမိပါစေနှင့်။
လုပ်ငန်းရှင် အမျိုးသားများနှင့် အမျိုးသမီးများတွေ့ဆုံကြသည့်အခါ လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် စတင်မိတ်ဆက် လေ့ရှိကြသည်။ လက်ဆွဲနှုတ်ဆက်သည့်အခါ လက်ချောင်းများကို မပွတ်တိုက်မိစေနှင့်။ ဖွဖွလေးသာ ဆုတ်ကိုင် ခြင်းသည်လည်းမကောင်းပါ။ ပုံမှန်အနေအထားဖြင့် ခိုင်ခိုင်မာမာလက်ဆွဲနှုတ်ဆက်ခြင်းသည် အကောင်းဆုံးဖြစ် သည်။
Meeting များတွင် Business cards များအား လဲလှယ်လေ့မရှိပါ။ လုပ်ဖော်ကိုင်ဖက်တစ်ဦးဦး၏ ဆက်သွယ်ရန် လိပ်စာကို ရယူလိုပါက တောင်းရန်သင့်တော်ပါသည်။ သင်၏ Card ကို လည်း ပေးရန် သင့်တော်ပါသည်။ သို့သော် အခြားယဉ်ကျေးမှုများတွင် Card များအလဲအလှယ်လုပ်ခြင်းနှင့် ပက်သက်၍ အသေးစိတ်ဖော်ပြထား ခြင်းမျိုး မရှိပါ။
US စီးပွားရေးကျင့်ဝတ်အရ ညှိနှိုင်းမှုအဆင်ပြေစေရန် လာဘ်ထိုးခြင်းများမပြုရန် တားမြစ်ထားပါသည်။

• လုပ်ငန်းခွင် ဝတ်စားဆင်ယင်ပုံ

US တွင် သင့်တော်သော လုပ်ငန်းခွင်အဝတ်အစားဆင်ယင်မှုသည် အလွန်အရေးကြီးပါသည်။ အကယ်၍ သင် သည် Interview တစ်ခုတွင် ကောင်းမွန်စွာဝတ်ဆင်သွားခြင်းမရှိလျှင် အလုပ်ရရှိနိုင်ခြေလည်း လျော့ကျသွားပါ သည်။
သင်၏ အမေရိကန်နိုင်ငံသားသူငယ်ချင်းများ သို့မဟုတ် Professors များအား မည်သည့်အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ကြောင်း မေးမြန်းနိုင်ပါသည်။ Ann Taylor, Brooks Brothers သို့မဟုတ် Saks 5th Avenue ကဲ့သို့ အဆင့်မြင့်ကုန်ဆုံဆိုင်ကြီးများမှ ဝန်ထမ်းများအားလည်း မေးမြန်းနိုင်ပါသည်။ ထို့နောက်တွင် အဝတ်အစားဝယ်ရန် ရွေးချယ်သည့်အခါ သင့်တော်သည့်အရာကို ပို၍ရွေးချယ်တတ်လာမည်ဖြစ်သည်။
အမျိုးသားများအနေဖြင့် အနည်းဆုံး Suit တစ်ထည်ရှိရန်လိုအပ်ပါသည်။ Coat အင်္ကျီတစ်ထည်၊ လူကြီးဆန် သည့် Tie တစ်ခုနှင့် ကြယ်သီးပါအဖြူရောင်ရှပ်အင်္ကျီတစ်ထည် တို့ ပါဝင်ပါသည်။ Suit အရောင်များတွင် နက်ပြာရောင်၊ အနက်ရောင် သို့မဟုတ် မီးခိုးရောင်တို့သည် အကောင်းဆုံးဖြစ်သည်။ Tie သည် Suit အရောင် နှင့် လိုက်ဖက်ရမည်ဖြစ်သည်။ အနီရောင်၊ အနက်ရောင်၊ မီးခိုးရောင်နှင့် အဖြူရောင်တို့ပါဝင်သည့် အစင်း ကြောင်းပုံစံ Tie များသည် သင့်တော်ပါသည်။
အမျိုးသမီးများအတွက် အဝတ်အစားရွေးချယ်ရန် ပို၍ ခက်ခဲပါသည်။ အမြင်တော်သည့်အပြင် Professional ဆန်သည့် အဝတ်အစားမျိုးသည် အကောင်းဆုံးဖြစ်သည်။ ဖြောင့်သောအစင်းကြောင်းများပါဝင်သည့် အင်္ကျီများ နှင့် အမည်းရောင်များသည် သင့်တော်သည်။

• Telephone ပြောဆိုခြင်း

တစ်စုံတစ်ဦးအား ဖုန်းခေါ်ရာတွင် သင်မည်သူဖြစ်ကြောင်း ဖော်ပြခြင်းသည် ယဉ်ကျေးသည့်အမူအရာဖြစ်သည်။ ဥပမာအားဖြင့် သင့်နာမည်သည် John Smith ဖြစ်ပြီး Robert Chen ထံ ဖုန်းခေါ်ဆိုမည်ဆိုလျှင် “Hello, this is John Smith. May I speak to Robert Chen, please?” ဟု ဦးစွာ သင့်ကိုသင်ဖော်ပြရမည်ဖြစ်သည်။
ဖုန်းလက်ခံသည့်အချိန်တွင် “Hello” ဟုသာ ဖြေကြားရန် သင့်တော်ပါသည်။ သင့်အားဖုန်းခေါ်သူမှ မည်သူဖြစ် ကြောင်းမိတ်ဆက်ပြီးလျှင် အောက်ပါတို့အား ဆက်လက်ပြောဆိုနိုင်ပါသည်။
• “Hi John, this is Robert. How are you?”
• “Speaking” or “Robert Chen speaking”
• “I’m sorry, but Robert is not able to come to the phone right now. May I take a message?”
အရေးကြီးကိစ္စ မရှိပါက ည ၉ နာရီနှင့် ၁၀ နာရီနောက်ပိုင်းတွင် ဖုန်းခေါ်ဆိုခြင်းမှာ ယဉ်ကျေးသည့်အပြုအမူ မဟုတ်ပါ။ သူ သို့မဟုတ် သူမက နောက်ကျသည့်အချိန်တွင်ဖုန်းဆက်လျှင်လည်း ကိစ္စမရှိကြောင်းပြောဆိုပါက ချွင်းချက်ဖြစ်သည်။

• ညစာစားပုံ
အမေရိကန်နိုင်ငံသားအများစုသည် တစ်ရက်လျှင် မနက်စာ၊ နေ့လည်စာ၊ ညစာ ဟူ၍ သုံးနပ်စားလေ့ရှိကြ သည်။ မနက်စာကို မနက် ၇ နာရီမှ ၈ နာရီကြား၊ နေ့လည်စာကို ၁၁ နာရီမှ မွန်းလွဲ၊ ညစာကို ၆ နာရီမှ ၈ နာရီ ကြားတွင် စားလေ့ရှိကြသည်။ ကျောင်းသူကျောင်းသားများသည် ညလယ်စာကို ၁၀ နာရီမှ ၁၁ နာရီကြားတွင် စားလေ့ရှိကြသည်။
မနက်စာနှင့် နေ့လည်စာသည် ပေါ့ပေါ့ပါးပါးဖြစ်သည့်အစားအစာများသာဖြစ်လေ့ရှိပြီး ညစာသည် အဓိကအစာ ဖြစ်သည်။
အမေရိကန်နိုင်ငံသားများသည် မနက်စာတွင် နွားနို့နှင့် cereal (နှံစားပင်မှပြုလုပ်ထားသောအစားအစာ) ၊ လိမ္မော်ရည်နှင့် ပေါင်မုန့်ဖုတ် သို့မဟုတ် Muffin (ပေါင်မုန့်ဝိုင်း) နှင့် jam သို့မဟုတ် ထောပတ် တို့ဖြစ်သည်။ အခြားလူကြိုက်များသည့် မနက်စာမှာ ကြက်ဥကြော်နှင့် Omelet နှင့်အာလူး၊ အသား (Bacon & Sausage) တို့ဖြစ်ကြသည်။ အချို့သည် ပေါ့ပေါ့ပါးပါးအစားအစာကိုသာစားလေ့ရှိပြီး ဒိန်ချဉ်တစ်ခွက်သာ သောက်သူ လည်းရှိသည်။ နေ့လည်စာနှင့် ညစာမှာပို၍ ကွဲပြားသည်။
ညစာစားပွဲတွင် အိုးခွက်ပန်းကန် အရေတွက်ကြောင့် သင်ဇဝေဇဝါဖြစ်သွားနိုင်သည်။ အသီးအရွက်ခရင်း၊ ထောပတ်ခရင်း နှင့် အချိုပွဲခရင်း စသဖြင့် မည်သည့်အရာကို ကြည့်၍ခွဲခြားရမည်ကို သင်သိပါသလား? အမေရိကန်နိုင်ငံသားအများစုကပင် ဤ အဖြေကိုမသိကြပါ။ (ဤသည်မှာ ခရင်းထိပ်ရှိ အချွန်အရေအတွက် အပေါ်မူတည်ပါသည်) သို့သော် မည်သည့်ခရင်းကို ဦးဆုံးအသုံးပြုရမည်ကို သိရှိနိုင်ရန်မှာ ရိုးရှင်းလှသည်။ ပန်းကန်နှင့် အဝေးဆုံးရှိခရင်းကို ဦးဆုံးအသုံးပြုပြီး ပန်းကန်နှင့် အနီးဆုံးရှိခရင်းကို နောက်ဆုံးမှ အသုံးပြုပါ။

• လက်ဆောင်ပေးခြင်း

သင့်အားမင်္ဂလာဆောင်ပွဲ၊ Baby shower၊ Bar mizvah သို့မဟုတ် အခြားပွဲတစ်ခုခုကို ဖိတ်ကြားခြင်းခံရလျှင် သင့်အနေဖြင့် လက်ဆောင်ပစ္စည်းယူဆောင်သွားရမည်ဖြစ်သည်။ အိမ်ရှင်နှင့် သိပ်မရင်းနှီးပါက လက်ဆောင် သည် အနည်းဆုံး $25 တန် ဖြစ်ရမည်။
မင်္ဂလာဆောင်ပွဲအတွက်လက်ဆောင်ဝယ်မည့်သူများအတွက် သတို့သမီးသည် ဒေသခံကုန်ဆုံဆိုင်ကြီး တစ်ခု သို့မဟုတ် နှစ်ခု တွင် သူမအလိုရှိသည့်ပစ္စည်းများကို စာရင်းဖွင့်ထားမည်ဖြစ်သည်။ ထိုအခါ သင်သည် ၄င်း စာရင်းတွင် မပါဝင်သည့်ပစ္စည်းကို ဝယ်ပေးနိုင်သည်။ အများစုသည် စာရင်းပါပစ္စည်းများကိုသာ ဝယ်ပေးလေ့ရှိ ကြသည်။ ထိုစာရင်းပါပစ္စည်းတစ်စုံတစ်ရာကို ဝယ်ပေးမည်ဆိုပါက အခြားသူများနှင့် တိုက်ဆိုင်မှုမရှိစေရန် ကြို စစ်ဆေးရမည်ဖြစ်သည်။ Baby shower သို့ သွားမည်ဆိုလျှင် မွေးလာမည့်ကလေးလေးအတွက် အသုံးဝင်မည့် ပစ္စည်းအား ဝယ်ပေးရန် သင့်တော်ပါသည်။ Bar mizvah သို့သွားမည်ဆိုလျှင် ၁၃ နှစ်အရွယ် ကလေးအတွက် သင့်တော်သည့် လက်ဆောင်ကို ဝယ်ပေးရမည်ဖြစ်သည်။ ရွှေရည်စိမ်ထားသော ဘောပင်ကဲ့သို့ လက်ဆောင် မှာ အပေးများလေ့ရှိသည်။ ယင်းဘောပင်တွင် လက်ခံရရှိမည့်သူ၏ နာမည်ကို ထွင်းထားခြင်းသည်လည်း အကြံ ကောင်းတစ်ခု ဖြစ်ပါသည်။
သင့်နိုင်ငံသို့ သင်ပြန်တော့မည်ဖြစ်၍ လက်ဆောင်ပေးလိုသည်ဆိုလျှင် သင့်နိုင်ငံ၏ အဖိုးတန်ပစ္စည်းတစ်ခုခုကို ပေးရန် သင့်တော်ပါသည်။ ထိုလက်ဆောင်သည် ဈေးကြီးသည့်အရာဖြစ်ရန် မလိုအပ်ပါ။ သင်၏ နိုင်ငံနှင့် သက်ဆိုင်သည့် အမှတ်အသားတစ်ခုခုဖြစ်လျှင် လုံလောက်ပါသည်။ ဥပမာအားဖြင့် သင့်နိုင်ငံအကြောင်း ရေးသားဖော်ပြထားသည့် စာအုပ်၊ ဈေးမကြီးသည့်လက်မှုပစ္စည်းတစ်မျိုးမျိုး သို့မဟုတ် ပန်းချီ၊ သို့မဟုတ် သင့် ယဉ်ကျေးမှုကို ပေါ်လွင်စေသည့်အရာ စသည်တို့ကို လက်ဆောင်အဖြစ်ပေးနိုင်ပါသည်။ ကလေးငယ်များသည် ဒင်္ဂါးပြားများနှင့် တံဆိပ်ခေါင်းများအား စုစည်းနေသည်ဆိုလျှင် သင့်နိုင်ငံ၏ ဒင်္ဂါးပြားနှင့် တံဆိပ်ခေါင်းများကို လက်ဆောင်ပေးနိုင်မည်ဆိုလျှင် အလွန်ဝမ်းမြောက်လိမ့်မည်ဖြစ်သည်။ သင့်နိုင်ငံတွင် အများအပြားရရှိနိုင် သော်လည်း US တွင် ရှာရခက်သော ပစ္စည်းများသည်လည်း လက်ဆောင်ပေးရန်သင့်လျော်လှပေသည်။

သင်၏ အိမ်ရှင်အမေရိကန်မိသားစုအပေါ် ကျေးဇူးတင်ကြောင်းပြလိုသည်ဆိုလျှင် အိမ်ရှင်မိသားစုအား Baseball, Basketball သို့မဟုတ် hokey game၊ ဘဲလးကဇာတ် သို့မဟုတ် စားသောက်ဆိုင်ကောင်းကောင်း သို့ ခေါ်ဆောင်ကာ ကျွေးမွေးခြင်းသည် အကြံကောင်းတစ်ခုဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်တစ်ဦးအား လက်ဆောင်ပေးမည်ဆိုလျှင် ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သည့် ပစ္စည်းများ ကို မပေးသင့်ပါ။ အလှကုန်ပစ္စည်းများအားမပေးသင့်ပါ။ လည်စည်းကို လက်ဆောင်ပေးလျှင် သင့်တော်ပါသည်။ သို့သော် အခြားအဝတ်အစားများကို ပေးရန်မသင့်တော်ပါ။ ရုံးခန်းသုံးပစ္စည်းများကို ပေးလျှင် အသင့်တော်ဆုံး ဖြစ်ပါသည်။ သို့သော် လက်ဆောင်ပေးခြင်းသည် အခြားနိုင်ငံများတွင် အရေးကြီးသလောက် အမေရိကန်တွင် အရေးမကြီးလှသည့်အတွက် လက်ဆောင်မပေးလျှင်လည်း ပြဿနာမရှိပေ။

လက်ဆောင်ရွေးချယ်ရာတွင် အကူအညီလိုအပ်ပါက ကုန်စုံဆိုင်မှ အရောင်းဝန်ထမ်းအား မေးမြန်းနိုင်ပါသည်။ လက်ဆောင်လက်ခံမည့်သူ၏ အကြောင်းအရာကို သူတို့အားပြောပြ၍ မည်သည့်အကြောင်းအရာအတွက် လက်ဆောင်ပေးမည်ဖြစ်ကြောင်း ကို ပြောပြလျှင် သင်သုံးစွဲမည့်ငွေပမာဏအပေါ်မူတည်၍ သင့်တော်သောလက်ဆောင်ကို ရှာဖွေပေးမည် ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်၊၊ ----

အပိုင်း ( ၂ )• အမူအကျင့်အမေရိကန်နိုင်ငံသားများသည် အခြားနိုင်ငံခြားသားများထက် ပိုသိပိုတတ်သည့်သူများပုံစံ ဖမ်းတတ်ကြသည်။ သူ...
02/06/2016

အပိုင်း ( ၂ )

• အမူအကျင့်
အမေရိကန်နိုင်ငံသားများသည် အခြားနိုင်ငံခြားသားများထက် ပိုသိပိုတတ်သည့်သူများပုံစံ ဖမ်းတတ်ကြသည်။ သူတို့သည် သူတို့၏အတွေးအမြင်များနှင့် ရည်ရွယ်ချက်များအောင်မြင်နိုင်ရန် စကားလုံးများကိုပင် အသုံးပြုကြ သည်။

သင့်ကိုသင်ဖော်ပြီး တစ်စုံတစ်ဦးအား စွဲဆောင်နိုင်သည်အထိ စကားပြောရမည်ဖြစ်သည်။ United States သည် တစ်မူထူးခြားပြီးကိုယ်ပိုင်ဟန်ရှိသည့် လူမှုကွန်ယက်ရှိပြီး ပေါင်းသင်းဆက်ဆံရေးနှင့် ပက်သက်၍ အခက်အခဲကြီးကြီးမားမားမရှိပါ။ ထို့ကြောင့် ၄င်းရလဒ်အနေဖြင့် သင်သည်သင့်ကိုယ်သင် ပို၍ယုံကြည်မှုရှိကာ သင့်အရည်အသွေးများကို ဖော်ပြနိုင်သည်အထိစကားပြောဆိုရမည်ဖြစ်သည်။ လူများကစိတ်ဝင်စားသည့် Volunteer လုပ်ငန်းများတွင်ပါဝင်ပြီး သင်ယူပါ။ Interview ဖြေဆိုရာတွင် သင်၏ရည်မှန်းချက်ပန်းတိုင်နှင့် အောင်မြင်မှုများအကြောင်း ထုတ်ဖော်ပြောဆိုပါ။

အမေရိကန် Idiom တစ်ခုတွင် ဤသို့ဖော်ပြထားသည် “If you don’t toot your horn, who will?” “သင့် ခရာကို သင်မမှုတ်လျှင် ဘယ်သူမှုတ်မလဲ?”
အမေရိကန်များသည် Discussion တစ်ခုကို စတင်ရာတွင် အောင်မြင်မှုများနှင့် တိကျခိုင်မာသည့်အကြောင်း အရာများကိုဦးစွာ ဆွေးနွေးကြပြီးမှ အခြားသေးမွှားသည့်အကြောင်းအရာများကို ဆက်လက်ဆွေးနွေးကြသည်။

ထို့ကြောင့် သင်သည်အရေးအကြီးဆုံးအကြောင်းအရာမှ စတင်ပြောဆိုရမည်ဖြစ်သည်။ ပြောလိုသည့် အကြောင်းအရာကိုဦးတည်ပါ၊ ပြီးမှ အခြားအသေးအမွှားကိစ္စများကို ဆက်လက်ပြောဆိုပါ။ အခြားအမေရိကန် Idiom တစ်ခုကို ဖော်ပြရမည်ဆိုလျှင် “You have to put your best foot forward” “သင်ဟာ အကောင်းဆုံး ကြိုးစားပြီး သင်၏ခြေကိုရှေ့သို့လှမ်းရမည်”။

သင်သည် လူတစ်ဦး၏တွေးခေါ်မှုများကို အကောင်းမြင်မှုဖြင့် ဝေဖန်ပြောသည်ဆိုပါက ဝေဖန်ခြင်းကို လက်ခံ၍ ရမည်ဖြစ်သည်။
Eye contact သည်လည်း အင်မတန်အရေးကြီးပါသည်။ စကားပြောနေစဉ် အာရုံစူးစိုက်ကြည့်ခြင်းသည် မလေးစားသည့်အမူအရာလုံးဝမဟုတ်ပါ။ ရိုးသားပွင့်လင်းမှုနှင့် စိတ်ဝင်တစားရှိခြင်းကို ပြသည့်သဘောပင် ဖြစ်ပါသည်။

• Toilets
သင်သိထားရမည့် စကားစုတစ်ခုမှာ “Where can I find a toilet?” ပဲဖြစ်ပါတယ်။ အိမ်သာသွားဖိုလိုအပ်လာပြီ ဆိုရင် ဘယ်စကားလုံးပဲဖြစ်ဖြစ် အကျုံးဝင်လာမှာပါ။ အောက်မှာဖော်ပြထားတဲ့ စကားလုံးတွေဟာ အကျုံးဝင် ပါလိမ့်မည်- men’s room (women’s room), restroom, lavatory, bathroom, little boy’s room, potty, head, john နှင့် water closet တို့ဖြစ်ပါသည်။ နောက်ဆုံးစကားလုံး ၄ လုံးသည် အသုံးနည်းပါ သည်။ သို့သော်လည်း လူအချို့က နားလည်ကောင်းနားလည်ကြပါလိမ့်မည်။ ထို့နောက် “loo”, “earth closet” နှင့် “usual offices” စသည့်စကားလုံးများကိုမူ အမေရိကန်သားများ နားလည်ကြမည်မဟုတ်ပါ။ “outhouse” ဟူသည့် စကားလုံးကို ပြင်ပရှိအိမ်သာကို ရည်ညွှန်းသည်ဟု မှတ်ယူကြသည်။ “cloakroom” ဟု မေးမြန်းပါက သင့်အား အိမ်သာမဟုတ်ဘဲ သင်၏အပေါ်ဝတ်အားခေတ္တချိတ်ထားနိုင်သည့် နေရာကို ညွှန်ပြမည်ဖြစ်သည်။
US တွင် လမ်းမကြီးများအနီးအနားတွင် အများသုံးအိမ်သာ ဟူ၍မရှိပါ။ အများသုံးအိမ်သာများကို ဟိုတယ်များ၊ Bar များ၊ စားသောက်ဆိုင်များ၊ ပြတိုက်များ၊ ကုန်စုံဆိုင်ကြီးများ၊ ဂက်စ်အရောင်းဌာနများ၊ လေဆိပ်များ၊ မီးရထားဘူတာရုံများနှင့် ဘက်စ်ကားမှတ်တိုင်များအနီးတွင် တွေ့ရှိနိုင်မည်ဖြစ်သည်။ အချို့ စီးပွားရေးဌာနများ တွင် သူတို့၏ ဖောက်သည်များအတွက် အိမ်သာများထားရှိပေးသည်။
လေဆိပ်များရှိအိမ်သာများတွင် ရေဆွဲခလုတ်များမရှိတတ်ပါ။ အလိုလိုရေဆွဲချပေးသည့် စနစ်ကို အသုံးပြုထား သည်။ ရေဆွဲခလုတ်ဟုထင်ရသည့် ခလုတ်တစ်ခုခုကိုရှာမတွေ့ပါက အိမ်သာအထိုင်မှခပ်ခွာခွာရပ်၍ အလိုလို ရေဆွဲချသည် မချသည်ကို ကြည့်ပါ။

• Tip ပေးခြင်း
စားသောက်ဆိုင်များတွင် Bill ယူလာသည့်အခါ Service ခ ပါလေ့မရှိပါ။ ထို့ကြောင့် စားပွဲထိုးအား Bill စုစုပေါင်း ၏ 15% ကို ပေးရမည်ဖြစ်သည်။ Service မကောင်းပါက 10% မျှသာ ပေးနိုင်သည်။ Service ကောင်းပါက 20% ခန့် ပေးရန်သင့်တော်ပါသည်။ အကယ်၍ Service သည် လုံးဝမကောင်းသည့်အတွက် သင်သည်ထိုဆိုင် တွင် နောက်နောင်အခါမသွားတော့ဟု ဆုံးဖြတ်ထားပါက 2 cents ကို tip အနေဖြင့် ချန်ထားနိုင်ပါသည်။ ဤ သည်မှာ တမင်တကာပြုမူခြင်းဖြစ်ပြီး Tip ချန်ထားရန်မမေ့ကြောင်းကို ပြခြင်းလည်းဖြစ်သည်။ Tip ပေးခြင်းဆို သည်မှာ စားသောက်ဆိုင်ကြီးများတွင်သာ သင့်တော်ပါသည်။ Fast food များရရှိနိုင်သည့် စားသောက်ဆိုင် များရှိ Cashier အား tip ပေးလေ့မရှိပါ။
“Tip” နှင့် “Gratuity” ဟူသည့် စကားလုံးနှစ်လုံးအား တစ်ခုမဟုတ်တစ်ခုသုံးလေ့ရှိသည်။ “Gratuity” သည် ပို၍ စာစကားဆန်သည်။
တက္ကစီသမားများသည် tip အနေဖြင့် ကားခအားလုံး၏ 15% ကို လိုချင်ကြသည်။ အကယ်၍ တက္ကစီသမား သည် သင်သွားလိုရာခရီးကို ထင်မှတ်ထားသည်ထက်ပို၍စောစောရောက်အောင် ပို့ပေးနိုင်သည်ဆိုလျှင် 20% ပေးရမည်ဖြစ်သည်။
ဟိုတယ်များတွင် Bellboy များသည် အိတ်သယ်ခအနေဖြင့် 1% tip ကို အလိုရှိကြသည်။ အခန်း Service အတွက် ငှားရမ်းပါက Gratuity သည် စုစုပေါင်း Bill ထဲတွင် ပါပြီးသားဖြစ်သည်။ Coat checkroom အလုပ် သမားများသည် Coat တစ်ထည်ကို ယူဆောင်ပေးခအနေဖြင့် 1% ကို လိုချင်ကြသည်။ ဆံညှပ်သမားများသည် စုစုပေါင်းကျငွေ၏ 15% tip ကို လိုချင်ကြသည်။ ကားပါကင်စောင့်အလုပ်သမားများသည်လည်း 1% tip ကို လိုချင်ကြသည်။
အစိုးရနှင့်ဆိုင်သောအဖွဲ့အစည်းများသည် Customers များထံမှ $20 ထက်ပိုသောလက်ဆောင်ပစ္စည်းများနှင့် ငွေသားလက်ဆောင်များကို တားမြစ်ပါသည်။
သင့်အနေဖြင့် tip ပေးရန်လိုအပ်သည် မလိုအပ်သည်၊ Gratuity သည် Bill ထဲတွင် ပါပြီးသားဖြစ်မဖြစ် ကိုမသေချာပါက မေးမြန်းနိုင်ပါသည်။
လာဘ်ထိုးခြင်းသည် မသင့်တော်သောအရာဖြစ်ပြီး တရားမဝင်သည့်အရာလည်းဖြစ်သည်။ ရဲတစ်ဦးအား လာဘ်ထိုးရန် ကြိုးပမ်းပါက ထောင်ကျနိုင်ပါသည်။

• အလည်အပတ်သွားခြင်း
အမေရိကန်နိုင်ငံသားများသည် ကြိုတင်အစီအစဉ်စွဲထားခြင်းမျိုးမရှိဘဲ စုဝေးခြင်းအစီအစဉ်များကို ရုတ်တရက် လုပ်လေ့ရှိကြသည်။ ထို့ကြောင့် တစ်စုံတစ်ယောက၏အိမ်တွင် ဗီဒီယိုကြည့်ရန် သို့မဟုတ် Baseball game အတူတူကြည့်ရန် ရုတ်တရက် ဖိတ်ခေါ်လာပါက အံ့အားမသင့်ပါနှင့်။ သင်အားနေသည်ဆိုလျှင် သူတို့၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါ။ အကယ်၍ သင်သည်မအားအလပ်ဖြစ်ခဲ့ပါက ကမ်းလှမ်းချက်အားငြင်းပယ် ခြင်းထက် အခြားအချိန်ပြောင်းရန်အကြံပေးကြည့်ပါ။ ဤသို့ အကြံပေးခြင်းသည် သင့်တော်ပါသည်၊ ရိုင်းရာ မကျပါ။
အကယ်၍ သူငယ်ချင်းတစ်ယောက်ယောက်က သင့်အား မည်သည့်အချိန်တွင်မဆို အိမ်သို့အလည်လာရန် ဖိတ်ခေါ်ခဲ့ပါက အလည်မသွားမီတွင် ဖုန်းဆက်ကာကြိုတင်အသိပေးသင့်ပါသည်။ အချိန်အကြာမြင့်စွာမနေပါ နှင့်။ သင်ကိုယ်တိုင်လည်း သင်၏အလည်အပတ်ကြောင့် သူတပါးစိတ်အနှောင့်အယှက်ဖြစ်ရန် လိုလားမည် မဟုတ်ပါ။
Invitation ကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းမှတဆင့်ဖြစ်စေ ဖိတ်ခေါ်မည်ဖြစ်သည်။ ချွင်းချက်အနေဖြင့် ခမ်းနား ကြီးကျယ်သည့်ပွဲများအတွက် e-mail ပို့ကာ ဖိတ်ကြားလိမ့်မည်ဖြစ်သည်။ မင်္ဂလာဆောင်ပွဲများနှင့် Bar mitzvah ကဲ့သို့ ပွဲများဆိုလျှင် ဖိတ်ကြားစာကို လက်ခံရရှိမည်ဖြစ်သည်။
ညစာစားပွဲဖိတ်ကြားခဲ့သည်ဆိုလျှင် ၅ မိနစ်ထက်စော၍ မရောက်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် အိမ်ရှင်သည် ညစာတွက် ပြင်ဆင်နေဆဲဖြစ်ကောင်းဖြစ်လိမ့်မည်။ ညစာစားပွဲအတွက် လူအနည်းငယ်ကိုသာ ဖိတ်ကြားခဲ့သည် ဆိုလျှင် ၁၀ မိနစ် ခန့်နောက်ကျခဲ့ပါက မသိတတ်ရာကျပါသည်။ အကယ်၍ လူအများအပြားကို ဖိတ်ကြားခဲ့ သည်ဆိုလျှင် အနည်းငယ်နောက်ကျခြင်း သို့မဟုတ် မိနစ် ၃၀ ခန့် နောက်ကျခဲ့လျှင်ပင် ကိစ္စမရှိလှပါ။ အဘယ်ကြောင့်ဆိုသော် လူဦးရေများသည့်အတွက် လူတစ်စုံတစ်ယောက်နောက်ကျခြင်းသည် မသိသာလှပါ။
ပါတီပွဲများတွင် သင်၏ အလုပ်အကိုင်ကို မေးမြန်းခံရလျှင် စိတ်မရှိပါနှင့်။ ဤသို့မေးမြန်းခြင်းသည် စကားစမြည် ပြောရန် အစပျိုးသည့်သဘောသာဖြစ်သည်။ အထင်အမြင်သေး၍ မဟုတ်ပါ။
ညစာစားပွဲအတွက် ဖိတ်ကြားခြင်းခံရခဲ့လျှင် အိမ်ရှင်အတွက် ဝိုင် တစ်ပုလင်း၊ သစ်သီးတစ်ခြင်း၊ ချိုချဉ်တစ်ဗူး၊ ပန်းတစ်စည်း သို့မဟုတ် ပန်းအိုးနှင့်ပန်းသေးသေးလေး စသည်တို့ကို ယူဆောင်သွားရန် သင့်တော်ပါသည်။ နှင်းဆီပန်းများကို ယူဆောင်သွားရန်မသင့်တော်ပါ။ နှင်းဆီပန်းသည် ပိုမိုနီးစပ်သည့်သဘောကိုဆောင်ပါသည်။ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ချိန်းဆိုသည့်အခါတွင် နှင်းဆီပန်းကို ယူဆောင်လေ့ရှိသည်။
သင်သည် အိမ်ရှင်အား ဧည့်ဝတ်ကျေသည့်အတွက် ကျေးဇူးတင်ကြောင်းပြလိုပါက နောက်တစ်နေ့တွင် ဖုန်းဖြင့် ကျေးဇူးတင်စကားပြောခြင်း သို့မဟုတ် စာတိုလေးဖြင့်ကျေးဇူးတင်စကားရေးသားပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်ပါ သည်။

ဆက်ရန်ရှိ---

Address

73 3AB Cor Of Ma Po & Maynigone Zay Street
Yangon
111111

Telephone

+951527168

Website

Alerts

Be the first to know and let us send you an email when Myanmar Telesis Education Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Telesis Education Journal:

Share